03/06/2025
YSEALI AFP (Part 2)🎉🎉
YSEALI AFP ရဲ့ ၅ပတ်တာမှာ အောက်က ဖော်ပြထားတဲ့ activities တွေကို အပတ်စဉ် Program book schedule အတိုင်း လုပ်ရပါတယ်။
✨ Book Discovery Circles
Cleoတို့ Hawaii မရောက်ခင်ကတည်းက သူတို့ပေးထားတဲ့ စာအုပ်တွေထဲကမှ ကိုယ်ဖတ်ချင်တဲ့ စာအုပ်၄အုပ်ရဲ့ chapter လေးခုကို ကြိုရွေးထားရပြီး Hawaii ရောက်တဲ့နေ့မှ Original books တွေကို ပေးပါတယ်။ Program schedule အရ Mondays တိုင်း Book discovery circle ရှိပြီး ကိုယ်ဖတ်ထားတဲ့ chapter ကို စာအုပ်အတူတူရွေးတဲ့ fellows တွေနဲ့ discussion ပြန်လုပ်ရပါတယ်။
✨ Community Projects
Projects တွေလုပ်ဖို့အတွက် Ocean team, Regeneration team, Rewilding team နဲ့ Innovation team ဆိုပြီး လေးဖွဲ့ ခွဲပေးထားပါတယ်။ ဒီအဖွဲ့တွေကို Cleo တို့ရဲ့ Pre-departure articles တွေအပေါ် မူတည်ပြီး ကျောင်းဘက်က ခွဲပေးထားတာပါ။
Natural resources ရဲ့ 2025 Spring Cohort Projects တွေအတွက် Ocean, Regeneration, Rewilding, Innovation ဆိုတဲ့ Titles တွေအောက်ကနေ သွားပါတယ်။ 2025 Fall Cohort နဲ့ နောက်နှစ် 2026 အတွက် ဘယ်လို Project titles တွေနဲ့ လာမယ်ဆိုတာ Cleoတို့ မသိနိုင်ပါဘူး။ Community projects အတွက် Team တစ်ခုချင်းစီက သက်ဆိုင်ရာ Team topics အလိုက် 10mins Presentation/ 10mins Q&A ကို တခြားTeams တွေရှေ့မှာ လုပ်ရပါတယ်။ ဥပမာ- Cleoက Rewilding team ကဖြစ်တဲ့အတွက် rewilding topics တွေဖြစ်တဲ့ Urban rewilding, Park rewilding, River rewilding, Farm rewilding, etc group member တစ်ယောက်ချင်းစီက 10mins presentation လုပ်ရပြီး 10mins Q&A မှာ တခြားteams တွေနဲ့ discussion လုပ်ရပါတယ်။
✨Community Service Challenges
အပတ်တိုင်း Project Teamနဲ့ ပတ်သက်တဲ့ community service challenges တွေ လုပ်ရပါတယ်။ volunteering လုပ်ရတဲ့ ပုံစံမျိုးပါ။
✨ Lectures and Trainings
တစ်ပတ်မှာ ၄ ရက်လောက်က East-West Centerရဲ့ John A. Burns Hall မှာ lectures နဲ့ trainings တွေ ပေးပါတယ်။
Guest speakers တွေ ခေါ်ပြီး lectures ပေးသလို Projects အတွက် လိုအပ်တဲ့ communication campaigns နဲ့ ပတ်သက်ပြီး trainings တွေကို group assignments တွေနဲ့အတူ လုပ်ရပါတယ်။
