Skills Stream Myanmar

Skills Stream Myanmar

Share

Focus -> language (English) | Career | Productivity

Empowering women & youth across Myanmar with practical skills for career & professional build-up, confidence and community support through accessible online learning and mentorship opportunities.

09/08/2026

🚪🗣️Knock .. knock!! ချင်းမိုင်နဲ့ မဲဆောက် based NGO job vacancies လေး (၃) ခု ရှာတွေ့လို့ အမြန်လေးလာပြီး share ပေးတာပါ ..

SSMR ရဲ့ follower လေးတွေထဲမှာ ချင်းမိုင် နဲ့ မဲ‌ဆောက်မှာ နေကြတဲ့သူလေးတွေရှိရင် 23 August 2026 မတိုင်ခင် try ကြည့်လို့ရအောင်ပါရှင့်

1) Program Coordinator
(Full - time, two-year contract with possibility of extension)
THB 40,000 per month
Location: Chiang Mai or Mae Sot
Deadline : 23 August 2026

2) MEAL Officer
(Full-time, 1.5 year contract with possibility of extension)
THB 23,000 per month
Location : Chiang Mai or Mae Sot
Deadline : 23 August 2026

3) Administration and Finance Officer
(Full-time, 21 month contract with possibility of extension)
THB 23,000 per month
Location : Chiang Mai
Deadline : 23 August 2026

မူရင်း (original) vacancy announcement link လေးတွေကို first comment မှာ ချပေးထားပါတယ်ရှင့်.. comment မှာ ကြည့်ကြည့်ပေးပါနော်

ဒီ position တွေက SSMR က ခေါ်တဲ့ အလုပ်တွေမဟုတ်ပါဘူးရှင်။ vacancy လေးတွေကို တဆင့် မျှဝေပေးရုံ သက်သက်မို့လို့ အလုပ်ခေါ်စာထဲမှာပါတဲ့ email တွေကနေ တဆင့် အလုပ်ခေါ်တဲ့ organization ကို တိုက်ရိုက် apply လုပ်ရပါမယ်နော်... 💛

Skills Stream Myanmar (page) လေးရဲ့ ရည်ရွယ်ချက်က မြန်မာလူငယ်တွေ၊ mid-career professional တွေ အတွက် opportunity & learning (skills development) ကို အဓိက ဦးစားပေးဖြစ်တာမို့လို့ သောကြာနေ့တိုင်း တင်ပေးတဲ့ " The Open Door Weekly Newsletter : Global Remote Job Opportunity Sharing" လေး အပြင် အခုလိုမျိုး Local & Regional Job Opportunities လေးတွေကိုပါ ထပ်တိုးပြီး Sharing လုပ်သွားပါမယ်ရှင့်. .. 🫶

" Knock .. knock by SSMR !! " ဆိုတဲ့ Weekly series လေး နောက်တစ်ခုကို ထပ်တိုး launch လုပ်လိုက်ပါတယ် .. every Sunday တိုင်းမှာ SSMR က Local & Regional Learning & Job Opportunity လေးတွေနဲ့ အတူ တံခါးလေး လာခေါက်ပါတော့မယ်နော် ... 👌🙆‍♀️

Photos from Skills Stream Myanmar's post 08/08/2026

🌐💻❗️Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် ....

Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော ပါပါတယ်နော် ... (INGO job တွေက No. 7 ကနေ စလို့ ပုံလေးတွေကို အဆုံးထိ ကြည့်ကြည့်ပါနော်ရှင့် 👈😊)

အပတ်စဉ် သောကြာနေ့တိုင်း (every Friday) မှာ " The Open Door Weekly Newsletter by SSMR " လေး တင်ပေးပါတယ်ရှင့် 💌

07/08/2026

တောင်းပန်တဲ့ post လေးပါရှင် ...

Admin ကျွန်မ ဒီနေ့ နေလို့မကောင်းနေတာရယ်၊ အရေးပေါ် အလုပ်လေးတွေများသွားတယ်ရယ်ကြောင့်

သောကြာနေ့တိုင်း Skills Stream Myanmar Page မှာ တင်နေကျ " The Open Door Weekly series by SSMR " ဆိုတဲ့ Remote အလုပ်အကိုင် vacancies လေးတွေကို ရှာဖွေစုစည်းပြီး sharing လုပ်ပေးတဲ့ post လေးကို ဒီနေ့ တင်ဖို့ အချိန်မမှီတော့လို့ပါရှင့် 🙏

ဒီနေ့အစား မနက်ဖြန် စနေနေ့ နေ့လည်ခင်းမှာ သေချာပေါက် တင်ပေးပါမယ်နော် .. တကယ် ဆောရီးပါရှင် 🙏

04/08/2026

English language လေ့လာနေကြသူတွေအတွက် Reading practice စာအုပ်ကောင်းလေး တစ်အုပ် sharing လုပ်ပေးပါရစေ ...

