AstraWay

AstraWay AstraWay is an online educational platform offering engaging, and high-quality education to help students excel academically.

For the time being, we will be focusing on sharing information related to high school studies in Finland.

📣 အတန်းကြေညာချက်Physics ကတော့ လောလောဆယ် တစ်ဦးချင်းဆီအတန်းဘဲ လက်ခံပါဦးမယ်။You can find feedback on our Canva site, linked...
06/07/2026

📣 အတန်းကြေညာချက်

Physics ကတော့ လောလောဆယ် တစ်ဦးချင်းဆီအတန်းဘဲ လက်ခံပါဦးမယ်။

You can find feedback on our Canva site, linked on our page.
အတန်းကိုစိတ်ဝင်စားရင် whatsapp or page messenger မှာလာရောက်ဆက်သွယ်နိုင်ပါတယ်။

📣 အတန်းကြေညာချက်Free revision sessions မှာက Bios 4-6 ကို မေးရင်းဖြေရင်း main concepts တွေကိုဘဲ အချိန်တိုအတွင်း ပြီးအောင်...
29/06/2026

📣 အတန်းကြေညာချက်

Free revision sessions မှာက Bios 4-6 ကို မေးရင်းဖြေရင်း main concepts တွေကိုဘဲ အချိန်တိုအတွင်း ပြီးအောင်သွားမှာမလို့ စာလုပ်ထားပြီးသူတွေအတွက်ကတော့ revision sessions join ရင်ကို လုံလောက်ပါပြီ။

👉 ကျောင်းမှာသင်နေရင်း အမှီမလိုက်နိုင်ဘူး guidance ပိုလိုတယ်လို့ ခံစားရသူတွေနဲ့ အကုန်သင်ပြီးသွားပေမယ့် သေချာနားမလည်သေးဘူး၊ အခုမှလိုက်လုပ်တော့ အဆက်အခဲလေးတွေရှိနေသူတွေအတွက် Paid Guide classes လေးတွေယူလို့ရပါတယ်။

တစ်ယောက်ချင်းစီလည်း အတန်းယူလို့ရသလို့၊ သူငယ်ချင်းတွေနဲ့အုပ်စုလိုက်ယူလို့လည်းရပါတယ်။

👉 အတန်းမှာကိုယ်ပိုင် notes တွေလည်း sharing လုပ်ပေးသွားပြီး သေချာလိုက်လုပ်မယ်ဆို Grade M ကတော့ အနည်းဆုံးရမှာ သေချာပါတယ်။

You can find feedback on our Canva site, linked on our page.

အတန်းကိုစိတ်ဝင်စားရင် whatsapp or page messenger မှာလာရောက်ဆက်သွယ်နိုင်ပါတယ်။

ကဲ နွေရာသီလည်း တစ်ဝက်ကျိုးတော့မယ်ဆိုတော့ လာမယ့် ၉ လပိုင်းမှာတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့်သူတွေ revision သေချာစလုပ်ဖို့...
28/06/2026

ကဲ နွေရာသီလည်း တစ်ဝက်ကျိုးတော့မယ်ဆိုတော့ လာမယ့် ၉ လပိုင်းမှာတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့်သူတွေ revision သေချာစလုပ်ဖို့ အချိန်ရောက်ပြီနော်။

ကိုယ်တွေဘက်ကလည်း ကူညီပေးနိုင်တဲ့ဘက်ကနေ Free revision sessions လေးတွေ ရှိပါမယ်။
ဒီတစ်ခေါက်တော့ Biology and Physics ဘဲရှိမှာဖြစ်ပြီး နှစ်ဘာသာလုံးရဲ့ အတန်းချိန်တွေကိုတော့ voting ပမာဏပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာပါ။ Voting အတွက်ကိုတော့ ပုံထဲက whatsapp group လေးတဲ့ ဝင်ထားမှ vote ပေးလို့ရမှာပါ။ အတန်းနဲ့ ပတ်သက်တဲ့ communication တွေအတွက်လည်း အဲ့အဖွဲ့ကိုဘဲသုံးမှာပါ။

