The Readers Academy

The Readers Academy

Share

Develop the power of learning with us.

06/10/2025

Happy Thidingyut Festival to you all !
May all living beings be free from worries and sufferings. (6.10.2025)

05/10/2025

Happy World Teachers Day (5.10.2025)

Credit to all teachers especially to those who are working unwaveringly at conflict-affected areas to let students access quality education.

(History Of World Teachers' Day)
The UNESCO proclaimed 5 October to be World Teachers' Day in 1994, celebrating the great step made for teachers on 5 October 1966, when a special intergovernmental conference convened by UNESCO in Paris adopted the UNESCO / ILO Recommendation concerning the Status of Teachers, in cooperation with the ILO.) Quoted.

11/09/2025

Hello all !

21/07/2025

https://www.facebook.com/share/p/15MEnKQBue/

🎓 Ready to prep for the GED? Start here — for free.

GED Exam Prep is a self-paced online course designed to help students strengthen their skills in: Math • Language Arts • Social Studies • Science

Course: https://acylearninghub.us/course/index.php?categoryid=29

Created for secondary-level learners, the course builds critical thinking, problem-solving, and interdisciplinary skills through engaging video lectures. Each of the four modules runs about 10 hours and includes Burmese subtitles for easier understanding.

🎥 Self-paced video lessons in Burmese
💻 100% online and flexible
📲 Create your free account today:
🔗 https://acylearninghub.us/

Once your account is approved, you’ll receive login access to the ACY Learning Hub.

Let’s keep learning — anyone, anytime, anywhere.

05/10/2024

Happy World Teachers Day.
5.10.2924 (Saturday)

21/08/2024

Critical Thinking သင်တန်း ဖွင့်လှစ်ခြင်း
နိုင်ငံခြား တက္ကသိုလ်တိမှာတော့ စာသင်ချင်ယင့်၊ ယေတာလဲ ကိုယ့်မှာ Critical Thinking စွမ်းရည် မဟိဆိုကေ ဒုက္ခများပါဖို့။ ဒေဒုက္ခကို သျှောင်လိုကတ်တေ ကျောင်းသားတိအတွက် Critical Thinking သင်တန်းကို ဖွင့်ဖို့ ဟိပါရေ။
ကျိုးကြောင်း ဆင်ခြင်လို့ စိုင်စားတတ်စာကို Critical Thinking လို့ အလွယ်ခေါ်လို့ ရပါရေ။ ယေတာလဲ များကာက တွေးခါ လွဲလွဲသျေှ စိုင်းစားမိတတ်ကတ်ပါရေ၊ မှန်မှန်သျေှ စိုင်းစားဖို့ မရအောင် တုတ်ထား၊ စီးထား၊ သျှိုင်ထားကတ်စာတိကြောင့်လဲ ပါပါရေ။ ယေခါ ရွီးလဲမှား၊ တွေးလဲမှား၊ ပြောလဲမှားမိကတ်ပါရေ။ များကာကတော့ မှားမှန်း မသိလို့ တိမ်းပြီး နီကေ နီကတ်ပါဖို့။ ယေတာလဲ Critical Thinker ကတော့ သိပါရေ။ ဇာကမှားပြီး ဇာက မှန်ရေဆိုဟာကို သိရေ၊ ခွဲခြားနိုင်ရေ၊ သုံးသပ်နိုင်ပါရေ။ ယပိုင်သိဖို့ Critical Thinking စွမ်းရည် လိုအပ်ပါရေ။
အလိုလို နီယင်းတော့ တတ်မလာနိုင်ပါ။ သင်တန်း တက်ကြည့်မှ ရပါဖို့။
Critical Thinking သင်တန်းကို ဇာလူရို့ တက်သင့်ပါရေလဲ
(၁) နိုင်ငံခြားတက္ကသိုလ်တိမှာ ကျောင်းတက်ချင်ရေ လူတိ
(၂) အတွေးအခေါ် အမှားအမှန် ခွဲခြား သိချင်ရေ လူတိ
(၃) ယုတ္တိဗေဒ ကျကျ တွေးခေါ်တတ်ချင်လူတိ၊ ရွီးသားတတ်ချင်လူတိ
Critical Thinking သင်တန်း (အမှတ်စဉ် ၆) ကို ဖွင့်လှစ်ဖို့ပါယာ။
သင်တန်းအမှတ်စဉ် (၆) အတွက် သင်တန်းခကို လုံးလုံးကင်းလွတ်ပါရေ။
ယေတာလဲ လူဦးရေ ကန့်သတ်ထားပါရေ။ စောစောလျှောက်မှ ဝင်ခွင့် သေချာပါဖို့။ ဝင်ခွင့်ရရေ လူတိကိုကို မိုဘိုင်းဒေတာ ထောက်ပံ့ပီးလားပါဖို့။ သင်တန်းအမှတ်စဉ် (၅) ခါပိုင် သတင်းဖတ်ခြင်းအသိ (news literacy) ကိုပါ နှစ်ပတ်ကြာ ထည့်သွင်းထားလို့ စောနိုင်သမျှ အစောဆုံး စာရင်းပီးပီးကတ်ဖို့ မိတ္တာရပ်ခံလိုပါရေ။
သင်တန်း စဖို့နိ - ၃၁.၈.၂၀၂၄ (စနီနိ)
သင်တန်း နိရက် - စနီ၊ တလင်းဂနီ
သင်တန်း အချိန် - မိုးလင်းထ ၇ နာရီ ကနီ ၉ နာရီ အထိ (သင်တန်းချိန် ၂ နာရီ)
သင်တန်း ကြာချိန် - ရက်သတ္တပါတ် (၁၂) ပါတ်
သင်တန်းတွင်း ဘာသာစကား - ရခိုင်ဘာသာစကား
အောက်ကလင့်မှာ အယင်တပွေ စာရင်းသွင်းလိုက်ပါ။
Link 1: https://forms.gle/9BHqpkS8N5k15QWk9
Link 2: https://docs.google.com/.../1FAIpQLSeCzMO2RyQ.../viewform...
ရှိက သင်တန်းတိမှာ တက်ရောက်ကတ်တေ ရခိုင်ပြည်ဖွား သင်တန်းသူ၊ သင်တန်းသားတိ၏ အကြံပြုချက်နန့် ဗမာစကားအသုံးပြု ဆွေးနွေးဖို့ ခက်ခဲမှုတိကြောင့် ရခိုင်ဘာသာစကားကို အတန်းတွင်းဘာသာစကားအဖြစ် အသုံးပြုလို့ ဖွင့်လှစ်ရခြင်းဖြစ်ပါရေ။