ဒီစာအုပ်က B1 level အနည်းဆုံးရှိတဲ့သူတွေအတွက် အဆင်ပြေပါလိမ့်မယ်ရှင် .. A1 , A2 သမားတွေ အတွက်ကတော့ grammar usage တွေ ၊ sentence structure တွေမှာ အခက်အခဲ ရှိပါလိမ့်မယ်နော်

A2+ level ရှိပြီး B1 ကို level up အတွက် လုပ်နေသူတွေ
B1 to B2 level up သမားတွေရယ်
B2 level ကို grammar, vocabulary အပိုင်းတွေ solid ဖြစ်ချင်ကြတဲ့ သူတွေအတွက် reading practice မှာ ကြည့်သင့်တဲ့ စာအုပ်လေး တစ်အုပ်ပါရှင့်

ဆရာဦးထင်အောင်ရဲ့ " Burmese Folk Tales" ဆိုတဲ့ စာအုပ်လေးပါ

ဒီစာအုပ်က မြန်မာ့ရိုးရာပုံပြင်လေးတွေမို့လို့ မြန်မာ့ ယဥ်ကျေးမှုနဲ့ ရင်းနှီးပြီးသား အကြောင်းအရာလေးတွေ ဖြစ်တာမို့လို့ ပိုပြီး နားလည်လွယ်ပါတယ်။ Grammar အသုံးအနှုန်းလေးတွေ၊ စာကြောင်းတည်ဆောက်ပုံ (sentence structure) လေးတွေက အရမ်းကျစ်လစ်ပြီး၊ informal တွေ slang (ဘမ်းစကားတွေ) မပါလို့ grammar / writing လေ့လာသူတွေအတွက် အရမ်းကောင်းပါတယ်ရှင်

ဒီစာအုပ်လေးက စာပေလောကတွေ၊ စာအုပ်ဆိုင်တော်တော်များများနဲ့ ပန်းဆိုးတန်း စာအုပ်တန်းတွေမှာ ရှာလို့ရနိုင်ပါတယ်။ online မှာဆိုရင်တော့ Goodreads မှာ တင်ထားတာ တွေ့ဖူးပါတယ်ရှင့်.

ကျွန်မကို လေ့လာခဲ့တဲ့ English စာအုပ်လေးတွေ self-study အတွက် ညွှန်းပေးဖို့ ပြောကြလို့ ဒီစာအုပ်လေးကတော့ ကျွန်မ B1 - B2 level လောက်မှာ အရမ်းသုံးခဲ့တဲ့ စာအုပ်လေးပါ။ တခြား Grammar စာအုပ်တွေကတော့ ကျွန်မကိုယ်တိုင်လဲ ဘယ် သင်ရိုးကိုမှ မလိုက်ခဲ့ဘဲ ကျွန်မရဲ့ဆရာ (ဆရာကြီး ဦးစိန်မြင့်) ရဲ့ ကိုယ်ပိုင်သင်ရိုးနဲ့ဘဲ B1 + level ကို ရောက်လာခဲ့သူမို့လို့ပါ။ Reading, Listening, Speaking Practice အတွက် reference တွေကိုတော့ ဆက်လက် sharing လုပ်ပေးသွားပါမယ်နော်.

