Gastronomy Myanmar

Gastronomy Myanmar Gastronomy Pages ပေါ်တွင်…အစားအသောက်နှင့်သက်ဆိုင်သော
ဗဟုသုတများအားလေ့လာဆွေးနွေးနိုင်ကြပါသည်။

"လကမ္ဘာပတ်ယာဥ်ပေါ်ကမီနူး - Artemis II Crew Menu"ခေတ်ကာလအာကာသစဉ်များအတွင်း အစားအသောက်တွေကိုမည်သို့စားသောက်သည်ကိုလေ့လာကြည့...
07/04/2026

"လကမ္ဘာပတ်ယာဥ်ပေါ်ကမီနူး - Artemis II Crew Menu"

ခေတ်ကာလအာကာသစဉ်များအတွင်း အစားအသောက်တွေကိုမည်သို့စားသောက်သည်ကိုလေ့လာကြည့်ကြရအောင်ပါ။

▪️မီနူး - Menu

ပျံသန်းနေတဲ့Artemis II ပေါ်မှ Menu အစားအစာစာရင်းဟာ လပတ်ခရီးစဉ်အတွင်း အာကာသယာဉ်မှူးများ၏ ကျန်းမာရေးနှင့် စွမ်းဆောင်ရည်ကို ပံ့ပိုးပေးရန် ဒီဇိုင်းထုတ်ထားသည်။
အစားအစာများအား ထပ်မံဖြည့်တင်းနိုင်ခြင်း၊ အအေးခန်းများထဲ့သို့ ထည့်၍သိုမှီးထားနိုင်ခြင်း သို့မဟုတ် မှာယူနိုင်ခြင်း မရှိသောကြောင့်၊ အစားအစာအားလုံးကို ဘေးကင်းလုံခြုံစွာနဲ့ အနံ့အရသာမပျက်အလွယ်တကူ ပြင်ဆင်စားသုံးနိုင်ရန်အတွက် သေချာစွာရွေးချယ်စီမံထားတာဖြစ်တယ်။

▪️အစားအစာရွေးချယ်ခြင်းနှင့်ထုပ်ပိုးခြင်း - Selecting & Packaging

အာကာသအစားအစာကျွမ်းကျင်သူ (space food experts) တွေနဲ့ အာကာသယာဉ်မှူးတွေညှိနှိုင်း၍ အစားအသောက်ရွေးချယ်တီထွင်ခြင်း၌ နေ့စဉ်ကယ်လိုရီလိုအပ်ချက်ကိုမျှတစေရန်၊ တစ်ဦးချင်းစီနှစ်သက်သောအရသာများနဲ့ လိုက်လျောညီထွေဖြစ်စေရန်၊ ရေဓာတ်ပြည့်ဝစေဖို့နဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်စေရန်တို့အပေါ်အခြေခံထား၏။
အစားအစာအမျိုးအစားရွေးချယ်မှုတွင်လည်း သိုလှောင်မှုသက်တမ်း (shelf life)၊ အစားအစာဘေးကင်းရေး (food safety)၊ အာဟာရတန်ဖိုး၊ အာကာသအတွင်းရှိဒြပ်ထု၊ ထုထည်နှင့် စွမ်းအင်လိုအပ်ချက်များနဲ့ ကိုက်ညီမှု ( Orion’s mass) တို့ကို ထည့်သွင်းစဉ်းစားတွက်ချက်ခြင်းများကမပါမဖြစ်ပင်။