✨ Site Visit Investigations
အပတ်တိုင်း Project Team အလိုက် site visit တွေ သွားရပါတယ်။ Honolulu, Hawaii မှာ နေရာ(၄)နေရာ သွားခဲ့ရပြီး Santa Fe, New Mexico မှာ တစ်နေရာ သွားခဲ့ရပါတယ်။
(1)HPOWER Kapolei (အမှိုက်တွေကနေ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံကိုသွားလေ့လာရတာပါ။ Cleo တို့သွားလေ့လာတဲ့အခါမှာ အမှိုက်ကားတွေကနေ လာစွန့်ပစ်တဲ့ အမှိုက်တွေကို ပြန်ခွဲထုတ်တဲ့ အလုပ်ရုံထိ ဝင်လေ့လာခွင့်ရခဲ့ပါတယ်။ အဲ့ကနေ အဆင့်ဆင့်လုပ်ဆောင်မှုတွေနဲ့ လျှပ်စစ်ထုတ်တာဖြစ်ပါတယ်။)
(2)Honolulu Rail Kualaka'i East Kapolei Station to Halawa (HPower ကအပြန် လူ၈၀၀တစ်ခါထဲ စီးလို့ရတဲ့ elevated train(မိုးပျံရထား) စီးပြီး အနီးနားတစ်ဝိုက် မြို့ပြစီမံကိန်း အကောင်ထည်ဖော်နေတဲ့ အကြောင်းကို လေ့လာခွင့်ရခဲ့ပါတယ်။)
(3)KaIwi Coast (O’ahuကျွန်းရဲ့ အရှေ့တောင်ဘက်မှာ ရှိပြီး အရမ်းလှတဲ့ ပင်လယ်ကမ်းခြေ၊တောင်တန်းတွေကို Trolley ကားနဲ့ ပတ်ကြည့်ခွင့်ရခဲ့ပါတယ်။ တံငါရွာတွေရှိပြီး နတ်ဘုရား Peleတို့ရဲ့ ပုံပြင်တွေနဲ့အတူ ဟာဝိုင်အီယဉ်ကျေးမှု ကြွယ်ဝတဲ့ နေရာ ဖြစ်ပါတယ်။)
(4)Honolulu Water Recycling Facility@ Ewa (ဒီစက်ရုံမှာ သုံးပြီးသားရေတွေကို ပြန်recycle လုပ်ပြီး R1 water နဲ့ RO water ဆိုပြီး ၂ မျိုးပြန်ထုတ်ပါတယ်။ ရေသိုလှောင်မှုကအစ ထုတ်လုပ်မှုအဆင့်ဆင့်ကိုလည်း လေ့လာခဲ့ရပါတယ်။R1 ကိုတော့ စိုက်ပျိုးရေးနဲ့ စက်ရုံအလုပ်ရုံတွေမှာ သုံးပြီး RO ကတော့ သောက်သုံးရေ၊ ဓာတ်ခွဲခန်းသုံး နဲ့ လူတွေနေ့စဉ်သုံးလို့ရတဲ့ ရေ ဖြစ်ပါတယ်။
(5)Ancient Cliff Dwellings and Petroglyphs @
Bandelier National Monument (New Mexico မှာရှိတဲ့ ရှေးခေတ်လူမျိုးတွေ နေထိုင်ခဲ့ကြတဲ့ ချောက်ကမ်းပါးတွေရှိတဲ့ နေရာတွေ သွားလေ့လာရတာပါ။ အဲ့မှာ ပြတိုက်နဲ့ Theater လဲရှိပါတယ်။
✨Cultural Activities