Photos from Skills Stream Myanmar's post 31/07/2026

❗🌐💻 Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် .... Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော ပါပါတယ်နော် ... (INGO job တွေက No. 7 ကနေ စလို့ ပုံလေးတွေကို အဆုံးထိ ကြည့်ကြည့်ပါနော်ရှင့် 👈😊)

အပတ်စဉ် သောကြာနေ့တိုင်း (every Friday) မှာ " The Open Door Weekly Newsletter by SSMR " လေး တင်ပေးပါတယ်ရှင့် 💌

👉မြန်မာလူငယ်တွေအတွက် ကောင်းမယ်၊ သင့်တော်မယ် ယူဆရတဲ့ အလုပ်လေးတွေကို ရှာဖွေ၊ စုစည်းပြီး မျှဝေတာပါရှင့် .. global trending job type တွေ၊ အခွင့်အလမ်းတွေ၊ ဘယ်လိုနေရာမှာ global remote အလုပ်ကောင်းတွေ ရှာလို့ရနိုင်လဲ ဆိုတာတွေကို မျှဝေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ပါ ။

👉မိမိတို့ လုပ်ချင်တဲ့ career မျိုးတွေက ဘယ်လို requirement တွေ တောင်းလေ့ရှိကြလဲ၊ ဘယ်လို skills တွေ ရှိဖို့လိုအပ်မလဲ ဆိုတာတွေကိုပါ လေ့လာ ပြင်ဆင်ထားနိုင်ကြဖို့ အတွက်ကိုလဲ ရည်ရွယ်ပြီး အပတ်စဥ် မျှဝေခြင်းပါရှင် .. (remote job ကို အခုမှ စချင်ကြတဲ့ သူတွေ အတွက်ပါ)

📌SSMR က တိုက်ရိုက်ခေါ်တဲ့ အလုပ်တွေ မဟုတ်လို့ post တစ်ခုချင်းစီရဲ့ အောက်က comment တွေမှာ ချပေးထားတဲ့ link တွေကနေ တဆင့် သက်ဆိုင်ရာ company (သို့မဟုတ်) organization များကို တိုက်ရိုက် အလုပ်လျှောက်ရပါမယ်နော်ရှင့် ☺️

Skills Stream Myanmar -SSMR page လေးကို follow & see first လေး လုပ်ထားမယ်ဆိုရင် Update လေးတွေကို အမြန်ဆုံး သိရပြီး deadline မကျော်ခင် vacancies လေးတွေ အစောဆုံး try ကြည့်လို့ရတယ်ရယ် 🫶

⛔ အလုပ်လျှောက်လွှာတင်တဲ့ အခါမှာ payment တောင်းတာမျိုးတွေ၊ bank account information တွေ တောင်းလာတာမျိုးတွေ ရှိလာခဲ့ရင်တော့ scammer (အတုအလိမ်အညာ‌) တွေဖြစ်တတ်ပါတယ်နော်။ တကယ့် company အစစ်အမှန်တွေက တောင်းလေ့မရှိတတ်ပါဘူးရှင့်။ အတတ်နိုင်ဆုံး အထပ်ထပ် ဖတ်ပြီး စိတ်ချရမယ်ထင်တာလေးတွေကို ရွေးထားပေးပေမယ့် Global remote job လောကမှာ scammer တွေလဲ ရှိတတ်တာမို့လို့ အပေါ်က ပြောထားသလိုမျိုး တောင်းလာတာမျိုးတွေ မတော်တဆ ကြုံလာခဲ့ရရင် ရှောင်နိုင်ကြဖို့ကိုလဲ အကြံပေးပါရစေရှင့် 🙏

အခွင့်အလမ်းအသစ်တွေကို မြင်ရဖို့ ၊ ရယူပိုင်ဆိုင်နိုင်ဖို့ တံခါးတွေ ဖွင့်ကြရအောင်နော် 🤜🤛

အားလုံးဘဲ ဘေးကင်းလုံခြုံတဲ့ weekend လေး ဖြစ်ကြပါစေ ... Good luck & happy Friday! 🍀

30/07/2026

NNGO တွေ ၊ INGO တွေမှာ လုပ်နေကြတဲ့ ဆရာမတို့ ၊ ဆရာတို့ အတွက် KoBoToolbox Training (Free of Charge) လေး တစ်ခု sharing ပေးချင်လို့ပါ 📢

၅ ရက် intensive in-person training လေးတွေပါ။ Yangon မှာ တစ်ခု၊ Mandalay မှာ တစ်ခု လုပ်မှာပါတဲ့ရှင့်။ Kobo tool ကို basic ကနေ advance features တွေအထိ cover ဖြစ်အောင် (design with XLSForms, data collection, data management, quality assurance, basic data analysis, geospatial data collection, Excel integration for live dashboards) သင်ပေးမှာပါတဲ့။