▪️မီနူးဖွဲ့စည်းတည်ဆောက်ထားပုံ - menu items structured

အာကာသယာဉ်မှူးတွေဟာ မနက်စာ၊ နေ့လည်စာနဲ့ ညစာအတွက် အချိန်တွေကို သတ်မှတ်ထားပါတယ်။ အာကာသယာဉ်မှူးတိုင်းဟာ တစ်နေ့ကိုအရည်အမျိုးမျိုး / အဖျော်ယမကာ နှစ်ခွက်သောက်ခွင့်ရပါတယ်။ ကော်ဖီပါဝင်နိုင်ပါတယ်။ သို့ပေမဲ့ အစားအသောက်နှင့် အချိုရည်မည်မျှသယ်ဆောင်နိုင်သည်ကို ကန့်သတ်ထားသည့် ကန့်သတ်ချက်များကြောင့် အဖျော်ယမကာရွေးချယ်ခွင့်များကို ကန့်သတ်ထားပါတယ်။
အအေးခန်းစနစ်နှင့် လတ်ဆတ်သောအစားအစာများအတွက် လိုအပ်သောသိုလှောင်စနစ်မရှိတာကြောင့် လတ်ဆတ်စားဖွယ် (fresh food) မရနိုင်ပါ။
ကျစ်လစ်သိပ်သည်းစွာချိန်ညှိစီမံအစားအစာများက ရည်ရွယ်ထားသော သိုလှောင်မှုသက်တမ်းတစ်လျှောက်လုံး အစားအစာဘေးကင်းရေးနှင့် အရည်အသွေးကိုစီမံခန့်ခွဲမှုမှန်ကန်ရေးအတွက်သာ ဦးစားပေးစီမံတည်ဆောက်ထားကြ၏။
စားဖွယ်များစီမံထားပုံမှာ ရေဖြည့်တဲ့စားအစာ (rehydratable food)၊ အပူချိန်တည်ငြိမ်စွာထိန်းထားပေးတဲ့အစာ(thermostabilized food)၊ အေးခဲခြောက်သွေ့အစာများ (freeze-dried meals) နှင့်
အသင့်စား (ready-to-eat) တွေပါ။

▪️အခြားအာကာသခရီးမီနူးများနဲ့ခြားနားချက် - Menu differs from other space missions

Artemis II ပေါ်ကမီနူးသည် Apollo၊ အခြားအာကာသလွန်းပျံယာဉ်နှင့် နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) မစ်ရှင်များတွင် အသုံးပြုသည့်မီနူးများနဲ့ ကွာခြားသွားပါပြီ။

Artemis II မီနူးသည် အာကာသအစားအစာစနစ်၏ဆယ်စုနှစ်များစွာအတွင်းက တိုးတက်မှုကို ထင်ဟပ်စေပါတယ်။ Apollo မစ်ရှင်များက အကန့်အသတ်ရှိတဲ့ အစားအစာနည်းပညာများကို အစောပိုင်းတွင်အားကိုးအားထားပြုပြီး၊ အစားအစာစာရင်းကိုယာဉ်ပေါ်ပြင်ဆင်တိုးချဲ့ပေးနိုင်မှု၌သာအခြေခံပါတယ်။

နိုင်ငံတကာအာကာသစခန်း (ISS) သည် ၎င်းရဲ့မီနူးအား ပုံမှန်အစားအစာပြန်လည်ထောက်ပံ့ရရှိခြင်းနှင့် ရံဖန်ရံခါ အားလျော်စွာရရှိကြတဲ့ လတ်ဆတ်စားဖွယ် (fresh food) များအပေါ်အခြေပြုပြီးမီနူးပြောင်းလဲကြရပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် Artemis II သည် ပြန်လည်ထောက်ပံ့ပေးခြင်းမရှိဘဲ၊ သူ့ဘာသာရပ်တည်တဲ့ အာကာသယာဉ်တစ်စင်းအတွက် ကြိုတင်ရွေးချယ် သတ်မှတ်ပုံစံထုတ်ထားတဲ့ဟင်းလျာစာရင်း (fixed, pre-selected menu designed) ကိုသုံးထားပါတယ်။

▪️ယနေ့စားဖွယ် - What’s on the Menu

မီနူးမှာ အစားအသောက်အမျိုးအစား ၁၈၉ မျိုးပါဝင်ပါတယ်။
- ကော်ဖီ၊ လက်ဖက်ရည်အပါအဝင် ဖျော်ရည်များ ၁၀ မျိုး
- အသားကင်၊ ပေါင်မုန့်များ၊ ဝက်အူချောင်းများ၊ ဒိန်ခဲများ၊ အသုပ်အချို့ပါဝင် ၁၅ မျိုး
- အစပ်ဆော့စ် ၅ မျိုး
- ကိတ်မုန့်၊ သကြားလုံး၊ အချိုပွဲ အမျိုးမျိုး တို့ပါဝင်ပါတယ်။