(Zawgyi)
Critical Thinking သင္တန္း ဖြင့္လွစ္ျခင္း
နိုင္ငံျခား တကၠသိုလ္တိမွာေတာ့ စာသင္ခ်င္ယင့္၊ ေယတာလဲ ကိုယ့္မွာ Critical Thinking စြမ္းရည္ မဟိဆိုေက ဒုကၡမ်ားပါဖို့။ ေဒဒုကၡကို ေသၽွာင္လိုကတ္ေတ ေက်ာင္းသားတိအတြက္ Critical Thinking သင္တန္းကို ဖြင့္ဖို့ ဟိပါေရ။
က်ိဳးေၾကာင္း ဆင္ျခင္လို့ စိုင္စားတတ္စာကို Critical Thinking လို့ အလြယ္ေခၚလို့ ရပါေရ။ ေယတာလဲ မ်ားကာက ေတြးခါ လြဲလြဲေသၽွ စိုင္းစားမိတတ္ကတ္ပါေရ၊ မွန္မွန္ေသၽွ စိုင္းစားဖို့ မရေအာင္ တုတ္ထား၊ စီးထား၊ သၽွိုင္ထားကတ္စာတိေၾကာင့္လဲ ပါပါေရ။ ေယခါ ရီြးလဲမွား၊ ေတြးလဲမွား၊ ေျပာလဲမွားမိကတ္ပါေရ။ မ်ားကာကေတာ့ မွားမွန္း မသိလို့ တိမ္းၿပီး နီေက နီကတ္ပါဖို့။ ေယတာလဲ Critical Thinker ကေတာ့ သိပါေရ။ ဇာကမွားၿပီး ဇာက မွန္ေရဆိုဟာကို သိေရ၊ ခြဲျခားနိုင္ေရ၊ သုံးသပ္နိုင္ပါေရ။ ယပိုင္သိဖို့ Critical Thinking စြမ္းရည္ လိုအပ္ပါေရ။

