TEAMS

TEAMS

Share

TEAMS is for Myanmar youths and every teachers who wish to implement quality education in Myanmar. They have to rely on Local and Foreign Organizations.

We, a group of young motivated graduates believe that English is an essential key to open higher education and to participate in activities or works conducted by international community or global community. This belief encourages us to set up a small program called TEAMS (Teaching English Association for Monastic Schools) which can give mutual benefit between our group and rural communities. High

24/01/2026

TEAMS ကနေ အတွေ့ကြုံရှိတဲ့ ဆရာ၊မများအတွက်ဒုတိယအကြိမ် ပြန်လည် ဖွင့်လှစ်ပေးမဲ့ တစ်လတာ TEACH BOOST အတန်း။

ဒီ အတန်းလေးကို လျောက်ထားချင်ပါက
http://tiny.cc/TeachBoost002 link ကနေ Feb 1 ရက်နေ့ ၄နာရီ မတိုင်ခင် ဖောင်တင်ပြီး လျှောက်ထားနိုင်ပါတယ်။

08/01/2026

TEAMS 4️⃣-Week Teacher Training: TEACH BOOST Class

Teaching English Association for Monastic Schools (TEAMS) မှ 4-Week Teacher Training: TEACH BOOST အတန်းလေးကို မနှစ်က ပထမဆုံးအကြိမ်ဖြင့် အောင်အောင်မြင်မြင် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ 🥳

📣နှစ်သစ်မှာလည်း ဆရာ/မများ သင်ကြားရေး အရည်အသွေး တိုးတက်ရန် ရည်ရွယ်ပြီးတော့ TEAMS မှ TEACH BOOST အတန်းလေးကို နောက်တစ်ကြိမ် ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။ ဒီသင်တန်းမှာဆိုရင် ဆရာ/မတို့အတွက် လက်တွေ့အသုံးချနိုင်မဲ့ သင်ကြားရေးနည်းလမ်းများအပြင် သင်ယူသူများကို နားလည်ခြင်း၊ အတန်းစီမံခန့်ခွဲခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ခြင်းနှင့် သင်ကြားရေးပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ အစရှိတဲ့ အကြောင်းအရာများကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ဒီအတန်းလေးကို ယခင် TEAMS ရဲ့ 2-Months Teacher Traning တက်ရောက်ခဲ့ဖူးတဲ့ သင်တန်းသူ/သားဟောင်းများသာမက အသက် ၁၈နှစ်နှင့်အထက် သင်ကြားရေး အတွေ့အကြုံရှိတဲ့ ဆရာ၊မများ လျှောက်ထားနိုင်ပါတယ်။

ရွေးချယ်ခံရသူများအနေဖြင့် အောက်ပါ အကြောင်းအရာများကို ဝါရင့်ဆရာ/မများထံမှ အသေးစိတ်အတူတကွ လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။

💡Information Processing
💡Intelligence, Talent and Achievement
💡Foundations of Thinking and Learning Styles
💡Strategies and Application for Diverse Learners
💡The Nature of Discipline Problem
💡Understanding Misbehavior & Building Teacher Influence
💡Building Relationships & Structuring the Learning Environment
💡Nonverbal Interventions, Verbal Interventions, and Logical Consequences

ယခုသင်တန်းလေးကို အပတ်စဥ်
🗓️အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့
⏰ညနေ ၇ခွဲ မှ ၉နာရီထိ (မြန်မာစံတော်ချိန်)
⏳ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ မတ်လ ၄ရက်နေ့ထိ
💻Zoom Platform မှတစ်ဆင့် သင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

🚨တက်ရောက်လိုသူများသည် ဖော်ပြပါလင်ခ့်မှ တစ်ဆင့် ဖေဖော်ဝါရီလ ၁ရက်နေ့ မြန်မာစံတော်ချိန် ၄နာရီမတိုင်ခင် နောက်ဆုံးထားပြီး လျှောက်ထားရမှာပဲဖြစ်ပါတယ်။
လျှောက်လွှာဖောင် - http://tiny.cc/TeachBoost002

