Data Analyst's Journey

Data Analyst's Journey I am a data analyst in UK. This page will describe’How I become a data analyst and study tips’..

Data Background မရှိတဲ့နေရာကနေ စခဲ့တဲ့ ကျွန်တော်က ဒီနေ့ Data Class တစ်ခုကို ဘယ်လိုပုံစံနဲ့ ပြန်သင်ပေးနေသလဲ?ဒီအကြောင်းကို...
09/09/2026

Data Background မရှိတဲ့နေရာကနေ စခဲ့တဲ့ ကျွန်တော်က ဒီနေ့ Data Class တစ်ခုကို ဘယ်လိုပုံစံနဲ့ ပြန်သင်ပေးနေသလဲ?

ဒီအကြောင်းကို ကျွန်တော်ကိုယ်တိုင် ပြောတာထက် တက်ဖူးတဲ့ Students တွေရဲ့ Feedback တွေနဲ့ပဲ မျှဝေချင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် Background မတူကြပါဘူး။

တချို့က Data/Tech Background လုံးဝမရှိဘူး။
တချို့က Online Course တွေကနေ ကိုယ်တိုင်လေ့လာဖူးတယ်။
တချို့က Career Change လုပ်ချင်တယ်။
တချို့က Power BI / SQL သိပြီးသားပေမယ့် Real Project မှာ ဘယ်လိုအသုံးချရမလဲ သိချင်တယ်။

ဒါပေမယ့် Reviews တွေကို ပြန်ဖတ်ကြည့်တဲ့အခါ ထပ်ခါထပ်ခါ တွေ့ရတဲ့ စကားတွေရှိပါတယ်။

“Real-world experience”
“Hands-on projects”
“More practical than theory”
“Interactive teaching”
“Career guidance”
“Beginner friendly”

တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း Data Background ကနေ စခဲ့တဲ့သူမဟုတ်ပါဘူး။

အစကတည်းက SQL ရေးတတ်ခဲ့တာမဟုတ်ဘူး။
Power BI ကျွမ်းကျင်ပြီးသားလည်း မဟုတ်ဘူး။

Data Analyst ဖြစ်ဖို့ ဘာတွေလိုအပ်လဲ၊ ဘယ်ကစလေ့လာရမလဲ၊ သင်ထားတဲ့ Technical Skills တွေကို Real Job မှာ ဘယ်လိုအသုံးချရမလဲဆိုတာ ကိုယ်တိုင်လေ့လာရင်း၊ မှားရင်း၊ ပြင်ရင်းနဲ့ ဒီ Journey ကို ဖြတ်လာခဲ့တာပါ။

ဒီနေ့မှာတော့ UK ရဲ့ အကြီးဆုံး Retail Businesses တွေထဲက တစ်ခုမှာ BI Developer အဖြစ် အလုပ်လုပ်နေပါတယ်။

Enterprise Environment မှာတော့ Data Volume, Data Sources နဲ့ Business Requirements တွေက ပိုပြီး Complex ဖြစ်လာပါတယ်။

Millions of rows ရှိတဲ့ Data တွေ၊ မတူညီတဲ့ Data Sources တွေ၊ Complex Data Models တွေနဲ့ အလုပ်လုပ်ရပါတယ်။

Power BI တစ်ခုတည်းနဲ့လည်း မပြီးပါဘူး။

SQL, Power BI, DAX, Data Pipelines, Cloud Data Platforms နဲ့ Automation Tools စတဲ့ Tool မျိုးစုံကို လိုအပ်တဲ့နေရာမှာ ချိတ်ဆက်အသုံးပြုရပါတယ်။

Technical Solution မှန်ရုံနဲ့လည်း မပြီးသေးပါဘူး။

Business Requirement ကို နားလည်ရတယ်။
Data Quality ကို စစ်ရတယ်။
Performance ကို စဉ်းစားရတယ်။
Data Model ကို scalable ဖြစ်အောင် တည်ဆောက်ရတယ်။
Stakeholders အမျိုးမျိုးနဲ့ အလုပ်လုပ်ရတယ်။
ပြီးတော့ Data အများကြီးထဲက Business အတွက် တကယ်အသုံးဝင်တဲ့ Insight ကို ထုတ်ပေးနိုင်ရပါတယ်။

ဒီလို Scale နဲ့ Complexity ရှိတဲ့ Real Corporate Environment မှာ နေ့တိုင်းအလုပ်လုပ်နေရတဲ့ Experience ကို Class ထဲကို ပြန်ယူလာတာပါ။

ဒါကြောင့် ဒီ Class မှာ Share ပေးချင်တာက

“Power BI ဘယ်လိုသုံးမလဲ၊ SQL ဘယ်လိုရေးမလဲ” ဆိုတာတစ်ခုတည်း မဟုတ်ပါဘူး။

Data ရလာရင် ဘယ်ကစကြည့်မလဲ?

Requirement မရှင်းရင် ဘာမေးမလဲ?

Data မှားနေရင် ဘယ်လိုစဉ်းစားမလဲ?

Data Model ကို ဘာကြောင့် ဒီလိုတည်ဆောက်ရတာလဲ?

Dashboard တစ်ခုက ဘယ် Business Question ကို ဖြေပေးနေတာလဲ?

Error တက်လာရင် ဘယ်လို Troubleshoot လုပ်မလဲ?

ကိုယ်လုပ်ထားတဲ့ Analysis ကို Stakeholder တစ်ယောက် နားလည်အောင် ဘယ်လိုရှင်းပြမလဲ?