👊 တက္ကသိုလ်ဝင်တန်းဖြေပြီး ဘာသာရပ်အလိုက် Grade M-L ရထားတဲ့သူတွေအနေနဲ့ fellow students တွေကို ကိုယ့်အတွေ့အကြုံ sharing လုပ်ပေးချင်ဘဲဖြစ်ဖြစ် အစ်မတို့လို revision sessions လေးတွေ host လုပ်ချင်သူတွေအနေနဲ့လည်း လာရောက်ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Whatsapp group ကို လာမယ့်အပတ်တွင်းဘဲ ဝင်ထားဖို့ပြောချင်ပါတယ်။ Biology အတွက်က july second week တည်းက အတန်းချိန် ဆုံးဖြတ်မှာမလို့ပါ။ အစောဆုံးအနေနဲ့ July third week အတွင်းဖြစ်နိုင်တာမလို့ အတန်းချိန် voting မှာ influence လုပ်ဖို့ group ထဲရှိနေမှရမှာပါ။

အတန်းတွေရဲ့ feedback တွေကို အောက်ကလင့်ခ်ကနေ တစ်ဆင့်ဖတ်နိုင်ပါတယ်။
https://canva.link/im7wr435rjmw7a4

Alright! See you in the class then

26/06/2026

မနေ့ကနေစပြီး Turku မှာ medieval festival စနေပါပြီ။ လေးရက်ကျင်းပမှာဖြစ်ပြီး Sunday ထိရှိနေမှာပါ။ ကိုယ်ကတော့ ၄ ရက်လုံးသွားမှာပါ။ Turku အနီးနားမှာနေသူတွေ လာမယ်ဆိုမှီသေးတယ်နော် 😁။

Dress-up လုပ်လာတဲ့သူတွေလည်း အများကြီးမလို့ the vibe itself is medieval and magical. ကြည့်စရာ ဆိုင်တန်းတွေလည်း အတော်တော့ များပြီးစုံတယ်။



13/06/2026

ပြင်သစ်နိုင်ငံ Bretagne နဲ့ Normandie regions ကို သူငယ်ချင်းနဲ့ road trip က clips လေးတွေပါ။

Locals တွေနဲ့သွားတာမလို့ မြို့သေးလေးတွေ တစ်မြို့ဝင် လမ်းပတ်လျှောက် နောက်တစ်မြို့ဆက်လည်ရင်း အတော်လည်လိုက်ရတဲ့ခရီးလေး

ဖင်လန်ကနေ ခရီးသွားမယ်ဆို လေယာဉ်လက်မှတ်ကို stockholm ကနေ အရင်ကြည့်ကြည့် စျေးပိုသက်သာပါတယ်။ (Credit to my lovely friend 🫶)
ဖင်လန်တောင်ပိုင်းနေတဲ့သူတွေဆို cruise နဲ့ helsinki/turku ကနေ stockholm အသွားဆို ၂၀-၃၀ ဝန်းကျင်ဘဲကျတယ်။ student discount ဆို ၁၂ လောက်နဲ့တောင်ရနိုင်တယ်။
But if you are travelling alone, it will cost a lot more. Go book that cruise or flight with your friends and have quality time abroad!!

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေလည်း ဖြေပြီးကြပြီ၊ အမှတ်တွေလည်း စသိရနေပြီဆိုတော့ လက်ခံတဲ့အနည်းဆုံးအမှတ်ထက် နည်းနေပေမယ့် Jono...
12/06/2026

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေလည်း ဖြေပြီးကြပြီ၊ အမှတ်တွေလည်း စသိရနေပြီဆိုတော့ လက်ခံတဲ့အနည်းဆုံးအမှတ်ထက် နည်းနေပေမယ့် Jono ကတိုတာကြောင့် ကိုယ့်အတွက်အခွင့်အရေးရှိနိုင်ဦးမလား တွေးနေသူတွေရှိမှာပေါ့နော်။

👉 Todistusvalinta (Certificate selection)
နဲ့ နှစ်အလိုက်အနည်းဆုံးလက်ခံတဲ့ အမှတ်တွေတော့
https://mafylaskuri.fi/
https://todistusvalinta.fi/ မှာကြည့်လို့ရတာ သိပြီးပြီလို့ မျှော်လင့်ပါတယ်။

