United Myanmar Bando Nation

United Myanmar Bando Nation

Share

This page aims to promote Myanmar unarmed Martial Art '' Bando '' . Bando Lethwei , Byaung Pyan Bando , Pwel Kyaung Bando , Mainland Bando , Naban , ect.

06/06/2026

အိမ်နီးချင်းထိုင်းနိုင်ငံမှကျားတစ်ကောင်သည် နယ်မြေသစ်ရှာရာမှ မြန်မာနယ်မြေအတွင်းရောက်လာပြီး ရက်စက်စွာသတ်ဖြတ်ခံရသော မှတ်တမ်းရှိသည်၊ ထိုစဉ်က ကမ္ဘာ့ သီတင်းမီဒီယာ အားလုံးက ထိုလုပ်ရပ်ကို ရှုံ့ချထားပြီး မြန်မာနိုင်ငံသည် လူမပြောနှင့် ကျားပင်အလည်အပတ်သွားရင် မသင့်သော လူအရိုင်းအစိုင်းတို့ နေထိုင်သော အရပ် ဟူသော သဘောမျိုးဖြင့် ဖော်ပြခံရသည်မှာ အလွန် ရင်နာဖွယ် ရှက်ဖွယ်ကောင်းလှပေသည်။

“ အားနာပါဘိ မောင်ရွှေကျား ”

အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဘင်္ဂလားကျားများ နေထိုင်ကျက်စားကြသည်။ ရုရှားနိုင်ငံတွင် ဆိုက်ဘေးရီးယားကျား၊ မလေးရှားနိုင်ငံတွင် မလေးကျား၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆူမတြားကျားတို့ကို တွေ့ရှိနိုင်သည်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် အင်ဒိုချိုင်းနားကျားများ ကျက်စားခဲ့ကြသော်လည်း ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင်တော့ ယင်းကျားမျိုးများ မျိုးသုဉ်းလုနီးပါး သို့မဟုတ် မျိုးသုဉ်းသွားပြီဟု ယူဆထားကြသည်။ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံတွင် ကျားမျိုးကွဲ တစ်မျိုးသာ အဓိကတွေ့ရလေ့ရှိသည်။

သို့သော် ကမ္ဘာပေါ်တွင် ကျားမျိုးကွဲ နှစ်မျိုးကို တစ်နိုင်ငံတည်းအတွင်း တွေ့ရှိနိုင်သည့် ထူးခြားသော နိုင်ငံ နှစ်နိုင်ငံသာရှိသည်ဟု ဆိုကြသည်။ ၎င်းတို့မှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဆိုက်ဘေးရီးယားကျား နှင့် တရုတ်တောင်ပိုင်းကျား တို့ကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင်မူ မြန်မာပြည်အထက်ပိုင်းနှင့် ရခိုင်ရိုးမဒေသများတွင် ဘင်္ဂလားကျား များကို တွေ့ရပြီး၊ မြန်မာပြည်အောက်ပိုင်းနှင့် တနင်္သာရီရိုးမဒေသများတွင် အင်ဒိုချိုင်းနားကျား များကို တွေ့ရှိရသည်။ အရှေ့တောင်အာရှတွင် ကျားမျိုးကွဲနှစ်မျိုး နေထိုင်ကျက်စားနိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဆိုနိုင်သည်။ တချိန်က ရွှေတိဂုံစေတီပေါ်အထိပင် ကျားတက်ခဲ့ဖူးသော နိုင်ငံ ၊ ရိုးရာလက်ဝှေ့ကျော် တို့ကို ရိုးရာကျား ဟု ခေါ်သော ၊ အနာဂတ် အာရှကျားဟု တင်စားခံရသော မြန်မာနိုင်ငံဖြစ်သည်။

ဤသည်မှာ ငွေကြေးဖြင့် ဖန်တီးယူ၍မရသော သဘာဝတရား၏ လက်ဆောင်တစ်ခုဖြစ်ပြီး ဂုဏ်ယူထိုက်သော အမွေအနှစ်တစ်ရပ်လည်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ၊ ဂေဟစနစ်၏ အရေးပါမှုကို နားလည်သူ၊ အစာကွင်းဆက်၏ အဓိပ္ပါယ်ကို သိရှိသူ ၊ တောတောင်နှင့် တောရိုင်းတိရစ္ဆာန်များက ရာသီဥတုအပေါ် မည်မျှ သက်ရောက်လွှမ်းမိုးမှု ရှိသည်ကို သဘောပေါက်သူများအတွက် မြန်မာနိုင်ငံတွင် ကျားမျိုးကွဲ နှစ်မျိုးတိုင်တိုင် ရှင်သန်နေထိုင်လျက်ရှိကြောင်း သိရခြင်းကပင် ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်သည်။

