23/03/2026
ဘဝလက်ဆောင် ဓမ္မလက်ဆောင်
သံသရာစက်ဝန်းနှင့် နိဗ္ဗာန်လမ်းပြမြေပုံ
23/03/2026
09/03/2026
ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြု့ပါ။
_______________________________________________
အပ်ချူပ်စက် မှန်သမျှ ချည်ကျော်တဲ့အခါ
ပိတ်စအပါးမှာ ချည်ကျော်ရင် အပ်အတိုင်ချပေးရတယ်။
ပိတ်စအထူမှာ ချည်ကျော်ရင် အပ်အတိုင်ကို ရွေ့ယုံလောက် ပြန်တင်ပေးရပါတယ်။
အထည်ချူပ်စက် မှန်သမျှသည်
ပိတ်စအောက်ဘက်က ချည်ချူပ်ရိုး တင်းနေ/လျော့နေရင် အပေါ်ချည်အလျော့အတင်းကို အတင်း/အလျော့လုပ်ပေးရပါတယ်။
ပိတ်စ အပေါ်ဘက်က ချည်ချူပ်ရိုး တင်းနေ/လျော့နေရင် အောက်ချည်အလျော့အတင်းကို အတင်း/အလျော့
လုပ်ပေးရပါတယ်။
ချည်အလျော့အတင်း မှန်သမျှက တင်းသလောက်/လျော့သလောက် မတင်း/မလျော့ပဲ ဖြစ်နေရင်
၄င်းတန်းရှင်းအုံကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။
သူ့မှာပါတဲ့ စပရိန်ကို အနည်းငယ် စွဲဆန့်ပါ။
ပြီးလျင် ဖြုတ်တဲ့အတိုင်း ပြန်တတ်ပြီး ချည်မလှမခြင်း
တင်းတင်း/လျော့လျော့ ချူပ်ပေးရပါတယ်။
စက်ချူပ်တဲ့အခါ ဘိစွဲတယ်ဆိုတာ ဘိဖိအားများလို့ပါ။စက်တိုင်းလိုလို ဘိအတိုင်ရဲ့ အထိပ်မှာ ပုံစံမတူတဲ့
ဘိဖိအား အလျော့အတင်းလေး ပါတတ်ကြပါတယ်။
ဘိဖိအားကို အလျော့အတင်းလုပ်ကြတဲ့အခါမှာ
ဘယ်လက်က ဘိကို မမကြည့်ပြီး
ညာလက်က အလျော့အတင်း လိုသလောက်
လုပ်ပေးရပါတယ်။
တစ်ချိူ့တွေ ခေါင်းစဉ်တတ်ထားတဲ့ စက်ချူပ်ရင် ဘိစွဲသလိုဖြစ်တယ်ဆိုတာ တကယ်တော့ ဘိရဲ့သက်ရောက်မူက သိပ်မများပါဘူး။ခွေးသွားစိပ်ကသာ အထည်ကို ရှေ့နောက် တွန်းပို့ပေးတာဖြစ်လို့
ချုပ်ရိုး တစ်ဖြောင့်တည်း မသွားခြင်း
ပိတ်စက တွန့်သွားခြင်း လိပ်သွားခြင်း
အထည်ကို စွဲဖြဲနေသလိုဖြစ်ခြင်း
ပိတ်စအရှေ့မသွားပဲ တစ်နေရာတည်းပဲ ပေါက်နေခြင်း
အစရှိတဲ့ သွားလာမူကို ဖီလာကန့်လန့်ဖြစ်အောင်
လုပ်နေတာဟာ ခွေးသွားစိပ် အစွဲမမှန်ခြင်းနဲ့
ခွေးသွားစိပ် အနိမ့်/အမြင့် မညီညာခြင်းကြောင့်ပါ။
ချည်အလျော့အတင်း ဘယ်လောက်ပဲ တင်းတင်း/လျော့လျော့ အပေါ်ချည်/အောက်ချည် တစ်ခုခု
သီးမြဲ သီးနေလျင်။
ပိတ်စက စက်နင်းတာမှန်ပြီး အရှေ့မသွားပဲ
အနောက်ပြန်သွားနေတာဆိုလျင်။
ချည်သီးလျင် ဆန်းထရစ်လိုက်နည်းဆိုပြီး တင်ပေးထားတာ ရှိပါတယ်။အဲ့ဒီလုပ်နည်းက အပေါ်မှာ ဖြစ်တဲ့
အရာတွေကို အကုန်ကုစားပေးပါတယ်။
စက်ပြင်နည်းတွေကို စာတွေ့ကော/လက်တွေ့ကော ဘယ်လောက်ပဲတင်ထား တင်ထား ဒီဂရုထဲကို ဝင်ထားပေမည့် တကယ်စက်ပျက်ပြီဟေ့ဆို
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြရပါတယ်။
အဲ့ဒီလိုမဖြစ်ရအောင် ကိုယ့်အတွက် အသုံးဝင်မည့်
လုပ်နည်းတွေကို ကိုယ့်ဖုန်းထဲမှာ လိုက်မရှာရအောင် Saveထားကြပါ။ပျက်မှ ဂရုထဲပြန်ရှာကြည့်ရင် အချိန်တွေကုန်ပါတယ်နော်။
စက်ပြုပြင်နည်းများကို အသေးစိတ်လေ့လာနိုင်မယ့် ဆော့ဝဲက်ုလည်းမျှဝေပေးထားပါတယ်။
ဆော့ဝဲဒေါင်းရန် - https://tech.nextworm.com/blog/2023/03/14/electrical-technologies/
Crd: Zin Min Htay
09/03/2026
🙏🙏🙏ပါချုပ်ဆရာတော်ဘုရားကြီး၏
လက်ရေးမူဖြင့် ဟောကြားချီးမြှင့်သော
ဂါထာတော်ဖြစ်ပါသည်။🙏🙏🙏
ဣမိနာ ပုညကမ္မေန၊
မာ မေ ဗာလသမာဂမော။
သတံ သမာဂမော ဟောတု၊
ယာဝ နိဗ္ဗာနပတ္တိယာ။
ဣမိနာ ပုညကမ္မေန = #ဤကောင်းမှုကံကြောင့်
ယာဝ နိဗ္ဗာနပတ္တိယာ= #နိဗ္ဗာန်သို့ရောက်သည့်တိုင်အောင်
မာ မေ ဗာလသမာဂမော = #ငါသည်_လူမိုက်တို့နှင့်
#ပေါင်းဖော်ယှဥ်တွဲခြင်းမရှိပါစေနဲ့
သတံ သမာဂမော ဟောတု = #သူတော်ကောင်းတို့နှင့်သာ
#ပေါင်းဖော်ဆုံတွေ့ရပါစေ။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
9.3.26
12/02/2026
“တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့”
••••••••••••••••••••••••••••••••••••••••••••••••••••••
(ကြည်နူးဖွယ်ကောင်း လတပေါင်း)
•••••••••••••••••••••••••••••••••••••••••
အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
●ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား။
●ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက် နွေးဦးပေါက်သို့
ရောက်လတ်တုံလာ ယခုအခါ၌။
●ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။
●ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။