ဒီသင်တန်းလေးကိုလူဦးရေ ကန့်သတ်ထားတာကြောင့် လျှောက်လွှာတွင် ပါဝင်သော Essay ကို သေချာ၊ ပြည့်စုံစွာ ရေးသားဖို့အတွက် အထူးသတိပြုပါရန် တိုက်တွန်းအပ်ပါသည်။ (ဒီအပိုင်းသည် ရွေးချယ်မှုလုပ်ငန်းစဉ်အတွက် အဓိကအချက်ဖြစ်ပါတယ်)

အထူးမေတ္တာရပ်ခံချက်။
ကျနော်တို့နဲ့ partnership မရှိသော အဖွဲ့အစည်းများနဲ့ တခြားသော sharing page တွေအနေနဲ့ ဒီသင်တန်းလေးကို မိမိတို့ရဲ့ page မှာ ပြန်လည် ကြေငြာပေးချင်ပါက original post ကို share လုပ်ခြင်း (ဒါမှမဟုတ်) မူရင်း poster နဲ့ တွဲတင်ခြင်းအားဖြင့် ကူညီမျှဝေပေးဖို့ အသိပေးရင်းတောင်းဆိုပါတယ်ဗျ။

06/01/2026

2-Months Free Online Teacher Training

အားလုံးပဲ မင်္ဂလာပါရှင့် Teaching English Association for Monastic Schools (TEAMS) မှ ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိတဲ့ ၂လတာ ဆရာအတတ်သင် သင်တန်း ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

အသက် (၁၈)နှစ်နှင့်အထက် သင်ကြားရေးကို စိတ်ဝင်စားသောသူများ၊ မိမိရပ်ရွာကို အကျိုးပြု လုပ်ကိုင်လိုသူများ (သို့မဟုတ်) သင်ကြားရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ အဓိကလျှောက်ထားနိုင်ပါတယ်။

သင်တန်းကာလ ၂ လမှာတော့ သင်ခန်းစာများတဲ့
📄The Standards of a Golden Teacher and Talking Role
📄 Classroom Language & Giving Clear Instructions
📄 Classroom Management - Setting up Routines, Rules and Rewards
📄 Bilingual Teaching to the Classroom Context
📄 Teaching English in the Classroom
📄 Communicative Language Teaching
📄 Total Physical Response
📄 Content Based Teaching
📄 Task Based Teaching
📄 Indirect Teaching Strategies
📄 Set Induction Skills
📄 Using Game and Song in the Classroom
📄 Lesson Planning
📄 Rosenshine’s Principles of Instruction 1,2,3,4,5,6,7,8,9 & 10 စသည့်အပြင် လက်တွေ့ လေ့ကျင့် သင်ကြားပြသပေးရမဲ့ Micro Teaching တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီသင်တန်လေးကိုတော့ ၃ရက် ဖေဖော်ဝါရီ မှာစတင်ပြီး အပတ်စဉ်-
• အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင်
• မြန်မာစံတော်ချိန် ည ၈:၀၀ မှ ၉:၃၀ အထိ
• Zoom မှတစ်ဆင့်
၂၆ရက် မတ်လ အထိ (၂) လတာ မျှဝေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ လင့်မှတစ်ဆင့်:

http://tiny.cc/TB8S1

ဇန်နဝါရီလ ၂၅ရက် (မြန်မာစံတော်ချိန် ညနေ ၄ နာရီ) နောက်ဆုံးထားပြီး လျှောက်ထားရမှာပဲဖြစ်ပါတယ်။

ရွေးချယ်ခံရသူများကို ဇန်နဝါရီလ ၂၆ရက်နေ့ နောက်ဆုံးထားပြီး TEAMS ၏ Gmail/Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေး ဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