တစ်ဖက်တွင် “ကျားပဲဖြစ်ဖြစ်၊ ကျားသစ်ပဲဖြစ်ဖြစ်၊ တောခွေးပဲဖြစ်ဖြစ်၊ မိကျောင်းပဲဖြစ်ဖြစ် လူကို အန္တရာယ်ပေးနိုင်သည့် သားစားကောင်များ မလိုအပ်ဘူး၊ မျိုးသုဉ်းသွားလျှင် ပိုကောင်းမယ် ၊ အကုန်ရှင်းပြစ် ၊ အကုန်သေကုန် အေးတာပဲ” ဟူသော အမြင်မျိုးသည် ဂေဟစနစ်၏ အပြန်အလှန်ချိတ်ဆက်မှုကို မသိနားမလည်သည့် လူကလွဲ သက်ရှိမထင်သော ဆင်ခြင်ညာဏ်မဲ့ အတွေးမျိုးသာ ဖြစ်သည်။ ဤကမ္ဘာကြီးသည် လူသားတစ်မျိုးတည်းအတွက် ဖန်တီးထားခြင်း မဟုတ်ပါ။ သဘာဝလောကရှိ အရာအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခိုလျက် ရှင်သန်တည်ရှိနေကြခြင်း ဖြစ်သည်။ စင်စစ်မှာ လူတမျိုးတည်းသာကျန်ပြီး ကျန်ပြီး ကျန်သတ္တဝါများ မျိုးသုန်းကုန်က ၊ ဂေဟစနစ် ပျက်သုန်းက လူသားသည်လည်း တစ်စက္ကန့် မျှပင် ရှင်သန်နိုင်မည်မဟုတ်ပါ။

တောကောင်ရွာဝင်တယ် ၊ တောကောင် တို့စိုက်ခင်းဝင်စီးတယ် ဟု လူတို့ အမြဲအပြစ်တင် လေ့ရှိကြသော်လည်း အမှန်တကယ် ဦးနှောက်အေးအေးထား၍ စဉ်းစားကြည့်ကြလျှင် တောရိုင်းတိရစ္ဆာန်များက လူသားတို့၏ နေရာကို ကျူးကျော်ခြင်း မဟုတ်ဘဲ၊ လူသားများကသာ သူတို့၏မူလ နေရင်းဒေသဖြစ်သော သစ်တောများကို ခုတ်ထွင်ဖျက်ဆီးကာ နယ်မြေချဲ့ထွင်ခဲ့ကြခြင်း ဖြစ်သည်။ နယ်မြေကျဉ်းသည်ထက် ကျဉ်းလာသောအခါ တောရိုင်းတိရစ္ဆာန်များမှာ မိမိတို့ကျက်စားခဲ့ဖူးသော နယ်မြေလမ်းကြောင်းများကို ဗီဇအသိစိတ်ဖြင့် သွားလာရင်း မရှောင်မလွှဲသာပဲ အမှန်တကယ် ကျူးကျော်သူစစ်စစ် ဖြစ်သော လူသားတို့၏ရပ်ရွာ ရောက်လာကြရခြင်းဖြစ်ပေသည်။

သဘာဝတရားသည် မည်သူ့ဘက်မှ မလိုက်ပါ။ မျှတမှုနှင့် အတူယှဉ်တွဲနေထိုင်မှုကိုသာ လိုလားသည်။ လူသားတို့က သဘာဝကို ဖျက်ဆီးလျှင် သဘာဝကလည်း တစ်နေ့ ပြန်လည်တုံ့ပြန်မည်သာ ဖြစ်သည်။ သို့သော် သဘာဝသည် စိတ်ရှည်လက်ရှည် ရှိလှသည် ၊ ချက်ခြင်း ဒဏ်ခတ်လေ့မရှိ ။ ပြုပြင်ပြောင်းလဲရန် အချိန်ပေးတတ်သည်၊ သတိပေးတတ်သည်။ ထိုသတိပေးချက်များကို အကြိမ်ကြိမ် လျစ်လျူရှုပြီး ဆက်လက်ဖျက်ဆီးနေမည်ဆိုပါက သဘာဝ၏ တုံ့ပြန်မှုသည် ပြင်းထန်လာမည် ဖြစ်သည်။ ထိုအခါမှ လူသားတို့ နောင်တကြီးစွာရလျှက် သဘာဝ ဆိုင်ရာ အသိတရားဝင်ပါက များစွာနောက်ကျသွားပေမည်။

အိန္ဒိယနှင့် နီပေါနိုင်ငံများတွင် ကျားအရေအတွက် တိုးပွားလာစေရန် နိုင်ငံတော်အဆင့်သာမက ဒေသခံပြည်သူများပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည်။ ““တောဘုရင်” ဟု တင်စားခေါ်ဝေါ်သည့် ကျားများ တိုးပွားလာလေ သစ်တောကျန်းမာလာလေ ဖြစ်သည်။ ထို့အပြင် တောရိုင်းကျားများကို လေ့လာကြည့်ရှုလိုသော သဘာဝခရီးသွားများ၊ သစ်တောလေ့လာကြသူများ ၊ တောရိုင်းတိရစ္ဆာန် သဘာဝ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များ ပိုမိုလာရောက်ကြသဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာပြီး နိုင်ငံခြားဝင်ငွေလည်း တိုးတက်လာသည်။