●၀ိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။
●ဖလေသိနော=အသစ်ဖြစ်သော အသီးကို
ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။
●အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု
အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။
●တေ=ထိုသစ်ပင်အပေါင်းတို့သည်။
●အစ္စိမန္တောဝ=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။
●ပဘာသယန္တိ=ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏။
●မဟာဝီရ=ကြီးမြတ်သော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။
●အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
●သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ်
ကောင်းမြတ်သောအချိန်ပါဘုရား။
(ဒေါင်းသံသာစွ တပေါင်းလ)
•••••••••••••••••••••••••••••••••
“မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။
ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။”
●ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော
ရှင်ပင်မြတ်ဘုရား။
●ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင် ၀ဲယာဖြစ်သော
တောင်ထိပ်အပြင်၌။
●မယူရသံဃာ=ဥဒေါင်းငှက် အပေါင်းတို့သည်။
●နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။
●သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။
●နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍
ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင်
လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။
●နာနာ မဓုရဿရေဟိ=အထူးထူးအထွေထွေ
အိုးဝေ အိုးဝေ ဟူသော သာယာသော အသံတို့ဖြင့်။
●ကူဇန္တိ=ဘာသာမဂဓ သဘာဝဖြင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။
●မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။
●အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက်
တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်
ရှိတော်မူသော မြတ်စွာဘုရားတို့၏။
●သမယော=ဖွားရာဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက်ပတ်
ကောင်းမြတ်သော အချိန်ပါဘုရား။
(တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင်
အခါတော်နေ့ သိမှတ်ဖွယ်ရာများ)
•••••••••••••••••••••••••••••••••••••••••
(၁)။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင်
ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့
ကြွရောက်တော်မူရန် လျှောက်ထားသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
(၂)။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ
အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး
တိုက်ကျွေးလျက်ရှိပါသည်။
(၃)။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို
နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ
မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။
နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက
ခေါင်းဆောင်၍ သွားရပါသည်။
မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ
ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူ
အားလုံးတယောက်မကျန် သာသနာ့ဘောင်သို့
ဝင်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း
ဖြစ်ကုန်ကြပါသည်။
(၄)။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က
တပေါင်းလ၏ သာယာပုံကို “ဂါထာပေါင်း ၆၄-ဂါထာ”
သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့်
ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့
ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။
(၅)။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ
မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း
ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော်
၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော
ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင်
၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ)
ဒေသစာရီ ကြွချီတော်မူပါသည်။