အထူးမေတ္တာရပ်ခံချက်။
ကျနော်တို့နဲ့ partnership မရှိသော အဖွဲ့အစည်းများနဲ့ တခြားသော sharing page တွေအနေနဲ့ ဒီသင်တန်းလေးကို မိမိတို့ရဲ့ page မှာ ပြန်လည် ကြေငြာပေးချင်ပါက original post ကို share လုပ်ခြင်း (ဒါမှမဟုတ်) မူရင်း poster နဲ့ တွဲတင်ခြင်းအားဖြင့် ကူညီမျှဝေပေးဖို့ အသိပေးရင်းတောင်းဆိုပါတယ်ဗျ။







29/10/2025

“သင်ကြားရေးစွမ်းရည်ကို မြှင့်တင်လိုသော ဆရာ/မများအတွက် ၃ရက်တာ ရက်တို ဆရာအတတ်သင်တန်း”

သင်ကြားရေးအတွက်ကြုံရှိသော ဆရာ/မများသာမက သင်ကြားရေးလောကကို အခုမှ ဝင်ရောက်လာသူများလည်း တတ်ရောက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ သင်တန်းလေးဖြစ်ပါတယ်။

ဒီသင်တန်းမှာဆိုရင် အဓိကအားဖြင့်
- Classroom Management (စာသင်ခန်း စီမံခန့်ခွဲခြင်း)
- Bilingual Teaching Strategies (ဘာသာစကား ၂ မျိုးကို အသုံးပြုပြီး သင်ကြားရေး နည်းလမ်းများ)
- Language Strategies (ဘာသာစကား ညွှန်ကြားမှု နဲ့ နေ့စဉ် စာသင်ခန်း အလေ့အကျင့်) များကို အဓိကထား သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီသင်တန်းလေးကို
- နိုဝင်ဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ
- မြန်မာနိုင်ငံချိန် ၇ခွဲမှ ၉နာရီအထိ
- Zoom မှတစ်ဆင့် သင်ကြားပို့သပေးသွားမှာပဲဖြစ်ပါတယ်။

Application Form:
တတ်ရောက်လိုသူများအနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ(၄)နာရီမတိုင်ခင် နောက်ဆုံးထား လျှောက်ထားရမှာပဲဖြစ်ပါတယ်။

ရွေးချယ်ခံရသူများကို TEAMS ရဲ့ Gmail/ Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေးဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

Application Form Link: https://tinyurl.com/3dayteachertraining




02/10/2025

ဒီနေ့မှာတော့ TEAMS ကနေပြီး ထပ်မံဖွင့်လှစ်လိုက်တဲ့ သင်ကြားရေး ဆရာ/မ တွေအတွက် အထူးအသုံးဝင်မဲ့ အခွင့်လမ်းတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ🤩

ဒါလေးကတော့ ဆရာ/မ တို့အားလုံးသင်ကြားရေးမှာမရှိမဖြစ်လိုအပ်တဲ့ ထိရောက်တဲ့ သင်ခန်းစာပို့ချမှု၊ သင်ကြားရေးကို မြှင့်တင်ပေးနိုင်မဲ့ ၂ ရက်တာ အခမဲ့ ❝ Effective Lesson Planning & Curriculum Development Short Course Intensive Training ❞ လေးပဲဖြစ်ပါတယ်။

သင်ကြားပေးပို့ချပေးသွားမဲ့ဆရာဟာဆိုရင်လည်း သင်ကြားရေး နှင့် စီမံခန့်ခွဲရေးပိုင်းမှာ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိတဲ့ ဆရာ ဇင်မောင် ကနေ မျှဝေသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 👨🏻‍🏫

ဘယ်သူတွေတက်ရောက်လို့ရလဲ❓
သင်ကြားရေးအတွေ့ကြုံရှိပြီး အသက် ၁၈ အထက်
မည်သူမဆို တက်ရောက်နိုင်တဲ့ မဟာအခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

Time: 7:30 pm to 9:00 pm (Myan Time)
Date: 9 & 10 Oct 2025
Day: Thursday & Friday

