06/03/2017
အမြတ်ဆုံးဒါန
International MeditationCentre in the India International Buddhist Meditation Centre
06/03/2017
အမြတ်ဆုံးဒါန
25/02/2017
Mrs Rock Jolia from Melbourne city of Australia donated AUD Dollar 10,000 to main building of Buddhabhumi Meditation Centre ( BMC ), Bodh Gaya, India. She is my new Buddhist and my dhamma friendship follow Therawada.
23/02/2017
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် ဗုဒ္ဓဂယာသည်တစ်ကမ္ဘာလုံး၌ အမြတ်ဆုံးမြေ(The most Sacred place) မဇ္စျေချက်ချာ ဘူမိနက်သန် အောင်မြေဖြစ်သည်။ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတော်တို့ကို အပတ်တကုတ်မဆုတ်မနစ် မခြွင်းမချန် အကြားမလပ် ဒလစပ်ဖြည့်ကျင့်တော်မူခဲ့သော ဘုရားအလောင်းတော်သည် နောက်ဆုံးဘဝတွင် ထိုစဉ်က ဥရုဝေလခေါ် ဤဗုဒ္ဓဂယာတဝိုက်၌ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာ ကျင့်တော်မူပြီး မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်နေ့ညတွင် မဟာဗောဓိမဏ္ဍိုင်(ခေါ်)ဗောဓိညောင်ပင်အောက်တွင် မာန်ငါးပါးတို့ကို အောင်မြင်တော်မူကာ ညာဏ်တော်သုံးပါးတို့ကို အစဉ်အတိုင်းရရှိပြီး ဗုဒ္ဓအဖြစ်၏ မကိုဋ်ဦးဆောက်ပန်းသဖွယ်ဖြစ်သော သဗ္ဗညုတရွှေညာဏ်တော် အလင်းပေါက်၍ ဘုရား အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပေသည်။
ကမ္ဘာပေါ်တွင် လူသားတို့သည် မိမိတို့၏ဘာသာတရားစတင်ခဲ့သောနေရာတို့ကို အလေးအမြတ်ထားပြီး ထိန်းသိမ်းနေကြ၏။ ဘာသာကြီးလေးခုရှိသည့်အနက် အစ္စလာမ်တို့အတွက် မက္ကာဟ်၊ ခရိစ္စယာန်တို့အတွက် ဂျေရုစလင်၊ ဟိန္ဒူတို့အတွက် အယုဒ္ဓာသည် ယင်းတို့၏အသက်နှင့်ထပ်တူ အရေးပါသကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့အတွက်လည်း ဗုဒ္ဓဂယာသည် အရေးပါလှသည်။ ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် ဘာသာဝင် အသီးသီးတို့သည် ယင်းတို့နှင့်သက်ဆိုင်သည့် ဘူမိနက်သန်မြေများ ဆီသို့  သွားရောက်ဖူးမြော်လေ့ရှိကြသည်။ အကြောင်းမညီညွတ်သဖြင့် မရောက်နိုင်သူတို့သည်လည်း တစ်သက်တစ်ခါ ရောက်ဖြစ်အောင် အားခဲကြကုန်၏။ ယင်းသို့ သွားရောက် သူတိုင်းသည်လည်း မိမိတို့ ဆိုင်ရာ ဘုရားအောင်မြေ၏ အရှည်ခိုင်ခံတည်တံ့ရေးနှင့်စည်ပင်တိုးတက်ရေးတို့အတွက် တက်အားသရွေ့ ပါဝင်လှူဒါန်းခြင်း ပါဝင်လုပ်ဆောင်ပေးခြင်းများကို အားတက်သရော ပြုလုပ်လေ့ရှိကြသည်။