Cultural activity အနေနဲ့ ကိုယ်သွားလည်ချင်တဲ့ Host family ကိုရွေးရပါတယ်။ ပြီးရင် ကိုယ့်နိုင်ငံရဲ့ cuisine ကို ချက်ပြီး သူတို့နဲ့ အတူတူ ညစာသွားစားရတာ အမှတ်ရဆုံးတစ်ခုပါ။ Cleo ရဲ့ ပထမဆုံး ချက်တတ်ခဲ့တဲ့ ဟင်းလျာကတော့ အုန်းနို့ခေါက်ဆွဲပါ။ အဖေနဲ့အမေရဲ့ recipes တွေကြည့်လိုက်၊ ချက်ပြတဲ့ videos တွေကြည့်လိုက်နဲ့ အရသာရှိတဲ့ အုန်းနို့ခေါက်ဆွဲကို ချက်တတ်သွားပါတယ်။😁🤭ကိုယ်ရွေးလိုက်တဲ့ host family က အဖိုးရွယ် အဖွားရွယ် လင်မယားနှစ်ယောက်ဖြစ်ပြီး အရမ်းကိုနွေးထွေးကြင်နာတဲ့ မိသားစုနဲ့ ဆုံခဲ့ရပါတယ်။ ကိုယ်တွေချက်လာတဲ့ ဟင်းတွေလဲစား၊ သူတို့ချက်ကျွေးတာတွေလဲ စားပြီး စကားလက်ဆုံပြောကြရင်း အပြန်ကြ လက်ဆောင်တွေပါ ထည့်ပေးလိုက်ပါတယ်။
✨Leadership Circles / Liaison Committee /Coaching Circles
သောကြာနေ့တိုင်း တစ်ပတ်တာမှာ ဘာတွေလုပ်ခဲ့လဲ၊ ဘယ်အရာတွေ လုပ်နိုင်ခဲ့လဲ၊ ဘယ်နေရာတွေမှာ ပိုပြီးကောင်းအောင် လုပ်မလဲ စတဲ့ questions တွေကို YSEALI fellows တွေက reflection ပြန်လုပ်ရပြီး အချင်းချင်း discussion လုပ်ရပါတယ်။ Leadership circle ရဲ့ အောက်မှာ Cleo မှတ်မိတဲ့ activities တွေထဲက Kewalo Harbor မှာ Kamoauli ဆိုတဲ့ Voyaging & Educational excursion အဖွဲ့နဲ့ Cleo တို့ကို ပင်လယ်ထဲ အပျော်စီးရွက်လှေနဲ့ ခေါ်ပြီး လိုက်ပြတာပါ။ အသွားတုန်းက ပျော်ပျော်ကြီးစီးပြီး အပြန်ကြပင်လယ်လှိုင်းကြမ်းလို့ Seasickness ဖြစ်တာ အတော်ခံရခက်လိုက်ပါတယ်။နောက်တစ်ခုက Hawaiʻi State Capitol မှာ Rewilding Proposals အတွက် State Representative ဖြစ်တဲ့ Tina Grandinetti နဲ့ တွေ့ဆုံဆွေးနွေးရတာဖြစ်ပါတယ်။
Liaison Committee မှာ အပတ်တိုင်း committee members တွေအလှည့်ကြ တာဝန်ယူရပြီး Fellows အချင်းချင်း Group ဖွဲ့ပြီး confidentially ရင်ဖွင့်တိုင်ပင်ပြီး အကြံဉာဏ်ပေးလို့ရတဲ့ စကားဝိုင်းလိုမျိုး လုပ်ပေးထားတာပါ။ အဲ့နောက် Liaison Committee Members တွေက ဦးဆောင်ပြီး game activities လေးတွေ ကစားကြပါတယ်။ မကြီးမငယ်နဲ့ ကလေးတွေလို စိန်ပြေးလိုက်တမ်းလည်း ကစားခဲ့ပါသေးတယ်။🤭
YSEALI program journey တစ်လျှောက်လုံး အရမ်းပင်ပန်းရသလို fellows 24 ယောက်နဲ့ ငိုလိုက်၊ရီလိုက် ဖြတ်သန်းလာတာ ၅ပတ်ဆိုတဲ့ အချိန်က ကုန်လို့ ကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။
နောက်နေ့မှာ Hawaii, Santa Fe နဲ့ Washington, D.C မှာ နေခဲ့ရတဲ့ အတွေ့ကြုံလေးတွေကိုလဲ ဆက်ရေးသွားပါမယ်။🥰💕