14/05/2026
English Version Below:
အညာမြေ နှင့် တောင်ပေါ်တောင်ခြေမှ ဆရာ၊ဆရာမ များအတွက် ပညာလည်းကူ၊ ကိုယ်လည်းယူ။
မတည်ငြိမ်မှုတွေကြားမှာ ကလေးတစ်ယောက်ရဲ့ စာသင်ခန်းဟာ ဘယ်နေရာမှာ ဖြစ်နိုင်မလဲ?
အညာမြေက ထနောင်းပင်ရိပ်အောက်မှာလား၊ ဒါမှမဟုတ် တောင်ပေါ်ဒေသက ဝါးတဲလေးထဲမှာလား။ စာသင်ကျောင်းတွေဟာ အရင်လို အေးချမ်းတဲ့ ရိပ်မြုံတစ်ခု မဟုတ်တော့တဲ့အခါ ကလေးတွေအတွက် "အနာဂတ်" ဆိုတာ ဝေဝါးလာခဲ့ပါတယ်။
စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဒီလိုကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေအတွက် Hi Burma မှ Homeschooling Programme တွေကို အားကောင်းမောင်းသန် အကောင်အထည်ဖော်လျှက်ရှိပါတယ်။
Homeschooling ဆိုတာကတာ့ ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ ကလေးများကို ရပ်ရွာမှာရှိတဲ့ စာပေသင်ကြားနိုင်သူများကနေ အဆင်ပြေတဲ့ နေရာလေးတွေမှာ အချိန်ပိုင်း ပရဟိတ စာသင်ပေးတာကို ဆိုလိုတာပဲဖြစ်ပါတယ်။ Hi Burma မှ ကလေးများ ဆက်လက်ပညာသင်ကြားနိုင်ရေး အတွက် ပရဟိတ ဆရာ၊ဆရာမများကိုလစဥ်ထောက်ပံ့ပေးခြင်း၊ သင်ကြားရေးဆိုင်ရာ အသိပညာများ ပို့ချပေးခြင်း၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းများကို လုပ်ကိုင်လျက်ရှိပါတယ်။
Hi Burma မှ Homeschooling ထောက်ပံ့မှု တွေကို မြို့ပြထက် ပိုမိုခက်ခဲပြီး အလှမ်းဝေးတဲ့ အညာမြေပြန့်နဲ့ တောင်ပေါ်ဆီက ကျေးလက်ဒေသတွေဆီမှ Homeschooling centre အများအပြားကို ဝေဝေဆာဆာ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။
ဆက်လက်ပြီး Hi Burma နဲ့ အတူ အနာဂတ် မျိုးဆက်သစ် တွေကို ဆက်လက်ပျိုးထောင်နိုင်ဖို့ရာ ဒီ programme ရဲ့ ဆရာတစ်ယောက်အနေနဲ့ ပါ၀င်လိုပါက အောက်ပါ link ကနေ တဆင့် ၃၁ ရက်နေ့ မေလ ၂၀၂၆ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
လျှောက်လွှာ ဖောင် လင့်: http://tiny.cc/HomeschoolingProgramme
Supporting Educators from Rural Areas and Mountain Foothills — Providing Education, Giving Hope
Amid political and social instability, where can a child’s classroom truly exist?�In the shade of a Hta Naun tree in a rural area? Or inside a small bamboo hut in a mountainous region? As schools are no longer the peaceful shelters they once were, the future of our children has become increasingly uncertain.
During such a challenging time experiencing widespread difficulties, Hi Burma has been actively implementing Homeschooling Programmes for children who for various reasons have been denied access to education.
Homeschooling, in this context, refers to volunteer teachers and educated community members providing part-time educational input and support to children in convenient, safe local spaces. To ensure that children can continue learning, Hi Burma provides a monthly stipend to volunteer teachers, shares learning and teaching knowledge and supplies stationery and teaching materials.
In particular, Hi Burma’s homeschooling support involves serving many learning centres located in remote rural areas across the country, especially in mountainous regions that are far more difficult to reach than urban areas.
Hi Burma is currently recruiting volunteers, so if you would like to join our programme as a homeschooling teacher and help nurture and nourish the next generation with us, we are pleased to announce that applications are open. Interested applicants may apply through the link below no later than 31st May 2026.
Application Form Link: http://tiny.cc/HomeschoolingProgramme