09/08/2021
လူစိတ်မရှိတဲ့ကောင်တွေက လူလိုမလုပ်ကြဘူး
မအလ ရဲ့ စခ ရခ တွေ အလှည့်ပြန်ရောက်လာလိမ့်မယ်
#ဒီပဲယင်း #2021/August/9
8:11AM
^^^^^^^
ဒီပဲယင်းမြို့နယ် ဝဲကြီးမှ အင်အားများ နများနှင့်
သစ်တုံဘက် တစ်ဖွဲ့ဆီ ခွဲပြီး ဝင်ရောက်ကြပါတယ်။
နများ ရွာကို အရင်မွှေပါတယ်။
8:16AM
^^^^^^^^
ဒီပဲယင်းနယ် နများ စာသင်ကျောင်းတပ်စွဲထားပြီး လက်နက်ကြီးများ၊သေနတ်သံများပေး၍
ရွာသူ ရွာသားများ ထွက်ပြေးနေရပါတယ်။
8:23AM
^^^^^^^^
ရွာအဝင် စာသင်ကျောင်းအနီးက
အိမ်တစ်အိမ်တွင် ထမင်းစားနေကြကြောင်း သိရှိရ။
8:59AM
^^^^^^^^
ဒီပဲယင်းမြို့နယ်၊ မရကန် ရွာလယ်
စခ အင်အား ၅၀ ရောက်ရှိ။
9:10AM
^^^^^^^^
ဒီပဲယင်း မရကန်ရွာမှ ၂ယောက်ဖမ်းထား
ရွာထဲ အင်အားဖြန့်ဝင်နေ၍ ရွာခံတွေ
ထွက်ပြေးနေရပါသည်။
10:01AM
^^^^^^^^^^
ဒီပဲယင်းမြို့နယ် မရကန်ရွာ မြောက်ပိုင်း
ဆီဆိုင်နှင့် ဆီဆိုင်ပစ္စည်းများအား စစ်ကောင်စီမှ
မီးရှို့ဖျက်ဆီးနေပါတယ်။
11:23AM
^^^^^^^^^
ဒီပဲယင်းမြို့နယ် မရကန်ဘက်မှ
စခအင်အားများ အင်ကြင်းပင်
စာသင်ကျောင်းဘက်ထွက်သွားပါတယ်။
အင်အား ၅၃ယောက် ရှိပါတယ်။
1:58PM
^^^^^^^^
ဒီပဲယင်းမြို့နယ် ဒိုင်နတ်ဘက်မှ အင်အား ၅၀ ကျော်
မြင်းတန့်ကျေးရွာဘက်ချီတက်သွားသည်။
နများ ဝဲကြီး ဒိုင်နတ် မြင်းတန့်ကျေး ရွာမှ
ရွာသူရွာသားများထွတ်ပြေးတိမ်ရှောင်နေကြရသည်။
စစ်ကောင်စီ မှ ဝင်ရောက် မွှေနှောက်ပြီးသော
ကျေးရွာများတွင် ရွာခံများ အိမ်သို့ ပြန်လာကြည့်ရာ
အိမ်တစ်ခုလုံးနေချင်စရာမကောင်းဘဲ
ဗြောင်းဆန်အောင် ဖျက်ဆီးထားကြောင်းနှင့်
အရက်သေစာများ သောက်ကာ ချက်ပြုတ်စားတာ
အနံ့တွေနံစော်နေသည်ဟု သိရ။
2:09PM
^^^^^^^^^
ဒီပဲယင်းနယ် နများရွာဘက်မှ
စခများ အင်အား (100)ကျော်
ယဥ်ကျေးရွာဘက် သွားကြပြီ ဟုသိရ။
2:23PM
^^^^^^^
ဒီပဲယင်းနယ် မူးရိုးကုန်းရွာဝင်မွှေနေပါတယ်။ လက်နက်ကြီးသံ ၅ချက်ကြားပြီး
သေနတ်သံ အချက်၂၀ကြားရပါတယ်။
Crd:KHIN U REAL NEWs