Linn Latt Thu

Linn Latt Thu ✨ Helping you heal past blockages & unlock your true potential.
🧠 NLP Master Practitioner & Certified Intuitive Coach
🔮 Timeline, Hypnosis & Wisdom Coaching

🧿"စွန့်ပစ်ခံရဖူးတဲ့ အနီးစပ်ဆုံးနေရာမှာ... လုံခြုံမှုဆိုတာ ဖြစ်တည်လာတယ်"🌙​"မယူရင် ဘုန်းကြီးကျောင်း ပို့ပစ်တော့မယ်..."​ဒီစ...
25/08/2026

🧿"စွန့်ပစ်ခံရဖူးတဲ့ အနီးစပ်ဆုံးနေရာမှာ...
လုံခြုံမှုဆိုတာ ဖြစ်တည်လာတယ်"🌙

​"မယူရင် ဘုန်းကြီးကျောင်း ပို့ပစ်တော့မယ်..."
​ဒီစကားတစ်ခွန်းနဲ့အတူ ကျွန်မဆိုင်ထဲကို
ခွေးလေး နှစ်ကောင် ရောက်လာတယ်။
အရင်မွေးထားတဲ့သူက ဆက်မမွေးနိုင်တော့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စွန့်ပစ်ခံရတော့မယ့်
အသက်လေးတွေကို မြင်တော့
ကျွန်မ ဘာမှ အကြာကြီး စဉ်းစားမနေတော့ဘဲ
ခေါ်ထားလိုက်တယ်။ စားစရာလေးတွေ ကျွေးလိုက်တယ်။

​ခဏနေတော့ သူတို့လေးတွေ အိပ်ချင်လာကြတယ်။
သို့ပေမဲ့ စိတ်အေးချမ်းသာစွာနဲ့
အိပ်ပျော်သွားကြတာ မဟုတ်ဘူး။
​ကျွန်မရဲ့ ခြေထောက်နားမှာ သူတို့ရဲ့ ခေါင်းလေးတွေ၊
ကိုယ်လုံးလေးတွေ လာထိပြီး ကပ်အိပ်နေကြတာ။
ကျွန်မ ခြေထောက်ကို နည်းနည်းလေး လှုပ်လိုက်တာနဲ့
ခေါင်းလေးတွေ ချက်ချင်းထောင်၊
မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ မော့ကြည့်ကြတယ်။

​"ငါ့တ်ု့ကို ထပ်ပြီး စွန့်ပစ်သွားဦးမလား..."
"ဒီနေရာလေးကရော ငါတို့အတွက် အမှန်တကယ်
လုံခြုံရဲ့လား..."ဆိုတဲ့အကြည့်လေးတွေနဲ့ပေါ့။

စွန့်ပစ်ခံခဲ့ရဖူးတဲ့ အသက်လေးတွေဟာ
"လုံခြုံမှု" ကို အရမ်း ငတ်မွန်းကြတယ် မဟုတ်လား။
​နည်းနည်းလေး လှုပ်တာနဲ့ ထကြည့်နေတဲ့
အဲ့ဒီ မျက်ဝန်းလေးတွေကို ကြည့်ရင်း
ကျွန်မ တစ်ခု သဘောပေါက်လိုက်ရတယ်။

​"လူတွေပဲဖြစ်ဖြစ်၊ သတ္တဝါတွေပဲဖြစ်ဖြစ်...
ဒဏ်ရာရဖူးတဲ့သူတွေဟာ လုံခြုံမှုကို ပြန်ယုံဖို့
အရမ်းကြောက်ကြတယ်။

သို့ပေမဲ့ မေတ္တာစစ်နဲ့ တွေ့လိုက်ရတဲ့အခါမှာတော့
သူတို့ဟာ အဲ့ဒီလုံခြုံမှုကို ချက်ချင်းပဲ မှီတွယ်လိုက်ကြတာပဲ။"
​သူတို့လေးတွေ ကျွန်မ ခြေထောက်နားမှာ
ကပ်အိပ်နေတာဟာ ထပ်ပြီး စွန့်ပစ်ခံရမှာ ကြောက်တဲ့
စိုးရိမ်စိတ်ကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်မှာလည်း
"သူတို့ ကျ်န်မကို ယုံကြည်လိုက်ပြီ" ဆိုတဲ့ စကားမဲ့
အဖြေလေးလည်း ဖြစ်နေခဲ့တယ်။

