24/03/2026
လက်ရှိအစိုးရအောက်မှာ အရာရာခက်ခဲနေတဲ့အတွက် အများကြီး မပြောချင်ပေမယ့်၊ အခြေအနေပြောင်းလဲလာရင် အရာရာ ပြန်လည်အဆင်ပြေသွားနိုင်ပါတယ်။
ဒါကြောင့် လာချင်သူတွေက အခုအချိန်မှာ ဘာသာစကားကို ကြိုတင်လေ့လာထားပြီး အခြေအနေကို စောင့်ကြည့်နေခြင်းက ပိုကောင်းပါတယ်။
ကျွန်တော့်အတွေ့အကြုံအရ စာလေ့လာနိုင်သူ၊ ငွေကြေးအနည်းငယ်အဆင်ပြေသူတွေက အချိန်တစ်ခုယူနိုင်ရင် အဆင်ပြေသွားတာတွေ့ရပါတယ်။
ဒါပေမယ့် အဆင်မပြေနိုင်သူတွေလည်း ရှိပါတယ်။
ထို့ကြောင့်
သူများ မအောင်မြင်တာကြောင့် ကိုယ်လည်း မအောင်မြင်နိုင်ဘူးလို့ မယူဆသင့်သလို၊
သူများ အောင်မြင်တာကြောင့် ကိုယ်လည်း အလိုလို အောင်မြင်မယ်လို့လည်း မထင်သင့်ပါဘူး။
သေချာလေ့လာပြီး ယုံကြည်စိတ်ချရသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်တာက အကောင်းဆုံးဖြစ်ပါတ
Finland ကိုလာမလား? 🇫🇮
အောက်ပါအချက်တွေကို လုပ်နိုင်ရင်၊ ရှိရင်၊ အဆင်ပြေရင် လာခဲ့ပါ။
အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်။
• ငွေကြေးကို စီမံခန့်ခွဲနိုင်လား?
• ဘာသာစကားကို သင်ယူနိုင်လား?
• စိတ်ရှည်နိုင်လား?
• သူများထက် ၂ ဆ ကြိုးစားနိုင်လား?
• ကလေးအနာဂတ်အတွက် လာချင်သူ (ပညာရေး အခမဲ့)
• နိုင်ငံသားဖြစ်ချင်သူ
• လူ့အခွင့်အရေး လိုချင်သူ
• အလုပ်သမားအခွင့်အရေး လိုချင်သူ (အချိန်ပေးရမယ်)
• ကျန်းမာရေးအာမခံ လိုချင်သူ (အချိန်ပေးရမယ်)
👉 အလုပ်ဆိုတာ ကြိုးစားသူအတွက် အမြဲရှိပါတယ်။
⸻
အောက်ပါအချက်တွေ မလုပ်နိုင်ရင် 🇫🇮မလာပါနဲ့ 🇫🇮
• ငွေရှိပေမယ့် မလေ့လာချင်သူ
• စိတ်ဓာတ်ကျလွယ်သူ
• ကြိုးစားချင်စိတ်မရှိသူ
• အချိန်ကို တန်ဖိုးမထားသူ
• အခြားသူအပေါ် မှီခိုချင်သူ
• စာသင်ဖို့ အချိန်မပေးနိုင်သူ
😝ပုံကတော့ တင်ချင်လို့ တင်လိုက်တာပါ။ 😝