25/01/2023
Huddersfieldမြို့လေးကတော့ England နိုင်ငံရဲ့ West Yorkshireထဲက Kirkles District မှာရှိတဲ့ Market Town လေးဖြစ်ပါတယ်..
မြို့လေးက သေးပေမဲ့ Shopping Centre ကြီးသုံးခုနဲ့ Huddersfield Open Market ရှိတာကြောင့် Shopping ထွက်ရတာလည်း အရမ်းတန်၊ ဝယ်ရခြမ်းရ၊ အစားအသောက်တွေဆိုလည်း တန်မှတန်ဆိုတော့ Admin အရမ်းကြိုက်တဲ့မြို့လေးလို့ပြောလို့ရတယ်..
University of Huddersfield ကတော့ 2013 University of the year ဆုကြီးရထားတဲ့ကျောင်းကြီးဖြစ်သလို ကျောင်းရဲ့တည်နေရာ၊ ပတ်ဝန်းကျင်ကလည်း အရမ်းလှ….
ပြီးတော့ Huddersfield မြို့လေးက ဘယ်ရာသီမဆို UKက တခြားမြို့တွေထက်အနည်းငယ် ပိုအေးနေတတ်တာကြောင့် Adminလို အအေးကြိုက်တဲ့သူကတော့ အမြဲသွားလည်ဖြစ်နေတာပေါ့…