15/03/2026
🧪လူတွေပြောပြောနေတဲ့ chemistry မိတယ်ဆိုတာကို ဖင်းလို ဘယ်လိုပြောမလဲ။
Kemiat sopivat yhteen.
- chemistry မိတယ်
Ollaan samalla aaltopituudella.
- ငါတို့က wavelength တစ်ခုတည်းမှာပဲ။
ဒီအသုံးနှစ်ခုက စာလုံးလေးတွေသာကွာသွားတာပါ၊ အဓိပ္ပါယ်ကတော့ အတူတူပါပဲ၊ chemistry မိတယ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်တယ် ဒီလိုအဓိပ္ပါယ်ပါ။
ကျနော် ဥပမာ စာကြောင်းလေးနှစ်ခု ပေးကြည့်ပါမယ်။ စာကြောင်းလေးနှစ်ကြောင်းကို ဖတ်ကြည့်ပြီးတော့ ကိုယ်နားလည်သလို cmt မှာ ရေးကြည့်ခဲ့လို့ ရပါတယ်ဗျ။
1. Uusi tiimi on todella tehokas, koska kaikkien kemiat sopivat niin hyvin yhteen.
2. Meidän ei tarvitse edes puhua paljoa, koska olemme aina samalla aaltopituudella.