ဗုဒ္ဓသာသနာတော်ကြီးသည် စတင်ထွန်းကား ချိန်မှ ယခု-၂၀၁၇ အထိနှစ်ပေါင်း (၂၅၆၁)ခု နှစ်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓရတနာစတင်ပေါ်ပေါက်ထွန်းကားရာအချိန်မှစ၍ ယနေ့ကာလအထိသမိုင်းစဉ်တစ်လျှောက်တွင် အနိမ့်အမြင့်အတက်အကျ မျိုးစုံ လောကဓံအဖုံဖုံတို့ကို ဖြတ်သန်း၍ လာခဲ့ရပေသည်။
ယခုအချိန်အခါ၌ ဗုဒ္ဓဂယာနယ်မြေတစ်ခုလုံးတွင် ဘာသာခြားတို့၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေသဖြင့် ထိုနေရာများ ရေရှည်တည်တံ့ဖို့ရန် စိုးရိမ်ဖွယ်အဖြစ်ဖြင့် တွေ့ မြင်နေရပါသည်။
ဤအကြောင်းအရာများကို မသိ၍ဖြစ်စေ၊ သိ၍ဖြစ်စေ မည်သည့်လှုပ်ရှားတွန်းကန်မှုမျှ မရှိခဲ့သောဗုဒ္ဓဘာသာဝင်တို့အတွက်မူ အစားမထိုးနိုင်သော ဆုံးရှုံးမှုနှင့် ပြန်လည်ပြင်ဆင်ရယူမှု ခက်ခဲသော အကျဉ်းအကျပ်များအနေဖြင့် မဟာဗောဓိစေတီတော်ကြီးနှင့် ဗုဒ္ဓဂယာနယ်မြေတဝိုက်ရှိ ရှေးဟောင်းဗုဒ္ဓနေရာတော်များအားလုံးကို ရေရှည်ထိန်းသိမ်းရေးနှင့် တိုးတက်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေးသည် အဓိကကျလှပေသည်။ သို့ဖြစ်ပါ၍ မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မဟာဗောဓိစေတီတော်ကြီးနှင့် ဗုဒ္ဓဂယာနယ်မြေတဝိုက်ရှိ သမိုင်းဝင်ဗုဒ္ဓနေရာတော်များကို ရေရှည်ထိန်းသိမ်းရေးနှင့် တိုးတက်ရေးလုပ်ငန်းများ ပြုလုပ်ရန် လိုအပ်နေလေပြီ။
နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာဘုရားဖူး ပုဂ္ဂိုလ်များ သိန်းသန်းချီ၍ ဘုရားရှင်၏ သဗ္ဗညုတရွှေညာဏ်တော်ရရှိတော်မူသော ဗုဒ္ဓဂယာမဟာဗောဓိ ဘူမိနက်သန်ဆီသို့ ရောက်ရှိနေကြပြီဖြစ်၍ ဗုဒ္ဓဂယာ၏ မဟာဗောဓိဘူမိနက်သန်မြေမှာ သာသနာ့အောင်လံစိုက်ထူ၍ တရားရိပ်သာ ကျောင်းတိုက်များ ပေါ်ထွန်းဖို့ ရန် ဗုဒ္ဓဘာသာဝင်တို့အတွက် အခွင့်ကောင်းအခါကောင်း ဆိုက်ရောက်နေပြီဖြစ်သည်။ ထိုသို့တရားရိပ်သာ ကျောင်းတိုက်များပေါ်ထွန်းလာမှသာ ဤဗုဒ္ဓဂယာနယ်မြေ၌ လုပ်သင့်လုပ်ထိုက်သော သာသနာပြုလုပ်ငန်းများကို ကောင်းစွာပြုလုပ်နိုင်မည်ဖြစ်သည်။ ဤကဲ့သို့သော ရည်ရွယ်ချက်များဖြင့် ဆရာတော် ဒေါက်တာအရှင်ကေသရ M.A ,Ph.D သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော် အနီး၌အလျားပေ(၂၀၀)၊ အနံပေ(၇၀) ရှိမြေကွက်ကို ဝယ်ယူပြီး သာသနာ့မြေအဖြစ်ပြုလုပ်ကာ “ဗုဒ္ဓဘူမိ ဓမ္မရိပ်သာကျောင်းတိုက်” တည်ထောင်လျှက် သာသနာပြုလုပ်ငန်းများကို စတင်ဆောင်ရွက်နေသည်မှာ ၃ နှစ်နီးပါး ရှိနေပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သဒ္ဓါကြည်လင် စေတနာရှင်များအနေဖြင့် တက်အား သရွေ့ ပါဝင်ပြီး သာသနာပြုကြပါရန် သာသနာ့ဘူမိနက်သန် နယ်မြေတွင် သာသာနာ့ဥယျာဉ်ပျိုး၍ ဘာသာ၊ သာသနာအကျိုးအတွက်ရော မိမိတို့ အကျိုးပါ ရယူကြပါရန် နိဗ္ဗာန်အကျိုးမျှော်ကိုး၍ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