ဒီလို Thinking Process တွေကိုပါ လေ့လာစေချင်တာပါ။

Class ထဲမှာ Project လုပ်မယ်။
Error တက်မယ်။
ဘာကြောင့်တက်လဲ စဉ်းစားမယ်။
မေးခွန်းမေးမယ်။
ပြန်ပြင်မယ်။
ပြီးရင် ဘာကြောင့် ဒီ Solution ကိုရွေးခဲ့လဲဆိုတာ နားလည်အောင်လုပ်မယ်။

ဘာလို့လဲဆိုတော့ Real Working Environment မှာ အမြဲတမ်း Clean Data နဲ့ Perfect Requirement ရလာမှာ မဟုတ်လို့ပါ။

ကျွန်တော်လိုချင်တာက Course ပြီးသွားတဲ့အချိန်မှာ

“Power BI သုံးတတ်တယ်”
“SQL ရေးတတ်တယ်”

ဆိုတဲ့နေရာမှာပဲ ရပ်မနေဘဲ

“Data Analyst တစ်ယောက်လို Problem ကို စဉ်းစားပြီး Approach လုပ်တတ်လာတယ်”

ဆိုတဲ့အဆင့်ကို ရောက်သွားဖို့ပါ။

ပြီးတော့ Data Background မရှိလို့ မစရဲတာမျိုး မဖြစ်စေချင်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနေရာကနေ စခဲ့တာပါ။

Reviews တွေထဲမှာလည်း Tech/Data Background မရှိဘဲ စခဲ့တဲ့သူတွေ၊ ဘယ်ကစရမှန်းမသိခဲ့တဲ့သူတွေ ရှိပါတယ်။

ဒါကြောင့် Class မှာ မသိတာ မေးလို့ရပါတယ်။
နားမလည်ရင် ပြန်ရှင်းမယ်။
Discussion လုပ်မယ်။
Practice လုပ်မယ်။
Feedback ပေးမယ်။

Theory သင်ပြီး Course ပြီးသွားဖို့ထက် Real Working Environment ကို ဝင်နိုင်ဖို့ ပြင်ဆင်ပေးချင်တာပါ။

ဒီ Post မှာတော့ Class ကောင်းတယ်လို့ ကျွန်တော်ကိုယ်တိုင် အများကြီးမပြောချင်ပါဘူး။

တက်ခဲ့တဲ့ Students တွေ ဘာပြောထားလဲဆိုတာ ပုံတွေကို Swipe လုပ်ပြီး ဖတ်ကြည့်ပါ။

သူတို့ရဲ့ Feedback တွေက ကျွန်တော်ပြောတာထက် ပိုအဓိပ္ပာယ်ရှိပါတယ်။

Different backgrounds.
Different stories.
Same learning journey.

Hyper Care Class – Batch 6
Power BI + SQL
Beginner Friendly
Corporate-level Practical Skills
Every Sunday
Course Fee – £120 / 650,000 MMK

Data Background မရှိတာက စမရတဲ့အကြောင်းပြချက် မဟုတ်ပါဘူး။
တစ်နေရာကတော့ စရမှာပါ။


Data Modelling ဆိုတာTable တွေကို relationship ချိတ်တာလောက်ပဲလို့ ထင်နေရင်ဒီ post လေးကိုဖတ်ကြည့်ပါ။Power BI စလေ့လာတုန်းကက...
02/09/2026

Data Modelling ဆိုတာ
Table တွေကို relationship ချိတ်တာလောက်ပဲလို့ ထင်နေရင်
ဒီ post လေးကိုဖတ်ကြည့်ပါ။

Power BI စလေ့လာတုန်းက
ကျွန်တော်လည်း

Table A က ID နဲ့
Table B က ID ကိုချိတ်လိုက်ရင်

Data Model ပြီးပြီလို့ ထင်ခဲ့ဖူးပါတယ်။

တကယ်အလုပ်ထဲရောက်လာတော့
Data Modelling က အဲ့ထက်အများကြီးပိုပါတယ်။

ဥပမာ Retail Business တစ်ခုနဲ့ကြည့်ရအောင်။

ကိုယ့်မှာ

Sales table ရှိတယ်။

ဒီ table ထဲမှာ

Date
Product ID
Store ID
Quantity
Sales Amount

ရှိမယ်ဆိုပါစို့။

ပြီးတော့

Product table မှာ

Product ID
Product Name
Category
Brand

ရှိမယ်။

Store table မှာ

Store ID
Store Name
Region

ရှိမယ်။

Calendar table မှာ

Date
Week
Month
Year

ရှိမယ်။

ဒီနေရာမှာ Sales က

Fact Table

ဖြစ်ပြီး

Product
Store
Calendar

တွေက

Dimension Tables

ဖြစ်ပါတယ်။

ပုံစံကတော့

Product → Sales ← Store
      ↑
    Calendar

ဒါကို Star Schema လို့ခေါ်ပါတယ်။

ဒါပေမယ့် ဒီလောက်နဲ့ မပြီးသေးပါဘူး။

Data Modelling မှာ ကျွန်တော်အရေးကြီးဆုံးလို့မြင်တာက

“ဒီ table ရဲ့ grain ကဘာလဲ?”

ဆိုတာပါ။

Sales table ထဲက row တစ်ကြောင်းက

Product တစ်ခုရဲ့ တစ်ရက်စာ sales လား?

Transaction တစ်ခုလား?

ဒါမှမဟုတ်

Transaction ထဲက Product တစ်ခုချင်းစီလား?

ဒါကို မသိဘဲ

SUM(Sales)
COUNTROWS()
DISTINCTCOUNT()

တွေလုပ်နေရင်

Dashboard က လှနေပေမယ့်
number မှားနေနိုင်ပါတယ်။

နောက်တစ်ခုက Relationship ပါ။

One-to-Many လား?

Many-to-Many လား?

Filter direction ဘယ်လိုသွားမလဲ?

Dimension ထဲက key က unique ဖြစ်လား?

