𝐋𝐢𝐟𝐞 𝐰𝐢𝐭𝐡 𝐒𝐮

𝐋𝐢𝐟𝐞 𝐰𝐢𝐭𝐡 𝐒𝐮

Share

Student life in India

28/04/2026

🫸🏽 ကိုယ်ကြိုက်တဲ့အရာကို လိုက်ကြိုက်စရာမလိုဘူး

Su အဖြစ်ချင်ဆုံးပုံစံ ပြောပါဆိုရင် Open minded ဖြစ်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ် အဲ့လိုဖြစ်ချင်လို့လဲ ကိုယ့်ရဲ့အတွေးအခေါ် ယုံကြည်ချက်တွေ ဘယ်ကလာလဲ၊ ကိုယ်ဘယ်လိုစိတ်နဲ့ လူတစ်ယောက်ကို တုန့်ပြန်လိုက်တာလဲဆိုတာကို အမြဲလိုလို ကိုယ့်ကိုကိုယ် အမှန်တိုင်း မေးဖြစ်တယ်

Open minded ဖြစ်တဲ့လူတွေဆီမှာ ဒီလို mindsetတွေရှိတယ်တဲ့

၁။ ငါသာမှန်တယ်ဆိုတဲ့ အစွဲသူတို့မှာ မရှိဘူး
သူတို့ ပေါင်းတဲ့သူတွေက သူတို့နဲ့တူစရာမလိုဘူးဆိုတာ လက်ခံတယ်

လူတွေက ကိုယ်ကြိုက်တဲ့အရာကို လိုက်ကြိုက်စရာမလိုသလို ကိုယ်မကြိုက်တဲ့အရာကိုလဲ လိုက်မုန်းစရာမလိုဘူးဆိုတာ သူတို့ကောင်းကောင်းသဘောပေါက်တယ်
ကိုယ်နဲ့မတူတဲ့သူတွေနဲ့ အတူရှင်တွဲနေထိုင်နိုင်တာကမှ တကယ့်အလှအပတစ်ခုဆိုတာ သူတို့နားလည်တယ်လေ

၂။ Open minded ဖြစ်တဲ့သူတွေက အခြားသူတွေရဲ့ အတွေးအမြင်ကို လေးစားတယ်

ကိုယ်နဲ့ Idea ယုံကြည်ချက်မတူတဲ့ သူတွေနဲ့ စကားပြောတဲ့အခါ “ဒါမှားတယ်” ဆိုတာထက် “ဘာကြောင့် ဒီလိုထင်တာလဲ “ဆိုတဲ့ မေးခွန်းနဲ့အတူ သေသေချာချာနားထောင်ပြီး စဉ်းစားတတ်တယ်
သူတို့ခံယူထားတာနဲ့ လုံးဝကြီးကွာခြားနေရင်တောင် မျက်စိပျက် မျက်နှာပျက်မဖြစ်ဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နားထောင်နိုင်တာကလဲ သူတို့ရဲ့ လက္ခဏာတစ်ရပ်ဘဲ
Suတော့ အဲ့လိုပုံစံမျိုးကို သိပ်ပြီး
သဘောကျတယ် ကိုယ့်ကိုကိုယ် အဲ့လိုပုံစံမျိုးနဲ့ မြင်ကြည့်ရင် အရမ်းကို ကျက်သရေရှိတာဘဲ😁🤭

၃။ Open minded ဖြစ်တဲ့သူတွေက ကိုယ့်ရဲ့အမှားကို လက်ခံနိုင်သလို ကိုယ့်ထက်ကောင်းတဲ့ idea တွေတွေ့ရင်လဲ လက်ခံလိုက်ဖို့ဝန်လေး မနေတတ်ဘူး။

ဘာလို့ဆို သူတို့က result ပိုကောင်းတဲ့ Qualityတစ်ခု ထွက်လာဖို့ကိုဘဲ အဓိကထား လိုချင်တာကို။ ဒါပေမယ့်လဲ open mindedဖြစ်တဲ့သူတွေရဲ့အများစုမှာ သတ်သတ်မှတ်မှတ်ရှိတဲ့ ယုံကြည်ချက် ရပ်တည်ချက်တွေ ရှိကြတယ် ။ တိကျသေချာတဲ့ ယုံကြည်ချက်တွေနဲ့ သူတို့ရဲ့ခွက်တွေကို အပြည့်ဖြည့်ထားတတ်ကြပြီး သူတပါးရဲ့ယုံကြည်ချက်တွေကိုလဲ အပြည့်အဝ respectပေးတာမျိုးပေါ့။

တစ်စုံတစ်ယောက် အောင်မြင်ဖို့ တစ်စုံတစ်ယောက် ကျရှုံးရတယ်ဆိုတဲ့ idea က မှန်ရော မှန်ရဲ့လား?