“ဖြစ်ပေါ်လာသော အကျိုးဆက်များ”
•••••••••••••••••••••••••••••••••••••
မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့
ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင်
ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-
(၁)။နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။
(၂)။သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့်
ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း။
(၃)။ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော
ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း။
(၄)မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍
ခမည်းတော်ကြီး “အနာဂါမ်” တည်ပြီး၊
နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း၊
(၅)။မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊
နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။
(၆)။ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ
ဇာတ်တော်ကြီး ဟောကြားခြင်း။
(၇)။ဇနပဒကလျာဏီ၏ ကြင်ယာတော်
နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။
(၈)။သားတော်ရာဟုလာ အမွေတောင်း၍
သာမဏေဘ၀သို့ ရောက်ရှိခြင်း။
(၉)။သာကီဝင်မင်းမျိုးမှ မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ခြင်း။
(၁၀)။ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား
မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌
အမြတ်ဆုံးဘွဲ့ “ကုလပ္ပသာဒ-ဧတဒဂ်” ကို ချီးမြှင့်တော်မူခြင်း။
(၁၁)။အရှင်သာရိပုတ္တရာ လျှောက်ထား၍
ဗုဒ္ဓ၀င် ဒေသနာကိုဟောကြားတော်မူခြင်း-
စသော အကျိုးဆက်များ ဖြစ်ပါသည်။
(ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ)
•••••••••••••••••••••••••••••••••••••••••••••••••••
နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။
မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-
ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည်
အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။
ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း
ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။
မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍
မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား။
ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည်
မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်)
••••••••••••••••••••••••••••••••••••••••••••••••••••••••
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊
သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊
ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊
လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊
ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊
သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊
တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊
ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊
အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊
တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊
သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊
ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊
ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊
မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊
တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊
ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊
တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊
သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊
တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊
ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊
တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့
သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by