တက်ရောက်လိုတဲ့ ဆရာ၊မများ အနေဖြင့် အောက်က Application form လင်ခ့်ကနေ တဆင့် လျှောက်ထားနိုင်ပါတယ်။
http://tiny.cc/2daysCD

Application Deadline ကတော့ 6 Oct 2025 ညနေ ၄ နာရီ မတိုင်ခင် ဖြစ်ပါတယ်။

TEAMS ဟာ သင်ကြားရေးအတွက် အထောက်အကူပြုတဲ့ ပညာရပ်တွေကို စဉ်ဆက်မပြတ်ပို့ချပေးနေတဲ့ ရပ်ဝန်း တစ်ခုဖြစ်လို့ သင်ကြားရေးဆရာ/မတွေ အနေနဲ့ Page လေးကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ဖို့ တိိုက်တွန်းလိုက်ပါတယ်။



27/08/2025

📢 TEAMS 4-Week Teacher Training Booster Class

Teaching English Association for Monastic Schools (TEAMS) မှ 4️⃣ Week Teacher Training Booster Class ကို စတင်ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။

ဒီ Booster Class လေးကို အသက် ၁၈နှစ်နှင့် အထက်ရှိသူများ လျှောက်ထားနိုင်ပြီး၊
ယခင် TEAMS မှ ပြုလုပ်ပြီးစီးခဲ့သော နှစ်လတာ ဆရာအတတ်သင် သင်တန်းများကို တက်ရောက်ခဲ့ပြီးသော ဆရာ/မများလည်း ထပ်မံလျှောက်ထားနိုင်ပါတယ်။

📚 သင်တန်းအကြောင်းအရာများ

ဒီသင်တန်းမှာဆိုရင် သင်ကြားမှုအရည်အချင်းတိုးတက်စေရန် ဝါရင့်ဆရာ/မများမှ အထူးရေးဆွဲထားသော သင်ကြားရေး အကြောင်းအရာများဖြစ်တဲ့

📎Information Processing
📎Intelligence, Talent and Achievement
📎Foundations of Thinking and Learning Styles
📎Strategies and Application for Diverse Learners
📎The Nature of Discipline Problem
📎Understanding Misbehavior & Building Teacher Influence
📎Building Relationships & Structuring the Learning Environment
📎Nonverbal Interventions, Verbal Interventions, and Logical Consequences

စသည်များကို မျှဝေ သင်ကြားပေးမည်ဖြစ်ပါသည်။

💫 သင်တန်းအချိန်ဇယား

🗓️ အပတ်စဥ် အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့
⏰ ညနေ 7:30 မှ 9:00 (မြန်မာစံတော်ချိန်)
🗓️ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့ထိ
💻 Zoom Platform မှတစ်ဆင့် သင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

📌 သတိပြုရမည့်အချက်များ

🔔 လျှောက်လွှာတင်သွင်းခြင်းကို 21 September ညနေ 4:00 (မြန်မာစံတော်ချိန်) မတိုင်ခင် အောက်ပါလင့်ခ်မှ တဆင့်လျှောက်ထားနိုင်ပါတယ်။
🔗 လျှောက်လွှာဖောင် - https://tinyurl.com/TEAMSTeachBoostTraining

⚠️ လူဦးရေ ကန့်သတ်ထားတာကြောင့် လျှောက်လွှာတွင် ပါဝင်သော Essay ကို သေချာ၊ ပြည့်စုံစွာ ရေးသားဖို့အတွက် အထူးသတိပြုပါရန် တိုက်တွန်းအပ်ပါသည်။ (ဒီအပိုင်းသည် ရွေးချယ်မှုလုပ်ငန်းစဉ်အတွက် အဓိကအချက်ဖြစ်ပါတယ်)

14/08/2025

TEAMS ကနေ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့တဲ့ Two Months Teacher Training Program: TB7 S2 ဟာဆိုရင် မကြာသေးခင်ကပဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။