ကျားရိုင်းများ ရှင်သန်နေထိုင်သည့် နိုင်ငံ ၊ ကျားရိုင်းများ ကို သဘာဝအတိုင်း ထိန်းသိမ်း ထားနိုင်သော နိုင်ငံသည် ကမ္ဘာ့အလယ်တွင်လည်း ပိုမိုအလေးထားခံရပြီး မျက်နှာပွင့်သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဂီးယားသစ်တောတွင်တော့ ကမ္ဘာပေါ်၌ အလွန်ရှားပါးလာပြီဖြစ်သော အာရှခြင်္သေ့များကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ တစ်ချိန်က အမဲလိုက်မှုများကြောင့် အာရှခြင်္သေ့အရေအတွက် ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့ရာမှ ဒေသခံများ၏ ဇွဲလုံ့လ၊ သဘာဝချစ်စိတ်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများကြောင့် ယနေ့တွင် ကောင်ရေရာနှင့်ချီ ပြန်လည်တိုးပွားလာနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများတွင်လည်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း အမဲလိုက်မှုနှင့် တရားမဝင်တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများကြောင့် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ကျားနှင့် ဆင်တို့ကဲ့သို့သော မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် သတ္တဝါများကို ငွေကြေးအနည်းငယ်အတွက် သတ်ဖြတ်ရောင်းချခြင်းသည် ရှုတ်ချဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ တောသူတောင်သားများအနေဖြင့် သစ်တောကို မှီခိုအသက်မွေးခြင်းမှာ သဘာဝကျသော်လည်း မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် သတ္တဝါများကို တမင်လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းသည် ရေရှည်တွင် မိမိတို့၏ အနာဂတ်ကိုပင် ဖျက်ဆီးခြင်းနှင့် တူသည်။

မုဆိုးစစ်စစ်သည် တောကိုချစ်ရမည်။ တောရိုင်းတိရစ္ဆာန်များ မျိုးမသုဉ်းစေရန် ထိန်းသိမ်းရမည်။ ရာသီအလိုက်၊ ဥပဒေအရ သတ်မှတ်ထားသော သားကောင်များကိုသာ စနစ်တကျ အမဲလိုက်ရမည်။ ကျား၊ ကျားသစ်ကဲ့သို့သော ထိပ်တန်းသားစားကောင်များကို မလိုအပ်ဘဲ မပစ်ခတ်သင့်ပေ။ လူမုဆိုးသည် တောမုဆိုး တို့ကို လက် ရှောင်ရသော စည်းမျိုးလည်း ရှိပေသည်။ သစ်တောကျန်းမာရေးအတွက် ၎င်းတို့သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြသောကြောင့် ဖြစ်သည်။

ယခင်ကိုလိုနီခေတ်များတွင် နယ်ချဲ့အင်အားကြီးနိုင်ငံများက အားကစားအမည်ခံကာ ကျား၊ ကျားသစ်၊ ဆင်နှင့် အခြားတောရိုင်းတိရစ္ဆာန်များကို အမြောက်အမြား သတ်ဖြတ်ခဲ့ကြဖူးသည်။ တစ်နေ့တည်းတွင် အကောင်ရေ ရာချီ သတ်ဖြတ်ခဲ့ဖူးလေသည်။ ထိုအမှားများ၏ အကျိုးဆက်ကို ယနေ့အချိန်ထိ အာရှနိုင်ငံများစွာ နလံမထူနိုင်လောက်အောင် ခံစားနေကြရဆဲဖြစ်သည်။ ထို့ကြောင့် အတိတ်သင်ခန်းစာများမှ သင်ယူကာ သဘာဝအမွေအနှစ်များကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းကြရမည် ဖြစ်သည်။

ယနေ့ ဇီဝဗေဒနှင့် မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုများအရ ယခင်က ခွဲခြားထားသည့် ကျားမျိုးကွဲ ကိုးမျိုးအစား၊ ပြည်မကြီးကျားများ (Mainland Asian Tigers) နှင့် ကျွန်းနေကျားများ (Island Tigers) ဟူ၍ အဓိက အုပ်စုနှစ်ခုအဖြစ် ပိုမိုသိပ္ပံနည်းကျ သတ်မှတ်လာကြသည်။

မြန်မာနိုင်ငံတွင် ကျားအရေအတွက်မှာ အကောင်ရေ နှစ်ဆယ် အောက်သာ ကျန်ရှိနိုင်ပြီး မျိုးသုန်းရန် အင်မတန်နီးကပ်နေကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ ပြည်တွင်းစစ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် လူသားဖိအားများကြားတွင် လူသားများပင် ရုန်းကန်နေရသော အခြေအနေ၌ တောရိုင်းတိရစ္ဆာန်များ၏ ဘဝမှာ ပိုမိုခက်ခဲလှသည်။

အိမ်နီးချင်းထိုင်းနိုင်ငံမှကျားတစ်ကောင်သည် နယ်မြေသစ်ရှာရာမှ မြန်မာနယ်မြေအတွင်းရောက်လာပြီး ရက်စက်စွာသတ်ဖြတ်ခံရသော မှတ်တမ်းရှိသည်၊ ထိုစဉ်က ကမ္ဘာ့ သီတင်းမီဒီယာ အားလုံးက ထိုလုပ်ရပ်ကို ရှုံ့ချထားပြီး မြန်မာနိုင်ငံသည် လူမပြောနှင့် ကျားပင်အလည်အပတ်သွားရင် မသင့်သော လူအရိုင်းအစိုင်းတို့ နေထိုင်သော အရပ် ဟူသော သဘောမျိုးဖြင့် ဖော်ပြခံရသည်မှာ အလွန် ရင်နာဖွယ် ရှက်ဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တောတောင်ရေမြေတွင် ဖြစ်တည်နေသော တောရိုင်းတိရစ္ဆာန်များကို သဘာဝအရင်းအမြစ်တစ်ခုအဖြစ်သာမက အဖိုးတန် အမွေအနှစ်တစ်ရပ်အဖြစ်လည်း မြင်တတ်ရန် လိုအပ်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ သစ်တောများ၏ အသက်၊ ဂေဟစနစ်၏ နှလုံးသားဖြစ်ကြသည်။ ကျွန်ုပ်တို့ လူသားတို့ အတွက် လိုအပ်သော ရာသီဥတုသည် တောကိုမှီပါသည် ၊ တောများကျမ်းမာမှ ရာသီဥတု ကောင်းမွန်မည်။ တောတောင်များ ကျန်းမာအောင် တောကောင်များက သဘာဝအသိ ဖြင့် ပြုပြင်မွမ်းမံ ထိန်းသိမ်းပေးကြသည် ၊ ထိုတောကောင် သဘာဝရင်သွေးငယ်များကို ချစ်ခင်သနားညှာတာကြရမည်။

