New Hope Special Education Link

New Hope Special Education Link Every Child Is Special.

Webinar Closed ❌
23/08/2026

Webinar Closed ❌

04/08/2026






ADHD ကို ရေကူးအားကစားနဲ့ ကျော်ဖြတ်ပြခဲ့တဲ့ မိုက်ကယ်ဖဲ့လ် ...

 ိုတာSpecial_Needs_ကလေးများအတွက်သာ_မဟုတ်ပါ။ကလေးများနှင့်အတူ လက်တွဲလုပ်ကိုင်လာခဲ့သည့် နှစ်‌ပေါင်း ၂၀ ကျော် အတွေ့အကြုံအရ မ...
03/08/2026

ိုတာSpecial_Needs_ကလေးများအတွက်သာ_မဟုတ်ပါ။

ကလေးများနှင့်အတူ လက်တွဲလုပ်ကိုင်လာခဲ့သည့် နှစ်‌ပေါင်း ၂၀ ကျော် အတွေ့အကြုံအရ မိဘများကိုပြောချင်သည့် အချက်တစ်ခုရှိပါတယ်။

Early Intervention ဆိုတာ Special Needs ကလေးများအတွက်သာ လိုအပ်သော လေ့ကျင့်‌ပေးမှု မဟုတ်ပါဘူး။ ကလေးတိုင်းအတွက် လိုအပ်သော အစောပိုင်းဖွံ့ဖြိုးမှု ပံ့ပိုးခြင်းဖြစ်ပါတယ်။

“Intervention” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါမှာ "တို့ကလေးမှာ Autism၊ ADHD၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း (သို့မဟုတ်) သင်ယူမှုအခက်အခဲရှိမှ လိုအပ်တာလို့ "မိဘအချို့က ထင်တတ်သွားကြပါတယ်။

တကယ်တော့ Early Intervention ဆိုတာ လိုအပ်ချက်ရှိနေတဲ့ ကလေးတစ်ယောက်ကို ပြုပြင်ကုသပေးခြင်းတစ်မျိုးတည်းကို မဆိုလိုပါဘူး။

ကလေး၏—

- ကိုယ်လက်လှုပ်ရှားမှု
- စကားပြောဆိုဆက်သွယ်မှု
- စဉ်းစားသင်ယူနိုင်မှု
- လူမှုဆက်ဆံရေး
- စိတ်ခံစားမှုထိန်းညှိနိုင်မှု
- မိမိကိုယ်ကို ကူညီစောင့်ရှောက်နိုင်မှု

တို့ကို အသက်အရွယ်နှင့် ကိုက်ညီစွာ အစောပိုင်းကတည်းက ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။

ဘယ်အရွယ်မှာ စတင်သင့်သလဲ။?

ကလေးတိုင်းအတွက် အစောပိုင်းဖွံ့ဖြိုးမှု ပံ့ပိုးခြင်းကို မွေးစကတည်းက စတင်နိုင်ပါတယ်။

ဒီလိုပြောခြင်းက မွေးကင်းစကလေးတိုင်းကို သင်တန်းပို့ရမယ်၊ Therapy ပေးရမယ် သို့မဟုတ် SN Teacher ဆီ ပို့ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

မွေးစကတည်းက မိဘများက—

- မျက်နှာချင်းဆိုင် စကားပြောပေးခြင်း
- ကလေး၏အသံနှင့် အမူအရာကို တုံ့ပြန်ပေးခြင်း
- သီချင်းဆိုခြင်း၊ ပုံပြင်ဖတ်ပေးခြင်း
- လှုပ်ရှားကစားခွင့်ပေးခြင်း
- လုံခြုံစွာ စူးစမ်းလေ့လာခွင့်ပေးခြင်း
- ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ခွင့်ပေးခြင်း
- ခံစားချက်များကို စကားလုံးဖြင့် ဖော်ပြတတ်အောင် သင်ပေးခြင်း

တို့ကို နေ့စဉ်ဘဝထဲမှာ ပြုလုပ်ပေးနိုင်ပါတယ်။

ကလေး မူကြိုတက်လာသည့်အခါ မူကြိုဆရာ၊ ဆရာမများကလည်း ကစားခြင်း၊ အုပ်စုလိုက်လှုပ်ရှားခြင်း၊ အလှည့်စောင့်ခြင်း၊ မျှဝေခြင်း၊ အကူအညီတောင်းခြင်းနှင့် ကိုယ်တိုင်လုပ်ဆောင်တတ်ခြင်းတို့ကို ဆက်လက်ပံ့ပိုးပေးနိုင်ပါတယ်။

ဒါတွေဟာလည်း Early Intervention ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ဒါဆို ပညာရှင်တွေက ဘယ်အချိန်မှာ ပါဝင်ရမလဲ။?