အတွေ့အကြုံများစွာရှိတဲ့ Trainers များမှ စနစ်တကျနဲ့ သေသေချာချာ လေ့ကျင့်သင်ကြားပေးခဲ့တာတွေကြောင့် တက်ရောက်လာတဲ့ သင်တန်းသူ/သားများလည်း အတွေ့အကြုံများစွာ ရရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

📝 ဒီ နှစ်လတာ သင်တန်းကာလအတွင်းမှ သင်တန်းသူ၊/သား အချို့ရဲ့ အတွေ့အကြုံလေးတွေကိုလည်း အခုလိုပဲ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

🔜 TEAMSမှ သင်ကြားရေးကို စိတ်ဝင်စားသော ဆရာ၊ ဆရာမများအတွက် နောက်ထပ် Course Modules အသစ်များပါဝင်တဲ့ ဆရာအတတ်သင် သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးဖို့ရှိပါတယ်။

ဘယ်လိုသင်တန်းတွေဖြစ်မလည်း ဘာအကြောင်းအရာတွေ ဖြစ်မလည်းဆိုတာကို TEAMS ရဲ့ page မှာ စောင့်မျှော်ပေးကြပါဦးနော်။





29/07/2025

TEAMS ကနေ ပြုလုပ်တဲ့ Teacher Training Program နဲ့ ပတ်သက်ပြီး လျှောက်လွှာတင်တဲ့သူတွေအနေနဲ့ မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဒီဗီဒီယိုလေးမှာ TEAMS ရဲ့ ဆရာကနေ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

ယခုဗီဒီယိုမှာ ဖြေကြားထားတဲ့ အဖြေတွေကတော့ နောက်ပိုင်း သင်တန်းတက်ရောက်လိုသူ ဆရာ/ဆရာမများအတွက် အထောက်အကူဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

03/07/2025

2️⃣-Month Free Online Teacher Training Program

အားလုံးပဲ မင်္ဂလာပါရှင့် Teaching English Association for Monastic Schools (TEAMS) မှ အသက် (၁၈)နှစ်နှင့်အထက် သင်ကြားရေးကို စိတ်ဝင်စားပြီး မိမိရပ်ရွာကို အကျိုးပြု လုပ်ကိုင်လိုသူများ (သို့မဟုတ်) သင်ကြားရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများအတွက် ၂ လတာ အွန်လိုင်း ဆရာအတတ်သင်တန်း အတန်းသစ်ကို အခမဲ့ ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။

ယခုဖွင့်လှစ်မည့် သင်တန်းသည် အောက်ပါသင်ခန်းစာများကို သင်ကြားပို့ချပေးမည့် နောက်ဆုံး Batch (အသုတ်) ဖြစ်တဲ့အတွက်ကြောင့်၊ ယခင်က တက်ရောက်ဖူးခြင်းမရှိသေးသည့် ဆရာ၊ဆရာမများအားလုံး တက်ရောက်ဖို့ရာ တိုက်တွန်းလိုက်ပါတယ်ရှင့်။

ယခု (၂)လတာအတွင်း သင်ယူနိုင်မည့် အကြောင်းအရာများမှာ-

🌟 The Standards of a Golden Teacher
🌟 Classroom Language & Giving Clear Instruction
🌟 Setting up Routines, Rules and Rewards
🌟 Teaching English in the Classroom
🌟 Bilingual Teaching to the Classroom Context
🌟 Communicative Language Teaching
🌟 Total Physical Response
🌟 Content-Based Teaching & Task Based Teaching
🌟Set Induction Skill
🌟 Introduction to CLIL
🌟 Strategies of Indirect Teaching
🌟 Rosenshine’s Principles of Instruction
🌟 Teaching Some Vs Teaching All
🌟 Adaptive Teaching
🌟 Using Game and Song in the Classroom
🌟 Lesson Planning
🌟 Micro Teaching

အစရှိသော သင်ခန်းစာများကို သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဝါရင့် ဆရာ၊ ဆရာမများမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