သဘာဝတရား၏သဘောတခုမှာလဲ ထိုအရပ်ရှိလူသားတို့၏ ပညာညာဏ် အသိပညာ စိတ်နေစိတ်ထား တို့နှင့် ထိုက်တန်သော ရာသီဥတု ကို ဖန်တီးပေးလေ့ရှိပါသည်၊ မဲမဲမြင် အကောင်မြင်သတ် ဟူသော အရပ်သည် ငြိမ်းချမ်းသော အရပ်ဖြစ်မည်မဟုတ်ပဲ ၊ သတ္တဝါ တို့ကို သနားညှာတာမေတ္တာ ထားသော အရပ်သည်သာ ရာသီဥတုသာယာ၍ နေချင့်စဖွယ် ငြိမ်းချမ်းသောအရပ်ဖြစ်ပေမည်။ တစ်နေ့တွင် ကျွန်ုပ်တို့အားလုံးက သဘာဝ၏ တန်ဖိုးကို နားလည်လာပြီး၊ ဤတောတောင်ရေမြေများနှင့် ၎င်းတို့တွင် ရှင်သန်နေသော သတ္တဝါများကို မိမိတို့၏ သဘာဝ အမွေအနှစ်၊ သားသမီးရင်းချာများကဲ့သို့ ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

credit - ဗန်တိုမောင်မောင်

Lek Kha Moun
Wear The Warrior

#လက်ခမောင်း


Photos from Lek Kha Moun's post 27/05/2026

🥊 ဂိမ်းကစားပြီး (၃)ထည် အလကားယူ 🥊
​မြန်မာ့ရိုးရာ၊ မြန်မာ့မာန်တွေနဲ့ ပြည့်နှက်နေတဲ့ Lek Kha Moun Clothing Brand ရဲ့ ဒုတိယမြောက် New Product ဖြစ်တဲ့ "Myanmar Lethwei" T-shirt အသစ်စက်စက်လေး ထွက်ရှိလာပါပြီ!!! 💥

​ဒီတခေါက်မှာတော့ မြန်မာ့လက်ဝှေ့အကြောင်း ဗဟုသုတတွေ ဝေမျှရင်း (၃) ထည် အလကား ရနိုင်မဲ့ ကံစမ်းမဲဂိမ်းအစီအစဉ်ကို ထပ်မံထည့်သွင်းပေးထားပါတယ်ဗျာ။

​🎁 Promotion & Special Offer
​ပုံမှန်ဈေး ၄၁,၀၀၀ ကျပ်ကို အထူးပရိုမိုးရှင်းအနေနဲ့ ၃၄,၀၀၀ ကျပ် တည်းနဲ့ ၂၅.၀၅.၂၀၂၆ မှ ၂၅.၀၆.၂၀၂၆ အထိ ရောင်းချပေးနေပါပြီ!!!
​ဒါတင်မကသေးဘူးနော်... (၁)ကြိမ်ဝယ်ယူဖူးသူတိုင်းအတွက် နောက်ထပ် 5% Extra Discount ထပ်ပေးဦးမှာပါ!!!

​◾ Code: LKM26002 (Myanmar Lethwei)

◾ အသားကောင်း

​◾ ရရှိနိုင်တဲ့ Size များ
​L Size: ပုခုံး ၁၇" | ရင်အကျယ် ၄၂" | အရှည် ၂၉"
​XL Size: ပုခုံး ၁၈" | ရင်အကျယ် ၄၄" | အရှည် ၃၀"
(Size အတိုးအလျော့ အနည်းငယ် ကွဲလွဲနိုင်ပါသည်။)

​💥 ဂိမ်းပွဲစည်းကမ်းချက် 💥
အောက်ပါ မြန်မာ့ရိုးရာလက်ဝှေ့ မေးခွန်း (၈) ခုကို Comment မှာ အဖြေမှန် ဖြေဆိုပေးရမှာ ဖြစ်ပါတယ်။ အဖြေမှန်သူအားလုံးထဲကမှ Random စနစ်နဲ့ ကံထူးရှင် (၃) ဦး ကို ရွေးချယ်ပြီး LKM "Myanmar Lethwei" T-shirt (၁)ထည်စီ မေတ္တာလက်ဆောင် ပေးသွားပါမယ်။

​🚚 ကံထူးရှင် (၃) ဦးလုံးကို မြန်မာနိုင်ငံတွင်း Royal Express ရောက်တဲ့နေရာတိုင်း Delivery Free နဲ့ အိမ်တိုင်ရာရောက် ပို့ပေးမှာပါဗျာ။