သင်တန်းတစ်ခုကို လူဦးရေ ၃၀ ဘဲ ရွေးချယ်ပါမယ်လို့ တွေ့ပါတယ်ရှင်။ Yangon or Mandalay တစ်နေရာကိုဘဲ ရွေးချယ် ပြီး လျှောက်ထားရပါမယ်လို့ဖော်ပြထားပြီး သင်တန်းတွေက မြန်မာလိုဘဲ သင်မှာပါတဲ့နော်။

👉Yangon training က 24-28 August 2026 ရက် ဖြစ်ပြီး August 7, 2026 ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရန်

👉Mandalay training က 7 - 11 September 2026 ဖြစ်ပြီး August 14, 2026 ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရန် လို့ ဖော်ပြထားပါတယ်.

လျှောက်ထားသူက မိမိရဲ့ organization / supervisor က သင်တန်းတက်ခွင့်ပြုကြောင်း approval နဲ့ တကွ apply လုပ်ကြရပါမယ်တဲ့ရှင့်။ လက်ရှိမှာ data collection, management, analysis, or reporting စတာတွေကို လုပ်ဆောင်နေကြပြီး basic Excel skills (charts, Pivot Tables, and common functions) တွေကို တက်ကျွမ်းပြီးသား၊ သင်တန်း ၅ ရက်လုံးကို အပြည့်အဝ တက်ရောက်နိုင်သူတွေကို ဦးစားပေး ရွေးချယ် သွားမယ်လို့ ဖော်ပြထားပါတယ်။


စိတ်ဝင်စားတဲ့ M&E, MEAL, data analysis ဆရာမတို့ ၊ ဆရာတို့ try ကြည့်လို့ရအောင် မျှဝေ လိုက်ပါတယ်ရှင်။ တိုက်ရိုက်လျှောက်ရမယ့် application link ကို comment မှာ ချထားပေးပါတယ်နော် .. အဆင်ပြေကြပါစေရှင် 🍀

source: MIMU

29/07/2026

📢 FREE English Foundation Course အကြောင်းပြောပြချင်လို့ပါ … ဝါဆိုလပြည့်နေ့ ပညာဒါန ကုသိုလ်လေး ယူပါရစေရှင် 🥰 ! 📢


SSMR ရဲ့ follower လေး‌ေတွ (သို့) non-follower လေးတွေ ဖြစ်ဖြစ် .. 🌸 English ကို စပြီးလေ့လာချင်ပေမယ့် "ဘယ်ကနေ စရမလဲ" ဆိုတာ မသေချာသေးသူတွေ၊ noun/adjective/adverb ဆိုတာ အမြဲ ရှုပ်နေသူတွေ၊ basic grammar ကို အခြေခံခိုင်ချင်တယ်၊ စာကြောင်းတစ်ကြောင်းမှာကို ကြည့်လိုက်တာနဲ့ ဘယ်words ဘယ် phrase တွေက ဘာကြောင့် သုံးထားတယ် ဆိုတာကို ချက်ကျ၊ လက်ကျ သိပြီး နားလည်ချင်တဲ့သူလေးတွေအတွက် 2 Weeks FREE Short Course လေး ပလန်ထားလို့ပါရှင့် ..

ဒီလာမယ့် August လဝက်မှာ ကျွန်မ အလုပ်တွေ ပါးပြီး၊ နောက်ထပ် အလုပ်အသစ်တွေ မစခင်မှာ အချိန်လေးတွေ ရှိနေတုန်းလေး အကျိုးရှိတာလေး လုပ်ချင်လို့ပါရှင့် ! 💛

🍀grammar rule တွေ ကျက်ခိုင်းတဲ့ တာမျိုး မဟုတ်ဘဲ English ကို "ဘာလို့ ဒီလိုဖြစ်တာလဲ" ဆိုတာတဲ့ concept ကိုအဓိကထားပြီး ရိုးရိုးရှင်းရှင်း real life example တွေနဲ့ တစ်ဆင့်ချင်း ရှင်းပြပေးပါမယ်နော် …🫶

🗓 သင်တန်းကာလ

📌၂ ပတ် (၁ ပတ်ကို ၃ ရက် — Tuesday, Wednesday, Thursday)

📌ရက်စွဲများ: သြဂုတ် ၄၊ ၅၊ ၆ နှင့် ၁၁၊ ၁၂၊ ၁၃

📌အချိန်: ညနေ ၆:၃၀ - ည ၈:၀၀ (တစ်ရက် ၁ နာရီခွဲ) ၊ (မြန်မာအချိန် | MMR Time)

📌Class ၆ ခု စုစုပေါင်း (တစ်ခုကို ၁.၅ နာရီစီ)

📍နေရာ: Zoom (face to face) တိုက်ရိုက်ပါ

🙋 ဘယ်လိုသူတွေအတွက် သင့်တော်လဲ?