​ကျွန်မတို့ရဲ့ ဘဝမှာလည်း ဒီလိုပါပဲ...
တစ်ခါတလေ စွန့်ပစ်ခံရခြင်း၊ နာကျင်ရခြင်းတွေကြောင့်
ဘာကိုမှ မယုံကြည်ရဲတော့ဘဲ ကိုယ့်ကိုယ်ကို
ပုန်းကွယ်ထားတတ်ကြတယ်။

သို့ပေမဲ့ မှတ်ထားပေးပါ။
ဘဝဆိုတာ မင်းကို စွန့်ပစ်ခဲ့တဲ့သူတွေနဲ့တင်
ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ မင်းရဲ့ နာကျင်မှုကို
နားလည်ပေးပြီး၊ မင်းကို အေးချမ်းတဲ့ "လုံခြုံမှု" ပေးနိုင်မယ့် အလင်းရောင်နဲ့ မေတ္တာတွေက မင်းရဲ့ အနားမှာ
အမြဲ ရှိနေတတ်ပါတယ်။

​ဒီနေ့တော့ ကျွန်မ ခြေထောက်နားမှာ မှေးအိပ်နေတဲ့
အသက်လေးနှစ်ကောင်က ကျွန်မကို "မေတ္တာရဲ့ စွမ်းအား" နဲ့ "လုံခြုံမှုရဲ့ တန်ဖိုး" ကို သင်ကြားပေးသွားခဲ့ပြန်ပါတယ်။ 🤍✨
​

🔮အချစ်တစ်ခုတည်းနဲ့ ဘဝကို စုံမှိတ်ပုံအောလိုက်တဲ့အခါ...​အသက် ၁၇ နှစ်ကျော်ကျော်... အိမ်နဲ့ ကျောင်းကလွဲရင် ကမ္ဘာကြီးအကြောင်း...
21/08/2026

🔮အချစ်တစ်ခုတည်းနဲ့ ဘဝကို စုံမှိတ်ပုံအောလိုက်တဲ့အခါ...

​အသက် ၁၇ နှစ်ကျော်ကျော်... အိမ်နဲ့ ကျောင်းကလွဲရင်
ကမ္ဘာကြီးအကြောင်း ဘာမှ မသိသေးတဲ့
မိန်းကလေးတစ်ယောက်။
​အွန်လိုင်းပေါ်မှာ ချစ်သူတွေဖြစ်ကြတယ်၊
ပထမဆုံးအကြိမ် အပြင်မှာ လူချင်းတွေ့တဲ့နေ့မှာပဲ
သူ့ကောင်လေးနဲ့အတူ အဝေးဆုံးကို ခိုးရာလိုက်သွားခဲ့တယ်။

အခုတော့ သူတို့ လက်ထပ်လိုက်ကြပြီ...
​ဒါပေမဲ့ ဒီပုံပြင်ရဲ့ အဆုံးသတ်ဟာ ပန်းခင်းလမ်း
မဟုတ်ခဲ့ပါဘူး။သူ ရောက်သွားတဲ့နေရာဟာ
စရိုက် ခက်ထန်ကြမ်းတမ်းလွန်းတဲ့ နယ်မြေတစ်ခု။

ဘဝနောက်ခံချင်း မတူ၊ ဝန်းကျင်ချင်း မတူတဲ့အခါ
နေ့ရက်တိုင်းဟာ မပျော်ရွှင်ခြင်းတွေ၊
စိတ်ဆင်းရဲခြင်းတွေနဲ့ ပြည့်နှက်လာတယ်။

​မိဘတွေက ကျောင်းဆက်ထားပေးမယ်လို့
ပြောပေမဲ့ ယောက်ျားဖြစ်သူက မိဘဆီ ပြန်မလွှတ်ဘူး။ ရောက်နေတဲ့ နယ်မြေကလည်း ကျောင်းသွားတက်ဖို့
လုံးဝ မဖြစ်နိုင်တဲ့နေရာ...။

​ဆိုင်မှာ သူနဲ့ ဆုံတိုင်း အနာဂတ်မဲ့စွာ အဝေးကို
ငေးကြည့်နေတတ်တဲ့ သူ့ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး
ရင်ထဲ တကယ် မဆန့်အောင် ဝမ်းနည်းရပါတယ်။

အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ
ဖြစ်သင့်တာပါ၊ ဘဝတစ်ခုလုံး မဖြစ်သင့်ဘူး။
​ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်စွမ်းမရှိသေးဘဲ
ရွေးချယ်လိုက်တဲ့ အချစ်ဟာ မိမိရဲ့ ပညာရေး၊
လွတ်လပ်ခွင့်နဲ့ အနာဂတ်တစ်ခုလုံးကို
ပိတ်လှောင်ပစ်လိုက်တဲ့ ထောင်ကျင်းတစ်ခု
ဖြစ်သွားတတ်ပါတယ်။

ဒီအဖြစ်အပျက်ကို ဘေးကနေ စာနာစွာကြည့်ရင်း
နားလည်လိုက်ရတာတစ်ခုရှိတယ်။
မိန်းကလေးတစ်ယောက်အတွက် "ပညာရေး" နဲ့
"ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်း" ဆိုတာ
ခေတ်အဆက်ဆက် အမျိုးသမီးတိုင်း ကိုင်စွဲထားရမယ့် အစွမ်းထက်ဆုံး ဒိုင်းလွှားတစ်ခုပါပဲ။

​ဒီစာကို ဖတ်နေတဲ့ ညီမလေးတို့ရေ...
ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို
အချစ်တစ်ခုတည်း၊ စိတ်လှုပ်ရှားမှုတစ်ခုတည်းနဲ့
မဆုံးဖြတ်ကြပါနဲ့။

​အတောင်ပံ စုံအောင် အရင်ခတ်ပါ၊
ကိုယ့်အိပ်မက်တွေကို အရင်အကောင်အထည်ဖော်ပါ။
ဒါမှသာ ကိုယ်ချစ်ရတဲ့သူနဲ့ ဆုံတွေ့တဲ့အခါ
မှီခိုသူမဟုတ်ဘဲ အေးအတူပူအမျှ
ရေရှည်လက်တွဲနိုင်မှာဖြစ်ပါတယ်။ ✨

💜✨ LOVE & LIGHT
LINN LATT THU ✨💜

​

🔮ရန်ကုန်သူတစ်ယောက် မြို့ပြင် ရောက်သွားတဲ့အခါ..."🌙​ရန်ကုန်လို မြို့ကြီးမှာ လွတ်လပ်စွာ လှုပ်ရှား၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ...
19/08/2026

🔮ရန်ကုန်သူတစ်ယောက် မြို့ပြင် ရောက်သွားတဲ့အခါ..."🌙

​ရန်ကုန်လို မြို့ကြီးမှာ လွတ်လပ်စွာ လှုပ်ရှား၊
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး
ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ခဲ့ဖူးတယ်။
​သို့ပေမဲ့ ဘဝရဲ့ အကွေ့အပြောင်းတစ်ခုမှာတော့
ကိုယ်နဲ့ စရိုက်လည်း မတူ၊ အယူအဆလည်း
နားမလည်နိုင်တဲ့ နယ်မြို့လေးတစ်နေရာဆီ
ရောက်လာခဲ့ရတယ်။
​ဒီမှာတော့ ကိုယ်တတ်ထားတဲ့ ပညာတွေကို
စိတ်ကြိုက်ထုတ်သုံးဖို့ အခွင့်အရေး မရှိဘူး။
အိမ်မှာရှိတဲ့ လူကြီးတွေနဲ့လည်း စရိုက်တွေ၊
အတွေးအခေါ်တွေ လုံးဝ မတူတော့
ဘာလုပ်လုပ် စိတ်မသက်မသာ ဖြစ်ရတယ်။
ဘာမှ လုပ်ပိုင်ခွင့် မရှိဘဲ ပိတ်လှောင်ခံထားရသလို၊
ဘဝမှာ ခေတ္တ ရပ်တန့်သွားသလို ခံစားရတဲ့
အကြိမ်တွေလည်း မနည်းခဲ့ဘူး။
အစပိုင်းမှာတော့ ဒေါသဖြစ်တယ်၊ အထီးကျန်တယ်၊ စိတ်ဓာတ်တွေ အောက်ဆုံးထိ ရောက်ခဲ့ရတယ်။
​သို့ပေမဲ့ အဲ့အခြေအနေတွေကို ကိုယ်က
ပြောင်းလဲလို့မရတော့ ကိုယ့်ရဲ့စိတ်ကိုပဲ
ပြောင်းလဲလိုက်ရတယ်...
​ဒါဟာ "ထာဝရ" မဟုတ်ဘူး၊ အခိုက်အတန့်တစ်ခု
"ခေတ္တ" ပဲ ဆိုတာကို လက်ခံလိုက်တယ်။
​အပြင်ဘဝမှာ လှုပ်ရှားခွင့် မရှိပေမဲ့ ငါ့ရဲ့ အတွင်းစိတ်နဲ့ ရည်မှန်းချက်တွေကိုတော့ ဘယ်သူမှ ပိတ်လှောင်လို့ မရဘူး။
​စရိုက်မတူသူတွေနဲ့ ငြင်းခုံမနေတော့ဘဲ
စိတ်ထဲ တန်းမဝင်အောင် စည်းတားလိုက်တယ်။
​ဒီနေရာဟာ ငါ့အတွက်တော့ အားပြန်ဖြည့်ရမယ့်
"အနားယူစခန်း" တစ်ခုပါ။
​အခုချိန်မှာ အတောင်ပံတွေကို ခေတ္တ ရုပ်ထားရပေမဲ့
ပြန်ပျံသန်းရမယ့် အချိန် ရောက်လာတဲ့အခါ
ဒီထက်မက မြင့်မြင့်မားမား ပျံသန်းနိုင်ဖို့
တိတ်တဆိတ် ပြင်ဆင်နေပါတယ်။
တကယ်လို့ မိတ်ဆွေတို့လည်း ဘဝရဲ့
ပိတ်လှောင်ခံထားရသလို ကာလတစ်ခုကို
ဖြတ်သန်းနေရရင်... အားမလျှော့ပါနဲ့။
ဒါဟာ ကိုယ့်ကို ပိုပြီး ကြံ့ခိုင်လာအောင်
လေ့ကျင့်ပေးနေတာပါ။ ✨

