IKU Japanese Exam Form Service

IKU Japanese Exam Form Service 皆 合格できますように

29/03/2026

🙇🙇🙇အခုလက်ရှိ ပြည်တွင်း၊ပြည်ပမှာ စားသောာက်ဆိုင်စာမေးပွဲကျင်းပခြင်းကို ရပ်နားထားတာဖြစ်တဲ့အတွက် ဖောင်တင်ဖို့စာရင်းပေးထားတဲ့ မိနစံတို့ စိတ်မကောင်းစွာနဲ့ပဲ Cancel လိုက်ပါမယ်နော်။

💯💯💯မြန်မာဘက်မှာရော၊ဂျပန်ဘက်မှာရော စားသောက်ကုန်စာမေးပွဲနဲ့ ဆက်လက်ကျင်းပတာမို့ စားသောက်ကုန်ဘက်ပြောင်းချင်တဲ့သူများ ကြိုပြောပေးကြပါနော်။

27/03/2026
27/03/2026

[ဂျပန်နိုင်ငံ၊ စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (Food Service) Tokutei Ginou ဗီဇာ လက်ခံမှု ယာယီရပ်ဆိုင်းခြင်းဆိုင်ရာ အရေးကြီးအသိပေးချက်]

ဂျပန်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (ISA) ၏ ယနေ့ (၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်) ထုတ်ပြန်ချက်အရ စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (Food Service) တွင် Tokutei Ginou (၁) ဗီဇာဖြင့် လက်ခံမည့် အမြင့်ဆုံးလူဦးရေ (၅၀,၀၀၀) ပြည့်ရန် နီးကပ်လာပြီဖြစ်သဖြင့် အောက်ပါအတိုင်း အရေးပေါ် အစီအမံများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

၁။ လက်ရှိအခြေအနေ
ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ ဗီဇာရှိသူ ၄၆,၀၀၀ ခန့်ရှိနေပြီး၊ လာမည့် မေလဝန်းကျင်တွင် အမြင့်ဆုံးသတ်မှတ်ချက် ၅၀,၀၀၀ ပြည့်သွားမည်ဟု ခန့်မှန်းထားပါသည်။

၂။ အဓိကပြောင်းလဲမှုများ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ စတင်၍)

ဗီဇာအသစ် လျှောက်ထားခြင်း (COE): ဧပြီလ ၁၃ ရက်နှင့် နောက်ပိုင်း လက်ခံရရှိသော လျှောက်လွှာများကို ဗီဇာထုတ်ပေးမည် မဟုတ်ပါ။ (ဧပြီ ၁၃ မတိုင်ခင် လျှောက်ထားသူများကိုသာ ဦးစားပေး စစ်ဆေးထုတ်ပေးပါမည်)။
ဗီဇာအမျိုးအစား ပြောင်းလဲခြင်း (Change of Status): ဧပြီလ ၁၃ ရက်နှင့် နောက်ပိုင်း လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။ သို့သော် အောက်ပါအချက်များနှင့် ကိုက်ညီပါက အကန့်အသတ်အတွင်း စစ်ဆေးခွင့်ပြုနိုင်ပါသည်-
(က) Ginou Jitsusei (အချက်အပြုတ်/အစားအသောက်ထုတ်လုပ်ရေး) မှ ပြောင်းလဲသူများ။
(ခ) Tokutei Katsudo (ဗီဇာပြောင်းရန် ပြင်ဆင်နေသူများ) ဗီဇာရရှိထားပြီးသူများ။
ဗီဇာသက်တမ်းတိုးခြင်း (Extension): ပုံမှန်အတိုင်း ဆက်လက် လျှောက်ထားနိုင်ပါသည်။
၃။ အလုပ်ပြောင်းခြင်း (Job Change)
စာသောက်ဆိုင်နယ်ပယ်အတွင်း တစ်ဆိုင်မှ တစ်ဆိုင်သို့ အလုပ်ပြောင်းခြင်းများကိုမူ ပုံမှန်အတိုင်း ဆက်လက် စစ်ဆေးခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် စားသောက်ဆိုင်ဗီဇာ ပြောင်းလဲရန် ပြင်ဆင်နေသူများအနေဖြင့် ဧပြီလ ၁၃ ရက်နေ့ မတိုင်မီ အမြန်ဆုံး လျှောက်ထားနိုင်ရန် သတိပြုစေလိုပါသည်။

အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (ISA) သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

📢📢📢4လပိုင်းမှစပီး JFT & Tokuteiစာမေးပွဲဖြေမည့်သူများအတွက် Prometric ID Register အသစ်လျှောက်မည်ဆိုပါက Passport လက်ဝယ်ရှိမ...
18/03/2026

📢📢📢4လပိုင်းမှစပီး JFT & Tokuteiစာမေးပွဲဖြေမည့်သူများအတွက် Prometric ID Register အသစ်လျှောက်မည်ဆိုပါက Passport လက်ဝယ်ရှိမှ ဖြေလို့ရပါတော့မယ်ခင်ဗျာ။

💢💢💢Passport အချက်အလက်ဖြင့် ID ရပီးနောက်မှာလည်း
တူညီတဲ့အချက်အလက်ကိုအသုံးပြုပြီး နောက်ထပ် IDလျှောက်ခွင့်မရတော့ပါ။

📢📢📢IDလျှောက်ဖို့ဘာတွေလိုမလဲ?
1.Passport
2.Name-Full Name
3.G Mail
4.Ph no
လိုအပ်ပါမယ်ခင်ဗျာ။

