23/08/2026
မဂဓတက္ကသိုလ်၏ ဘွဲ့လက်မှတ်အတုများကို စိစစ်ဖော်ထုတ်ပြီး ဘွဲ့လက်မှတ်အတုဖြင့် ခန့်အပ်ထားသောဆရာ ပါမောက္ခများကို ဖယ်ရှား။
အိန္ဒိယနိုင်ငံအတွင်းရှိ ဘွဲ့လက်မှတ်အတုများဖြင့် အလုပ်ဝင်ထားသူများကို စိစစ်ဖယ်ထုတ်ပြီး အမှန်တကယ် ဘွဲ့ရရှိထားသူများကိုသာ အစားထိုး အလုပ်ခန့်အပ်သွားမည်ဟုသိရ။
အိန္ဒိယနိုင်ငံအတွင်းရှိ ဘွဲ့ရရှိထားသူများ အလုပ်မရတာ၊ အလုပ်ရှားပါးမှုဖြစ်ပေါ်လာနေတာ၊ စာစစ်ဌာနများ၌ မေးခွန်းပေါက် အဂတိလိုက်စားမှု ဖြစ်ပေါ်လာနေတာ၊ ကျောင်းသားများ ဆန္ဒပြကန့်ကွက်လာကြတာကြောင့် ဘွဲ့လက်မှတ်အတုဖြင့် အလုပ်ဝင်နေသူများကို စိစစ်ဖယ်ထုတ်ပြီး အမှန်တကယ် ရယူထားသော ဘွဲ့လက်မှတ်များကို Online မှတစ်ဆင့် အလွယ်တကူ စစ်ဆေးအတည်ပြုနိုင်ရန် #အွန်လိုင်းသိုလှောင်ခန်း တွင် ထာဝရ သိုလှောင်သိမ်းဆည်းထားပါမည်။