ဒီအရာတွေကို မစဉ်းစားဘဲ

Error မတက်ရုံ
Visual မှာ number ပေါ်ရုံနဲ့

Model မှန်တယ်လို့ မဆိုနိုင်ပါဘူး။

ကျွန်တော့်အမြင်အရ

Power BI စလေ့လာတဲ့သူတွေက

Dashboard design ကိုပဲ အချိန်အများကြီးပေးတာထက်

Fact Table
Dimension Table
Grain
Cardinality
Filter Context

ဒါတွေကို ကောင်းကောင်းနားလည်အောင်
အရင်လုပ်သင့်ပါတယ်။

ဘာလို့လဲဆိုတော့

Dashboard က အိမ်တစ်လုံးဆိုရင်

Data Model က Foundation ပါ။

အပေါ်က ဘယ်လောက်လှလှ

Foundation မှားနေရင်
တစ်နေ့ပြဿနာတက်မှာပါပဲ။

ဒါကြောင့် Power BI လေ့လာနေတဲ့သူတွေကို

Dashboard ဆောက်တတ်ရုံနဲ့ မရပ်ပါနဲ့။

ကိုယ့် Model ထဲက row တစ်ကြောင်းက
ဘာကို represent လုပ်နေလဲ

ဆိုတာကို ကိုယ်တိုင်ရှင်းပြနိုင်အောင်
လေ့ကျင့်ကြည့်ပါ။

အဲ့ဒါနားလည်လာတဲ့အချိန်ကစပြီး

Power BI ကို သုံးတတ်တာကနေ

Data ကို နားလည်ပြီး model လုပ်တတ်တဲ့ဘက်ကို
တဖြည်းဖြည်းရောက်လာပါလိမ့်မယ်။





ရာထူးတက်လာရင်ပိုတော်လာတယ်လို့ ထင်ခဲ့ဖူးတယ်။တကယ်အလုပ်လုပ်လာတော့ရာထူးတက်လာလေကိုယ်မသိတာတွေ ပိုမြင်လာလေပါပဲ။Data Analyst စလု...
29/08/2026

ရာထူးတက်လာရင်
ပိုတော်လာတယ်လို့ ထင်ခဲ့ဖူးတယ်။

တကယ်အလုပ်လုပ်လာတော့

ရာထူးတက်လာလေ
ကိုယ်မသိတာတွေ ပိုမြင်လာလေပါပဲ။

Data Analyst စလုပ်တုန်းက

SQL ရရင်
Power BI ရရင်

တော်တော်အဆင်ပြေပြီလို့ ထင်ခဲ့တယ်။

နောက်ပိုင်း

Power Automate
Power Apps
Python
Azure Data Factory

တွေပါ လိုလာတယ်။

ဒါတွေသင်ပြီးတော့လည်း

အခု BI Developer ဘက်ရောက်လာတဲ့အခါ

Databricks
Data Engineering
Cloud
ပိုရှုပ်တဲ့ Data Modelling

အစရှိသဖြင့်

သင်စရာတွေက ထပ်ပေါ်လာပြန်တယ်။

တစ်ခါတလေတော့

ဒီ Industry က ဘယ်တော့မှ သင်လို့ပြီးမှာလဲ

လို့တောင် တွေးမိပါတယ်။

အဖြေကတော့

ပြီးမယ်မထင်ပါဘူး။

Every day is a school day ပါ။

ဒါပေမယ့် အဲ့ဒါကပဲ ပျော်ဖို့ကောင်းတာပါ။

အရင်တုန်းက

မသိတာရှိရင်

ကိုယ်ညံ့လို့လားဆိုပြီး
နည်းနည်းရှက်တတ်တယ်။

အခုတော့

မသိရင် မသိဘူးလို့ပြောတယ်။

သိတဲ့သူကို မေးတယ်။

ပြီးရင် သင်လိုက်တယ်။

Corporate environment မှာလည်း
ကိုယ့်ထက် experience များတဲ့သူတွေဆီက သင်ယူစရာရှိသလို

တစ်ခါတလေ

ကိုယ့်ထက် experience နည်းတဲ့သူဆီကလည်း
ကိုယ်မသိတာတစ်ခုခု သင်ရတာရှိပါတယ်။

ဒါကြောင့်

Career မှာ level တက်လာတာကို

“ငါအကုန်သိလာပြီ”

ဆိုတာနဲ့ မတိုင်းတာတော့ဘူး။

အရင်ကထက်

မေးခွန်းကောင်းကောင်း မေးတတ်လာလား။

မသိတာကို မြန်မြန်သင်နိုင်လာလား။

Problem တစ်ခုလာရင်
ဘယ်လို approach လုပ်ရမလဲ သိလာလား။

အဲ့ဒါတွေနဲ့ပဲ တိုင်းတာဖြစ်တယ်။

တကယ်တော့

Junior ဖြစ်လို့ မသိတာကလည်း normal ပါ။

Senior ဖြစ်သွားလို့
အကုန်သိသွားမှာလည်း မဟုတ်ပါဘူး။

Career growth ဆိုတာ
သိတာတွေများလာတာတင်မဟုတ်ဘဲ
မသိတာကို ဘယ်လို handle လုပ်ရမလဲ
ပိုသိလာတာလို့ပဲ မြင်ပါတယ်။

ဒါကြောင့်

Data field စလေ့လာနေပြီး

“ငါမသိတာတွေ အရမ်းများတယ်”

လို့ခံစားနေရရင်

အရမ်းမစိုးရိမ်ပါနဲ့။

ကျွန်တော်တို့လည်း
သင်နေကြတုန်းပါပဲ။




Data Analyst ဖြစ်ချင်တဲ့သူတွေကို False Hope မပေးချင်ဘူး။တောတော်များများက အောက်ကလိုမေးခွန်းလေးတွေမေးလာကြတော့။“Foreign com...
27/08/2026

Data Analyst ဖြစ်ချင်တဲ့သူတွေကို False Hope မပေးချင်ဘူး။

တောတော်များများက အောက်ကလိုမေးခွန်းလေးတွေမေးလာကြတော့။

“Foreign company တွေ Myanmar ကနေ relocate လုပ်မယ့်အစား Remote ခေါ်တာတွေရှိတယ်။ ဘယ်လိုမျိုးလူတွေကို ခေါ်တာများလဲ” တဲ့။

ဒီမေးခွန်းကိုကြည့်ပြီး စဉ်းစားမိတာတစ်ခုရှိတယ်။

အခု Data ပိုင်းကို စလေ့လာနေတဲ့သူတွေအတွက်
Remote Job / Foreign Company / Dollar Salary ဆိုတာ အရမ်း attractive ဖြစ်တယ်။

ဒါတွေ မဖြစ်နိုင်ဘူးလား?