www.facebook.com/youngbuddhistassociation.mm
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ (မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-
________________________
“နွေဦးတရားတော်”၊
“တပေါင်းလရာသီနှင့် သဲပုံစေတီပွဲတော်” ၊
“တပေါင်းလရာသီနှင့် ရှင်ကာဠုဒါယီ”၊
“အဖေနေ့” (တပေါင်းလပြည့်နေ့)- တရားတော်၊
“နှစ်၂၆၀၀ ပြည့် ရွှေတိဂုံစေတီတော်မြတ်
ကြီး၏သမိုင်း”(၁၉.၂.၂၀၁၂-ပြည်သူ့ဥယျာဉ်)၊
“မြတ်ဘုရား ရွှေတိဂုံ-တရားတော်-MP3”
••••••••••••••••••••••••••••••••••••••••••
Download လုပ်၍ နာယူပူဇော်နိုင်ရန် ကျေးဇူးတော်ရှင်
“သီတဂူ ဆရာတော်ဘုရားကြီး” ဟောကြားတော်မူသော
❖ “နွေဦးတရားတော်”
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 19.37 MB
http://www.mediafire.com/file/yl8lfjk8d37m8bw/%E2%80%9C%E1%80%B1%E1%82%8F%E1%80%BC%E1%80%A5%E1%80%AE%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E2%80%9D.mp3
❖ “အဖေနေ့” (တပေါင်းလပြည့်နေ့)-
တရားတော်- MP 3 ကို ဓမ္မဒါနပြုလိုက်ပါသည်။
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 22.4 MB
http://www.mediafire.com/listen/t8e39hox6f4w9tk/“အဖေနေ့”.mp3
❖ “ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်း”
တရားတော်-MP3ကို ဓမ္မဒါနပြုလိုက်ပါသည်။
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့်Links :
File size : 32.64 MB
http://www.mediafire.com/download/wghxc4gjngmv251/“ရွှေတိဂုံစေတီတော်မြတ်ကြီး၏သမိုင်း”%28၁၉.၂.၂၀၁၂-ပြည်သူ့ဥယျာဉ်%29.mp3
❖ “မြတ်ဘုရား ရွှေတိဂုံ”တရားတော်-MP3ကို
ဓမ္မဒါနပြုလိုက်ပါသည်။
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့်Links :
File size : 23.66 MB
http://www.mediafire.com/download/k7b2322mlx14i7b/“မြတ်ဘုရား_ရွှေတိဂုံ”.mp3
Download လုပ်၍ နာယူနိုင်ရန် ကျေးဇူးတော်ရှင်
“အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ”
ဟောကြားတော်မူသော-
“တပေါင်းလရာသီနှင့် သဲပုံစေတီပွဲတော်”
•••••••••••••••••••••••••••••••••••••••••••••••••••••
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 17.3 MB
http://www.mediafire.com/download/escz8clk96zn93q/“တပေါင်းလရာသီနှင့်_သဲပုံစေတီပွဲတော်”.mp3
“တပေါင်းလရာသီနှင့် ရှင်ကာဠုဒါယီ”
••••••••••••••••••••••••••••••••••••••••••••••••••••
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 14.42MB
http://www.mediafire.com/download/bob4xs9kytoc2zy/“တပေါင်းလရာသီနှင့်_ရှင်ကာဠုဒါယီ”.mp3
“နွေဦးဆောင်းနှောင်း လတပေါင်း”-MP4
【ကျေးဇူးတော်ရှင်သီတဂူဆရာတော်
ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ】
https://www.facebook.com/youngbuddhistassociation.mm/videos/1504030686273605/?pnref=store
Credit _
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
12/02/2026
12/02/2026
မြတ်စွာဘုရားရှင်၏ အဂ္ဂိဈာပန နှင့် ဓာတ်တော်
+++++++++++++++++++++++++++
မီးသဂြိုလ်ခံရတဲ့ ဘုရားရှင်ရဲ့ အရေထူ အရေပါး အသား အကြော အစေးတွေဟာ ပြာအဖြစ် မထင်ရှား မီးသွေးအဖြစ် မထင်ရှားခဲ့ပါ..
ဓာတ်တော်တွေသာ ကြွင်းကျန်ခဲ့ပါတယ်..
ထောပတ်ဆီတွေကို မီးလောင်တဲ့အခါ ပြာ မီးသွေး မကျန်ရှိသလိုပါပဲ..
ဘုရားရှင်ရဲ့ ခန္ဓာကိုယ်တော်ကို ရစ်ပတ်ထားတဲ့ ဝတ်စုံငါးရာထဲက အောက်ဆုံးဝတ်စုံနဲ့ အပေါ်ဆုံးဝတ်စုံကို မီးမလောင်ပါဘူး..
ဘုရားရှင်ရဲ့ကိုယ်တော်ကို မီးလောင်ပြီးတဲ့အခါ ကောင်းကင်မှ ရေအလျဉ်တွေဖြစ်ပေါ်လာကာ ဘုရားရှင်ရဲ့ထင်းမီးပုံကို ငြိမ်းစေကြပါတယ်..
အင်ကြင်းပင်တွေရဲ့ ပင်စည်ကြား သစ်ခွကြားတွေမှလည်း ရေများထွက်လာကာ ငြိမ်းစေကြပါတယ်..
ကုသိနာရုံ မလ္လာမင်းတွေကလည်း နံ့သာရည်တွေနဲ့ ငြိမ်းစေကြပါတယ်..
မလ္လာမင်းတွေက ဘုရားရှင်ရဲ့ဓာတ်တော်တွေကို ၇-ရက်ပတ်လုံး လှံကိုင်ထားသူတွေကို ဝိုင်းရံထားစေကြပါတယ်..
ဆင်တွေ ဦးကင်းချင်းထိနေအောင်
မြင်းတွေ လည်ပင်းချင်းထိနေအောင်
ရထားတွေ အစွန်းချင်းထိနေအောင်
စစ်သည်တော်တွေ ပခုံးချင်းထိနေအောင် ဝိုင်းရံထားစေကြပါတယ်..