👉English ကို လုံးဝ အခြေခံကနေ ပြန်စချင်သူများ

👉A, B, C, D ဘဲ မှတ်မိတယ် ဆိုလဲ ရတယ်နော်ရှင့်

👉Noun, Verb, Adjective, Adverb ဆိုတာ ဘာမှန်း မကွဲသူများ

👉Sentence တည်ဆောက်ရတာ မသေချာ၊ ဘယ်ကစပြီး‌ ပြောရ ရေးရမလဲ မသေချာတဲ့ သူလေးတွေ

👉English grammar အခြေခံကို ခိုင်ခိုင်မာမာ ပြန်ပြီး ပြင်ချင်သူများ

👉အထူးသဖြင့် “ English Grammar ကို ပျင်းတယ်၊ ကြောက်တယ် ဆိုတဲ့သူလေးတွေ

📖 ဘာတွေ သိသွားမလဲ?

🔺Parts of Speech (Noun, Verb, Adjective, Adverb) ကို ကွက်ကွက်ကွင်းကွင်း ခွဲတတ်လာမယ်

🔺Pronoun, Article (a/an/the) နဲ့ Sentence Structure အခြေခံ

🔺Adjective vs Adverb ကို ရောထွေးတော့မှာ မဟုတ်တော့ဘူး

🔺Present Simple & Present Continuous Tense သုံးနည်း

🔺Wh-Questions (What, Where, When, Who, Why, How) မေးတတ်လာမယ်

❗သင်တန်းအတောအတွင်း homework , exercise, quiz လေးတွေလဲ ပါ ပါမယ်နော်

💛 အခမဲ့ပါရှင် — join ချင်တယ် ဆိုရင် ဒီပိုစ့်လေးရဲ့ comment မှာ “FR-ENG” လို့ ‌ရေးပေးပါရှင့်။ zoom link ကို မက်ဆင်ဂျာမှာ လာပို့ပေးပါမယ်နော် !

#ပညာဒါန #အင်္ဂလိပ်စာ

28/07/2026

နေ့စဉ်သုံး daily English မှာ တစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ နှုတ်ဆက်နည်း (၆) မျိုး ကို လေ့ကျင့်ကြည့်ရအောင်ရှင့်

English language နဲ့ ပတ်သတ်တဲ့ post လေးတွေကို Monday, Tuesday, Thursday နဲ့ Saturday ‌တွေမှာ ပုံမှန်လေး တင်သွားပါမယ်ရှင့် (I'll try my best guys!) 🫶🍀

#အင်္ဂလိပ်စာလေ့လာကြမယ်

27/07/2026

ကြောင်လေးတွေနဲ့ ပတ်သတ်တဲ့ vocabulary လေး တချို့ အတူလေ့လာကြမယ်နော် 🐱

Grammar နဲ့ပတ်သတ်တာတွေက ၂ မိနစ်၊ ၃ မိနစ်နဲ့ အကုန်နားလည်အောင် ပြောဖိ့ သိပ်မလွယ်လို့ English Grammar Lessons တွေကို YouTube Channel မှာ ပြည့်ပြည့်စုံစုံ သေချာတင်သွားဖို့ လုပ်နေပါတယ်ရှင့်
page မှာကတော့ bite size Vocabulary usage လေးတွေ၊ idiom လေးတွေ၊ spoken dialogue အတိုအထွာလေးတွေကို ပိုပြီး မျှဝေဖို့ plan ထားပါတယ်နော် 🥰

English language နဲ့ ပတ်သတ်တဲ့ post လေးတွေကို Monday, Tuesday, Thursday နဲ့ Saturday ‌တွေမှာ ပုံမှန်လေး တင်သွားပါမယ်ရှင့် (I'll try my best guys!) 🫶🍀

