Lin Education Consultancy

Lin Education Consultancy

Megosztás

ဟန်ဂေရီနိုင်ငံကိုကျောင်းလျှောက်ပေးပါတယ်

29/05/2026

ဒီနေ့တော့ Dunaujvaros Universityကို Communication and Media studies နဲ့ဝင်ခွင့်ရတဲ့ မောင်လေးကို ဂုဏ်ပြုချင်ပါတယ်

Hungaryရဲ့ Public ကျောင်းတွေထဲမှာ Engineering နဲ့ Business related majorတွေကို Englishလိုနဲ့သင်ယူနိုင်တာ ဖြစ်ပြီး one semesterကို မြန်မာငွေ ၉၅သိန်းကျော်ကျသင့်တာဖြစ်ပါတယ်

Photos from Lin Education Consultancy's post 28/05/2026

IBS Business School Budapestကို September intake အတွက် ဝင်ခွင့်ရတဲ့ ကျောင်းသား၃ယောက်ကို ဂုဏ်ပြုပါတယ်နော်

Bachelor of Business Management with AI analytics ဝင်ခွင့်က BTEC international level 3 foundation နဲ့ဖြစ်ပြီး

Foundation program ဝင်ခွင့်က O levelနဲ့ဖြစ်ပါတယ်

27/05/2026

မောင်လေး လင်းပြည့်ဟိဏ်း ELTE က Data Science Masters ကို တိုက်ရိုက်ဝင်ခွင့်ရလို့ Congratulations ပါနော်

မြန်မာပြည်က HND+Top up year UK Programနဲ့ Bachelorရခဲ့တာပါ IELTS မလိုခဲ့ပါဘူး

ဝင်ခွင့်ကတော့ ၂ဆင့်ဖြေပြီး Assigmentလဲ ထပ်လိုက်ရပါတယ်

Budapestမှာ ထားဝယ်သားနောက်တစ်ယောက်တိုး🫡

27/05/2026

ပိုက်ဆံမရတဲ့ Client လေး ELTE Computer Science တိုက်ရိုက် ကျောင်းဝင်ခွင့်ရသွားပါပြီ😂

ဟန်ရေ့မောင်လေးပါ
12တန်းအောင်စာရင်းတော့မထွက်သေးဘူး
ကျောင်းကတော့ ဝင်ခွင့်ရသွားပြီ IELTSလဲမလိုလိုက်ပါဘူး

Photos from Lin Education Consultancy's post 15/05/2026

University of Pecsမှာ Nursing Bsc တိုက်ရိုက်ဝင်ခွင့်ရသွားတဲ့ညီမလေးနှစ်ယောက်ကို ဂုဏ်ပြုပါတယ်နော် 🎉🎉❤️

တစ်ယောက်က GEDရယ်
နောက်တစ်ယောက်က O level + foundation + one semester in Bscရယ် နဲ့ဝင်ခွင့်ရသွားတာပါ

Photos from Lin Education Consultancy's post 04/05/2026

သတင်းကောင်းလေးတွေနဲ့စတင်တဲ့ Mayလလေးပါ

ညီမလေးနှစ်ယောက် ဒီနေ့ Szegedရဲ့ Pre-Medကို Early Bird Scholarshipလေးနဲ့ဝင်ခွင့်ရပါပြီ Congratulations ပါညီမလေးတို့ရေ ❤️❤️❤️🎉🎉

O levelနဲ့လျှောက်တာမို့ IELTSလဲမလိုလိုက်ပါဘူး

29/04/2026

Congratulations to ညီမလေးရှင်းသန့်အိမ်

University of Pecs Architectural Engineering Bscကို GEDနဲ့ တိုက်ရိုက်ဝင်ခွင့်ရသွားတာပါ ❤️

