25/08/2025
Physician တွေ အတွက် Point of Care Ultrasound (POCUS)
Acute Medicine ကို စိတ်ဝင်စားတဲ့ ဆရာဝန်တွေအတွက် September 22နဲ့ 23 မှာ Manchester မှာ ကျင်းပမယ့် SAM (Society of acute medicine) Conference registration ဖွင့်နေပါပြီ။
Conference နဲ့ အတူ Point of care Ultrasound training workshop လည်း ပါမှာပါ။
အောက်က registration link မှာ register လုပ်လို့ရပါတယ်။
https://www.acutemedicine.org.uk/sam-events/
ပထမဆုံးအနေနဲ့ Point of care Ultrasound ဆိုတာ radiologist / Sonographer မဟုတ်တဲ့ Physician တွေအတွက် accreditation ပါ။
Emergency medicine နဲ့ Acute Medicine training curriculum မှာ Skill တစ်ခုအနေနဲ့ပါပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ clinician တွေအနေနဲ့ bedside မှာ Clinical diagnosis ကို မြန်မြန်ရပြီး တန်း treatment ပေးနိုင်ဖို့ပါ။ ပုံမှန် Ultrasound လိုမျိုး diagnosis ကိုရှာတာမဟုတ်ဘဲ ကိုယ်က DVT ထင်ရင် bedside မှာ Ultrasound ထောက်ကြည့်ပြီး Ultrasound မှာ DVT feature တွေ့ရင် တန်း treatment စနိုင်အောင်လို့ပါ။ မတွေ့ရင်တော့ diagnosis ကို Rule out မလုပ်နိုင်ပါဘူး။
Society of Acute medicine ရဲ့ FAMUS (focused Acute Medicine Ultrasound) competency ပြီးထားရင်
NHS မှာ Clinician အနေနဲ့ indepedent Ultrasound ထောက်ပြီး ကုသခွင့်ရှိပါတယ်။
FAMUS accreditated physician အနေနဲ့ Practice လုပ်ချင်ရင်တော့ အဆင့် ၄ ဆင့်ရှိပါတယ်။
1. ပထမဆုံး theory အတွက် E learning ကို အရင် complete လုပ်ရပါမယ်။
2. FAMUS approved course တစ်ခုခု တက်ရပါမယ်။
3. Supervisor ရဲ့ under supervision မှာ သတ်မှတ်ထားတဲ့ scan အရေအတွက်တစ်ခု ပြည့်အောင် ထောက်ရပါမယ်။
4. Assessment အနေနဲ့ ကိုယ့်ရဲ့ Logbook/report sheet ကို supervisorဆီတင်ရပါမယ်။
FAMUS program အတွက် Hospital တော်တော်များများမှာ Supervisor တွေရှိပါတယ်။ SAM FAMUS Website မှာ contact detail ကို ရှာလို့ရပါတယ်။
FAMUS accreditation မှာ က
1. Thoracic module
2. Abdominal/renal module
3. DVT/peripheral vascular module ဆိုပြီး ရှိပါတယ်။
အောက်မှာ ဘယ် Module မှာ ဘာတွေပါလဲဆိုတာ ပုံနဲ့ တကွတင်ပေးထားပါတယ်။
Module တွေက Standalone ဖြစ်ပြီး ကိုယ်စိတ်ဝင်စားတဲ့ module တစ်ခုတည်းကိုပဲ accredit လုပ်လို့ရပါတယ်။
FAMUS accreditation က Supervisor သာ ရှာတွေ့ရင် တကယ် doableပါ။
ကျွန်တော့်ရဲ့ personal အမြင်အရဆိုရင်တော့ medicine စိတ်ဝင်စားရင်/ training လျှောက်ချင်ရင်/IMT or HST (acute med) ဆိုရင် တက်ကို တက်သင့်ပါတယ်။
ခုနောက်ပိုင်းမှာ Ultrasound ဆိုတာ clinician တွေအတွက် like a stethoscope လို့တောင် ပြောလာကြပါပြီ။
ကျွန်တော့်အနေနဲ့ ကံကောင်းတာကတော့ FAMUS Course Program Director အဖွဲ့ဝင် Acute Medicine Consultant တစ်ယောက်နဲ့ အတူ အလုပ်လုပ်ခွင့်ရခဲ့တာ ဖြစ်ပြီး POCUS ရဲ့ အသုံးဝင်ပုံကို လက်တွေ့ မြင်ဖူးခဲ့ရပါတယ်။
ဥပမာ- Patient တစ်ယောက်က AKI ရရင် တစ်ခါတည်း bedside မှာ Ultrasound ထောက်ပြီး ၅ မိနစ်အတွင်း Hydronephrosis ရှိလား၊ Bladder distension ရှိနေသလား ဆိုပြီး obstructive cause ကို rule out တန်းလုပ်လို့ရပါတယ်။
အဲ့ဒီလိုပဲ Short of breath နဲ့လာရင်လည်း Effusion လား၊ Pneumonia/consolidationလား၊ Pulmonary embolismလား၊ Pulmonary oedemaလား၊ Asthma/ COPD လား စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။
POCUS ထောက်နိုင်တဲ့ Acute Physician တစ်ယောက်ကို ကြည့်ရတာ Impressive ဖြစ်စရာကောင်းသလို၊ သူကိုယ်တိုင်လည်း Decision ချတဲ့အခါ ပို confidentရှိပြီး Strong ဖြစ်တာ တော်တော်လေးသိသာပါတယ်။
UK နိုင်ငံရဲ့ အကြိုက်ဆုံး အားသာချက်ကတော့ ကိုယ်စိတ်ဝင်စားရင် လုံလောက်တဲ့ အားထုတ်မှုလည်း လုပ်နိုင်ရင် ကိုယ်တတ်မြောက်ချင်တဲ့ skill ကို သင်ယူနိုင်ပြီး လက်တွေ့ အသုံးချနိုင်တဲ့ Facility လည်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရနိုင်ခဲ့တဲ့ အခွင့်အရေးပါ။
Full curriculum ကို ဒီ Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.acutemedicine.org.uk/download/famus-curriculum-pack/?wpdmdl=15445&refresh=68ac55c9bd9fe1756124617
နောက်ဆုံးအနေနဲ့ ကတော့
👉👉"Everyone competing for the same job on the same shop floor. You have to run an extra mile to stand out" 👈👈
ဆိုပြီး Senior တစ်ယောက်က NHS မှာ ထားသင့်တဲ့ Mindset အကြောင်း ပြောဖူးတာလေး Share ပေးချင်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
အားလုံး အဆင်ပြေကြပါစေ။