04/02/2024
နိုင်ငံခြားကျောင်းသားတွေအတွက် UK Fully-funded
PhD ပါရဂူဘွဲ့ scholarships ၊ fully funded
Masters+PhD ပူးတွဲ scholarships
ကျွန်တော်က မန်ချက်စတာ တက္ကသိုလ်မှာ ပညာရေး
ပါရဂူဘွဲ့ (PhD in Education) လုပ်နေတဲ့ ပါရဂူ
ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်
ကျွန်တော်က UK က စီးပွါးရေး နှင် လူမှုရေး
သုတေသနကောင်စီ (Economic and Social
Research Council )၊ အနောက်မြောက် လူမှုသိပ္ပံပါရဂူသင်ကြားမှုဠာန (Social Science Doctoral Training Centre) နဲ့ မန်ချက်စတာတက္ကသိုလ် တို့ပူးပေါင်းပေးထားတဲ့ Full Masters+ PhD scholarship ရရှိထားသူဖြစ်ပါတယ်
2020 UK မှာ Brexit ဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြားသားကျောင်းသားတွေ ဒီ PhD၊ Masters+ PhD scholarships တွေ လျှောက်ဖို့ ခွင့်ပြုထားတာ ဖြစ်တယ် ဒီ link မှာပိုဖတ်လို့ရပါတယ် https://www.ukri.org/apply-for-funding/studentships-and-doctoral-training/
ဒီ scholarships က သုတေသန research ဘက်ကို အရမ်းစိတ်ဝင်စားတဲ့ လူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ် Undergrad (with research experience) ပြီးသွားတဲ့လူတွေက Masters+PhD လျှောက်လို့ရပြီး Masters (research) ပြီးသွားတဲ့ လူတွေက PhD scholarships လျှောက်လို့ရပါတယ်
UK မှာရှိတဲ့ သုတေသနကောင်စီ ခုနှစ်ခုက ဒီ Scholarships တွေ တစ်နှစ်ကို 8000 နီးပါးခေါ်ပါတယ် 30% က တစ်ကမ္ဘာလုံးက နိုင်ငံခြားကျောင်းသားတွေအတွက်ဖြစ်ပါတယ် ဒါကြောင့် ဒီ scholarships က competitive တော့ဖြစ်ပါတယ် သုသေတနကောင်စီတွေက တက္ကသိုလ်တွေ ၊ပါရဂူ training centre နဲ့ပူးပေါင်းပြီး သူတို့specialised ထားတဲ့ဘာသာရပ်အလိုက် ပေးကြပါတယ်
ဥပမာအနေနဲ့ ကျွန်တော့်ပညာရေးနယ်ပယ်အတွက် လျှောက်ထားတဲ့ နေရာကို ဒီ link မှာ ကြည့်လို့ရပါတယ် https://nwssdtp.ac.uk/how-to-apply/
scholarship ကောာင်းကျိုး
1. Fully funded ( Tuition Fees + living stipend)
2. 3 years Graduate visa ( ဘွဲ့ရပြီး သုံးနှစ်ဆက်နေခွင့်)
3. သုတေသနမှာလိုအပ်တဲ့ Conference ၊ fieldwork ကြေးတွေလည်းရပါတယ်
လျှောက်တဲ့အခါကျရင် Research Proposal တော်တော်ကောင်းကောင်းလေးလိုအပ်ပါတယ် ဒါကြောင့် ကိုယ် PhD တက်ချင်တဲ့ တက္ကသိုလ်က ဆရာ/မ တွေကို အရင်ဆက်သွယ်ပြီး လျှောက်ချင်တဲ့ scholarshipနဲ့ကိုက်ညီတဲ့ proposalရေးဖို့တိုင်ပင်ရင်ပိုကောင်းပါတယ်
UK မှာကျောင်းလာတက်တာ ဆိုးကျိုးကောင်းကျိုးနှစ်ခုစလုံးရှိပါတယ် ဒါပေမဲ့ ကျွန်တော့်ကို နိုင်ငံမျိုးစုံက နိုင်ငံခြားသားကျောင်းသားတွေ လာမေးနေကြလို့ အခုလို မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် share ပေးလိုက်တာပါ
ဆက်သိချင်တာရှိရင် စာပို့မေးလို့ရပါတယ်
Photo - Oxford တက္ကသိုလ်က ကျင်းပတဲ့ UKFIET conference မှာ ကျွန်တော့် Masters research ကိုတင်ပြနေစဉ်က ဖြစ်ပါတယ်