▪️စီမံပေးကြတဲ့စားဖိုမှူးများ (The Chefs)

အဆိုပါ Menuများအားစီမံပြင်ဆင်ပေးနေကြသူတွေကတော့ကမ္ဘာကျော် စားဖိုမှူးများကတော့ -

David Skinner

José Andrés

Anne-Sophie Pic နှင့်

အစားအသောက်သိပ္ပံပညာရှင် Xulei Wu တို့ပါ။

အစားအသောက်တွေကောင်းလွန်းတာကြောင့် Artemis II ရဲ့အိမ်သာအလုပ်မလုပ်ချို့ယွင်းမှုကိုအာကာသယာဉ်မှူးတွေ စိုးရိမ်သွားကြတာနေမှာပေါ့။

Zaw Zaw

[ NASA ၏ Artemis II: What’s on the Menu? မှ]

15/03/2026

"အသားလုံးစတူး ပူပူစပ်စပ် (Spiced-Meatball Stew)"
အီတလီစတိုင်အသားလုံးလေးတွေကို မြန်မာမှုပြုပြီး ခပ်စပ်စပ်​လေးချက်ထားတာပါ။
၁၉ရာစုဦးမှာ အီတလီတောင်ပိုင်းသားတွေဟာ မြောက်အမေရိကားကိုဝင်ရောက်အခြေချလာကြတော့၊ သူတို့နဲ့အတူ အီတလီဟင်းလျာချက်နည်းတွေပါလာခဲ့တယ်။
အချိန်ကြာလာတော့...
အမေရိကားရဲ့စပျစ်ဝိုင်ထုတ်လုပ်ပုံက အီတလီစတိုင်ဖက်ယိုင်သွားသလို၊ အီတလီစားဖွယ်တွေလည်းအမေရိကန်ဆန်သွားတယ်။
အီတလီရဲ့ပီစာပါးပါးလျားလျား (Thin crust pizza) တွေဟာ အမေရိကန်စတိုင်ပီစာထူထူကြီး (Thick crust pizza) တွေဖြစ်လာရသလိုမျိုးပေါ့။
Italian - American ဟင်းလျာတွေအားလုံးထဲမှာ ကမ္ဘာအနှံ့လူကြိုက်များသွားတာကတော့ 'အသားလုံးစတူးဟင်းလျာ' (Meatball stew) ပါ။ Polpette al Sugo လို့ခေါ်ကြတယ်။ အီတလီတွေရဲ့ရိုးရာအသားလုံးဟင်းလျာတစ်မျိုးဖြစ်တဲ့ "ပိုပက်တေ့ - Polpette" ကိုအခြေခံပြီးထွင်ထားကြတာ။
ခရမ်းချဉ်သီးဆော့စ်ထဲက အသားလုံးလေးတွေကအမြဲနူးညံ့ပျော့အိနေတာမို့ လူတွေကအသည်းစွဲပင်။
ဒီလိုအမြဲနူးညံ့ပျော့အိနေရတဲ့လျှို့ဝှက်ချက်ကတော့၊အသားကြိတ်သား (miced meat) ထဲမှာ 'ပေါင်မုန့်ကြိတ်သား' (breadcrumbs) ကိုအချိုးကျရောစပ်ထားလို့ပါပဲ။
Meatballs လုပ်တဲ့အခါ Breadcrumbs ထဲ့သုံးစေချင်။

ကျေးဇူးတင်ပါတယ်။
ဇော်ဇော်

"Gastronomy & Food Safety သင်တန်း""စားဖိုမှူးတိုင်း၊ လုပ်ငန်းရှင်တိုင်း သိထားရမည့် Gastronomy & Food Safety—သင့်ရဲ့ Culi...
01/03/2026