​🌐 အနောက်တိုင်းနိုင်ငံများမှ ဝယ်ယူအားပေးလိုသူများ ဒီ Link မှာ ဝယ်ယူအားပေးနိုင်ပါတယ်ဗျာ။
https://www.facebook.com/share/p/1Gi2eH7218/

​ကဲ... ဒါဆို ဂိမ်းပွဲ စ,လိုက်ကြရအောင်နော်... 👇
​📝 အောက်ပါ မေးခွန်းများကို ဖြေဆိုပါ။ (၈)မှတ်

​၁။ မိမိမှာ အနောက်တိုင်းလက်ဝှေ့ ဘောက်ဆင်သမား ဖြစ်သော်လည်း ငါဟာ မြန်မာတည်းဟူသော မျိုးချစ်စိတ်ဖြင့် မြန်မာ့လက်ဝှေ့ကို မြေဝိုင်းအဆင့်မှ ကြိုးဝိုင်းအဆင့်သို့ တဆင့်မြှင့်တင်ပေးခဲ့သော ဆရာကြီးမှာ ---------- ဖြစ်သည်။
(၁) ဗန်တိုမောင်ကြီး
(၂) ကျားဘညိမ်း
(၃) ပြောင်းပြန်မောင်လေး

​၂။ မြန်မာ့လက်ဝှေ့ တွင် ''ချုပ်သိုင်းပိုင်လျှင် လုပ်တိုင်း နိုင်တယ်'' ဟု ဆိုရိုး (ဝါ) စာချိုး ရှိရာ မြန်မာ့လက်ဝှေ့ ချုပ်သိုင်းပညာရပ်ကို အမှန်တကယ်ချစ်မြတ်နိုးပြီး နဘမ်းချုပ်သိုင်း သတ်ကွက်များကို ခေတ်သစ် မြန်မာ့လက်ဝှေ့ ပွဲတိုင်းလိုလိုတွင် တခုတ်တရ ထုတ် သုံးတတ်သူမှာ ---------- ဖြစ်ပေသည်။
(၁) သထုံမိုးကြိုး
(၂) ကြယ်လင်းအောင်
(၃) စောငမန်း

​၃။ မြန်မာ့လက်ဝှေ့ လောကတွင် ဒူးပျံနိုင်ဘို ကဲ့သို့ နာမည်တွင် ဒူးပျံ အမည် မထည့်သွင်းစေကာမူ ဒူးပျံအလွန်ပင်သုံးသော မြန်မာပြည်ချန်ပီယံ ဖြစ်ဖူးသော ရိုးရာလက်ဝှေ့ကျော်မှာ ---------- ဖြစ်သည် ။
(၁) မိုက်ရိုင်း ခေါ် စောဒါပို့
(၂) ရွှေဆိုင်း
(၃) လုံးချော

​၄။ မြန်မာ့သိုင်းတွင် ''ဗန်တို (ဝါ) လက်နက်မဲ့ အတိုက်'' နှင့် ''ဗန်ရှည် (ဝါ) လက်နက်သိုင်း'' ဟူ၍ ရှိပေရာ အမှန်စင်စစ် မြန်မာ့လက်ဝှေ့မှာ ''----------'' တမျိုးဖြစ်ပေသည် ။
(၁) ဗန်တိုအမာ
(၂) လက်သိုင်း
(၃) ဘောက်ဆင်

​၅။ သေနတ်နှင့် ဖက်မွေးသလောက် ဆိုရလောက်သော လူကြမ်းတို့ ပေါသော အမေရိကန်နယ်ကို လက်နက်မဲ့ လက်နက်ရှိ သိုင်းပညာ များ၏ အရေးပါမှုကို ထင်ဟပ်စေလျှက် မြန်မာ့သိုင်းပညာများ ဖြန့်ဖြူးခဲ့ခြင်း၌ နာမည်ကြီးသော မြန်မာ့သိုင်းဆရာကြီးမှာ ---------- ဖြစ်သည် ။
(၁) ဦးပြည်သိမ်း
(၂) ဒေါက်တာမောင်ကြီး
(၃) ဇော်ဝိတ်

​၆။ မြန်မာ့လက်ဝှေ့၏ မြစ်ဖျားခံရာ ပညာများထဲက တခုအပါအဝင်ဖြစ်သော ပွဲကျောင်းလက်ဝှေ့တွင် '' --------- '' ဟူ၍ ပညာခန်းများ ရှိပေသည် ။
(၁) လက်ပွေ့ လက်ဖွေ့ ဆယ့်နှစ်ခန်း
(၂) လက်ဝေ့ လက်ပန်း ဆယ့်နှစ်ခန်း
(၃) လက်ဝှေ့ လက်ပမ်း ဆယ့်နှစ်ခန်း

​၇။ မြန်မာ့လက်ဝှေ့လောကတွင် သက်တမ်းအရှည်ဆုံး မြန်မာပြည်ချန်ပီယံမှာ '' ----------- '' ဖြစ်သည် ။
(၁) ရွှေဒူဝံ
(၂) ရွှေဝါထွန်း
(၃) ဝမ်ချိုင်း

​၈။ မြန်မာ့လက်ဝှေ့တွင် ကိုးသတ်မြောက် လက်ဝှေ့လက်နက် ပညာခန်းတွင် ထူးချွန်လှသဖြင့် ရွှေခေါင်းပြောင်ဟု တင်စား ခံရသော လက်ဝှေ့ကျော်မှာ '' ---------- '' ဖြစ်သည်။
(၁) စောငမန်း
(၂) မိုးသီး
(၃) သတ္တိအောင်