ဖြစ်နိုင်တယ်။

ဒါပေမယ့် Power BI သင်တန်းတက်ပြီး Dashboard နှစ်ခု၊ သုံးခုဆောက်တတ်သွားတာနဲ့ Foreign Remote Job ရနိုင်ပြီလို့တော့ မပြောချင်ပါဘူး။

SQL ရေးတတ်တာ၊ Power BI သုံးတတ်တာ၊ Excel ကျွမ်းတာတွေက အရေးကြီးပါတယ်။

ဒါပေမယ့် အလုပ်ထဲရောက်လာတဲ့အခါ ကျွန်တော်မြင်လာတာက

Tool ကို ဘယ်လိုသုံးရမလဲထက်
ဘာကြောင့် သုံးနေရတာလဲဆိုတာ သိတဲ့သူက ပိုတန်ဖိုးရှိတယ်။

ဥပမာ Dashboard တစ်ခုဆောက်ပေးနိုင်တာက Skill တစ်ခုပါ။

ဒါပေမယ့်

ဒီ KPI က ဘာကြောင့် အရေးကြီးတာလဲ၊
ဒီ Number ပြောင်းသွားရင် Operation မှာ ဘာဖြစ်နိုင်လဲ၊
ဘယ် Stakeholder က ဘာကို သိချင်တာလဲ၊
Data ထဲက Problem ကို Business Action တစ်ခုအဖြစ် ဘယ်လိုပြောင်းမလဲ

ဆိုတာတွေက Tutorial ကြည့်ရုံနဲ့ ချက်ချင်းမရပါဘူး။

Business Understanding နဲ့ Operational Knowledge က အချိန်ယူပြီး တည်ဆောက်ရတာပါ။

Foreign Remote Job ဆိုရင်လည်း ပိုပြီး competitive ဖြစ်ပါတယ်။

ကိုယ်က Myanmar က Applicants တွေနဲ့ပဲ ပြိုင်နေတာမဟုတ်ဘူး။ တခြား Market တွေက Experience ရှိတဲ့သူတွေနဲ့ပါ တစ်နေရာအတွက် ပြိုင်နေရနိုင်တယ်။

ဒါကြောင့် Beginner တစ်ယောက်ကို

“၃ လလေ့လာ၊ Portfolio ဆောက်၊ Remote Job ရမယ်”

လို့ ကျွန်တော် မပြောချင်ဘူး။

အစား —

၃ လနဲ့ Foundation ကောင်းကောင်းတည်ဆောက်လို့ရတယ်။
ပြီးရင် Project နဲ့ Problem Solving ကိုတည်ဆောက်မယ်။
Business ကိုလေ့လာမယ်။
Communication ကိုတိုးမယ်။
Experience ကိုတစ်ဆင့်ချင်းယူမယ်။

ပြီးတော့ Opportunity ရောက်လာတဲ့အချိန်မှာ ကိုယ်က ready ဖြစ်နေအောင်လုပ်ရပါမယ်။

ဒီလမ်းက နည်းနည်းကြာနိုင်ပါတယ်။

ဒါပေမယ့် Career တစ်ခုတည်ဆောက်တာက Shortcut ရှာတာထက် ပိုတန်တယ်။

ကျွန်တော်လည်း သင်ပေးတဲ့အခါ
“ဒီသင်တန်းပြီးရင် အလုပ်ရမယ်” လို့ ဘယ်တော့မှ false hope မပေးပါဘူး။

အလုပ်ရဖို့ Guarantee မပေးနိုင်ဘူး။

ဒါပေမယ့် တကယ်အလုပ်ထဲရောက်တဲ့အခါ အသုံးဝင်မယ့် Skill နဲ့ Thinking ကိုတော့ သင်ပေးနိုင်ပါတယ်။

ကျွန်တော်ပေးချင်တာ False Hope မဟုတ်ဘူး။

Realistic Path တစ်ခုပါ။

Hypercare Class 6 လေးကိုကြေညာပေးချင်ပါတယ်။အတန်းတွေဖွင့်လာတာ Batch 6 ကိုရောက်လာပါပြီ။ ဒီအတန်းလေးက Data Analytics ကို စလေ့...
22/08/2026

Hypercare Class 6 လေးကိုကြေညာပေးချင်ပါတယ်။

အတန်းတွေဖွင့်လာတာ Batch 6 ကိုရောက်လာပါပြီ။

ဒီအတန်းလေးက Data Analytics ကို စလေ့လာမယ့် Beginner တွေလည်း တက်နိုင်ပါတယ်။

ဒီ Class ကို စတက်ဖို့ Power BI ကျွမ်းကျင်နေရမယ်၊ SQL ရေးတတ်နေရမယ်ဆိုတဲ့ requirement မရှိပါဘူး။

ဒါပေမယ့် Beginner ဖြစ်လို့ basic tool training မှာပဲ ရပ်သွားမယ့် Class မဟုတ်ပါဘူး။

Foundation ကနေ စပြီး gradually Corporate-level thinking အထိ တက်သွားဖို့ design လုပ်ထားပါတယ်။

Data Analyst’s Journey မှာ ကျွန်တော် အမြဲ share လုပ်လာတာက Tool တွေပဲ မဟုတ်ပါဘူး။

Learning journey, career transition, interview experience, rejection, skill gaps, corporate expectations နဲ့ တကယ်အလုပ်ထဲမှာ ဘယ်လို grow လုပ်ရလဲဆိုတာတွေကိုပါ မျှဝေလာခဲ့ပါတယ်။

အဲ့ဒါက ဒီ Class ရဲ့ unique point ပါ။

ကျွန်တော် ကိုယ်တိုင် UK Corporate Environment မှာ Data Analyst အနေနဲ့ စခဲ့ပြီး အခု BI Developer အနေနဲ့ အလုပ်လုပ်နေတာကြောင့် Class ထဲမှာ Theory သက်သက်ထက်

How the work is actually done

ကို ပို focus လုပ်ပါတယ်။

Beginner အနေနဲ့ဆိုရင် Power BI, SQL, Data Modelling, DAX နဲ့ Analysis Foundation ကို စနစ်တကျတည်ဆောက်မယ်။

အဲ့ဒီနောက်

Business problem ကို ဘယ်လို understand လုပ်မလဲ
Data ကို ဘယ်လို analyse လုပ်မလဲ
Insight ကို ဘယ်လို communicate လုပ်မလဲ
Business decision ကို ဘယ်လို support လုပ်မလဲ

ဆိုတဲ့ end-to-end thinking ကို လေ့ကျင့်သွားမှာပါ။

တကယ်အလုပ်ထဲမှာ Stakeholder တွေက

What is happening?
Why is it happening?
What should we do next?