“ဗုဒ္ဓဘူမိဓမ္မရိပ်သာကျောင်းတိုက်၏ ရည်ရွယ်ချက်များ ”
၁။မြန်မာနှင့်နိုင်ငံတကာမှ ဘုရားဖူးလာရောက်ကြသည့် သူတော်စင်ဧည့်သည်တော်များ ချမ်းသာစွာတည်းခိုရင်း ကုသိုလ်ယူနိုင်ကြစေရန်။
၂။လူသားတိုင်းစိတ်ချမ်းသာရေးအတွက် တရားစခန်းများဖွင့်လှစ်ပေးရန်။
၃။အိန္ဒိယနိုင်ငံ၌ နေထိုင်သီတင်းသုံးရင်း စာပေဆည်းပူးလိုသည့်ရဟန်းတော်များ အား ကျောင်းနေလက်ခံပြီး ပညာတတ်သာသနာပြုရဟန်းတော်များ မွေးထုတ်နိုင်ရန်။
၎။မရှိဆင်းရဲ ဒေသခံများအား စောင့်ရှောက်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးနိုင်ရေးတို့ပင်ဖြစ်ပါသည်။
“လိုအပ်လျှက်ရှိသော သာသနိက အဆောက်အအုံများ”
၁။ မြေတစ်ကတ္တား ဒေါ်လာ (၁၀၀၀၀)
(အလျားပေ-၄၀ ၊အနံပေ -၄၀)
၂။ မြေကတ္တားတစ်ဝက် ဒေါ်လာ (၅၀၀၀)
(အလျားပေ-၂၀ ၊အနံပေ -၂၀)
၃။ မြေကတ္တားတစ်မတ် ဒေါ်လာ (၂၅၀၀)
(အလျားပေ-၁၀ ၊အနံပေ -၁၀)
၎။ မြေကတ္တားခွဲ ဒေါ်လာ (၁၂၅၀)
(အလျား ၅ပေ ၊အနံ ၅ပေ)
၅။ ကျောင်းမုခ်ဦး ဒေါ်လာ (၃၅၀၀)
၆။ ၂၅ပေ X ၁၇ ပေ အခန်းတစ်ခန်း ဒေါ်လာ (၃၀၀၀)
၇။ တရားထိုင်ခန်းမကြီးနှင့်ဘုရားခန်း ဒေါ်လာ (၁၀၀၀၀)
အလျား ပေ ၁၀၀ ၊ အနံပေ ၃၀
၈။ ရေတွင်းနှင့်ရေတင်စက် ဒေါ်လာ(၁၅၀၀)
၉။ မဟာရာမ်တံတိုင်း(၁၀)ပေပတ်လည် ဒေါ်လာ(၂၀၀)
၁၀။ ဝရံတာ ၁၇ပေတစ်ခန်း ဒေါ်လာ(၅၀၀)
၁၁။ ဆွမ်းစားခန်းနှင့်မီးဖိုဆောင် ဒေါ်လာ(၆၀၀၀)
အလျားပေ ၆၀ ၊ အနံပေ ၃၀
လှူဒါန်းနိုင်သည့် နေရာဌာနများ
ဆရာတော် ဒေါက်တာဦးကေသရ
M.A , Ph.D
ဗုဒ္ဓဘူမိဓမ္မရိပ်သာကျောင်းတိုက်
ဗုဒ္ဓဂယာ၊ ဘီဟာပြည်နယ်၊ အိန္ဒိယနိုင်ငံ။
Phone - +91 9973455157.+91 8804263768. +91 9162352832
Yangon Phone - 09767132341
[email protected]
[email protected]
23/02/2017
Buddhabhumi Meditation Centre Bodh-gaya,Bihar,India.

website – www.buddhabhumimeditationcentre.com
Yangon Phone - 09767132341
22/02/2017
Headmaster Sayadaw Dr,Kesara of the Buddhabhumi Meditation Centre (BMC) india.
| Monday | 9am - 5pm |
| Tuesday | 9am - 5pm |
| Wednesday | 9am - 5pm |
| Thursday | 9am - 5pm |
| Friday | 9am - 5pm |