​⏳ ဂိမ်းစည်းကမ်းချက်နှင့် ကာလ
​◾ နောက်ဆုံးဖြေဆိုရမည့်အချိန်: ၂၈.၀၅.၂၀၂၆ (ည ၁၂ နာရီတိတိ) နောက်ဆုံးထားပြီး ဒီ Post ရဲ့ Comment မှာ ဖြေပေးရပါမယ်။
◾ မဲပေါက်သူ ကြေညာမည့်အချိန်: ၂၉.၀၅.၂၀၂၆ (ည ၈ နာရီ) မှာ Page ကနေ ကံထူးရှင် (၃) ဦးကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

​🛒 ဂိမ်းမကစားဘဲ တန်းဝယ်ချင်သူများ၊ အသင်းအဖွဲ့များ၊ လက်ဝှေ့/ သိုင်းကလပ်များ အထည် (၁၀/ ၁၅/ ၂၀/ ၃၀)အလိုက် လက္ကားစျေးသီးသန့် ရှိပါတယ်... Page ရဲ့ Messenger မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

💥 cash on delivery - Yangon /Mandalay ( ကျန်မြို့အားလုံး ငွေကြိုရှင်းပါ ခင်ဗျာ)

💥​​ကဲ...မြန်မာ့ရိုးရာကို ချစ်မြတ်နိုးတဲ့ မိတ်ဆွေတို့ရေ။ လက်ဝှေ့ဗဟုသုတလဲ ကြွယ်၊ ဖက်ရှင်လဲ အမိုက်စားဝတ်ချင်တယ်ဆိုရင်တော့ အခုပဲ မေးခွန်း (၈) ခုကို အဖြေမှန်အောင် ဖြေပြီး ကံစမ်းလိုက်တော့နော်။ ကံထူးသူ(၃) ဦးထဲမှာ သင် ပါမလား? အခုပဲ Comment မှာ ဝင်ရောက်ယှဉ်ပြိုင်လိုက်ပါ။ 🥊

"သင်ဟာ ရဲရင့်သူတယောက်ပါ။
သင့်ရဲ့ ဝတ်စားဆင်ယင်မှုကလဲ
အဲဒီရဲရင့်မှုကို ထင်ဟပ်နေပါစေ။"

​Lek Kha Moun
Wear The Warrior

​ #လက်ခမောင်း


Photos from Lek Kha Moun's post 21/05/2026
Photos from Lek Kha Moun's post 15/05/2026

တချို့သတ် တို့ကို မောင်းအနေ နှင့် သုံး၍ တချို့မောင်းတို့ကို သတ်အနေနှင့်လည်း သုံး၏။

ဥပမာ - တံတောင်သတ် ကို တံတောင်ကာ ၊ တံတောင်ပိတ် ( မောင်းသဘော ) မျိုးသုံးတတ်၏။
ညို့သကျည်းမောင်းကို ဂလန့်ဒူး ( ခြေတဝက် ဒူးတဝက်ကန် ) ချက်တွင် သတ်သဘောမျိုးသုံးတတ်၏။

ခန္ဓာ လက်နက်တို့သည် တရားသေမရှိပဲ လွတ်လပ်သောသဘောရှိ၏။

08/05/2026

What makes a true fighter?
ဘယ်အရာက ဖိုက်တာကောင်းတယောက် ဖြစ်စေလဲ?

Heart ❤️ - အသည်းကောင်းခြင်း
Discipline 🥋- စည်းကမ်းကောင်းခြင်း
Power 💥- ခွန်အားရှိခြင်း
Respect ⚔️- လေးစားမှူရှိခြင်း
Resilience 🛡️ - မာဂုဏ် ရှိခြင်း
Fight IQ 🧠 - တိုက်ခိုက်ရေးဉာဏ်ရည်
Technical Skill 🗡️ - နည်းစနစ် ပိုင်ခြင်း

အဖြေသည် တခုထက် ပိုနိုင်ပါသည် ၊ မိတ်ဆွေတို့ ဖြေဆို ကြည့်ပါ။

ပုံ - Credit

Lek Kha Moun
Wear The Warrior

#လက်ခမောင်း

Photos from Lek Kha Moun's post 08/05/2026

ဝါသနာပါရင် မေးခွန်းတွေ ဝင်ဖြေကြည့်ဗျာ မူရင်း လင့် အောက်မှာ

07/05/2026

မိမိ၌ ကပ်ငြိနေသော အညံ့အသက်၊ မကောင်းသောကံကြမ္မာတို့ လွင့်စင်ပပျောက်၍ ဘုန်းကျက်သရေ အဖြာဖြာ တိုးပွားကာ လာဘ်လာဘ ရွှင်လန်းစေရန် ရည်သန်၍လည်း ရှေးမြန်မာတို့သည် မိမိကိုယ်ကို သိဒ္ဓိတင်သည့် အနေဖြင့် လက်ခမောင်းခတ်လေ့ရှိကြသည်။