ဆိုတာတွေကို ပိုမေးကြပါတယ်။

ဒါကြောင့် ဒီ Class ရဲ့ goal က

“I am new to Data Analytics”

ကနေ

“I understand how a professional Data Analyst approaches a business problem”

ဆိုတဲ့ level ကို ရောက်လာဖို့ပါ။

Beginner ဖြစ်လည်း တက်လို့ရပါတယ်။

အရေးကြီးတာက learn, practise, think and improve လုပ်ဖို့ ready ဖြစ်နေရုံပါပဲ။

Start from the foundation.
Learn with real-world context.
Think like a professional.

Oct 4 ရက်နေ့စမှာဖြစ်ပြီး

Zoom ကနေ Every Sunday
🇬🇧 Time 12:00 pm
🇲🇲 Time 5:30 pm ပါ။

သင်တန်းတစ်ချိန်ပြီးတိုင်း recording လည်းတင်ပေးထားမှာဖြစ်ပါတယ်။

သင်တန်းကြေးလေးကတော့ ၆သိန်း၅သောင်းကျပ်ဖြစ်ပြီး

£ နဲ့ပေးသွင်းချင်သူတွေကတော့ £120 ပါ။

သင်တန်းက knowledge တွေအပြင် life time mentor ပါရရှိမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အတန်းလေးပါ။

Registration အတွက် Page Messenger မှာ ဆက်သွယ်
နိုင်ပါတယ်။


**ဒီ Dashboard တွေကို ကျွန်တော်ဆောက်ထားတာ မဟုတ်ပါဘူး။ကျွန်တော့် Students တွေဆောက်ထားတာပါ။ ❤️**Class စတုန်းက Beginner Lev...
17/08/2026

**ဒီ Dashboard တွေကို ကျွန်တော်ဆောက်ထားတာ မဟုတ်ပါဘူး။
ကျွန်တော့် Students တွေဆောက်ထားတာပါ။ ❤️**

Class စတုန်းက Beginner Level ကနေ စခဲ့ကြတဲ့သူတွေပါ။

အခု Class ကလည်း ပြီးခါနီးလာပြီ။

နောက်ဆုံး Project တွေ၊ Dashboard တွေကို ကြည့်ရင်း
Trainer တစ်ယောက်အနေနဲ့ တကယ် Proud ဖြစ်မိတယ်။

ဒါပေမယ့် ကျွန်တော် Proud ဖြစ်တာက

**Dashboard လှလာလို့တင် မဟုတ်ပါဘူး။**

ကျွန်တော်သင်ပေးချင်တာက
Power BI button ဘယ်မှာရှိလဲ၊
Chart ဘယ်လိုထည့်ရလဲ၊
SQL Syntax ဘယ်လိုရေးရလဲ…

ဒီလောက်နဲ့ မပြီးဘူး။

ကျွန်တော် အမြဲ Focus လုပ်တာက

**“How to think like an Analyst?”**

ဆိုတဲ့အပိုင်းပါ။

Power BI မှာဆိုရင်…

Business က ဘာသိချင်တာလဲ?
ဘယ် KPI က အရေးကြီးဆုံးလဲ?
ဘာကို Summary ပြမလဲ?
ဘာကို Deep Dive လုပ်မလဲ?
ဘယ် Visual က ဒီ Question ကို အကောင်းဆုံးဖြေပေးနိုင်လဲ?
Dashboard တစ်ခုလုံးကို Story တစ်ခုလို ဘယ်လိုစီမလဲ?

ဒီလို Thinking နဲ့ စသင်တယ်။

SQL မှာလည်း အတူတူပါပဲ။

ကျွန်တော်က

**“ဒီ Query ကို ဒီလို Copy လုပ်ရေးပါ”**

ဆိုပြီး မသင်ချင်ဘူး။

အရင်ဆုံး Problem ကို ခွဲတယ်။

ဘာ Data လိုလဲ?
ဘယ် Table ကယူရမလဲ?
Tables တွေကို ဘယ်လို Join လုပ်မလဲ?
Filter ကို ဘယ်နေရာမှာလုပ်မလဲ?
Aggregation လိုသလား?
Step by step ဘယ်လို Logic ဆောက်မလဲ?

ပြီးမှ Query ကို ရေးတယ်။

ကျွန်တော့်အတွက် SQL သင်တာက Syntax မှတ်ခိုင်းတာမဟုတ်ဘူး။

**Logical Thinking ကို Train လုပ်ပေးတာပါ။**

Syntax ကို Google မှာရှာလို့ရတယ်။
AI ကိုလည်း မေးလို့ရတယ်။

ဒါပေမယ့်…

**ကိုယ်ဘာလိုချင်တာလဲ မသိရင်
AI ကိုတောင် ဘာမေးရမလဲ မသိဘူး။**

ဒါကြောင့် Class မှာ

Power BI သင်တယ်။
SQL သင်တယ်။
Data Modelling သင်တယ်။

ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးရဲ့အောက်မှာ
ကျွန်တော် တကယ်သင်ပေးချင်တာက

**Problem Solving + Analytical Thinking + Logical Thinking** ပါ။

ဒီ Dashboard တွေကို ကြည့်တဲ့အခါ
Colour လှတာ၊ Visual ကောင်းတာထက်

**“Student တစ်ယောက်က Business Question ကို ကိုယ်တိုင်စဉ်းစားပြီး ဒီ Report ကို Build လုပ်လာနိုင်ပြီ”**

ဆိုတာကို မြင်ရတာ ပိုပျော်တယ်။

အခု Batch ကလည်း ပြီးခါနီးလာပြီဆိုတော့…

**Next Batch Hyper Care 6 ကို မကြာခင် စဖွင့်တော့မယ်။**

Data Analytics ကို Zero ကနေ စချင်တဲ့သူ၊
Power BI ကို Dashboard ဆောက်တတ်ရုံမဟုတ်ဘဲ နားလည်ချင်တဲ့သူ၊
SQL ကို Query အလွတ်မှတ်တာမဟုတ်ဘဲ Logic နဲ့ရေးတတ်ချင်တဲ့သူ၊
Data Analyst Career ကို စတင်ချင်တဲ့သူတွေအတွက်ပါ။