အဲဒါတွေရဲ့အဆုံးမှာ အစွန်းချင်းထိနေတဲ့ လေးတွေကို ဝိုင်းရံထားကြစေပါတယ်..
အက အတီး အမှုတ် ပန်းနံ့သာတွေနဲ့ အရိုအသေ အလေးအမြတ်ပြုကြ မြတ်နိုးကြ ပူဇော်ကြပါတယ်..
ဘုရားရှင်၏ ကြွင်းကျန်ခဲ့သော ဓာတ်တော်အကြီးစားက ပဲနောက်စေ့ ပမာဏ ရှိပါတယ်..
အလတ်စားက ဆန်ကျိုး ပမာဏ ရှိပါတယ်..
အငယ်စားက မုန်ညင်းစေ့ ပမာဏ ရှိပါတယ်..
အကြီးစားဓာတ်တော်က ရွှေအဆင်း
အလတ်စားဓာတ်တော်က ပုလဲအဆင်း
အငယ်စားဓာတ်တော်က ချရားငုံအဆင်း ရှိပါတယ်..
အကြီးစားနှင့် အလတ်စားဓာတ်တော်က ၅ ကွမ်းစားစီရှိပြီး
အငယ်စားဓာတ်တော်က ၆ ကွမ်းစား ရှိပါတယ်..
ဓာတ်တော်တွေဟာ ၁၆ စိတ် ရှိပါတယ်..
အဇာတသတ်မင်းရဲ့ မဂဓတိုင်း ဝေသာလီပြည် ကပိလဝတ်ပြည် အလ္လကပ္ပပြည် ရာမရွာ ဝေဋ္ဌဒီပကပြည် ပါဝေယျကပြည် ကုသိနာရုံပြည် ဒီ ၈-ပြည်မှာ ဘုရားရှင်ဓာတ်တော် တစ်စိတ်စီတည်ရှိပါတယ်..
ဘုရားရှင်ရဲ့ဓာတ်တော်စေတီ ၈-ဆူ တည်ထားပူဇော်ကြပါတယ်..
ဒေါဏပုဏ္ဏား(ဘုရားရှင်၏ဓာတ်တော်များ ခွဲဝေပေးသူ)က ဓာတ်တော်ခြင်တဲ့အိုးကိုယူကာ စေတီတည်ထားပူဇော်ပါတယ်..
မောရိယမင်းတွေက မီးသွေးကိုယူကာ စေတီတည်ထားပူဇော်ကြပါတယ်..
စွယ်တော် ၄-ဆူက တာဝတိံသာနတ်ပြည်
နဂါးပြည် ကာလိင်္ဂမင်းရဲ့တိုင်းပြည်
ဂန္ဓာရအရပ်တွေမှာ တစ်ဆူစီတည်ရှိပါတယ်..
၄၀-သော သွားတော် ဆံတော် အမွေးတော်တွေကို စကြာဝဠာတစ်ပါးတစ်ပါးဆီသို့ နတ်တွေက ပို့ဆောင်ကြပါတယ်..
ဘုရားရှင်ရဲ့ နဖူးသင်းကျစ်တော်က သီဟိုဠ်ကျွန်းမှာ
လက်ဝဲညှပ်ရိုးတော်က ဗြဟ္မာ့ပြည်မှာ
လက်ယာညှပ်ရိုးတော်က သီဟိုဠ်ကျွန်းမှာ တည်တော်မူပါတယ်..
ဘုရားရှင်ရဲ့ သပိတ် သင်္ကန်း တောင်ဝှေးတော်တွေဟာ ဝဇိရပြည်မှာတည်ရှိပါတယ်..