👉 Valintakoe (Entrance exam)
နှစ်အလိုက်အနည်းဆုံးလက်ခံတဲ့ ဝင်ခွင့်စာမေးပွဲအမှတ်ကိုတော့ ကိုယ်လည်း ဒီနေ့မှတွေးမိလို့ လိုက်ရှာဖြစ်ရင်း တွေ့လို့ share ပေးချင်ပါတယ်။
https://vipunen.fi/fi-fi/_layouts/15/WopiFrame.aspx?sourcedoc={cb5c4974-6042-476e-8a47-951ce2e7563d}&action=view

ကြည့်ပုံကြည့်နည်းကတော့ filter မှာ မနှစ်ကအမှတ်တွေကြည့်မယ်ဆို အဓိကက
Koul. alkamisvuosi : 2025
Koul. alkamiskausi : syksy

Sektori နဲ့ Korkeakoulu မှတော့ ကိုယ်ကြည့်ချင်တဲ့ ကျောင်းထည့်

Valintatapajonon tyyppi : koepisteet
Koepisteet ဆိုရင် ဝင်ခွင့်စာမေးပွဲအမှတ်ပါ။

🤔 ရနိုင်သေးလား မရနိုင်တော့ဘူးလားဆိုတာတော့ အတိအကျဘယ်သူမှ မပြောနိုင်ပါဘူး၊ ဒါပေမယ့် သိထားရမှာက jono ပထမဆုံးနေရာဖြစ်ပြီး မရတော့တဲ့သူတွေအမြဲရှိတယ် ဆိုတာပါဘဲ။

ကိုယ်ရမယ့်ကျောင်းကိုသိပြီဆိုရင်တော့ ကျောင်းသားဆောင်စရှာထားသင့်ပါပြီ။ မြို့အလိုက် ကျောင်းသားဆောင်တွေအပြင် oikotie, qasa စတဲ့ website တွေမှာလည်း ကိုယ်နဲ့သင့်တော်တဲ့ အခန်းတွေလိုက်ရှာကြည့်ပါ။

Turku မှာဆိုရင်တော့ ကိုယ့်အိမ်ရှင်မှာ အခန်းလွတ်တွေရှိသေးတာမလို့ ကိုယ့်ဆက်သွယ်နိုင်ပါတယ်။ အိမ်ရှင်မှာက Helsinki မှာလည်း အခန်းတွေရှိပါတယ်။ အိမ်လခက အတော်လေးသက်သာတဲ့ထဲပါပေမယ့် သူ့အခန်းတွေက လူတိုင်းအတွက်တော့ မဟုတ်တာမလို့ လာတိုင်ပင်နိုင်ပါတယ်။ တိုင်ပင်တာက ဘာအခကြေးငွေမှာ မလို၊မယူတာမလို့ အကူအညီလိုအပ်ရင် တွန့်ဆုတ်မနေပါနဲ့ feel free to reach me out.

မြို့ထဲနေတဲ့သူတွေ အပြင်မှာ ကားဟွန်းသံတွေကြားလို့ ဘာဖြစ်နေတာလဲဆို Finnish team က Ice hockey World Champions ဖြစ်သွားလို့ပ...
31/05/2026

မြို့ထဲနေတဲ့သူတွေ အပြင်မှာ ကားဟွန်းသံတွေကြားလို့ ဘာဖြစ်နေတာလဲဆို Finnish team က Ice hockey World Champions ဖြစ်သွားလို့ပါ။
TORILLE!!!!

FINLAND WINS GOLD AT THE IIHF MEN'S WORLD CHAMPIONSHIP 🥇🇫🇮

မနက်ဖြန် University of Applied Sciences Entrance Exam ဖြေရတော့မှာဆိုတော့ အရင်က post လေးပြန် share ပေးပြီး ထပ်ပြောပြပေးချ...
26/05/2026

