08/09/2026
သင်သိပါသလား?
“မဆုံသင့်တဲ့ Brand နှစ်ခု ဆုံတွေ့သွားတဲ့အခါ ဘာတွေဖြစ်သွားမလဲဆိုတာ... ” ☕️
🇹🇭 မကြာသေးမီက ထိုင်းနိုင်ငံရဲ့ Café Amazon ကကော်ဖီနဲ့ Dek-Somboon ရဲ့ ပဲငံပြာရည် (Soy Sauce) Brand နှစ်ခု ပေါင်းစပ်ပြီး ထုတ်လုပ်လိုက်တဲ့အခါ စားသုံးသူတွေကြားမှာ အံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။
🤔 ”ကော်ဖီထဲ ပဲငံပြာရည် ထည့်သောက်တာ အဆင်ပြေပါ့မလား" လို့ မေးခွန်းထုတ်စရာ ရှိပေမဲ့၊ လက်တွေ့မှာတော့ Soy Sauce ရဲ့ အငန်ရသာကို Caramel ရဲ့ အချိုနဲ့ ပေါင်းစပ်ပြီး "Caramel Soy Sauce" အဖြစ် ဖန်တီးခဲ့တာပါ။ အခုလို Espresso၊ နို့တို့နဲ့ အချိုးကျ ပေါင်းစပ်လိုက်တဲ့အခါ အချို၊ အငန်၊ အဆိမ့် ရသစုံတဲ့ Iced Espresso Caramel Soy Sauce နဲ့ Milky Frappe Caramel Soy Sauce ဆိုပြီး စားသုံးသူတွေကြား စမ်းသောက်ကြည့်ချင်စိတ်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီ ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ကော်ဖီဆိုင်ခွဲကြီးဖြစ်တဲ့ Café Amazon နဲ့ မီးဖိုချောင်သုံး ပဲငံပြာရည် Brand ကြီး Dek-Somboon (Healthy Boy Brand) တို့ရဲ့ Unexpected Collaboration တစ်ခုလို့ ဆိုရပါမယ်။
📌 Marketing ရှုထောင့်ကနေ ကြည့်ရင် ဒီ Campaign ကနေ ရရှိနိုင်တဲ့ သင်ခန်းစာ (၃) ခု ရှိပါတယ်။
၁။ မတူညီမှုကနေ ဆန်းသစ်တဲ့ အိုင်ဒီယာ ထွက်ပေါ်လာခြင်း
"လုံးဝ မဆုံနိုင်ဘူး" လို့ ထင်ရတဲ့ မီးဖိုချောင်သုံး ပဲငံပြာရည်နဲ့ အခုလို ကော်ဖီကို ယှဉ်တွဲလိုက်တာဟာ စားသုံးသူတွေရဲ့ Attention ကို ၁၀၀% ချက်ချင်း ဖမ်းဆုပ်နိုင်ပါတယ်။ "ဒါကြီးက တကယ်တမ်း ဘယ်လိုအရသာမျိုး ဖြစ်မလဲ?" ဆိုတဲ့ စူးစမ်းလိုစိတ်ကို နိုးဆွပေးလိုက်တာကြောင့် တချို့ဆိုင်ခွဲတွေမှာတောင် ပစ္စည်းပြတ်သွားတဲ့အထိ အဝယ်များသွားတယ်လို့လည်း ဆိုပါတယ်။
၂။ ရောင်းကုန်ထက် "ပြောစရာ အကြောင်းအရာ" ကို ဖန်တီးလိုက်ခြင်း
လူတွေဟာ ရိုးရိုး ကော်ဖီအသစ်အကြောင်းကို Social Media ပေါ်မှာ ဒီလောက်ထိ လူပြောများလောက်မှာမဟုတ်ပေမယ့် "ပဲငံပြာရည် ကော်ဖီ" အကြောင်းကိုတော့ TikTok နဲ့ Instagram ပေါ်မှာ Review ဗီဒီယိုတွေ အပြိုင်အဆိုင် တင်ကြတာ တွေ့ရပါတော့တယ်။
၃။ Product Insight များကို ပါးပါးနပ်နပ် ချိတ်ဆက်ခြင်း
Collaboration ဆိုတာ Logo နှစ်ခု ယှဉ်ကပ်ရုံနဲ့ မပြီးပါဘူး။ Caramel ရဲ့ အချိုနဲ့ Soy Sauce ရဲ့ အငန်ကို ယှဉ်တွဲသုံးသွားတာဟာ Brand တန်ဖိုးကို မထိခိုက်ဘဲ ဆန်းသစ်တဲ့ Flavor အသစ်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
💡 Marketing မှာ စည်းမျဉ်း ဘောင်ခတ်ထားစရာ မလိုပါဘူး။ ရိုးရာ ပုံစံခွက်ထဲက ခွဲထွက်ပြီး မထင်မှတ်ထားတဲ့ အိုင်ဒီယာတွေကို ရဲရဲရင့်ရင့် ပေါင်းစပ်ရဲလေလေ... ကိုယ့်ရဲ့ Campaign က လူတွေ ပါးစပ်ဖျားမှာ ရေချိန်တက်လေလေပါပဲ။
💭 ဒီတော့ မေးစရာရှိတာက ကိုယ့် Brand အတွက် နောက်ထပ် အကြီးမားဆုံး Campaign အိုင်ဒီယာဟာ... လုံးဝ မတွေးထားမိတဲ့ Brand တစ်ခုဆီမှာ ပုန်းကွယ်နေရင်ရော ဘာလိုလုပ်မလဲ?
#သူမ #အတူတူရှင်သန်ကြပါစို့