"Gastronomy & Food Safety သင်တန်း"
"စားဖိုမှူးတိုင်း၊ လုပ်ငန်းရှင်တိုင်း သိထားရမည့် Gastronomy & Food Safety—သင့်ရဲ့ Culinary ခရီးလမ်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်လိုက်ပါ။”
👨‍🍳 အချက်အပြုတ်ကျွမ်းကျင်ရုံနဲ့ "True Culinary Artist" တစ်ယောက် ဖြစ်မလာနိုင်ပါဘူး…
"ချက်ပြုတ်ခြင်းသည် Chef တစ်ယောက်အတွက် အခြေခံလုပ်ငန်းစဉ်သာဖြစ်ပြီး၊ Gastronomy (အစားအသောက်ဆိုင်ရာ သိပ္ပံနှင့် အနုပညာ) ကို နက်နက်ရှိုင်းရှိုင်း နားလည်မှသာ စစ်မှန်သော True Culinary Artist တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။"
F&B (Food & Beverage) လောကမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ ယနေ့ခေတ်မှာ ရိုးရိုးရှင်းရှင်း ဟင်းတစ်ခွက် ချက်တတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။
နိုင်ငံတကာအဆင့်မီ စံနှုန်းတွေ၊ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ အစားအသောက်ဆိုင်ရာ ဒဿနတွေကို နားလည်ထားဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။
အကယ်၍ သင်ဟာ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်...
🔥 ရှည်လျားလှတဲ့ အလုပ်ချိန်တွေကြားမှာ ပင်ပန်းနေပြီး ရှေ့ဆက်ရမယ့် တက်လမ်းမရှိသလို ခံစားနေရသူ။
🔥 Career တက်လမ်းကို ရှာဖွေနေပေမဲ့ ဘယ်လမ်းကို ရွေးရမလဲ၊ အခွင့်အလမ်းက ဘယ်မှာလဲဆိုတာ ဆုံးဖြတ်ဖို့ ဝေဝါးနေသူ။
🔥 Restaurant၊ Cafe သို့တည်းမဟုတ် Food Business တစ်ခုခုကို စနစ်တကျ စတင်ချင်သူ။
🔥 သာမန်စားဖိုမှူးအဆင့်မှကျော်လွန်၍ အောင်မြင်သော Chef, Food Vlogger, F&B Manager (သို့) Foodpreneur (Food Entrepreneur) တစ်ယောက် ဖြစ်လိုသူ။
🔥 နိုင်ငံတကာ Standard များနှင့် Food Safety စည်းမျဉ်းများကို ကျွမ်းကျင်စွာ တတ်မြောက်ချင်သူ။
ဒီ "GASTRONOMY & FOOD SAFETY (Level-1) Online Class " က သင့်အတွက် အကောင်းဆုံး အဖြေပါပဲ!
📚 စနစ်တကျ လေ့လာရမည့် သင်ရိုးညွှန်းတမ်းများ (Course Modules)
နိုင်ငံတကာအဆင့်မီ အသိပညာများကို မြန်မာဘာသာစကားဖြင့် ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်ရန် အောက်ပါအတိုင်း အပိုင်း (၂) ပိုင်းခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ပါသည်-
🔶 အပိုင်း (၁) - Gastronomic Education
Module 1: Food Education Explained (အစားအသောက်ပညာရေး အခြေခံအနှစ်သာရ)
Module 2: Introduction to Gastronomy (ဂက်စတိုနိုမီ နိဒါန်းနှင့် သဘောတရားများ)
Module 3: Gastronomic Education-Sector (ဂက်စတိုနိုမစ် ပညာရေးကဏ္ဍဆိုင်ရာ လေ့လာချက်)
🔶 အပိုင်း (၂) - Food Safety Level-1
Module 1: Food Safety Hazards (အစားအ‌သောက် ထုတ်လုပ်ပြင်ဆင်ရာတွင် ပါဝင်လာနိုင်သော ဘေးအန္တရာယ်များ)
Module 2: Hazards Prevention Measures (အဆိုပါ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် တားဆီးခြင်း နည်းလမ်းများ)
Module 3: Personal Hygiene
(တကိုယ်ရေ သန့်ရှင်းမှု စံနှုန်းများ)
Module 4: Kitchen Management
(မီးဖိုဆောင်စီမံခန့်ခွဲမှု)
🌟 သင်တန်းပြီးဆုံးသွားတဲ့အခါ သင်ဘာတွေ ရရှိသွားမလဲ? (Learning Outcomes)
ဒီ (၅) ပတ်တာ သင်တန်းကို သေချာကျေညက်အောင် လေ့လာပြီးသွားတဲ့အခါ...
✅ Food Safety ဆိုတာ ဘာတွေလဲဆိုတာကို အစမှအဆုံး သေချာစွာ နားလည်သွားပါမည်။