အလိုလို နီယင္းေတာ့ တတ္မလာနိုင္ပါ။ သင္တန္း တက္ၾကည့္မွ ရပါဖို့။
Critical Thinking သင္တန္းကို ဇာလူရို့ တက္သင့္ပါေရလဲ
(၁) နိုင္ငံျခားတကၠသိုလ္တိမွာ ေက်ာင္းတက္ခ်င္ေရ လူတိ
(၂) အေတြးအေခၚ အမွားအမွန္ ခြဲျခား သိခ်င္ေရ လူတိ
(၃) ယုတၱိေဗဒ က်က် ေတြးေခၚတတ္ခ်င္လူတိ၊ ရီြးသားတတ္ခ်င္လူတိ

Critical Thinking သင္တန္း (အမွတ္စဥ္ ၆) ကို ဖြင့္လွစ္ဖို့ပါယာ။
သင္တန္းအမွတ္စဥ္ (၆) အတြက္ သင္တန္းခကို လုံးလုံးကင္းလြတ္ပါေရ။
ေယတာလဲ လူဦးေရ ကန႔္သတ္ထားပါေရ။ ေစာေစာေလၽွာက္မွ ဝင္ခြင့္ ေသခ်ာပါဖို့။ ဝင္ခြင့္ရေရ လူတိကိုကို မိုဘိုင္းေဒတာ ေထာက္ပံ့ပီးလားပါဖို့။ သင္တန္းအမွတ္စဥ္ (၅) ခါပိုင္ သတင္းဖတ္ျခင္းအသိ (news literacy) ကိုပါ ႏွစ္ပတ္ၾကာ ထည့္သြင္းထားလို့ ေစာနိုင္သမၽွ အေစာဆုံး စာရင္းပီးပီးကတ္ဖို့ မိတၱာရပ္ခံလိုပါေရ။
သင္တန္း စဖို့နိ - ၃၁.၈.၂၀၂၄ (စနီနိ)
သင္တန္း နိရက္ - စနီ၊ တလင္းဂနီ
သင္တန္း အခ်ိန္ - မိုးလင္းထ ၇ နာရီ ကနီ ၉ နာရီ အထိ (သင္တန္းခ်ိန္ ၂ နာရီ)
သင္တန္း ၾကာခ်ိန္ - ရက္သတၱပါတ္ (၁၂) ပါတ္
သင္တန္းတြင္း ဘာသာစကား - ရခိုင္ဘာသာစကား
ေအာက္ကလင့္မွာ အယင္တေပြ စာရင္းသြင္းလိုက္ပါ။
Link 1: https://forms.gle/9BHqpkS8N5k15QWk9
Link 2: https://docs.google.com/forms/d/e/1FAIpQLSeCzMO2RyQ3tsWkDBEoFMqiXwcdb39ihm8mTG6uohiJfPGtOA/viewform?usp=sf_link
ရွိက သင္တန္းတိမွာ တက္ေရာက္ကတ္ေတ ရခိုင္ျပည္ဖြား သင္တန္းသူ၊ သင္တန္းသားတိ၏ အႀကံျပဳခ်က္နန႔္ ဗမာစကားအသုံးျပဳ ေဆြးေႏြးဖို့ ခက္ခဲမွုတိေၾကာင့္ ရခိုင္ဘာသာစကားကို အတန္းတြင္းဘာသာစကားအျဖစ္ အသုံးျပဳလို့ ဖြင့္လွစ္ရျခင္းျဖစ္ပါေရ။

The Readers Academy (Level 1) 03/08/2024

ကုန်လွန်သွားသော အချိန်ဆိုတာ ပြန်မရနိုင်တော့ပါဘူး။ လူသားတွေရဲ့ ဘဝ ဟာ အချိန်နှင့် တည်ဆောက် ထားတာပါ။အချိန်တွေကို အိမ်မှာ အလာဟသ အကုန်မခံစေ ဘဲ မိမိ ဘဝအတွက် အကျိုးရှိစေမည့်၊ မိမိ ဘဝ တိုးတက်စေမည့် ဘာသာရပ်တစ်ခုကို လေ့လာလိုက်စားသင့်ပါတယ်။ နိုင်ငံခြားကို ပညာတော်သင်ပဲ သွားသွား၊ အလုပ် လုပ်ဖို့ ပဲ သွားသွား နိုင်ငံတကာ ဘာသာစကား ဖြစ်တဲ့ အင်္ဂ လိပ် ဘာသာစကား ကို မတတ်၊ မကျွမ်းကျင်လျင် ခေတ် နောက်ကျန်ခဲ့မှာဖြစ်ပါတယ်။ အဲဒီလို ခေတ်နောက်မကျန် စေရန်၊ လူများထက်သာလွန်စေရန် နှင့် နိုင်ငံတကာ နှင့် ရင်ဘောင်တန်းနိုင်အောင် ကျနော်တို့ The Readers Academy မှ ကူညီ ဆောင်ရွက်ပေးနေပါပြီ။

