09/09/2026
🇪🇸 ဖေဖော်ဝါရီ Intakeအတွက် မေဂျာရွေးချယ်ရခက်နေလား?
စပိန်တက္ကသိုလ်တွေရဲ့ Feb Intake မှာ တက်ရောက်နိုင်ပြီး European Job Market အထိ အခွင့်အလမ်း သာလွန်စေမယ့် ထိပ်တန်း ဘာသာရပ် (၅) ခုကို မျှဝေပေးချင်ပါတယ်။
၁။ Business Management & Administration - Global Business Context တွေကို အနီးကပ် လေ့လာခွင့်ရမှာဖြစ်ပြီး European Network ကောင်းကောင်း တည်ဆောက်ချင်သူတွေအတွက် အသင့်တော်ဆုံးပါ။
၂။ Tourism & Hospitality Management - ကမ္ဘာ့ ခရီးသွားလုပ်ငန်း ဒုတိယအများဆုံး စပိန်နိုင်ငံမှာ တကယ့် Real-world Experience နဲ့ အတွေ့အကြုံယူနိုင်မယ့် ဘာသာရပ်ပါ။
၃။ Data Science & Digital Marketing - Tech Hub လို့ တင်စားကြတဲ့ မက်ဒရစ်နဲ့ ဘာစီလိုနာလို မြို့ကြီးတွေမှာ Tech & Marketing Career ပြောင်းချင်သူတွေအတွက် Demand အလွန်များပါတယ်။
၄။ International Relations & Global Governance - EU နိုင်ငံရေးနဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ချင်သူတွေအတွက် ခိုင်မာတဲ့ လမ်းစတစ်ခုပါ။
၅။ Design, Innovation & Architecture - စပိန်ရဲ့ ကြွယ်ဝတဲ့ အနုပညာနဲ့ Architecture နောက်ခံတွေကြောင့် Design မေဂျာတွေအတွက် Europe မှာ နာမည်ရပြီးသား ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Background, Interest နဲ့ Career Goal အပေါ်မူတည်ပြီး ဘယ်ဘာသာရပ်၊ ဘယ်တက္ကသိုလ်က ကိုယ်နဲ့ အကိုက်ညီဆုံးလဲဆိုတာ စနစ်တကျ ရွေးချယ်ဖို့ လိုပါတယ်။
ကိုယ်နဲ့ ကိုက်ညီမယ့် Programs တွေကို တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် Vamos Spain ရဲ့ Chat box မှာ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ 📩