✅ ကိုယ်တိုင်ရောင်းချမည့်၊ ထုတ်လုပ်မည့် ဟင်းပွဲများတွင် မည်သို့သော ဘေးအန္တရာယ်များ ပါဝင်လာနိုင်လဲဆိုသည်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိလာပါမည်။
✅ ထိုသို့ ပါဝင်လာနိုင်သော ဘေးအန္တရာယ်များကို လွယ်ကူထိရောက်သော နည်းလမ်းများဖြင့် မည်သို့ ထိန်းချုပ်ရမည်ကို လက်တွေ့အသုံးချနိုင်ပါမည်။
✅ Chef တစ်ဦးအတွက် အသက်သွေးကြော ဖြစ်သော Gastronomy ၏ နက်နဲသော အကြောင်းအရာများကို စနစ်တကျ နားလည်လာပါမည်။
✅ ရိုးရိုး Chef အဆင့်ထက် ပိုမိုမြင့်မားသော Level များသို့ တက်လှမ်းရန် မည်သည့်ပညာရပ်များကို ဆက်လက်ဆည်းပူးရမည်ဆိုသည့် လမ်းစနှင့် အမြင်များ ပွင့်လင်းလာပါမည်။
💻 အလုပ်တစ်ဖက်နှင့်လည်း အဆင်ပြေပြေ တက်ရောက်နိုင်မည့် သင်ကြားရေးစနစ်
Platform: Zoom Live နှင့် Telegram Private Channel များကို အသုံးပြု၍ စနစ်တကျ သင်ကြားပေးပါမည်။
Flexibility: အလုပ်တစ်ဖက်နှင့် ပညာဆည်းပူးလိုသူများ အချိန်စီမံခန့်ခွဲမှု အဆင်ပြေစေရန်နှင့် သင်ခန်းစာများ လစ်ဟင်းပျက်ကွက်မှု မရှိစေရန် Recorded Lessons များကို Telegram Private Group တွင် ထပ်ဆင့် ပြန်လည်ဖြန့်ဝေပေးသွားပါမည်။ မိမိအားလပ်ချိန်တွင် စိတ်အေးသက်သာစွာ ဝင်ရောက်သင်ယူနိုင်ပါသည်။
Duration: သင်တန်းကာလမှာ စုစုပေါင်း (၅) ပတ် ကြာမြင့်ပါမည်။
🎁 စောစီးစွာ အပ်နှံသူများအတွက် အထူးလက်ဆောင်များ (Early Birds’ Bonus Plans)
သင်တန်းကို အစောဆုံး အပ်နှံသူများအတွက် အောက်ပါ အထူးအခွင့်အရေး (Bonus) များကို အခမဲ့ ထပ်မံရရှိပါမည်-
✅ နိုင်ငံတကာဟင်းပွဲ Recipe များ လေ့လာခွင့်
✅ ပင်လယ်စာ (Seafood) ဟင်းပွဲ Recipe များ လေ့လာခွင့်
✅ Chef Alex ၏ အဖိုးတန်အကြံပြုချက်များ ပါဝင်သည့် ZOOM Lecture အပြည့်အစုံ
✅ Feel Myanmar Restaurant Group ရဲ့တည်ထောင်သူ ဦးစိုးညီညီ၏ အဖိုးတန် ပို့ချချက်များနှင့်အကြံပြုချက်များကို လေ့လာသင်ယူခွင့်
✅ စီးပွားရေးလုပ်ငန်းများအတွက် အရေးအကြီးဆုံး Food Cost တွက်နည်း Lesson Video
✅ အထူးဖိတ်ကြားထားသော Special Guest Speaker ၏ Exclusive Lecture
🎊 ဤအဖိုးတန် အခွင့်အရေးများကို လက်မလွတ်စေရန် ယခုပင် စောစီးစွာ အပ်နှံထားဖို့ တိုက်တွန်းအပ်ပါသည်။
💵 100% Refund Guarantee
📍 သင်တန်းကြေး: FOOD SAFETY နှင့် GASTRONOMY အဓိက ဘာသာရပ်ကြီး (၂) ခုလုံးအတွက် သင်တန်းကြေးမှာ ၁၅၀,၀၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ပါသည်။ (Career တစ်ခုလုံးအတွက် အလွန်တန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်)
📍 Risk-Free Guarantee: ကျွန်ုပ်တို့၏ သင်တန်းမှ ဖြန့်ဖြူးသော အသိပညာနှင့် အခွင့်အလမ်းများသည် သင့်မျှော်မှန်းချက်နှင့် မကိုက်ညီလျှင်ဖြစ်စေ၊ သို့မဟုတ် ပေးသွင်းရသော သင်တန်းကြေးနှင့် ထိုက်တန်မှုမရှိဟု သင်ယူဆလျှင်ဖြစ်စေ၊ သင်တန်းကာလ (၁၀) ရက်အတွင်း အကြောင်းပြချက် ပေးရန်မလိုဘဲ သွင်းငွေ၏ ၁၀၀% အပြည့်အဝကို (100% REFUND) ပြန်လည် ထုတ်ပေးသွားပါမည်။ (သင်တန်းသားများဘက်မှ မည်သည့် နစ်နာမှုမှ မရှိစေရန် အာမခံပါသည်။)
⚠️ သင်တန်းသား လူဦးရေ ကန့်သတ်ချက် ရှိပါသဖြင့် နေရာပြည့်မသွားခင် ယခုပင် အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ 👇
👉 m.me/foodieintellect
(မှတ်ချက် - ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်လိုသော စားသောက်ဆိုင် လုပ်ငန်းရှင်များအတွက် Corporate Training ပြုလုပ်နိုင်ရန် Business Package များလည်း သီးသန့် စီစဉ်ထားရှိပါသည်။ အသေးစိတ်ကို Chatbox တွင် မေးမြန်းနိုင်ပါသည်။)