The Readers Academy မှ August လ အတွင်း အောက်ပါ Four Skills သင်တန်းအား online မှ ပို့ချသွားမှာဖြစ်ပါတယ်။
Level 1
သင်တန်းတစ်ခုစီသည် (၁၃) ပါတ် ကြာမြင့်မှာဖြစ်ပါတယ်။

• ဒီ သင်တန်းကို ဘယ်လိုလူတွေ တက်သင့်သလဲ?
ဒီ သင်တန်းကို အင်္ဂလိပ်စာ အခြေခံရှိသူများ၊ အခြေခံရှိပေမယ့်လည်း အင်္ဂလိပ်စာ ဘာသာစကားနှင့် အလှမ်းဝေးနေသူများ၊ အဆင့်မြင့် Level သို့ ထပ်မံတက်ရောက်လေ့လာလိုသူများ တက်သင့်ပါတယ်။
• ဒီ သင်တန်းကို ဘာကြောင့်တက်သင့်သလဲ?
ဒီ သင်တန်းသည် ESU မှ အကောင်းဆုံးအသိအမှတ်ပြုခံထားရသော၊ လက်ရှိ British Council တွင် ပြဋ္ဌာန်းစာအုပ်အဖြစ်သင်ကြားပေးနေသော ပြဋ္ဌာန်းစာအုပ်ဖြင့်သင်ကြားပေးပါတယ်။ သင်ဆရာများမှာလည်း အင်္ဂလိပ်စာသင်ကြားမှုအတွေ့ကြုံ (၁၀) နှစ်ကျော်ရှိပြီး၊ သင်ခန်းစာများကို စိတ်ရှည်၊ စေတနာထားပြီးသင် ကြားပေးပါတယ်။
• ဒီ သင်တန်းကို ဘယ်လိုပုံစံမျိုး နှင့်သင်ပါသလဲ?
Online Courses များအား Google Meet App အသုံးပြုပြီး Facebook messenger တွင် Private group များဖွဲ့ပြီး Live သင်ပေးမှာဖြစ်ပါတယ်။ Screen Sharing (relevant documents, audio and video files) များပြုလုပ်ပြီး ထိ ရောက်သော နည်းများဖြင့်သင်ပြပေးသွားမည်ဖြစ်ပါတယ်။
• Online မှသင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက်အချိန်ကုန်သက်သာပြီး၊ လုပ်ငန်းခွင် ဝင်ရောက် နေ သူ များ အ တွက်လည်း လွယ်လင့်တကူသင်ယူနိုင်ကြမှာဖြစ်ပါတယ်။

August, 2024 လတွင် အောက်ပါ တန်းခွဲသစ်ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
The Readers Academy မှ August အတွက်ဖွင့်မည့် သင်တန်း၏ အချိန်ဇယား
Level 1

Start Date : : 09.08.2024
End Date : 03.11.2024
Days : Sat & Sun
Time : 11:00 to 1:00 p.m.
Fees : 90000 MMK

Level 1 အတန်း အတွက် ဝင်ခွင့်ဖြေ စရာမလိုပါ။ သင်တန်းသားများ၏ တိုးတက်မှုကို Unit Test နှင့် Progress Test များပြုလုပ်ပြီး သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းပြီးဆုံးလျှင် သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထား တဲ့အတွက် အမြန်စာရင်းပေးသွင်းဖို့လိုပါမယ်။အောက်ပါ လင့်(ခ်)များတွင် စာရင်းပေးသွင်းလိုက်ပါ။