♦️♦️♦️ID Register ကစပီး စာမေးပွဲဖြေ➡️အောင်လက်မှတ်ပါPDF Fileနဲ့ထုတ်ပေးတာကို

🔻🔻🔻ဝန်ဆောင်ခ20000ကျပ်တည်းဖြင့် စိတ်အေးလက်အေးဖြင့် စာမေးပွဲဖြေဆိုချင်တယ်ဆိုရင် မင်မင်တို့ဆီကို ဆက်သွယ်လိုက်ပါနော်။

09-969235685
09-880002657
09-442034658(Viber)

💯💯💯Japan မှာ JLPT ဖြေဆိုကြမဲ့ ညီငယ်ညီမငယ်များ Japan မှာလည်း ဖောင်အကန့်အသတ်နဲ့ဖြစ်သွားတဲ့အတွက် ဖောင်အရေအတွက်ပြည့်သွားတာနဲ...
16/03/2026

💯💯💯Japan မှာ JLPT ဖြေဆိုကြမဲ့ ညီငယ်ညီမငယ်များ
Japan မှာလည်း ဖောင်အကန့်အသတ်နဲ့ဖြစ်သွားတဲ့အတွက် ဖောင်အရေအတွက်ပြည့်သွားတာနဲ့ပိတ်မှာဖြစ်တဲ့အတွက် ဖောင်အမြန်ဆုံးလာအပ်ဖို့ အကြံပေးလိုက်ပါတယ်နော်။

🌊🌊🌊3/17ရက်နေ့ ဖောင်တစင်ရမှာဖြစ်ပီး 4လပိုင်း 17ရက်နေ့အထိတင်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ။

15/03/2026

JLPT Form Service အပ်ထားတဲ့သူများ Passcode က 11112222ထည့်ပေးထားပါတယ်။

Results ထွက်တဲ့အချိန်ကျရင် Passcode ထည့်မှ အမှတ်စာရင်းထွက်မှာမို့ Noteနဲ့ဖြစ်ဖြစ် မှတ်ထားကြပါနော်။

15/03/2026

JLPT N4&N5 (35Form) Confirm ပါနော်။ အကုန်‌ဖောင်ရပါပီ

အချက်အလက်ပြင်ဆင်ချင်တဲ့သူများအတွက် Second Chance တစ်ခုပါ။စာမေးပွဲဖြေပီးမှ အချက်အလက်ပြင်မယ်ဆိုရင် Certificate ထွက်ဖို့ အခ...
13/03/2026

အချက်အလက်ပြင်ဆင်ချင်တဲ့သူများအတွက် Second Chance တစ်ခုပါ။

စာမေးပွဲဖြေပီးမှ အချက်အလက်ပြင်မယ်ဆိုရင် Certificate ထွက်ဖို့ အချိန်ကြာတက်တာမို့ အထူးသတိထားစေချင်ပါတယ်။

💯💁🧑‍💼မြန်မာဘက်မှာ JFT & Tokutei ဖြေဆိုကြမဲ့ ညီငယ်ညီမငယ်တို့ 4လပိုင်း 7ရက်နေ့ဖောင်စတင်လို့ရပီဖြစ်တာကြောင့် စာရင်းလာပေးလို...
12/03/2026

💯💁🧑‍💼မြန်မာဘက်မှာ JFT & Tokutei ဖြေဆိုကြမဲ့ ညီငယ်ညီမငယ်တို့ 4လပိုင်း 7ရက်နေ့ဖောင်စတင်လို့ရပီဖြစ်တာကြောင့် စာရင်းလာပေးလို့ရပါပီ။

Exam Date⏬⏬⏬
⭕JFT 4月10~5月21
⭕TOKUTEI 4月10~6月4

JLPT တင်နေတဲ့အတွက် Postတင်တာနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။🙇🙇🙇

🚫🚫🚫注意事項
4လပိုင်းမှစပီး Passport ကိုင်ဆောင်ထားသူများသာ စာမေးပွဲဝင်ဖြေဆိုခွင့်ရှိမှာဖြစ်ပါတယ်။

🈲🈲🈲စာမေးပွဲကျခဲ့တာပဲဖြစ်ဖြစ်၊JFTနဲ့ Tokutei IDမတူတာပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ဖြေဆိုဖို့45ရက်စောင့်ပီးမှ ဖြေဆိုခွင့်ရှိတယ်ဆိုတာ မိနစံတို့သိပြီးကြပါလိမ့်မယ်။

🈚🈚🈚အခုတစ်ကြိမ်ကစပီး 45ရက်မစောင့်နိုင်လို့ ‌IDအသစ်တစ်ခုယူပီး ဖြေဆိုလို့မရတော့ပါ။ဖြေဆိုခဲ့မယ်ဆိုရင်လည်း ရှိပီးသားအောင်လက်မှတ်ပါ Delete ဖြစ်သွားပါလိမ့်မယ်။

06/03/2026

🎊🎊🎉JLPT N3{YGN+MDY}
38ယောက် အကုန်လုံးဖောင်ရပါပီနော်👌👌👌

04/03/2026

N2ဖောင်မရသေးသူများ Messenger မှာ ဆက်သွယ်လို့ရပါတယ်ခင်ဗျာ

Address

Ranchi

Telephone

+959442034658

Website

Alerts

Be the first to know and let us send you an email when IKU Japanese Exam Form Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share