**Beginner ဖြစ်နေတာ Problem မဟုတ်ပါဘူး။**

အရေးကြီးတာက

**အစကတည်းက မှန်ကန်တဲ့ Thinking နဲ့ စလေ့လာဖို့ပါ။**

Next Batch details ကို မကြာခင် တင်ပေးပါမယ်။

Interested ဖြစ်ရင် **“Next Batch”** လို့ Comment ထားခဲ့လို့ရပါတယ်။
Details ထွက်တဲ့အခါ ပြန်ပြောပေးပါမယ်။

**From learning tools → to learning how to think.**

Data Analysis လေ့လာနေတုန်း AI ကို မေးရတာ မရှက်ပါနဲ့။Guilty လည်း မဖြစ်ပါနဲ့။ChatGPT ကို SQL မေးတယ်။DAX မေးတယ်။Power Query...
16/08/2026

Data Analysis လေ့လာနေတုန်း AI ကို မေးရတာ မရှက်ပါနဲ့။
Guilty လည်း မဖြစ်ပါနဲ့။

ChatGPT ကို SQL မေးတယ်။
DAX မေးတယ်။
Power Query မေးတယ်။
Error တက်ရင် Copy လုပ်ပြီး မေးတယ်။

တစ်ချို့လူတွေက အဲ့လိုလုပ်ရင်

“ကိုယ်တိုင်မတတ်ဘူးလား?”
“AI ပဲအားကိုးနေမိတာလား?”

ဆိုပြီး ကိုယ့်ကိုယ်ကို Guilty ဖြစ်တတ်ကြတယ်။

ကျွန်တော့်အမြင်ကတော့—

AI သုံးတာ Problem မဟုတ်ဘူး။
AI ပြောတာကို နားမလည်ဘဲ Copy-Paste လုပ်တာကမှ Problem ဖြစ်နိုင်ပါတယ်။

ဥပမာ SQL မှာ

AI ကို

ဒီ Query ရေးပေး

လို့မေးလို့ရတယ်။

ဒါပေမယ့် Query ပြန်ရလာတဲ့အခါ

ဘာကြောင့် ဒီ JOIN သုံးတာလဲ?
ဘာကြောင့် WHERE ဒီနေရာမှာထားတာလဲ?
GROUP BY ဘာကြောင့်လိုတာလဲ?
Window Function ကို ဘာကြောင့်သုံးတာလဲ?

ဆိုတာ ကိုယ်ပြန်မေးနိုင်ရမယ်။

အဲ့ဒီအချိန်မှာ AI က

Answer Machine မဟုတ်တော့ဘူး။
Tutor တစ်ယောက်ဖြစ်လာတယ်။

Power BI မှာလည်း အတူတူပဲ။
DAX Measure တစ်ခုမရရင် AI ကိုမေးလို့ရတယ်။

ဒါပေမယ့် Formula ရသွားတာနဲ့ မပြီးဘူး။

Filter Context ဘယ်လိုအလုပ်လုပ်လဲ?
ဒီ Measure က ဘာကြောင့် ဒီ Result ထွက်တာလဲ?
Context ပြောင်းသွားရင် Result ဘာဖြစ်မလဲ?

အဲ့လိုပြန်နားလည်ဖို့ ကြိုးစားရမယ်။

AI ကို သုံးတာက
ကိုယ်မတတ်တာကို ဖုံးထားဖို့မဟုတ်ဘူး။

ကိုယ်တတ်လာတဲ့ Speed ကို မြန်အောင်လုပ်ဖို့ပါ။

အရင်က Error တစ်ခုတက်ရင်
Google မှာ 10 မျက်နှာလောက် လိုက်ဖတ်ရနိုင်တယ်။

အခုတော့ AI ကို

“ဒီ Error ဘာကြောင့်ဖြစ်တာလဲ? Beginner တစ်
ယောက်နားလည်အောင်ရှင်းပြပါ”

လို့ မေးလို့ရတယ်။

ပြီးတော့

“Example တစ်ခုနဲ့ပြပါ”
“ဒီ Logic ကို Step by Step ခွဲပေးပါ”
“Alternative Solution ရှိလား?”

ဆိုပြီး ဆက်မေးလို့ရတယ်။

ဒီလိုသုံးတတ်ရင် AI က Shortcut မဟုတ်ဘူး။

Learning Accelerator ဖြစ်သွားတယ်။

တကယ်တော့ Data Analyst တစ်ယောက်ရဲ့ Value က

SQL Syntax အားလုံး အလွတ်မှတ်ထားတာမဟုတ်ဘူး။

DAX Function အားလုံးကို မှတ်မိနေတာလည်းမဟုတ်ဘူး။

အရေးကြီးတာက—

Business Problem ကို နားလည်နိုင်တာ။
ဘယ် Data လိုလဲ သိတာ။
Logic ကို ခွဲစဉ်းစားနိုင်တာ။
Result မှန်မမှန် Validate လုပ်နိုင်တာ။

AI က ဒီအပိုင်းတွေကို အစားထိုးပေးလို့မရသေးဘူး။

ဒါကြောင့် ကျွန်တော် Student တွေကိုလည်း

AI မသုံးနဲ့ လို့ ဘယ်တော့မှ မပြောဘူး။

တကယ်တော့…

သုံးပါ။
အများကြီးသုံးပါ။
ဒါပေမယ့် Question ကောင်းကောင်းမေးတတ်အောင် သင်ပါ။
Answer ကိုလည်း Challenge လုပ်တတ်အောင် သင်ပါ။

AI ကို

“ကိုယ့်အစားစဉ်းစားပေး”

လို့မသုံးဘဲ

“ကိုယ့် Thinking ကို ပိုကောင်းအောင် ကူညီပေး”

ဆိုတဲ့ပုံစံနဲ့ သုံးပါ။

အခုခေတ်မှာ AI မသုံးဘဲ Data Analyst ဖြစ်ဖို့ ကြိုးစားတာထက်

AI ကိုမှန်မှန်သုံးတတ်တဲ့ Data Analyst ဖြစ်လာဖို့ ပိုအရေးကြီးလာပြီလို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့်…

AI ကို မေးရတာ မရှက်ပါနဲ့။
မတတ်တာကို မေးတာ Weakness မဟုတ်ဘူး။
နားမလည်ဘဲ ယုံလိုက်တာကမှ Risk ပါ။

Use AI.