Level 1

https://forms.gle/6fxYwCWTDkFhGqsw7



NB: တန်းခွဲသစ် များ လဆန်းတိုင်း ရှိပါသည်။

ဆက်သွယ်ရန်
09421144980 ကို ခေါ်ဆို ဆက်သွယ် နိုင်ပါသည်။

The Readers Academy (Level 1) Registration Form

20/07/2024

ဝါဆုိလျပည့္ေန႔ (20.7.2024)အခါ သမယမွ စ၍ ျမန္မာျပည္သူ၊ျပည္သားမ်ား၊ ကမၻာသူ၊ကမၻာသား မ်ား အားလုံး စိတ္၏ ခ်မ္းသာျခင္း၊ကုိယ္၏ က်န္းမာျခင္းမ်ားႏွင့္ ျပည္စုံၾကပါေစ လုိ႔ The Readers Academy မိသားစု မွ ဆုေတာင္းေပးလုိက္ပါတယ္။

11/05/2024

Critical Thinking သင်တန်း ဖွင့်လှစ်ခြင်း။

နိုင်ငံခြား တက္ကသိုလ်တွေမှာ စာသင်ကြားချင်တယ်၊ ဒါပေမယ့် Critical Thinking စွမ်းရည် မရှိရင် ဒုက္ခများမယ်။ဒီ ဒုက္ခကို ရှောင်မယ့် ကျောင်းသားတွေ အတွက် Critical Thiking သင်တန်းကို ဖွင့်ပါတယ်။ ကျိုးကြောင်း ဆင်ခြင် တွေးတောတတ်တာကို Critical Thinking အလွယ်ခေါ်တယ်။ သို့သော် မှားယွင်းတွေးတတ်တယ်၊ အမှန်တွေးဖို့ အတုတ်အနှောင်တွေ ရှိတယ်။ရေးလည်းမှား၊တွေးလည်းမှား၊ပြောလည်း မှားနေကြတာပဲ။မှားမှန်း မသိလို့ ငြိမ်နေကြတာ။Critical Thinker သိတယ်။ဘာတွေမှားပြီး ဘာတွေ မှန်နေသလဲ သိတယ်၊ ခွဲခြားနိုင်တယ်၊သုံးသပ်နိုင်တယ်။Critical Thinking စွမ်းရည် က လိုအပ်တယ်။ အလိုလို နေရင်း မတတ်ဘူး။ သင်တန်း တက်ကြည့်မှ ရမယ်။

Critical Thinking သင်တန်းကို တက်သင့်သူများ
(၁) နိုင်ငံခြားတက္ကသိုလ် တွေမှာ ကျောင်းတက်လိုသူများ
(၂) အတွေးအခေါ် အမှားအမှန် ခွဲခြား သိလိုသူများ
(၃) ယုတ္တိဗေဒ ကျကျ တွေးခေါ်တတ်လိုသူများ၊ ရေးသားတတ်လိုသူများ

Critical Thinking သင်တန်း (အမှတ်စဉ် ၅) ကို ဖွင့်လှစ်တော့မှာပါ။

သင်တန်းအမှတ်စဉ် (၅) အတွက် သင်တန်းကြေးကို လုံးဝ ကင်းလွတ်ထားပါတယ်။
သို့သော် လူဦးရေ ကန့်သတ်ထားပါတယ်။ စောစောလျှောက်သူမှ ဝင်ခွင့် သေချာပါမယ်။ ဝင်ခွင့်ရသူ သင်တန်း၊သင်တန်းသူတွေကို မိုဘိုင်းဒေတာ ထောက်ပံ့ပေးမှာပါ။ သင်တန်းအမှတ်စဉ် (၅) မှာတော့ ရှေ့အပတ်စဉ်တွေနဲ့ မတူပဲ သတင်းဖတ်ရှုခြင်းအသိ (news literacy) ကိုပါ နှစ်ပတ်ကြာ ထည့်သွင်းထားလို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုပါတယ်။

သင်တန်း စမည့်နေ့ - ၃.၆.၂၀၂၄ (တနင်္လာနေ့)
သင်တန်း နေ့ရက် - တနင်္လာ၊ ဗုဒ္ဓဟူး
သင်တန်း အချိန် - မနက် ၇ နာရီ မှ ၉ နာရီ အထိ (သင်တန်းချိန် ၂ နာရီ)
သင်တန်း ကြာချိန် - ရက်သတ္တပါတ် (၁၂) ပါတ်
သင်တန်းတွင်း ဘာသာစကား - မြန်မာဘာသာစကား