🗓️ သင်တန်းကာလအနေဖြင့် 5th August 2025 ရက်နေ့မှစတင်၍ 25th September 2025 အထိ (၂) လတာ ကြာမြင့်မှာဖြစ်ပြီး

⏰ အပတ်စဉ်-
• အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင်
• မြန်မာစံတော်ချိန် ညနေ ၇:၃၀ မှ ၉:၀၀ အထိ
• Zoom ကို အသုံးပြု၍ အခမဲ့ သင်ကြားပေးသွားမှာပါ။

📝 လျှောက်ထားလိုသူများအနေဖြင့် -
http://tiny.cc/TB7S3
ဖော်ပြပါ လင့်မှတစ်ဆင့် July 28 ရက်နေ့ (မြန်မာစံတော်ချိန် ညနေ ၄ နာရီ) နောက်ဆုံးထားပြီး လျှောက်ထားရမှာပဲဖြစ်ပါတယ်။

🚨 ရွေးချယ်ခံရသူများကို July 29 ရက်နေ့ နောက်ဆုံးထား၍ TEAMS ၏ Gmail/Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

📌 လူဦးရေ အကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေး ဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။







11/06/2025

သင်ကြားရေးအတွေ့အကြုံ ၅နှစ်အောက်ရှိ မန္တလေးမြို့မှ ဆရာ၊ဆရာမများ အတွက် ၃ ရက်တာ အခမဲ့ Professional Development သင်တန်း

ဒီ ၃ ရက်တာ သင်တန်းလေးကတော့ မန္တလေးမှာ စာသင်ကြားနေတဲ့ သင်ကြားရေးအတွေ့အကြုံ ၅ နှစ်အောက်ရှိတဲ့ ဆရာ၊ဆရာမများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းမှာ စာသင်ခန်း စီမံခန့်ခွဲခြင်း၊ ဘာသာစကား ၂ မျိုးကို အသုံးပြုပြီး သင်ကြားရေး နည်းလမ်းများ၊ ဘာသာစကား ညွှန်ကြားမှု နှင့် နေ့စဉ် စာသင်ခန်း အလေ့အကျင့်တွေကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

သင်တန်းရက်များ။ ။ ၂၀ ရက် ဇွန်လ မှ ၂၂ ရက် ၂၀၂၅

သင်တန်းအချိန်ကတော့ ည ၇ နာရီမှ ၈း၃၀ အထိ (မြန်မာအချိန်) Zoom ကို အသုံးပြုပြီး သင်ကြားပို့ချသွားပါမည်။

Application Form: http://tiny.cc/pdlessthan5

Deadline: 18 June 2025 (4 pm Myan Time)

📜 ရွေးချယ်ခံရသူများကို 19June 2025 ရက်နေ့နောက်ဆုံးထားပြီး TEAMS ရဲ့ Gmail/ Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

🚨 လူဦးရေအကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေးဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။




07/05/2025

2️⃣ Months Free Online Teacher Training

Teaching English Association for Monastic Schools (TEAMS) မှ အသက် (၁၆) နှင့် အထက် သင်ကြားရေးကိုစိတ်ဝင်စားပြီး ကိုယ့်ရဲ့ရပ်ရွာဒေသမှာ လူမှုအကျိုးပြုလုပ်ကိုင်လိုသူများ (သို့) သက်မွေးဝမ်းကြောင်းလုပ်ကိုင်လိုသူများအတွက် 2️⃣Months Online Teacher Training - TB7 S2 ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

(၂)လတာအတွင်း သင်ယူနိုင်မည့် အကြောင်းအရာများမှာ -

- The Standards of a Golden Teacher
- Classroom Language & Giving Clear Instruction
- Setting up Routines, Rules and Rewards
- Teaching English in the Classroom
- Bilingual Teaching to the Classroom Context
- Communicative Language Teaching
- Total Physical Response
- Content-Based Teaching & Task Based Teaching
- Cooperative Learning and Collaborative Process
Introduction to CLIL
Strategies of Indirect Teaching
- Rosenshine’s Principles of Instruction
- Teaching Some Vs Teaching All
- Adaptive Teaching
- Using Game and Song in the Classroom
- Lesson Planning
- Micro Teaching