ဒါလေးကတော့ကျွန်မရဲ့တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတစ်ခုမို့ကြိုက်ရင်ယူပါ။မကြိုက်ခဲ့ရင်လည်းလူတွေဟာ
ကိုယ့်ဘဝတွက်နည်းနဲ့ကိုယ့်မို့ဒီအကြောင်းအရာတွေကို
ဒီမှာပဲထားခဲ့ပေးပါ။ကျေးဇူးတင်ပါတယ်။🙏

စာဖတ်သူများအားလုံး
အေးချမ်းပျော်ရွင်အောင်မြင်ကြပါစေ🙏

💜✨ LOVE & LIGHT
LINN LATT THU ✨💜
​

💄 နှုတ်ခမ်းနီစမ်းရင်း သတိထားမိတဲ့... စိတ်ထားဖြူသူတွေရဲ့ ဖြစ်တည်မှု🧿​ဒီနေ့ Lip color လေးတွေ သွားစမ်းရင်းနဲ့ ခေါင်းထဲ အတွေ...
13/08/2026

💄 နှုတ်ခမ်းနီစမ်းရင်း သတိထားမိတဲ့...
စိတ်ထားဖြူသူတွေရဲ့ ဖြစ်တည်မှု🧿
​ဒီနေ့ Lip color လေးတွေ သွားစမ်းရင်းနဲ့
ခေါင်းထဲ အတွေးလေးတစ်ခု ရောက်လာတယ်။

​အသားဖြူတဲ့သူတွေ နှုတ်ခမ်းနီစမ်းတဲ့အခါ
အရောင်ရင့်တာလေးကို နည်းနည်းလေး
စမ်းလိုက်တာနဲ့တင် အရမ်းကို သိသာလွန်းပြီး
ကြည့်ရဆိုးသလို ဖြစ်သွားတတ်တာမျိုး
သတိထားမိကြမှာပါ။

​ဒါကို ကြည့်ရင်းနဲ့ လူတွေရဲ့ စိတ်ထားနဲ့ ပ
တ်သက်တဲ့ အမှန်တရားတစ်ခုကို သွားသတိရမိတယ်...
​"စိတ်ထားဖြူစင်တဲ့သူတွေဟာ အမှားသေးသေးလေး
နည်းနည်းလေး မှားလိုက်တာနဲ့တင် လူတွေရဲ့ ငြိုငြင်မှု၊ အပြစ်ပြောမှုကို အရမ်းသိသိသာသာ ခံကြရတတ်ပါတယ်။"အမြဲတမ်း စေတနာထား၊
အမြဲတမ်း ကူညီပေးနေကျ
စိတ်ထားဖြူတဲ့သူတစ်ယောက်ဟာ
တစ်ကြိမ်တစ်ခါလောက် အဆင်မပြေလို့
ငြင်းပယ်လိုက်ရင် သို့မဟုတ် အမှားသေးသေးလေးတစ်ခု လုပ်မိလိုက်တာနဲ့ "သူက ဒီလိုပဲလား" ဆိုပြီး
အလွယ်တကူ စွပ်စွဲထင်မြင်ခံရတတ်တယ်။