ဖော်ပြပါလင့်မှာ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ။
https://forms.gle/C73xvrHyf2WCrp9N6

ရခိုင်ဘာသာစကားနဲ့လည်း သင်တန်း ပြုလုပ်သွားဖို့ ရှိပါတယ်။

Zawgyi
Critical Thinking သင္တန္း ဖြင့္လွစ္ျခင္း။

ႏိုင္ငံျခား တကၠသိုလ္ေတြမွာ စာသင္ၾကားခ်င္တယ္၊ ဒါေပမယ့္ Critical Thinking စြမ္းရည္ မရွိရင္ ဒုကၡမ်ားမယ္။ဒီ ဒုကၡကို ေရွာင္မယ့္ ေက်ာင္းသားေတြ အတြက္ Critical Thiking သင္တန္းကို ဖြင့္ပါတယ္။ က်ိဳးေၾကာင္း ဆင္ျခင္ ေတြးေတာတတ္တာကို Critical Thinking အလြယ္ေခၚတယ္။ သို႔ေသာ္ မွားယြင္းေတြးတတ္တယ္၊ အမွန္ေတြးဖို႔ အတုတ္အေႏွာင္ေတြ ရွိတယ္။ေရးလည္းမွား၊ေတြးလည္းမွား၊ေျပာလည္း မွားေနၾကတာပဲ။မွားမွန္း မသိလို႔ ၿငိမ္ေနၾကတာ။Critical Thinker သိတယ္။ဘာေတြမွားၿပီး ဘာေတြ မွန္ေနသလဲ သိတယ္၊ ခြဲျခားႏိုင္တယ္၊သုံးသပ္ႏိုင္တယ္။Critical Thinking စြမ္းရည္ က လိုအပ္တယ္။ အလိုလို ေနရင္း မတတ္ဘူး။ သင္တန္း တက္ၾကည့္မွ ရမယ္။

Critical Thinking သင္တန္းကို တက္သင့္သူမ်ား
(၁) ႏိုင္ငံျခားတကၠသိုလ္ ေတြမွာ ေက်ာင္းတက္လိုသူမ်ား
(၂) အေတြးအေခၚ အမွားအမွန္ ခြဲျခား သိလိုသူမ်ား
(၃) ယုတၱိေဗဒ က်က် ေတြးေခၚတတ္လိုသူမ်ား၊ ေရးသားတတ္လိုသူမ်ား

Critical Thinking သင္တန္း (အမွတ္စဥ္ ၅) ကို ဖြင့္လွစ္ေတာ့မွာပါ။

သင္တန္းအမွတ္စဥ္ (၅) အတြက္ သင္တန္းေၾကးကို လုံးဝ ကင္းလြတ္ထားပါတယ္။
သို႔ေသာ္ လူဦးေရ ကန႔္သတ္ထားပါတယ္။ ေစာေစာေလွ်ာက္သူမွ ဝင္ခြင့္ ေသခ်ာပါမယ္။ ဝင္ခြင့္ရသူ သင္တန္း၊သင္တန္းသူေတြကို မိုဘိုင္းေဒတာ ေထာက္ပံ့ေပးမွာပါ။ သင္တန္းအမွတ္စဥ္ (၅) မွာေတာ့ ေရွ႕အပတ္စဥ္ေတြနဲ႔ မတူပဲ သတင္းဖတ္ရႈျခင္းအသိ (news literacy) ကိုပါ ႏွစ္ပတ္ၾကာ ထည့္သြင္းထားလို႔ အျမန္ဆုံး စာရင္းေပးသြင္းဖို႔ ဖိတ္ေခၚလိုပါတယ္။

သင္တန္း စမည့္ေန႔ - ၃.၆.၂၀၂၄ (တနလၤာေန႔)
သင္တန္း ေန႔ရက္ - တနလၤာ၊ ဗုဒၶဟူး
သင္တန္း အခ်ိန္ - မနက္ ၇ နာရီ မွ ၉ နာရီ အထိ (သင္တန္းခ်ိန္ ၂ နာရီ)
သင္တန္း ၾကာခ်ိန္ - ရက္သတၱပါတ္ (၁၂) ပါတ္
သင္တန္းတြင္း ဘာသာစကား - ျမန္မာဘာသာစကား