Stay positive, trust the process, and believe that better days are on the way. ✨
Noted from Pika Sharing

23/04/2026

ကျွန်မ parent login အကြောင်းတွေသင်ပေးလိုက်တော့မယ်😆

19/04/2026

သင်တန်း တစ်ခုက challenge join ဖို့ ရိုက်တဲ့ videoလေး
နာမည်ကတော့ ဒီထဲမှာ ရတနာ ပါ ဒါပေမယ့် စုလို့ခေါ်တာ ပိုကြိုက်ပါတယ်🤣
Sharda studentsတွေ တွက် Dental schoolက free treatmentလေးတွေ ပေးနေတယ်နော်
ဆရာမလှလှ တော်တော်လေးတွေနဲ့ တွေ့ချင်ရင် ချိတ်ဆက်ရှိပါတယ် 😇😁

17/04/2026

၃ နှစ်တာ Bachelor degreeရဲ့ စာသင်ရက်နောက်ဆုံးနေ့လေး
ကျောင်းသားဘဝ ပြီးပြီဆိုတော့ ရင်ထဲ တမျိုးရယ် 😕

15/04/2026

လောကကြီးမှာ ကိုယ်တွေမတတ်နိုင်တာလဲ အများကြီးရှိပါတယ်
ကိုယ်တွေ မျှော်လင့်လို့ရတာလဲ အများကြီးပါဘဲ
ဆုတောင်းရင်း
ကြိုးစားရင်း
ရုန်းကန်ရင်း
သည်းခံရင်း…………..
ဘဝက ကောင်းကင်ကြီးနဲ့တူတယ် တခါတလေ မိုးထစ်ချုန်းရွာလိုက် တခါတလေကျတော့လဲ သိပ်ကိုနူးညံ့သိမ်မွေ့တဲ့ ကောင်းကင်ပြာကြီးဖြစ်သွားပြန်ရော

ဒါပေမယ့်လည်း
ခက်ခဲကြမ်းတမ်းမှုတွေက ခနလေးဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေကလဲ အမြဲတမ်း မတည်မြဲနိုင်ဘူးရယ်

12/04/2026

Su မဟုတ်ဘူးနော် Suရဲ့မမ Seik🥰

💥Batch (5)
English Free class Batch (5)လေးကို
Online နဲ့ ဆက်သင်ပေးမှာဖြစ်ပါတယ်

Elementary class
Class size - 15 ယောက်
Start date - 20. 4. 2026 ( Monday)/
8pm MM Time
Duration - 3weeks ( 4days a week )
Platform - zoom

15နှစ်အထက် join နိုင်ပါတယ်ရှင့်

Tr. Seik Htar Phyu

- Bachelor of Social Studies ( LAP/ Myanmar Institute of Theology)

-Educational Leadership (UNESCO)

- Conflict sensitive Education (UNESCO)

-Peer education for drug abuse and mental wellness

-TKT (Candidate)
-Aptitude test in child pedagogy, English language ( Planet Spark /India)

————-
————-

Google link လေး ဖြည့်ပြီးပါက post အောက်မှာ Batch 5 ဆိုပြီး မန့်ခဲ့ပေးပါရှင့် or page messenger မှာလဲ Batch 5ဆိုပြီး ပို့နိုင်ပါတယ်ရှင့်

ပေးထားတဲ့ Google link လေး အရင်ဖြည့်ထားတဲ့ 15ယောက်ကို ဆက်သွယ်ပေးမှာဘဲ ဖြစ်ပါတယ်

https://docs.google.com/forms/d/e/1FAIpQLScVgNaqA6IuFND3wUCKKYw3HtGu7AeXnww9EomPyK3TcQpI4g/viewform?usp=header

10/04/2026

၃နှစ်အတွင်း အတန်းထဲ အရမ်းစလို့ကောင်းတဲ့ သူငယ်ချင်း
ကိုယ်စရင်လဲ သူမရီဘူး ဘာလို့ဆို စလို့စမှန်း မသိလို့🤣
သူစရင်လဲ ကိုယ်မရီချင်ဘူး ရီစရာမကောင်းလို့လေ
စကားပြောရင်လဲ တော်တော်ကိုမော့ကြည့်ရတယ်
မျိုးရိုးအလိုက်ကိုက South Sudan နိုင်ငံသားတွေက ရှည်ကြတာကို ဒါတောင်သူက သူ့သူငယ်ချင်းတွေကြား ပုနေသေးတာတဲ့ 😇
သူတို့ရုပ်တွေက နိုင်ငံခြားသားမှန်းအရမ်း သိသာနေတော့ India မှာ ပိုပြီးbig challenge ဖြစ်တာပေါ့

09/04/2026

ကျောင်းသားတွေရဲ့ talentနဲ့ hobby ကို supportပေးတဲ့နေရာ ချပြခွင့်ပေးတဲ့နေရာမှာတော့ လိုတာထက်ပိုပြီး တာဝန်ကျေပါတယ်

07/04/2026

Indian မျိုးနွယ်တွေ အများစုရဲ့ နှစ်သစ်ကူးလဲ March နဲ့ April မှာ အများစုရှိကြတာမလို့ block 4က studentတွေတော့ decorations စလုပ်ကြပြီ👳🏼‍♀️🧕🏼

Want your school to be the top-listed School/college in Greater Noida?

Click here to claim your Sponsored Listing.

Location

Address


Greater Noida