​အခြားတစ်ဖက်မှာတော့ စိတ်ထား မကောင်းပြခဲ့တဲ့သူတွေ၊ အမြဲ ရိုင်းစိုင်းနေကျသူတွေကတော့ စေတနာအသေးလေးတစ်ခုပြလိုက်ရုံ၊ နည်းနည်းလေး ဖြူစင်ပြလိုက်ရုံနဲ့တင် "သူက ပြောင်းလဲသွားပြီ၊ သဘောကောင်းလိုက်တာ" ဆိုပြီး ချီးမွမ်းခြင်း တွေ ရသွားတတ်ကြပြန်တယ်။

​အသားဖြူတဲ့ လက်ပေါ်မှာ အရောင်ရင့်တစ်ခုက
ထင်းခနဲ ပေါ်လွင်ပြီး အပြစ်မြင်ရလွယ်သလိုပါပဲ...
စိတ်ထားဖြူစင်သူတွေရဲ့ အမှားဆိုတာလည်း
လူတွေရဲ့ မျက်လုံးထဲမှာ အရမ်းကို ထင်းနေတတ်လို့ပါ။

သို့ပေမဲ့ ဘာပဲဖြစ်ဖြစ်...
လူတွေရဲ့ အမြင်နဲ့ အပြစ်ပြောမှုတွေကြောင့်
ကိုယ့်ရဲ့ ဖြူစင်တဲ့ စိတ်ရင်းနဲ့ တန်ဖိုးကို
ယိမ်းယိုင်မသွားပါစေနဲ့။

နှုတ်ခမ်းနီ အရောင်မလိုက်ရုံနဲ့
ကိုယ့်အသားအရေရဲ့ အလှတရား
လျော့ပါးမသွားသလိုပေါ့။
​အဓိကက လူတွေရဲ့ ပါးစပ်က စကားလုံးတွေထက်...
ကိုယ့်ရဲ့ ပင်ကိုယ် ဖြူစင်မှုနဲ့ တန်ဖိုးကို
ကိုယ်တိုင် အသိဆုံးဖြစ်ဖို့ပါပဲ။ ✨

💜✨ LOVE & LIGHT
LINN LATT THU ✨💜

​

12/08/2026

အောင်မြင်သူတွေကကြောက်တတ်ကြပေမယ့်သူတို့လုပ်ရမယ့်အလုပ်ကိုစလုပ်ကြတယ်(သို့)လုပ်လက်စအလုပ်ကိုဆက်လုပ်ကြတယ်။ကြောက်စိတ်ကသူတို့ကိုအနိုင်ယူလို့မရဘူး။

12/08/2026
11/08/2026

သန်မာအောင်နေရမယ်ဆိုပြီးကိုယ့်ကိုယ်ကို အရမ်းဖိအားပေးခဲ့ရင်ငိုဖို့အပြင်ဘယ်လိုစငိုရမလဲဆိုတာကိုပါမေ့သွားတတ်တယ်။

11/08/2026

Universe Message

🔮"မမြင်ရတော့ရင် ဘာလုပ်မလဲ..." ဆိုတဲ့ အတွေးနဲ့ ရလိုက်တဲ့ သင်ခန်းစာ🔮ဟိုတစ်နေ့က ကျွန်မ ညာဘက်မျက်လုံးက ရုတ်တရက် ဝါးသွားပြီး ...
11/08/2026