But keep your brain switched on.

Solution Architect position တစ်ခုကို Final Interview အထိ ရောက်ခဲ့ဖူးတယ်။ဒါပေမယ့်…အဲ့ဒီအချိန်မှာ ကျွန်တော့်မှာ အလုပ်တောင်...
12/08/2026

Solution Architect position တစ်ခုကို Final Interview အထိ ရောက်ခဲ့ဖူးတယ်။

ဒါပေမယ့်…

အဲ့ဒီအချိန်မှာ ကျွန်တော့်မှာ အလုပ်တောင် မရှိသေးဘူး။
SQL လည်း ကောင်းကောင်းမတတ်သေးဘူး။ 😅

Career ကို စပြီးတည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။

Job applications တွေလျှောက်တယ်။
Interview ရရင် ပြင်ဆင်တယ်။
မရရင် နောက်တစ်ခုထပ်လျှောက်တယ်။

အဲ့ဒီလိုနဲ့ Solution Architect position တစ်ခု Interview ရလာခဲ့တယ်။

အစကတော့ Final Stage အထိ ရောက်မယ်လို့တောင် မထင်ခဲ့ဘူး။

ဒါပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ကျော်လာပြီး
နောက်ဆုံး Final Interview အထိ ရောက်သွားတယ်။

ကိုယ့်ဘက်ကလည်း…

“ဒီတစ်ခါတော့ ရနိုင်မလား?”

ဆိုပြီး Hope တော်တော်ရှိခဲ့တယ်။

ဒါပေမယ့် Interview တွေ ပိုနက်လာတဲ့အချိန်မှာ
ကိုယ့်မှာ လိုနေတဲ့အရာတွေကိုလည်း ပိုမြင်လာရတယ်။

အထူးသဖြင့်…

SQL နဲ့ Technical Knowledge။

အဲ့ဒီအချိန်မှာ ကျွန်တော်သိလိုက်တာတစ်ခုရှိတယ်။

Job Description တစ်ခုမှာ Tool တစ်ခုရေးထားလို့
အဲ့ဒီ Tool ရဲ့ Basic ကိုသိရုံနဲ့ မလုံလောက်ဘူး။

SQL ဆိုလည်း Query တစ်ခုနှစ်ခုရေးတတ်ရုံမဟုတ်ဘူး။

Data ဘယ်လိုချိတ်ဆက်ထားလဲ၊
Tables တွေကြား Relationship ဘယ်လိုရှိလဲ၊
JOIN တစ်ခုမှားသွားရင် Result ဘာဖြစ်နိုင်လဲ၊
Business Problem တစ်ခုကို Data နဲ့ ဘယ်လိုဖြေရှင်းမလဲ…

ဒီလို Thinking က ပိုအရေးကြီးတာကို သိလာတယ်။

နောက်ဆုံးတော့ အဲ့ဒီအလုပ်ကို မရခဲ့ဘူး။

အဲ့ဒီအချိန်ကတော့ တော်တော်စိတ်မကောင်းဖြစ်တာပေါ့။

အလုပ်လည်းမရှိသေးတဲ့အချိန်၊
Final Interview အထိလည်း ရောက်ပြီးသားဆိုတော့…

နည်းနည်းလေးပဲ လိုတော့တယ်လို့ ခံစားရတာက ပိုနာတယ်။

ဒါပေမယ့် အခု ပြန်ကြည့်တဲ့အချိန်မှာ
အဲ့ဒီ Interview က ကျွန်တော့်အတွက် တန်ဖိုးအရမ်းရှိတယ်။

ဘာလို့လဲဆိုတော့—

ကိုယ်မတတ်သေးတာကို ရှက်ဖို့မဟုတ်ဘဲ
နောက်ဘာသင်ရမလဲဆိုတာ သိအောင်လုပ်ပေးခဲ့လို့။

အဲ့ဒီနောက်ပိုင်း SQL ကို ပို Serious လုပ်ခဲ့တယ်။

Syntax တွေကို အလွတ်မှတ်နေတာထက်
“ဒီ Problem ကို ဘယ်လိုဖြေရှင်းမလဲ?” ဆိုပြီး လေ့လာလာတယ်။

တဖြည်းဖြည်းနဲ့ Technical Skills တွေကို တစ်ခုချင်း Build လုပ်ခဲ့တယ်။

SQL.
Power BI.
Data Modelling.
Problem Solving.

ပြီးတော့ အချိန်တစ်ခုကြာတဲ့အခါ…

တစ်ချိန်က အလုပ်တောင်မရှိခဲ့တဲ့ ကျွန်တော်က
Data Analyst ဖြစ်လာတယ်။
နောက်တော့ BI Developer ဖြစ်လာတယ်။

အဲ့ဒီ Journey ကို ပြန်ကြည့်ရင် ကျွန်တော်သင်ယူခဲ့တာက—

ကိုယ်အခုမတတ်သေးတာက Problem မဟုတ်ဘူး။

မတတ်တာကို သိပြီးတဲ့နောက်
ဘာမှမလုပ်ဘဲနေတာကပဲ Problem ဖြစ်နိုင်တယ်။

တစ်ခါတလေ Rejection က
Door ပိတ်သွားတာမဟုတ်ဘူး။

ကိုယ်ဖွင့်ရမယ့် နောက်တံခါးအတွက်
ဘာ Key လိုနေသေးလဲဆိုတာ ပြပေးတာလည်း ဖြစ်နိုင်တယ်။ ❤️

အယောက် ၂၀၀ ကျော်လျှောက်တဲ့အလုပ်မှာ ဒုတိယအကောင်းဆုံး Candidate ဖြစ်ခဲ့တယ်။ဒါပေမယ့်…အလုပ်တော့ မရခဲ့ဘူး။ဒီ Feedback ရတဲ့အချ...
10/08/2026

အယောက် ၂၀၀ ကျော်လျှောက်တဲ့အလုပ်မှာ ဒုတိယအကောင်းဆုံး Candidate ဖြစ်ခဲ့တယ်။

ဒါပေမယ့်…

အလုပ်တော့ မရခဲ့ဘူး။

ဒီ Feedback ရတဲ့အချိန်မှာ
ဝမ်းသာရမလား၊ စိတ်ညစ်ရမလားတောင် မသိဘူး ။

နှမြောမိတာဆိုရင်ပို မှန်မယ်ထင်ပါတယ်။

Final Interview အထိရောက်ခဲ့တယ်။

Feedback ကလည်း ကောင်းတယ်။

ဒါပေမယ့် နောက်ဆုံးပြောသွားတာက

“You were our second-best candidate, but the other candidate had more experience.”