ကျေးဇူးတင်ပါတယ်။

"အစားအသောက်အန္တရာယ်ကင်းရှင်းရေး [Food Safety Level - 1]& ဂက်စတိုနောမစ် ပညာရေး [Gastronomic Education]သင်တန်း"မိတ်ဆွေများ...
03/01/2026

"အစားအသောက်အန္တရာယ်ကင်းရှင်းရေး [Food Safety Level - 1]
&
ဂက်စတိုနောမစ် ပညာရေး
[Gastronomic Education]
သင်တန်း"

မိတ်ဆွေများသို့...
Happy New Year!

အဆိုပါ ရက်တိုသင်တန်းကတော့ Gastronomy Myanmar နှင့် Foodie Intellect တို့မှ ပူပေါင်းသင်ကြားပို့ချမည့် ဂတ်စတိုနော်မီဆိုင်ရာပညာရေးသင်တန်းတစ်ခုဖြစ်ပါတယ်။
သင်တန်းကိစ္စအပြည့်အစုံနဲ့ ကျောင်းအပ်ရန်အတွက် ဖေါ်ပြပါ Link 👇 မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1Bp53MYeLe/

ကျေးဇူးတင်ပါတယ်။
🙏

🎉2026နှစ်သစ်ကို အစားအသောက် ပညာရေး စာမျက်နှာ (Food Education Chapter) သစ်ဖြင့် ဖွင့်လှစ်မှုနဲ့စတင်ပါ။