မနက်ဖြန် University of Applied Sciences Entrance Exam ဖြေရတော့မှာဆိုတော့ အရင်က post လေးပြန် share ပေးပြီး ထပ်ပြောပြပေးချင်တာလေးတွေလည်းရှိပါတယ်။
အရင်ဆုံး စာမေးပွဲခန်းထဲကို မဖြစ်မနေယူသွားရမှာကတော့
၁။ ကိုယ်ပိုင် laptop
၂။ Charger
၃။ ID card or residence permit or passport
၄။ ခဲတံ (မဖြစ်မနေယူသွားပါ)
စာရွက်ကတော့ သူတို့ပေးပါတယ်၊ Valintakoe က digital exam ဆိုတော့ laptop ကတော့မဖြစ်မနေပါရတာပေါ့။
ပြီးရင် စာမေးပွဲ experience လေးအကြောင်းပြောပြပါမယ်၊ အမက technical field ထဲကဖြစ်တဲ့အတွက် အချို့မဖြေခဲ့ရတဲ့ဘာသာရပ်တွေလည်းရှိတာကြောင့် ကိုယ်ဖြေခဲ့တဲ့ဘာသာတွေအကြောင်းပဲ ပြောပြပေးပါမယ်။
အရင်ဆုံး exam website ထဲကိုဝင်သွားပြီဆိုရင် ကိုယ်ဖြေရမယ့် section တွေအကုန်ပေါ်လာပါလိမ့်မယ်၊ အဲ့မှာ ကိုယ်ဖြေချင်တဲ့ section ကိုရွေးဖြေရုံပါပဲ။ ဖြေမယ့် section ကိုနှိပ်လိုက်တာနဲ့ ချက်ချင်း Timer ပေါ်လာပါတယ်၊ အချိန်အတိအကျတော့ သေချာမမှတ်မိပေမယ့် ကိုယ်ရွေးထားတဲ့ field အပေါ်လည်း မူတည်ပါတယ်၊ မှတ်မိတာက အေးဆေးဖြေလို့မရပါဘူး၊ အချိန်မနည်းလုဖြေရပါတယ်၊ section တိုင်းကတော့ multiple choices ဆိုပေမယ့်၊ ဥပမာ english ဆိုရင်လည်း စာပိုဒ်အရှည်ကြီးတွေ အများကြီးဖတ်ရတာကြောင့် run through ဖတ်ပြီးဖြေခဲ့ရတာပေါ့။ ဒါကတော့ အမရဲ့အတွေ့အကြုံပေါ့၊ မနက်ဖြန်ဖြေရမယ့် valinta koe ကို မောင်လေးညီမလေးတွေလည်း အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ 💕

UAS entrance exam အကြောင်း

https://www.ammattikorkeakouluun.fi/hakijalle/valintatavat/amk-valintakoe/

အစ်မက Study place 6 နေရာလုံးကို UAS တွေပဲလျှောက်ခဲ့ပါတယ်။ Matriculation exam မှာရတဲ့အမှတ်တွေနဲ့ဘဲ အဓိကထားလျှောက်လို့ရပေမယ့် ပိုပြီး safe ဖြစ်အောင် AMK valintakoe (entrance exam) ကိုပါဖြေခဲ့ပါသေးတယ်။
AMK valintakoe ကတော့တစ်ခုဘဲရှိပါတယ်။ တစ်ခုတည်းဆိုပေမယ့် ကျောင်းလျှောက်ထားတဲ့ major အလိုက် ဖြေရမယ့် sections တွေကွဲပါသေးတယ်။ အစ်မရွေးထားတဲ့ major ကတော့ engineering ထဲကဖြစ်လို့ အောက်မှာရေးထားတဲ့ ဘာသာရပ်တွေဖြေခဲ့ရပါတယ် ။

Tekniikan ala
• Decision making skill (päätöksentekotaidot)
• finnish language / swedish language (opetuskieli) ကိုယ်ကအထက်တန်းကို finn လိုတက်ခဲ့ရင် ဖင်းစာဖြေရမှာဖြစ်ပြီး swedish လို တက်ခဲ့ရင် swedish language ကိုဖြေရမှာဖြစ်ပါတယ်
• English (englannin kieli)
• Maths (matemaattiset taidot)
• Mathematical and scientific skills (matemaattis-luonnontieteelliset taidot)
တကယ်လို့ ကိုယ်ရွေးမယ့် major က social worker or humanities (eg - nursing ) စတာတွေဖြစ်မယ်ဆိုရင် science subjects တွေမဖြေရဘဲ ethic နဲ့ emotional intelligence skills လို့ခေါ်တဲ့ ဘာသာတွေကိုဖြေရမှာဖြစ်ပါတယ်။