🔮"မမြင်ရတော့ရင် ဘာလုပ်မလဲ..." ဆိုတဲ့
အတွေးနဲ့ ရလိုက်တဲ့ သင်ခန်းစာ🔮

ဟိုတစ်နေ့က ကျွန်မ ညာဘက်မျက်လုံးက
ရုတ်တရက် ဝါးသွားပြီး နည်းနည်းအောင့်လာတယ်။
စစချင်းတော့လန့်စွား ပေမယ့် "ခဏပါပဲ၊
သက်သာသွားမှာပါ၊ငါစာတွေဖတ်တာ ရေးတာ၊Videoeditingလုပ်တာတွေများသွားလို့နေမှာ" လို့
တွေးနေပေမဲ့ ကြာလာတော့ စိတ်ထဲမှာ
မီးစနဲ့ ထိုးဆွခံလိုက်ရသလို ဖြစ်လာတယ်။
"ငါ့မျက်လုံးများ ကွယ်သွားတော့မှာလား..."
"တကယ်လို့ မမြင်ရတော့ရင် ဘာလုပ်မလဲ..."
"ငါ့အလုပ်တွေ၊ ငါကြည့်ချင်တဲ့ အရာတွေ၊
ငါဖတ်ချင်တဲ့စာအုပ်တွေ၊ငါ ရေးချင်တဲ့စာတွေ၊
Tarot Reading တွေ၊ငါချစ်ရတဲ့သူတွေရဲ့
မျက်နှာတွေကို နောက်ဘယ်တော့မှ မမြင်ရတော့ရင်..."
အဲဒီညက အကြောက်လွန်ပြီး ခေါင်းထဲမှာ
Overthinking တွေ ပလူပျံနေခဲ့တာ။
မှောင်မိုက်နေတဲ့ အနာဂတ်ကြီးကို ပုံဖော်ရင်း
ရင်ဘတ်ထဲမှာ လေးလံကျပ်တည်းနေခဲ့တယ်။
သို့ပေမဲ့ ကံကောင်းစွာနဲ့ပဲ နောက်နေ့မနက် နိုးလာတော့ မျက်လုံးက မအောင့်တော့ဘဲနည်းနည်းသက်သာလာတယ်။
ပုံမှန်အတိုင်း တော့ ပြန်မဖြစ် သေးဘူး၊
စာတွေဖတ်တာကိုနားလိုက်ဖတ်လိုက်တော့
လုပ်နေရတာပေါ့။

အဲဒီအချိန်ကျမှ "ကျွန်မတို့ဆီမှာ ရှိနေပြီးသားအရာတွေရဲ့ တန်ဖိုး" ကို ရင်ထဲအထိ နားလည်သွားရတော့တယ်။
မနက်ခင်းအလင်းရောင်၊ ဖုန်းမျက်နှာပြင်ပေါ်က
စာလုံးလေးတွေ၊ ဘေးပတ်ဝန်းကျင်က
အရောင်အသွေးတွေကို အခက်အခဲမရှိ
သဘာဝအတိုင်း မြင်နေရတာဟာ
ဘယ်လောက်တန်ဖိုးရှိတဲ့ ကောင်းချီးတစ်ခုလဲဆိုတာ
ဆုံးရှုံးရတော့မလို ဖြစ်ခဲ့မှပဲ သတိထားမိခဲ့တယ်။

ကျွန်မတို့အများစုဟာ တစ်ခုခုကို မရှိတော့မှ၊
သို့မဟုတ် ပျက်စီးသွားခါမှ အဲဒီအရာရဲ့ တန်ဖိုးကို
သိကြလေ့ရှိတယ်။ ပုံမှန်လည်ပတ်နေတဲ့ ခန္ဓာကိုယ်၊ ကျန်းမာရေးနဲ့ ဘေးနားမှာရှိနေတဲ့ အရာတွေကို
"ဒါကတော့ ဒီလိုပဲ ရှိနေရမှာပေါ့" ဆိုပြီး ရိုးသွားကြတယ်။
ဒီအဖြစ်အပျက်လေးက ကျွန်မကို သင်ခန်းစာကြီးတစ်ခု
ပေးသွားခဲ့တယ်။

အရာရာဟာ မရှိတဲ့အချိန်ကျမှ တန်ဖိုးသိရမှာ မဟုတ်ဘဲ၊
အခုကြည့်လို့ရနေဆဲ၊ အလုပ်လုပ်လို့ရနေဆဲ အချိန်မှာတင် ကျေးဇူးတင်တတ်ဖို့နဲ့ ဂရုစိုက်ဖို့ လိုတယ်ဆိုတာပါပဲ။

ဒီနေ့ မိတ်ဆွေတို့ရော... ကိုယ့်ဆီမှာ အမြဲတမ်းရှိနေလို့
သတိမမူမိဘဲ ကျော်သွားခဲ့တဲ့ တန်ဖိုးရှိတဲ့ အရာလေးတွေ
ဘာတွေရှိနေလဲ? Comment မှာမျှဝေခဲ့ပါဦး။

💜✨ LOVE & LIGHT
LINN LATT THU ✨💜

11/08/2026

Daily Tarot Reading

Address

Yangon
Bahan

Telephone

+959774220860

Website

Alerts

Be the first to know and let us send you an email when Linn Latt Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Linn Latt Thu:

Shortcuts

Share

Category