#ကြောင်ချစ်သူများ

Photos from Skills Stream Myanmar's post 24/07/2026

❗🌐💻 Remote job လေးတွေ share ပေးလိုက်ပါတယ်ရှင့် .... Myanmar based လုပ်ရမယ့် WFH job တွေရော ၊ Work from Anywhere Job တွေရော ပါပါတယ်နော် ... (INGO job တွေက No. 7 ကနေ စလို့ ပုံလေးတွေကို အဆုံးထိ ကြည့်ကြည့်ပါနော်ရှင့် 👈😊) ဒီတပတ် INGO job လေးတွေ တော်တော်များများ ပါတယ်နော် 🧡

အပတ်စဉ် သောကြာနေ့တိုင်း (every Friday) မှာ " The Open Door Weekly Newsletter by SSMR " လေး တင်ပေးပါတယ်ရှင့် 💌

👉မြန်မာလူငယ်တွေအတွက် ကောင်းမယ်၊ သင့်တော်မယ် ယူဆရတဲ့ အလုပ်လေးတွေကို ရှာဖွေ၊ စုစည်းပြီး မျှဝေတာပါရှင့် .. global trending job type တွေ၊ အခွင့်အလမ်းတွေ၊ ဘယ်လိုနေရာမှာ global remote အလုပ်ကောင်းတွေ ရှာလို့ရနိုင်လဲ ဆိုတာတွေကို မျှဝေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ပါ ။

👉မိမိတို့ လုပ်ချင်တဲ့ career မျိုးတွေက ဘယ်လို requirement တွေ တောင်းလေ့ရှိကြလဲ၊ ဘယ်လို skills တွေ ရှိဖို့လိုအပ်မလဲ ဆိုတာတွေကိုပါ လေ့လာ ပြင်ဆင်ထားနိုင်ကြဖို့ အတွက်ကိုလဲ ရည်ရွယ်ပြီး အပတ်စဥ် မျှဝေခြင်းပါရှင် .. (remote job ကို အခုမှ စချင်ကြတဲ့ သူတွေ အတွက်ပါ)

📌SSMR က တိုက်ရိုက်ခေါ်တဲ့ အလုပ်တွေ မဟုတ်လို့ post တစ်ခုချင်းစီရဲ့ အောက်က comment တွေမှာ ချပေးထားတဲ့ link တွေကနေ တဆင့် သက်ဆိုင်ရာ company (သို့မဟုတ်) organization များကို တိုက်ရိုက် အလုပ်လျှောက်ရပါမယ်နော်ရှင့် ☺️
Skills Stream Myanmar -SSMR page လေးကို follow & see first လေး လုပ်ထားမယ်ဆိုရင် Update လေးတွေကို အမြန်ဆုံး သိရပြီး deadline မကျော်ခင် vacancies လေးတွေ အစောဆုံး try ကြည့်လို့ရတယ်ရယ် 🫶

⛔ အလုပ်လျှောက်လွှာတင်တဲ့ အခါမှာ payment တောင်းတာမျိုးတွေ၊ bank account information တွေ တောင်းလာတာမျိုးတွေ ရှိလာခဲ့ရင်တော့ scammer (အတုအလိမ်အညာ‌) တွေဖြစ်တတ်ပါတယ်နော်။ တကယ့် company အစစ်အမှန်တွေက တောင်းလေ့မရှိတတ်ပါဘူးရှင့်။ အတတ်နိုင်ဆုံး အထပ်ထပ် ဖတ်ပြီး စိတ်ချရမယ်ထင်တာလေးတွေကို ရွေးထားပေးပေမယ့် Global remote job လောကမှာ scammer တွေလဲ ရှိတတ်တာမို့လို့ အပေါ်က ပြောထားသလိုမျိုး တောင်းလာတာမျိုးတွေ မတော်တဆ ကြုံလာခဲ့ရရင် ရှောင်နိုင်ကြဖို့ကိုလဲ အကြံပေးပါရစေရှင့် 🙏

အခွင့်အလမ်းအသစ်တွေကို မြင်ရဖို့ ၊ ရယူပိုင်ဆိုင်နိုင်ဖို့ တံခါးတွေ ဖွင့်ကြရအောင်နော် 🤜🤛

အားလုံးဘဲ ဘေးကင်းလုံခြုံတဲ့ weekend လေး ဖြစ်ကြပါစေ ... Good luck & happy Friday! 🍀

See less

Want your school to be the top-listed School/college in Vilnius?

Click here to claim your Sponsored Listing.

Location

Category

Address


Vilnius