ကဲ ဖြေရမယ့်ဟာတွေရှင်းပြပြီးပြီဆိုတော့ အစ်မရဲ့ဖြေခဲ့ရတဲ့ experience လေးပြောပြပေးချင်ပါတယ် ။ Entrance exam ကို တက္ကသိုလ်တွေရွေးပြီး form တင်ချိန်မှာ ကိုယ်သွားဖြေချင်တဲ့မြို့က AMK ကိုရွေးရပါတယ်။ နောက်မှထပ်ပြီးပြောင်းလို့ မရပါဘူး။ ဖြေမယ့်နေ့မှာ laptop, id card, charger စတာတွေအကုန် ယူသွားရပါတယ်၊ exam က digital exam ပါ။ Sections တိုင်းကို တစ်ရက်ထဲ အကုန်အပြီးဖြေရပါတယ်။ Exam type က Sections တိုင်း multiple choice ဖြစ်ပါတယ်၊ မှားဖြေလည်း အမှတ်မလျော့ပါဘူး။
Section တစ်ခုကို ကြာချိန် 35-45 minutes ဖြစ်ပါတယ်၊ multiple choice questions တွေဖြစ်ပေမယ့် အချိန်မလောက်ဘူးပေါ့နော်၊ english , finnish စတဲ့ language test တွေဆိုရင် ပေးထားတဲ့ စာပိုဒ်က အရှည်ကြီးတွေဖတ်ရတာဆိုတော့ အချိန်ကုန်တာ အရမ်းမြန်တယ်၊ သေချာဖတ်ချိန်ကိုမရလိုက်ဘဲ ဒီအတိုင်း skim လုပ်ပြီးပဲ ဖြေခဲ့ရတာပေါ့။ maths ကလည်း တော်တော်လွယ်ပါတယ် ၊ အချိန်ကလည်း လောက်ရုံတမယ်ဖြေခဲ့ရပါတယ်။ Mathematical and scientific skills မှာတော့ physics နဲ့ပတ်သက်တဲ့ questions တွေပဲအမေးများပါတယ်။ နမူနာ မေးခွန်းပုံစံလေးတွေလည်း ကြည့်လို့ရအောင် website link ကို comment မှာချထားပေးပါမယ်။

11/05/2026

Spring semester recap 🌸
Video ကိုကြည့်ရင် ကိုယ်ကျောင်းရဲ့ပြင်ပ ဘယ်လောက် active ဖြစ်လဲဆိုတာတွေ့ရပါလိမ့်မယ်။
စာလုပ်တဲ့အချိန်က ပိုနည်းတယ်ဆိုပေမယ့် Finnish course ကလွဲရင် ကျန်တာ အများစုက Grade 4 ပါဘဲ။ ကျောင်းစာကို အခြား activities တွေလောက် အာရုံစိုက်ရင် Grade 5 တွေပိုရဖို့က အရမ်းမခက်ခဲပါဘူး။

အထက်တန်းမှာ တက္ကသိုလ်ပထမနှစ်မှာတင် စာကိုတနေကုန်နီးပါးလုပ်နေရတယ်ဆိုရင်တော့ babe you are doing it wrong. Find the BALANCE and enjoy life while you can!

ဒီ spring မှာသူငယ်ချင်းတွေနဲ့ အချိန်ပိုကုန်ဖြစ်ပြီး အဓိပ္ပာယ်ရှိတဲ့ connections တွေလည်း လုပ်နိုင်ခဲ့တယ်။ Event planning and ex*****on မှာလည်း အတွေ့အကြုံအသစ်တွေရခဲ့တယ်။

I made good friends even in this short period of time that even saying goodbye hurts. ကိုယ်က international နဲ့ exchange students တွေနဲ့ပေါင်းတာများတော့ semester တစ်ခုပြီးတိုင်း ဝမ်းတော့နည်းရတာပေါ့နော်။ But I am glad to be a part of their journey and they will be missed.

02/05/2026

🎈How I spent my May Day Eve and May Day in Turku🎉

Osoite

Turku

Ilmoitukset

Saat tiedon ensimmäisenä: lähetämme sinulle sähköpostia, kun AstraWay julkaisee uutisia ja tarjouksia. Sähköpostiosoitettasi ei käytetä muihin tarkoituksiin, ja voit perua tilauksen milloin tahansa.

Oikopolut

Jaa

Kategoria