ကိုယ်ကတော့ Experience ကို ချက်ချင်းသွားဝယ်လို့လည်း မရဘူး။

ဒါနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်တယ်။

“ကိုယ် ဘာကို Control လုပ်လို့ရလဲ?”

Experience နည်းတာကို ချက်ချင်းပြောင်းလို့မရဘူး။

ဒါပေမယ့်
SQL ပိုကောင်းလာအောင် လုပ်လို့ရတယ်။
Power BI ပိုကောင်းလာအောင် လုပ်လို့ရတယ်။
Technical skill ပိုတိုးလာအောင် လုပ်လို့ရတယ်။

ဒါကြောင့် Result ကိုလိုက်ပြီး စိတ်ပူနေတာထက်
ကိုယ်ပြောင်းလဲလို့ရတဲ့အရာတွေကိုပဲ Focus လုပ်ခဲ့တယ်။

အဲ့ဒီဆုံးဖြတ်ချက်သေးသေးလေးကနေ
နောက်ပိုင်း Data Analyst ကနေ BI Developer ဖြစ်လာတဲ့အထိ အများကြီးပြောင်းလဲသွားခဲ့တယ်။

တစ်ခါတလေ Rejection က “မင်းမကောင်းဘူး” လို့ပြောတာမဟုတ်ဘူး။

“ကိုယ် Next Level တက်ဖို့ ဘာလိုနေသေးလဲ” ဆိုတာ ပြပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

Hope you guys find it useful.

တစ်ခါတစ်လေ ကိုယ်လုပ်ပေးလိုက်တဲ့အရာလေးတစ်ခုကတခြားလူတစ်ယောက်အတွက် ဘယ်လောက်အထောက်အကူဖြစ်သွားလဲဆိုတာကိုယ်တိုင်တောင် မသိလိုက်...
08/08/2026

တစ်ခါတစ်လေ ကိုယ်လုပ်ပေးလိုက်တဲ့အရာလေးတစ်ခုက
တခြားလူတစ်ယောက်အတွက် ဘယ်လောက်အထောက်အကူဖြစ်သွားလဲဆိုတာ
ကိုယ်တိုင်တောင် မသိလိုက်ပါဘူး။

ဒီနေ့တော့ ဒီ recommendation လေးတွေ့ပြီး
တော်တော်ဝမ်းသာမိပါတယ်။

Data Analyst’s Journey ကို စလုပ်ခဲ့တုန်းက

အဓိကရည်ရွယ်ချက်က
ကိုယ်သိထားတာတွေ share ပေးချင်တာပါ။

ဘာလို့လဲဆိုတော့

ကျွန်တော် career စပြောင်းတုန်းကလည်း

ဘယ်ကစရမလဲ
ဘာတွေသင်ရမလဲ
CV ကိုဘယ်လိုပြင်ရမလဲ
UK မှာ Data career ကိုဘယ်လိုဝင်ရမလဲ

ဆိုတာတွေကို ကိုယ့်ဘာသာ လိုက်ရှာခဲ့ရပါတယ်။

Internet မှာ information တွေက အများကြီးရှိပါတယ်။

ဒါပေမယ့်

Information မရှိတာထက်
ကိုယ့်အခြေအနေအတွက် ဘာလုပ်သင့်လဲမသိတာက ပိုခက်ပါတယ်။

ဒါကြောင့် One-to-One consultation လုပ်တဲ့အခါ

လူတိုင်းကို

“SQL သင်ပါ”
“Power BI သင်ပါ”

ဆိုပြီး တစ်ပုံစံတည်း မပြောချင်ပါဘူး။

သူ့ရဲ့ background ဘာလဲ

လက်ရှိ skill set ဘယ်လောက်ရှိလဲ

ဘယ် career ကိုသွားချင်လဲ

ဘာတွေလိုနေသေးလဲ

အဲ့ဒါတွေကို အရင်ကြည့်ပြီးမှ
ကိုယ်သိသလောက် direction ပေးပါတယ်။

ကျွန်တော့်အတွက်တော့

လူတစ်ယောက်ကို အရာအားလုံးသင်ပေးနိုင်ဖို့ထက်

သူ့ဘာသာ ဆက်သွားနိုင်မယ့် direction တစ်ခုရသွားအောင် ကူညီပေးနိုင်တာက ပိုအရေးကြီးပါတယ်။

တစ်ချိန်တည်းမှာလည်း

ကျွန်တော်ပြောတာအကုန်မှန်တယ်လို့ မယူဆစေချင်ပါဘူး။

Career တစ်ခုမှာ လမ်းကြောင်းတစ်ခုတည်း မရှိပါဘူး။

ကျွန်တော်ကတော့

ကိုယ်ကြုံခဲ့တာ
ကိုယ်မှားခဲ့တာ
UK Data Industry မှာ ကိုယ်မြင်နေရတာ

ဒါတွေကိုပေါင်းပြီး
ကိုယ်သိသလောက် share ပေးတာပါ။

အခုလို recommendation လေးတွေ ပြန်တွေ့ရတဲ့အခါ

ကိုယ်အချိန်ပေးခဲ့တာလေးက
တစ်ယောက်ယောက်အတွက် အသုံးဝင်သွားတယ်ဆိုတာ သိရလို့

ဆက်လုပ်ဖို့ motivation တစ်ခုဖြစ်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ကိုယ်တိုးတက်ဖို့ ကြိုးစားနေရင်း
တတ်နိုင်သလောက် တခြားသူတွေကိုပါ ခေါ်သွားနိုင်ရင်
Journey က ပိုအဓိပ္ပါယ်ရှိပါတယ်။




Address

United Kimgdom
Nottingham

Website

Alerts

Be the first to know and let us send you an email when Data Analyst's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share