GASTRONOMY & FOOD SAFETY (level-1) သင်တန်း Online Class' 2026 ကို ဇန်နဝါရီလ ၁၀ ရက်‌နေ့ တွင်စတင်ပါတော့မည်။

🍳👨‍🍳"ချက်ပြုတ်ခြင်းသည် Chef တယောက် အတွက် အခြေခံလုပ်ငန်းစဉ်သာဖြစ်သကဲ့သို့၊ Gastronomy ကို နားလည်မှသာ

“True Culinary Artist ” ဖြစ်လာနိုင်ပေလိမ့်မည်။

အကယ်၍ သင်က…

🔥Chef တယောက်အနေနဲ့ ရှည်လျားလှတဲ့ အလုပ်ချိန်တွေကြားမှာ တက်လမ်းမရှိ ပိတ်မိနေသူ။

🔥တက်လမ်းကို ရှာဖွေနေပေမဲ့ ဘယ်လမ်းကို ရွေးရမလဲ၊ အခွင့်အလမ်းက ဘယ်မှာလဲ၊ ဆုံးဖြတ်ဖို့ဝေဝါးနေသူ။

🔥Restaurant လား၊ Cafe လား သို့တည်းမဟုတ် Food Business တစ်ခုခုစတင်ချင်သူ။

🔥Chef, Food Vlogger, F&B Manager, ဒါမှမဟုတ် food entrepreneur ခေါ် foodpreneur တစ်ယောက် ဖြစ်လိုနေသူ။

🔥နိုင်ငံတကာ Standard နဲ့ Food Safety စည်းမျဉ်းတွေကို တတ်မြောက်ချင်သူ ဆိုရင်...

ဒီသင်တန်းက သင့်အတွက်ပါ!

📚 သင်ကြားမည့် အကြောင်းအရာများ-

🔶 Gastronomic Education

Module 1: Food Education Explained

(အစားအသောက်ပညာရေး)

Module 2: Introduction to Gastronomy

(ဂက်စတိုနိုမီနိဒါန်း)

Module 3: Gastronomic Education-Sector

(ဂက်စတိုနိုမစ်ပညာရေးကဏ္ဍ)



🔶Food Safety Level -1

Module 1:အစားအ‌သောက် ထုတ်လုပ်ပြင်ဆင်ရာ

တွင်ပါဝင်လာနိုင်သောဘေးအန္တရာယ်များ

(Food Safety Hazards)

Module 2: ကြိုတင်ကာကွယ်တားဆီးခြင်းနည်း

လမ်းများ

(Hazards Prevention Measures)

💁သင်တန်းမှာ ပို့ချတဲ့ သင်ခန်းစာတွေ ကျေညက်နေအောင် လေ့လာပြီးရင်-

🌟 Food Safety ဆိုတာဘာတွေလဲ အစ၊အဆုံး နားလည်သွားမယ်။

🌟ကိုယ်ရောင်းမဲ့၊ထုတ်မဲ့ ဟင်းပွဲတွေမှာ ဘယ်လို ဘေးအန္တရာယ်တွေ ပါဝင်လာနိုင်လဲ သိသွားမယ်။

🌟ပါဝင်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ဘယ်လိုထိန်းချုပ်မလဲ သိလာမယ်။

🌟Chef တစ်ဦးအတွက် အသက်သွေးကြောဖြစ်တဲ့ Gastronomy အကြောင်းနားလည်လာမယ်။

🌟Chef ထက်မြင့်တဲ့ level တွေကို တက်ဖို့ ဘယ်လိုပညာတွေကို ဆည်းပူးရမလဲ အမြင်ပွင့်သွားမယ်။

💁သင်ခန်းစာများပို့ချမည့်စနစ်

💻 သင်ကြားရေးပလက်ဖောင်းအဖြစ်

Zoom Live နှင့် Telegram Private Group များကိုအသုံးပြု သင်ကြားသွားပါမည်။

💻 သင်ကြားမှု အထောက်အကူပြုရန်နှင့် အချိန်စီမံခန့်ခွဲမှု အဆင်ပြေစေရန် recorded lessons များကို Telegram Private Group တွင်ထပ်ဆင့်ပြန်လည် ဖြန့်ဝေပေးသွားပါမည်။