သင်းပိုင်က ကုလဃရပြည်မှာ
အပေါ်အခင်းက သီလပြည်မှာ
ဓမကရိုဏ်နဲ့ ခါးပန်းကြိုးက ပါဋလိပုတ်ပြည်မှာ
ရေသနုပ်က စမ္ဗာပြည်မှာ
ဥဏ္ဏလုံးမွေးရှင်တော်က ကောသလ္လတိုင်းမှာ
သင်္ကန်းက ဗြဟ္မာ့ပြည်မှာ
ဦးရစ်တော်က တာဝတိံသာနတ်ပြည်မှာ
နိသိဒိုင်က အဝန္တိတိုင်းမှာ
မြေခင်းနှီးက ဒေဝတိုင်းမှာ
မီးပွတ်တော်က မိထိလာပြည်မှာ
ရေစစ်က ဝေဒေဟတိုင်းမှာ
ပဲကွပ်နဲ့အပ်ကျည်က ဣန္ဒပတ္တနပြည်မှာ
ကြွင်းတဲ့ ပရိက္ခရာတွေက အပရန္တဇနပုဒ်မှာ တည်ရှိကြပါတယ်..
သာသနာဆုတ်ယုတ်ရာအခါမှာ သီဟိုဠ်ကျွန်းက ဓာတ်တော်တွေဟာစုပြီး မဟာစေတီကို ကြွလာကြပါလိမ့်မယ်..
မဟာစေတီမှ နာဂဒီပရှိ ရာဇာယတနစေတီကို ကြွသွားကြပါလိမ့်မယ်..
ရာဇာယတနစေတီမှ မဟာဗောဓိပလ္လင်ကို ကြွသွားကြပါလိမ့်မယ်..
ပြန့်ကျဲနေသောအလုံးစုံသော ဓာတ်တော်တွေဟာ မဟာဗောဓိပလ္လင်ကိုပဲ ကြွကြပါလိမ့်မယ်..
မုန်ညင်းစေ့လောက်ရှိတဲ့ဓာတ်တော်တောင်မှ အကြားမှာ မပျောက်မပျက်ပဲ ရှိပါလိမ့်မယ်..
ဓာတ်တော်အားလုံး မဟာဗောဓိပလ္လင်မှာစုကာ ရွှေစိုင်ခဲပမာ အစိုင်အခဲဖြစ်ပြီး ရောင်ခြည်တော် ၆-ပါးကို လွှတ်ကြပါလိမ့်မယ်..
အဲဒီရောင်ခြည်တွေဟာ လောကဓာတ်တစ်သောင်းကို ပျံ့နှံ့ကြပါလိမ့်မယ်..
အဲဒီနောက် စကြဝဠာတစ်သောင်းက နတ်တွေဟာ စုဝေးပြီး
"ဒီနေ့ ဘုရားပရိနိဗ္ဗာန်စံဝင်တယ်.."
"ဒီနေ့ သာသနာဆုတ်ယုတ်တယ်.."
"အခု ငါတို့ဖူးတွေ့ရတာဟာ နောက်ဆုံးဖူးတွေ့ရတာပဲ.."လို့
ပြောကာ ဘုရားရှင်ခန္ဓပရိနိဗ္ဗာန်စံတော်မူသွားခဲ့တဲ့နေ့ကထက်
ပိုပြီး ကရုဏာကို ပြုကြပါလိမ့်မယ်..
အနာဂါမ် ရဟန္တာမှတစ်ပါး ကျန်ပုဂ္ဂိုလ်တွေက ပုံမှန် မရပ်တည်နိုင် ဖြစ်ကြပါလိမ့်မယ်..
ဓာတ်တော်တွေမှ တေဇောဓာတ်ဖြစ်ပေါ်လာပြီး ဗြဟ္မာ့ပြည်တိုင်အောင် တက်သွားပါလိမ့်မယ်..
မုန်ညင်းစေ့လောက်ဓာတ်တော် ရှိနေသေးရင်လည်း တစ်ခုတည်းသော မီးလျှံသည်သာဖြစ်ပါလိမ့်မယ်..
ဓာတ်တော်တွေ ကုန်သွားရင်တော့ မီးလျှံပြတ်စဲသွားပါလိမ့်မယ်..
အဲဒီလို ကြီးမားတဲ့အစွမ်းကိုပြပြီး "ဓာတ်တော်တွေ ကွယ်ပျောက်သွားမှ သာသနာကွယ်ပျောက်သည်" မည်ပါတယ်..
အဲဒီလို မကွယ်ပျောက်သေးသမျှ သာသနာဟာ နောက်ဆုံးမဟုတ်သေးပါဘူး..
(သုတ်မဟာဝါ ဗုဒ္ဓဝံသ ဥပရိပဏ်)
Shared from Ma Ohnmar Shin (FB)
12/02/2026
Click here to claim your Sponsored Listing.
Location
Category
Contact the school
Address
Buddh Gaya
Patna New City