Passionateအရမ်းဖြစ်တဲ့ Architect Careerကို အကောင်းဆုံးလျှောက်လှမ်းနိုင်ပါစေရှင်

27/04/2026

Hungaryရဲ့ Private/ Public Uniတွေအကြောင်း fun factလေးတစ်ခုပြောပြမယ်

ဟန်ဂေရီရဲ့ နာမည်ကြီးUniversity တချို့ကိုရှာရင် Private Institution ဆိုပြီးတွေ့ရလိမ့်မယ်

အဲတာဘာလို့လဲဆိုတော့လေ Stateက 2019-21လောက်မှာ University Foundations တွေကို Ownership နဲ့ Controlပေးလိုက်လို့ပါ တကယ့် Privately ownedတာတော့ မဟုတ်ပြန်ဘူး

ဆိုတော့ ကျောင်းအများစုက structureအရ Public လဲမဟုတ် privateလဲမဟုတ်ဘူးပေါ့

Corvinus Uni
BME Uni
Debrecen Uni
Szeged Uni
Pecs Uni
စသဖြင့် အားလုံး Structureတွေကဒီလိုသွားပါတယ်

တစ်ဖက်မှာ ELTE လိုမျိုး fully state-owned university တွေလဲရှိသေးတာပေါ့

26/04/2026

Consulting sessionတွေမှာ ဟန်ရေ ပညာရေးbackground history ခဏခဏအမေးခံရလို့ pageမှာလဲတင်ပါ့မယ်။
ကိုယ်ရည်သွေးတယ်ထင်ရင်လဲရပါတယ်

၁၀တန်းအထိ achievement တချို့

2016/17/18 သုံးထပ်ကွမ်းလူရည်ချွန်
2017 Government Stipend Scholarship
2018 Japan Fully Funded Exchange Program Scholarship
တခြား ခရိုင်/တိုင်း အဆင့် ဘာသာရပ်ဆိုင်ရာထူးချွန်ဆုများ

၁၀တန်းမှာ အမှတ် 511 နဲ့ ၅ဘာသာဂုဏ်ထူးနဲ့အောင်ပါတယ်
NMDCမှာ BM 2နှစ်တက်ပါတယ် Wall Street English Diplomaရှိပါတယ်

2020-21 Stipendium Hungaricum Fully Funded Scholarshipsရပါတယ်
2024 မှာ Budapest Business University Finance and Accountingမှာ အမှတ်အများဆုံးနဲ့ ဘွဲ့ရပါတယ်

ဒါတွေရေးတာက ကိုယ်ရည်သွေးတာလဲ တစ်ပိုင်းပါပေမယ့်
ပညာရေးကို တန်ဖိုးထားတာလဲယုံကြည်စေချင်လို့ပါ

Consulting sessionတွေမှာ ဖြစ်သလိုကျောင်းမညွှန်းပေးပါဘူး ကျောင်းသားရဲ့ education history ရယ် expectationရယ် budgetရယ် လိုက်ပြီး အကြံပေးဖြစ်ပါတယ်

ကျောင်းသားရဲ့ expectations က ဟန်ဂေရီနိုင်ငံနဲ့ မကိုက်ရင် မကိုက်ကြောင်း ပြောပြဖြစ်ပါတယ်

ဒီ pageလေးထောင်တာ တစ်နှစ်တောင်မပြည့်သေးပေမယ့် ယုံကြည်တဲ့သူတွေ မယုံနိုင်လောက်အောင်များလို့ ကျေးဇူးအများကြီးတင်ရပါတယ်ရှင် ❤️❤️❤️❤️

08/04/2026

BME လျှောက်မယ့်သူတွေအတွက်
ဒီနှစ် Application က May 15ပိတ်ပါမယ်နော်

Szeretnéd, hogy a(z) iskolaod elsőként szerepeljen az Iskola tematikájú vállalkozások között Budapest városában?

Kattints ide a szponzorált hirdetés igényléséhez.

Helyszín

Weboldal

Cím


1111
Budapest
1111