💻 ထိုအတွက်အကြောင့် အလုပ်တဖက်နှင့် ပညာဆည်းပူး လိုသူများအတွက် သင်ခန်းစာများ လစ်ဟင်းပျက်ကွက်မှု မရှိပဲ မိမိအားလပ်ချိန်တွင် ‌စိတ်အေးသက်သာစွာ သင်ယူနိုင်မည်ဖြစ်သည်။

💻နက်နဲသော ပညာရပ်များကို မြန်မာဘာသာစကားဖြင့် ရိုးရှင်းစွာ နားလည်‌အောင် သင်ကြားပေးမည်ဖြစ်ပြီး၊

💻 သင်တန်းကာလမှာ (၄) ပတ် ကြာမြင့်ပါမည်။

🎁 Early Birds’ Bonus Plans

သင်တန်းကို အစောဆုံး အပ်နှံသူတွေအတွက်က ဖော်ပြထားတဲ့ အထူးအခွင့်အရေးတွေ ရရှိသွားမှာပါ။

✅နိုင်ငံတကာဟင်းပွဲ recipe များ လေ့လာခွင့်

✅ ပင်လယ်စာဟင်းပွဲ recipe များ လေ့လာခွင့်

✅ Chef Alex ၏အဖိုးတန်အကြံပြုချက်များ ပါဝင်သည့် ZOOM Lecture အပြည့်အစုံကို သင်ယူလေ့လာခွင့်

✅ Food Cost တွက်နည်း lesson video

✅ အထူးဖိတ်ကြားထားသော Special Guest Speaker ၏ Exclusive Lecture ကို သင်ယူ လေ့လာခွင့်

🎊ဒီအခွင့်အရေးတွေ လက်မလွတ်ဖို့က စောစီးစွာအပ်နှံထားမှ စိတ်ချရမှာပါခင်ဗျာ။

"သင်တန်းကြေး နှင့် အထူးအာမခံချက်"

📍 FOOD SAFETY & GASTRONOMY

အဓိက ဘာသာရပ် ၂ ခု အတွက် သင်တန်းကြေး ၁၅၀,၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

📍 ထို့ပြင် သင်တန်းမှ ဖြန့်ဖြူးသောအသိပညာနှင့် အခွင့်အလမ်းများသည် မိမိ မျှော်မှန်းချက်နှင့် မကိုက်ညီလျှင်ဖြစ်စေ (သို့မဟုတ်) မိမိမှ ပေးသွင်းရသော သင်တန်းကြေးနှင့် ထိုက်တန်မှုမရှိဟု ယူဆလျှင်ဖြစ်စေ၊

💵သွင်းငွေ၏၁၀၀ ရာခိုင်နှုန်းကို သင်တန်းကာလ ၁၀ရက်အတွင်း (100%REFUND) ပြန်လည် ထုတ်ပေးသွားမည် ဖြစ်သည်။

သင်တန်းအပ်ရန်👇အောက်ပါ link ကိုနှိပ်ပါ။

m.me/foodieintellect

⚠️သင်တန်းသားလူဦးရေ ကန့်သတ်ချက်ရှိပါသည်။

✴️၂၀၂၆ ခုနှစ်ဟာ သင့်ရဲ့ Culinary သို့မဟုတ် Hospitality Career ကို သိပ္ပံနည်းကျ စတင်မယ့်နှစ် ဖြစ်ပါစေကြောင်း မျှော်လင့်ပါသည်။

✴️နှစ်သစ်မှာ သာမန် Resolution တွေထက် Professional Skillset တွေမှာ ရင်းနှီးမြုပ်နှံပါ။

ကျေးဇူးတင်ပါတယ်။

Address

Dublin

Telephone

+353863519463

Website

Alerts

Be the first to know and let us send you an email when Gastronomy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Gastronomy Myanmar:

Shortcuts

Featured

Share

Category