ကလေးတစ်ယောက်မှာ စကားပြောဆိုမှု၊ လှုပ်ရှားမှု၊ အာရုံစူးစိုက်မှု၊ လူမှုဆက်ဆံရေး၊ အပြုအမူ သို့မဟုတ် နေ့စဉ်ဘဝစွမ်းရည်ပိုင်းမှာ အပိုပံ့ပိုးမှုလိုအပ်လာပါက သက်ဆိုင်ရာပညာရှင်များက ပိုမိုတိကျပြီး စနစ်တကျ ကူညီပေးနိုင်ပါတယ်။

ပညာရှင်ဆိုရာမှာ SN Teacher တစ်မျိုးတည်းကိုသာ မဆိုလိုပါဘူး။ ကလေး၏လိုအပ်ချက်အလိုက်—

- Special Educator
- Speech and Language Therapist
- Occupational Therapist
- Physiotherapist
- Child Psychologist
- Developmental Pediatrician

စသည့် ပညာရှင်များ ပါဝင်နိုင်ပါတယ်။

Early Childhood Development ဆိုင်ရာ လေ့ကျင့်မှုကောင်းကောင်းရရှိထားသည့် မူကြိုဆရာ၊ ဆရာမများလည်း ကလေး၏ အစောပိုင်းဖွံ့ဖြိုးမှုကို အရေးကြီးစွာ ပံ့ပိုးပေးနိုင်သူများ ဖြစ်ပါတယ်။

ဒါကြောင့်—

Early Intervention ကို ကလေးတိုင်းအတွက် မိဘများနှင့် ဆရာများက နေ့စဉ်ဘဝထဲမှာ စတင်ပေးနိုင်ပါတယ်။

ကလေး၏လိုအပ်ချက်ကို ပိုမိုတိကျစွာသိလာတဲ့အခါ သက်ဆိုင်ရာပညာရှင်များက ထပ်မံပါဝင်ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။

ကလေးတစ်ယောက်မှာ Diagnosis ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အစောပိုင်းပံ့ပိုးမှု လိုအပ်ပါတယ်။ မတူညီတာက ပံ့ပိုးမှု၏ ပုံစံ၊ ပမာဏနှင့် အဆင့် သာ ဖြစ်ပါတယ်။

Early Intervention ရဲ့ ရည်ရွယ်ချက်က ကလေးတိုင်းကို တစ်ပုံစံတည်း ဖြစ်အောင် ပြောင်းလဲဖို့ မဟုတ်ပါဘူး။

ကလေးတစ်ယောက်ချင်းစီ၏ အားသာချက်ကို ဖော်ထုတ်ပေးရန်၊ လိုအပ်သည့်စွမ်းရည်များကို အချိန်မီ တည်ဆောက်ပေးရန်နှင့် မိမိတတ်နိုင်သမျှ အကောင်းဆုံး ဖွံ့ဖြိုးလာစေရန် ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။

ကလေးတိုင်း မတူညီကြပါဘူး။
ဒါကြောင့် ကလေးတိုင်းဟာ သူနှင့်ကိုက်ညီသော အစောပိုင်းပံ့ပိုးမှုကို ရရှိသင့်ပါတယ်။

Early Intervention သည် Special Needs ကလေးများအတွက်သာ မဟုတ်ပါ။
ကလေးတိုင်း၏ ဖွံ့ဖြိုးမှု၊ သင်ယူမှုနှင့် အနာဂတ်အတွက် ဖြစ်ပါတယ်။

Daw Khin Thida KoKo
Special education educator, Consultant and Facilitator




24/07/2026

ကလေးက “မလုပ်ချင်ဘူး” ဆိုရင် ဒီနည်း ၃ ချက် စမ်းကြည့်ပါ။

ကလေးက “မလုပ်ချင်ဘူး” လို့ ပြောတဲ့အခါ ပျင်းလို့ပဲလို့ ချက်ချင်း မဆုံးဖြတ်သင့်ပါဘူးရှင့်။
အလုပ်ပမာဏများလွန်းခြင်း၊ ဘယ်ကစရမလဲ မသိခြင်း သို့မဟုတ် အကူအညီလိုအပ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအချိန်မှာ-
၁။ အလုပ်ကို သေးသေးလေး ခွဲပေးပါ။
၂။ ရွေးချယ်ခွင့် ၂ ခု ပေးပါ။
၃။ စတင်ဖို့ ကူညီပေးပါ။

“ဘာလို့ မလုပ်တာလဲ” လို့ မေးမယ့်အစား “ဘယ်အပိုင်းက ခက်နေလဲ” လို့ မေးကြည့်ပါ (သို့) ကြည့်ရှု့လေ့လာပါရှင်။

သင့်ကလေးက ဘာကို အများဆုံး ရှောင်တတ်ပါသလဲ?
✍️ စာရေး
📖 စာဖတ်
🔢 သင်္ချာ
Daw Khin Thida KoKo
Special Education Educator, Consultant and Facilitator


23/07/2026

ကလေးတစ်ယောက်- စာမလုပ်တာ၊ စာရေးတာကို ရှောင်တာဟာ ပျင်းလို့ပဲ မဟုတ်နိုင်ပါဘူး။

ခဲတံကိုင်ရခက်ခြင်း၊ အာရုံစိုက်ရခက်ခြင်း၊ စာဖတ်စာရေးအခက်အခဲ သို့မဟုတ် ဘယ်ကစလုပ်ရမလဲ မသိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

“ဘာလို့မလုပ်တာလဲ” လို့ မေးမယ့်အစား
“ဘယ်အပိုင်းက ခက်နေလဲ” လို့
မေးကြည့်ပါ၊ လေ့လာကြည့်ရှုပါ ရှင့်။

သင့်ကလေးက စာလုပ်ချိန်မှာ ဘယ်အပိုင်းကို အများဆုံး ရှောင်တတ်ပါသလဲ။ Comment မှာ မျှဝေပေးပါဦးရှင့်။

Daw Khin Thida KoKo
Special Education Educator, Consultant and Facilitator

23/07/2026
22/07/2026

Special Education Facilitator

#မြန်မာနိုင်ငံအထူးပညာရေးအသင်း

22/04/2026

"ဆရာမ သင်ပေးတဲ့အတိုင်း အိမ်မှာ တစ်ပတ်လောက် ကြိုးစားသင်ပေးတာတင် ကလေးက (၅) မိနစ်ကနေ (၁၀) မိနစ်အထိ ငြိမ်ငြိမ်လေး ထိုင်နိုင်လာပြီ" ဆိုတဲ့ စကားသံလေးက ကျမအတွက်တော့ တကယ်ကိုအမောပြေ၊ ကြည်နူးစရာပါပဲ။
ကလေးတစ်ယောက် တိုးတက်လာဖို့ဆိုတာ ဆရာမရဲ့ လမ်းညွှန်မှုထက် မိဘရဲ့ စိတ်ရှည်မှုနဲ့ ကြိုးစားအားထုတ်မှုက ပိုပြီးအရေးကြီးပါတယ်။ အခုလို မျက်လုံးချင်း ဆုံကြည့်လာနိုင်တာ၊ အာရုံစိုက်မှု ကောင်းလာတာတွေက မိဘရဲ့ မေတ္တာကြောင့် ရရှိလာတဲ့ ရလဒ်တွေပါ။🩵🩵🥰
ကလေးအတွက် အကောင်းဆုံးဆရာဟာ မိဘကိုယ်တိုင်ပဲဆိုတာ ဒီနေ့ သက်သေပြလိုက်တဲ့ မေမေ့ကို တကယ်ပဲ ချီးကျူးပါတယ်ရှင်။👏👏
ဒါဟာ ကလေးအတွက် မမောနိုင်မပန်းနိုင် ကြိုးစားပေးတဲ့ မိဘတွေရဲ့ အောင်မြင်မှုပါ။ ရှေ့ဆက်ပြီးလည်း အတူတူ ကြိုးစားသွားကြမယ်နော်။ 💪💙 ❤️

19/04/2026

Print out လုပ်ဖို့ ခက်ခဲတဲ့ မိဘအချို့ကို
စ/ဆုံး ကူညီပေးဖြစ်တာလေး။🩵
SN ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့အတွက် လုပ်ပေးရတဲ့ အရာက ကုသိုလ် တစ်မျိုး‌မို့။
ကြည်နူးရပါတယ်။ 🩵🧡💛

18/04/2026

#မနက်မိုးလင်းတာနဲ့ကလေးကိုမျက်နှာသစ်_သွားတိုက်ဖို့တတွတ်တွတ်အော်ဟစ်တိုက်တွန်းနေရလို့မိဘတွေစိတ်ပန်းလူပန်း ဖြစ်နေရပြီလား?တစ်နေ့တာလုံး ဖြတ်သန်းရတဲ့အခါ အခက်ခဲတွေ ကြုံတွေ့နေရပါသလား?
🫰 ဒါဟာ ကလေးငယ်က တမင်လုပ်ပြနေတာ မဟုတ်ပါဘူးရှင့်။
🧡 အထူးပညာရေးနယ်ပယ်မှာ ၂၄ နှစ်ကြာ ကျွန်မရဲ့ အတွေ့အကြုံအရ SN ကလေးတွေဟာ သူတို့ဘာဆက်လုပ်ရမလဲဆိုတာကို မျက်မြင် (Visual) အနေနဲ့ မြင်ရတဲ့အခါ၊သိရတဲ့အခါ စိုးရိမ်စိတ် လျော့ကျသွားပြီး စိတ်ငြိမ်သက်ကာ တစ်နေ့တာရဲ့ အလုပ်တွေကို ပိုပြီး လိုက်နာလုပ်‌ဆောင် တတ်လာကြပါတယ်။

🧡 " Visual Schedule သုံးပေးခြင်းက ကလေးအနေနဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း တိုးတက်စေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။"
❤️ ဒါကြောင့် မိဘတွေ အိမ်မှာတင် လွယ်လွယ်ကူကူ Print ထုတ်ပြီး လက်တွေ့အသုံးချနိုင်ဖို့ ကျွန်မကိုယ်တိုင် စီမံရေးဆွဲဖန်တီး ထားတဲ့ အခြေခံ "Daily Routine Visual Kit (PDF)" လေးကို ပြင်ဆင်ပေးထားပါတယ်။ အထဲမှာ ပုံကတ်လေးတွေတင်မကဘဲ ကျွန်မရဲ့ အသုံးပြုပုံလမ်းညွှန်ပါ တစ်ခါတည်း ပါဝင်မှာဖြစ်ပါတယ်ရှင်။
🩵 ဒီ Kit လေးကို ကျွန်မအနေနဲ့စနစ်တကျ အချိန်ပေး ဖန်တီးထားတာဖြစ်ပါတယ်။ အခမဲ့ပေးဝေချင်ပေမယ့် မိဘတွေအနေနဲ့ ဒီ Tool လေးကို ပိုမိုတန်ဖိုးထားပြီး မိမိကလေးရဲ့ တိုးတက်မှုအတွက် တကယ်တမ်း လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးချစေချင်တာမို့လို့ အခုလို တကယ့်ကို တန်ဖိုးအနည်းငယ်သာ သတ်မှတ်ထားရခြင်း ဖြစ်ပါတယ်ရှင်။

Daily Routine Visual Kit (PDF-1)-
**** MKK
မှာယူလိုပါက comment မှာဖြစ်စေ၊ Chat box မှာဖြစ်စေ P -1 လို့ရိုက်ထည့်ပေးပါရှင်။




Address

Ranchi

Website

Alerts

Be the first to know and let us send you an email when New Hope Special Education Link posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share