မြန်မာတို့၏ “လက်ခမောင်းခတ်ခြင်း” ဟူသော ဓလေ့သည် ရိုးရိုးကာယလှုပ်ရှားမှုတစ်ရပ်မျှ မဟုတ် ၊ စိန်ခေါ်မှူ တခုမျှသာ မဟုတ်။ ယင်းသည် အားမာန်ရှိခြင်း၊ အောင်မြင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျက်သရေတိုးပွါးခြင်း ၊ စိန်ခေါ်ခြင်းနှင့် သူရဲကောင်းစိတ်ဓာတ်တို့ကို ဖော်ညွှန်းသော မြန်မာ့သင်္ကေတတစ်ရပ်ပင် ဖြစ်လေသည်။

“လက်ပမ်းပေါက်ခတ်” ဟူသော အသုံးမှာ
“လက်ပမ်း” + ““ပေါက်” + “ခတ်”
တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ ယနေ့ခေတ်တွင် ပိုမိုတွင်ကျယ်လာသော “လက်ခမောင်းခတ်” ( “လက်ခမောင်း” + “ခတ်” ) နှင့် ကြောင်းတူသံကွဲ အသုံးပင် ဖြစ်သည်။

လက်ခမောင်းခတ်ခြင်း၏ သဘောမှာ စိတ်အားထက်သန်သည့်အခါ၊ ဝမ်းမြောက်ကျေနပ်သည့်အခါ၊ သို့မဟုတ် စိန်ခေါ်လိုသောအခါတို့တွင် လက်တစ်ဖက်ကို ကွေးပိုက်၍ ရင်အုပ်နှင့် လက်မောင်းကွေးဆုံရာ ချိုင့်နေရာကို ကျန်လက်ဝါးဖြင့် မြည်ဟည်းအောင် ရိုက်ခတ်ခြင်း ဖြစ်သည်။

စပါးဈေးတက်သဖြင့် လယ်သမားကြီးများ “လက်ပမ်းပေါက်ခတ်နိုင်ပြီ” ဟု ဆိုကြသကဲ့သို့၊ အားရကျေနပ်ခြင်း၏ သင်္ကေတအဖြစ်လည်း အသုံးပြုကြသည်။ တစ်ဖက်တွင်လည်း စိန်ခေါ်လိုသောအခါ၊ မခံချင်စိတ် ပြင်းထန်သောအခါ၌လည်း လက်ခမောင်းခတ်သံသည် အားမာန်၏ အသံဖြစ်လာတတ်သည်။

ငရမန်က စောလူးမင်းရှေ့၌ လက်ပမ်းပေါက်ခတ်သည့်အခါ စောလူးမင်း မခံချင်ဖြစ်ရသည်ဟူသော မှတ်တမ်းတို့ ရှိ၏။

““တောမီးလောင် တောကြောင်လက်ခမောင်းခတ်” ဟူသော စကားပုံသည်လည်း အခွင့်ကောင်းကြုံလျှင် ဝမ်းသာအားရဖြစ်တတ်သော လူ့သဘောကို ဖော်ညွှန်းထားခြင်းပင် ဖြစ်သည်။

ရှေးမြန်မာစစ်သည်တို့သည် စစ်ချီရာ၌ စစ်ချီတေးသံစုံဆိုကာ စည်းဝါးညီညွတ်စွာ လက်ခမောင်းပြိုင်တူခတ်၍ ချီတက်ကြသည်။ စစ်အောင်မြင်သောအခါ၌လည်း အောင်ပွဲခံ လက်ခမောင်းခတ်သံများသည် မြေတုန်မတတ် ဟိန်းဟောက်လေ့ရှိ၏။

သူရဲကောင်းအချင်းချင်း တွေ့ဆုံရာ၌လည်း ချစ်ခင်လေးစားသည့် အနေဖြင့် လက်ခမောင်းကို ညင်သာစွာခတ်၍ နှုတ်ဆက်တတ်ကြသည်။ ထိုသို့ နှုတ်ဆက်ရာတွင် ခတ်လက်ကို ပုခုံးအမြင့်ထက် ပို၍ မြှောက်မခတ်ဘဲ “ခတ်သည်ဆိုရုံ” မျှသာ ညင်သာစွာခတ်ရသည်ဟု ရှေးလူကြီးများ ဆိုခဲ့ကြသည်။ ထိုဓလေ့ကို နောက်ဆုံး ထိန်းသိမ်းပြသသွားသူအဖြစ် အဘမင်းသိင်္ခကိုလည်း လူအများ မှတ်မိကြသေး၏။ ( ထိုဓလေ့ကို ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းရန် လိုအပ်ပါသည် ။ )

မြန်မာ ယောက်ျား လေးများ လူလားမြောက်၍ ထိုးကွင်းမင်ကြောင်နှင့် ကာယသိဒ္ဓိများ အောင်မြင်စွာထိုးပြီးသောအခါတွင်လည်း
“အာဂယောက်ျား၊ ကျားဆိုမှကျား၊ မတထောင်တကောင်ဘွားတဲ့ဟေ့”
ဟု ကြွေးကြော်ကာ လက်ခမောင်းခတ်ကြသည်မှာ မြန်မာ့အာဂသတ္တိ၏ အထိမ်းအမှတ်ပင် ဖြစ်၏။

မိမိ၌ ကပ်ငြိနေသော အညံ့အသက်၊ မကောင်းသောကံကြမ္မာတို့ လွင့်စင်ပပျောက်၍ ဘုန်းကျက်သရေ အဖြာဖြာ တိုးပွားကာ လာဘ်လာဘ ရွှင်လန်းစေရန် ရည်သန်၍လည်း ရှေးမြန်မာတို့သည် မိမိကိုယ်ကို သိဒ္ဓိတင်သည့် အနေဖြင့် လက်ခမောင်းခတ်လေ့ရှိကြသည်။