အစရှိတဲ့ သင်ခန်းစာများကို သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဝါရင့် ဆရာ၊ ဆရာမများမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလအနေဖြင့်
3 June 2025 နေ့မှစတင်၍ 24 July 2025 အထိ (၂) လတာကြာမြင့်မှာဖြစ်ပြီး အပတ်စဉ် -
🗓️ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တွေမှာ

⏱️ မြန်မာစံတော်ချိန် ညနေ 7:30 မှ 9:00 အထိ

💻 Zoom ကိုအသုံးပြု၍ အခမဲ့သင်ကြားပေးသွားမှာပါ။

📝 Application Form: https://tinyurl.com/tb7s2

⏳ Deadline: 27 May 2025 (4 pm Myan Time)

📜 ရွေးချယ်ခံရသူများကို 28 May 2025 ရက်နေ့နောက်ဆုံးထားပြီး TEAMS ရဲ့ Gmail/ Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

🚨 လူဦးရေအကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေးဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။






22/01/2025

2️⃣ Months Free Online Teacher Training

Teacher Training တက်ရောက်ရန် စောင့်ဆိုင်းနေသော ဆရာ/မများအတွက် 2️⃣Months Online Teacher Training - TB7 S1 လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီနော်။

💫 အသက် (၁၆) နှင့် အထက်
💫 သင်ကြားရေးကိုစိတ်ဝင်စားပြီး မိမိ၏ရပ်ရွာဒေသတွင် လူမှုအကျိုးပြုလုပ်ကိုင်လိုသူများ
💫 ပညာရေးဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ပါတယ်။

(၂)လတာအတွင်း သင်ယူနိုင်မည့် အကြောင်းအရာများမှာ -

The Standard of a Golden Teacher
- Classroom Language
- Giving Clear Instruction
- Setting up Routines, Rules and Rewards
- Teaching English in the Classroom
- Bilingual Teaching to the Classroom Context
- Communicative Language Teaching
- Total Physical Response
- Content-Based Teaching & Task Based Teaching
- Oral Language (Storytelling) & Digital Storytelling
- Rosenshine’s Principles of Instruction
- Teaching Some Vs Teaching All
- Adaptive Teaching
- Using Game and Song in the Classroom
- Lesson Planning
- Micro Teaching

အစရှိတဲ့ သင်ခန်းစာများကို သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဝါရင့် ဆရာ၊ ဆရာမများမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလအနေဖြင့်
11 February 2025 နေ့မှစတင်၍ 3 April 2025 အထိ (၂) လတာကြာမြင့်မှာဖြစ်ပြီး အပတ်စဉ် -
🗓️ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့တွေမှာ

⏱️ မြန်မာစံတော် ညနေ 7:30 မှ 9:00 အထိ

💻 Zoom ကိုအသုံးပြု၍ အခမဲ့သင်ကြားပေးသွားမှာပါ။

📝 Application Form: https://tinyurl.com/teachertrainingb7s1

⏳ Deadline: 4 February 2025 (4 pm Myan Time)

📜 Interview အတွက် ရွေးချယ်ခံရသူများကို 4 February 2025 ရက်နေ့နောက်ဆုံးထားပြီး TEAMS ရဲ့ Gmail/ Telegram မှတစ်ဆင့် အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။

🚨 လူဦးရေအကန့်အသတ်ရှိတာကြောင့် Form ဖြည့်တဲ့အခါ သေသေချာချာလေးဖြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။






Want your school to be the top-listed School/college in Brighton and Hove?

Click here to claim your Sponsored Listing.

Website

Address


40 Avenue Road, Forest Gate
Brighton And Hove
E70LD

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm