Joy English Learning Home

Joy English Learning Home Students are taught to read and write in less than a year.

21/06/2023

Hello Hello 🔔🍀
ဖေဖေ မေမေတို့အတွက် သတင်းကောင်းလေး တစ်ခုရှိပါတယ်ရှင့် 🤗
သားသားမီးမီးများအတွက် Joy English learning Center ကနေ Phonics Class လေးတွေ ပြန်လည် ဖွင့်လှစ်လိုက်ပါပြီရှင့်🍀

What is Phonic?🧐
Phonic ဆိုတာက English ဗျည်း ၊သရ သင်္ကေတ (a,b,c,d ,…)များ၏ အသံထွက်ကို ကလေးငယ်များအား စနစ်တကျ မှန်မှန်ကန်ကန် အသံထွက်ဆိုရန်သင်ကြားပေးခြင်း ဖြစ်ပါသည် ။Phonics အတန်းများ တက်ခြင်းအားဖြင့် သားသားမီးမီးများရဲ့ Englishစာဖတ်ခြင်းနှင့် စာရေးခြင်း စွမ်းရည်များ တိုးတက်လာမှာ ဖြစ်ပါတယ်။

Phonics ကို သင်ကြားပေးရာတွင် အဓိကအားဖြင့် အခန်း (၅)ခု ပါဝင်ပါသည်။

(၁) learning the letter sounds (ဗျည်း၊သရ၊အက္ခရာစု အသံများ လေ့လာခြင်း )📚
ကလေးငယ်များအား ဗျည်း၊သရ အက္ခရာစု အသံများကို သင်ကြားပေးရာတွင် ဘက်စုံအာရုံစူးစိုက်လေ့လာမှုနည်းလမ်းများကို အသုံးပြုပြီး အသံထွက်တစ်ခုချင်းစီနှင့် ဆက်စပ်သော ပုံပြင်၊အမူအရာ၊သီချင်းများကို အသုံးပြု၍ သင်ကြားပေးပါသည်။ ထို့သို့ သင်ကြားခြင်းဖြင့် သားသားမီးမီးများသည် အလွယ်တကူ မှတ်မိကြရုံသာမက စာများ ဖတ်တတ်လာရန် အထောက်အကူ ဖြစ်စေပါ
သည်။

(၂) Learning letter formation (အက္ခရာများ နည်းလမ်းမှန်ကန်စွာဖြင့် ရေးတတ်ခြင်း )📝
ဗျည်းသရ၊အက္ခရာစုများ၏ အသံများကို လေ့လာပြီးလျှင် မည်ကဲ့သို့ မှန်မှန်ကန်ကန်ရေးသားရမည်ကို သင်ကြားပေးပါသည်။

(၃)Blending (ဗျည်း၊သရ အက္ခရာစုများကို ပေါင်းစည်းရောစပ်ကာ စကားလုံး တည်ဆောက်ခြင်း)📚
ကလေးငယ်များ စကားလုံးတစ်ခု(word) ကို ကြားလိုက်သည်နှင့်တပြိုင်နက် ထိုစကားလုံး
တွင် မည်သည့် ဗျည်း သရ၊အက္ခရာစု အသံများ ပေါင်းစပ်ထားသည်ကို သိရှိပြီး ဖတ်နိုင်ရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။

(၄) Identifying sounds in words(စကားလုံးများ၌ ပါဝင်သော အသံများကို ဖော်ထုတ်ခြင်း)🔍
သားသားမီးမီးများအား စကားလုံးတစ်ခု (word ) အတွင်း၌ ပါဝင်သော အသံများကို မိမိကိုယ်တိုင် ဖော်ထုတ်ဖတ်ဆိုနိူင်ရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။ ဥပမာ `sun’ တွင် `s’ သည် စကားလုံးအသံထွက်အရ မည်သည့်နေရာတွင် ရှိပြီး `u’ နှင့် `n’သည် မည်သည့်နေရာတွင် ရှိကြောင်း ၊ စကားလုံး(word) အတွင်း၌ ဗျည်း သရ ၊အက္ခရာစု မည်မျှ ပါဝင်ကြောင်း သိရှိနိုင်ရန် လေ့ကျင့် သင်ကြားခြင်း ဖြစ်သည်။

(၅)Tricky words (ခက်ခဲသော စကားလုံးများကို သင်ယူခြင်း) 📝
သားသားမီးမီးများသည် ဗျည်း၊သရ အက္ခရာစု အသံများကို သင်ယူတတ်မြောက်ပြီး၊ ပေါင်းစည်းရောစပ်ကာ စကားလုံးများကို ဖော်ထုတ် ဖတ်တတ်ပြီး ၊ စကားလုံးတစ်ခုတွင် ပါဝင်သော အသံများကို ခွဲခြားတတ်ပြီးနောက်တွင် ခက်ခဲသော စကားလုံးများကို သင်ကြားပေးပါသည်။ ထိုသို့ ခက်ခဲသော စကားလုံးများသည် သာမန်ပေါင်းစည်းရောစပ် (blend) သော စကားလုံးများကဲ့သို့ ဖတ်၍မရပါ။ ထိုသို့သော စကားလုံးများအား စာလုံးပေါင်းသော နည်းလမ်းများကို အသုံးပြု၍ သင်ကြားပေးပါသည်။
ဥပမာ `was’ကို ဖတ်ရာတွင် အလည်၌ /a/ အသံအစား /o/ အသံရှိကြောင်း မှတ်မိစေရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။

📌Joy English Learning Centerမှာ သားသားမီးမီးများအတွက် phonics class များကို လူဦးရေ
အကန့်အသတ်ဖြင့် ထိထိရောက်ရောက် သင်ကြားပေးလျှက် ရှိပါတယ်

✨သားသားမီးမီးများ ခိုင်မာတဲ့ English စာ အခြေခံကောင်းတစ်ခု ယုံကြည်ချက်ရှိရှိ အစပျိူးနိုင်ဖို့ Joy English Learning Center ရဲ့ phonics class ကို အသက် ၄နှစ်မှ စ၍ အတန်းလာအပ်လို့ ရပါပြီရှင့် 😇

Class details ကတော့
Phonics Class A
Time - 4:00 pm to 5 :00 pm
Day - Monday,Wednesday,Friday

Phonics Class B
Time -5:00 pm to 6:00 pm
Day- Monday,Wednesday,Friday

Phonics Class C
Time -4:00pm to 5:00 pm
Day -Tuesday,Thursday,Saturday

Phonics Class D
Time -5:00 pm to 6:00 pm
Day - Tuesday ,Thursday,Saturday

📌သားသားမီးမီးများ အဆင်ပြေမည့်အတန်းကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်ရှင့်
အချိန်များကို ညှိနှိုင်းပြီးတော့ သင်ပေးပါတယ်ရှင့် ✨🔔

အတန်းနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုသည်များ ရှိပါက page messenger သို့မဟုတ် 09942053908 ☎️ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့် 🤗

18/04/2023

သင့်ကလေးရဲ့အင်္ဂလိပ်စာသင်ယူမှုနှုန်းဟာ တခြားကလေးတွေထက်ပိုပြီး နှေးကွေးနေလို့ စိတ်ပူနေပါသလား ?

📈🏃‍♀️အင်္ဂလိပ်စာကို တက်ကြွစွာနဲ့ ထိပ်ဆုံးကနေ ပျော်ရွှင်စွာသင်ယူနိုင်ဖို့ဆိုရင် Joy English Learning Center ကိုသာဆက်သွယ်လိုက်ပါ။

👩‍🏫အတွေ့အကြုံရှိတဲ့ Teacher တွေက ကလေးတစ်ယောက်ချင်းစီကို အသေးစိတ်ဂရုစိုက်ပေးမှာမို့လို့ အတန်းထဲမှာ သင့်ကလေးငယ် စာမလိုက်နိုင်မှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။

📝 ကလေးငယ်တွေအတွက် လိုအပ်တဲ့ Phonics Learning Program တွေကနေ Starter, Mover, Flyer, KET, PET နဲ့ Adult Learning Program တွေအထိ လိုအပ်သမျှ အင်္ဂလိပ်စာသင်​ကြားရေးကို အစအဆုံး သင်ယူတတ်မြောက်နိုင်မှာဖြစ်ပါတယ်။

📝 သင့်ကလေးငယ်ကို သွက်လက်ချက်ချာစွာ အင်္ဂလိပ်စာနဲ့ အကျွမ်းတဝင်ရှိစေဖို့အတွက် ပျော်ဖို့ကောင်းစေမဲ့ သင်ကြားရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားတဲ့အပြင် -

✅ Cambridge University ရဲ့ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👩‍🏫 ဒါကြောင့် သင့်ကလေးရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်ဖို့အတွက် Joy English Learning Center မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။

ကျောင်းအပ်ဖို့အတွက် အသေးစိတ်သိရှိလိုပါက page chat box သို့မဟုတ် Phone Number +95 9 942 053908 မှတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

Written by our lovely student, Grace (Yr-2@Grd-1)
11/01/2021

Written by our lovely student, Grace (Yr-2@Grd-1)

Our 5 years old student, Dora's writing sentences
29/12/2020

Our 5 years old student, Dora's writing sentences

The  lovely story written by Scarlett(Yr-3@ Gr.2)
26/10/2020

The lovely story written by Scarlett(Yr-3@ Gr.2)

Creative Story written by our student, Nyan Paing (Yr.3~Gr.2)
29/09/2020

Creative Story written by our student, Nyan Paing (Yr.3~Gr.2)

Story Writing by our Year -3(Grade-2) student,Zach
13/09/2020

Story Writing by our Year -3(Grade-2) student,Zach

Address

No. 10, Thiri Street
Ranchi
11081

Website

Alerts

Be the first to know and let us send you an email when Joy English Learning Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category