လက်ဝှေ့ရဲ၊ သိုင်းရဲတို့သည်လည်း မိမိခန္ဓာကိုယ်ကို လက်နက်အဖြစ် အသက်သွင်း၍ သတ်ကိုးသတ်၊ မောင်းကိုးမောင်းတို့၏ အစွမ်းသတ္တိ နိုးကြားထက်မြက်လာစေရန် ရည်သန်ကာ လက်ခမောင်းခတ်၍ ခန္ဓာစက်ကို နှိုးဆွလေ့ရှိကြသည်။ ထိုလက်ခမောင်းသံသည် သွေးသားအတွင်း ကိန်းအောင်းနေသော အာဂသတ္တိကို လှုံ့ဆော်ပေးသကဲ့သို့၊ စိတ်ဝိညာဉ်ကိုလည်း ရဲရင့်တက်ကြွစေသော သူရဲကောင်းသံစဉ်တစ်ရပ်ပင် ဖြစ်လေသည်။

သိုင်းသမားတို့သည် တရားမျှတစွာ ယှဉ်ပြိုင်လိုသောအခါ ဓားရေး၊ လှံရေး၊ တုတ်ရေး၊ လက်ရေးတို့ကို ပြသပြီး လက်ခမောင်းခတ်၍ စိန်ခေါ်ကြသည်။ လက်ဝှေ့သမားတို့သည်လည်း လက်ဝှေ့ရေး၊ လက်ဝှေ့ဟန်ရေးတို့ကို ပြသကာ စိန်ခေါ်လေ့ရှိကြသည်။

ယနေ့အချို့က “လက်ဝှေ့ယိမ်း” ဟု မှားယွင်းစွာ ခေါ်ဆို ရေးသား ကြသော်လည်း၊ “ယိမ်း” ဆိုသည်မှာ ရွယ်တူပျိုမယ်များ ကျားပျိုများ အုပ်စုဖွဲ့ကာ ယိမ်းနွဲ့ကခုန်သော အကမျိုးကို ဆိုလိုခြင်း ဖြစ်၏။ လက်ဝှေ့ရေးမှာမူ သိုင်းနှင့် လက်ဝှေ့စွမ်းရည်ကို ဖော်ပြသော တကိုယ်တော် သိုင်းအကတစ်မျိုးသာ ဖြစ်သည်။

စိန်ခေါ်ရာ၌ ခတ်သော လက်ခမောင်းသံမှာ ပြိုင်ဘက်တစ်သောင်းခန့် ကြားရအောင်၊ စင်္ကြာဝဠာတိုင်အောင် ဟိန်းညံစေရန် ခတ်ရသည်ဟု ဆိုကြသည်။ ရှေးမြန်မာတို့၏ လက်ခမောင်းခတ်သံသည် ဩဇာကြီး၍ နားဝင်ချိုသာလွန်းသဖြင့်၊ လက်ဝှေ့မြတ်နိုးသော ဘုရင်အချို့သည် လက်ဝှေ့တော်သတ် ဘွဲ့ရ လက်ဝှေ့ရဲများကို လက်ခမောင်းခတ်စေပြီး နားစည်းစိမ်ခံတော်မူကြသည်ဟူ၍လည်း ဆိုစမှတ်ရှိသည်။ လက်ဝှေ့ရဲအချင်းချင်းပင် မိမိလက်ခမောင်းသံက ပိုမိုဩဇာကြီးစေရန် အမြဲလေ့ကျင့် ယှဉ်ပြိုင်ကြသည်ဟု သိရ၏။

“လက်ပန်းပေါင်း” ဟူသော အသုံးမှာ စကားလုံးသတ်ပုံ လွဲမှားခြင်းသာ ဖြစ်၍၊ အမှန်မှာ “လက်ပမ်းပေါက်” ဟုသာ ရေးရမည် ဖြစ်သည်။ ရှေးက လက်ပမ်းပွဲများတွင် လက်ပမ်းသည်များ လက်ပမ်းပေါက်ခတ်လေ့ရှိသောကြောင့် ထိုသို့ခေါ်တွင်လာခြင်း ဖြစ်၏။ ယနေ့ခေတ်တွင် လက်ပမ်းသည် မရှိတော့ဘဲ လက်ဝှေ့၊ လက်ပွေ့သမားများသာ ကျန်ရစ်သဖြင့် “လက်ခမောင်းခတ်” ဟူသော အသုံးက ပိုမိုတွင်ကျယ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ခမောင်းခတ်ခြင်းသည် မြန်မာ့လက်ဝှေ့၊ မြန်မာ့သိုင်းသမားတို့နှင့်သာ သက်ဆိုင်သော ရိုးရာဓလေ့မဟုတ်ဘဲ၊ မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားယဉ်ကျေးမှု သင်္ကေတတစ်ရပ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

credit - ဗန်တိုမောင်မောင်

Lek Kha Moun

Wear The Warrior
#လက်ခမောင်း

Want your school to be the top-listed School/college in Bolton?

Click here to claim your Sponsored Listing.

Location

Website

Address


16 Chorley Old Road
Bolton
BL13AA