ေဖာ္ျပပါလင့္မွာ အျမန္ဆုံး စာရင္းသြင္းလိုက္ပါ။
https://forms.gle/C73xvrHyf2WCrp9N6

ရခိုင္ဘာသာစကားနဲ႔လည္း သင္တန္း ျပဳလုပ္သြားဖို႔ ရွိပါတယ္။

01/05/2024

စဉ်းစားတွေးခေါ်မှု ( ၃ ) မျိုး

အတွေးအခေါ်ဆိုင်ရာ ဂုရု ကြီး တစ်ဦးဖြစ်တဲ့ Edward de Bono ကတော့ ကမ္ဘာမှာ အကြီးမား ဆုံး ပြဿနာက Climate change မဟုတ်ပါဘူး၊ လုံလုံလောက်လောက် မတွေးခေါ်တတ်ခြင်း ( inadequate thinking ) ကိစ္စဘဲ ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ ရရှိထားတဲ့ လက်ရှိပညာရေး စနစ်အများစုဟာ ပြဿနာများနဲ့ စပ်လျဥ်းပြီးတော့ အဖြေတစ် ခုဘဲရှိတယ်၊ ပြောပြထားတဲ့ လုပ်ထုံးလုပ်နည်း အတိုင်းလိုက်နာနေတာ အသင့်လျော်ဆုံး အလုံခြုံဆုံး ဘဲ၊ ဒါဟာ အားလုံးအတွက် အမှန်တရားဘဲ စသည်ဖြင့်လက်ခံထားကြပါတယ် ။ တကယ့်လက်တွေမှာ တော့ ပြဿနာများအတွက် အမှန်ဟာတစ်ခုဘဲ ရှိတယ်လို့ ပုံသေ လက်ခံထားလို့ မရတော့ပါဘူး။
ဒီတစ်ခါမှာတေ့ The Three modes of Thinking နဲ့ ပက်သက် ပြီးတော့ ကောင်းနိုးရာရာ အချက်လက်များအကြောင်း ပြောပြသွားပါမယ်။ 🚀

🎯ပေါင်းစပ်စဥ်စားသူ ( convergent thinker – use logic)
သူတို့တွေကတော့မှန်ကန်တဲ့ ဖြေရှင်းချက်တစ်ခုကိုရဖို့အာရုံစိုက်တယ်။ ဘောင်ဝင်တဲ့ ပတ်ဝန်းကျင် အနေထားမျိုးဘက် က တွေးခေါ်တာမှာ ထူးချွန်ကြတယ်။ ယုတ္တိဆန်ဆန် တွေးခေါ်တတ်ပေမယ့် ဖန်တီးဆန်းသစ် မှုအားနည်းပါတယ်။
ဥပမာ- ခြင်းထဲ ကြက်ဥခြောက်လုံးရှိတယ်၊ လူခြောက်ဦးကို တစ်ဦးစီ ၁ လုံးပေးမယ်၊ အားလုံးကိုလဲပေးရမယ် ခြင်းထဲ ကြက်ဥ ၁ လုံးကျန်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒေါင်လိုက်စဉ်းစား (Vertical thinker ) တဲ့ လူကတော့ ခြင်းထဲ ဘာမှ မကျန်ဘူး၊ တစ်လုံးချန်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ စသည်ဖြင့် စဥ်းစားပါလိမ့်မယ်။

🌟 ကွဲလဲစဉ်းစားသူ ( divergent thinker- use imagination )
သူတို့တွေကတော့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်နိုင်ခြေများများကို စဉ်းစား တတ်ကြတယ်။ သမားရိုးကျမဟုတ်တဲ့ တွေးခေါ်မှုများနဲ့ ဆန်းသစ်တီထွင်မှုပေါ်မှာအခြေခံပါတယ်။ ဥပမာ- အပေါ်က ကြက်ဥ ကိစ္စဥပမာ ဆိုရင် ၊ ဥကနေ ကြက်လေးပေါက်လောက်မယ်၊ ကြက်မကြီးက တစ်လုံး ဥလိုက်ရင် ခြင်းထဲ တစ်ဥ ချန်နိုင်ပြီပေါ့ စသည်ဖြင့်တွေးပါလိမ့်မယ်။ ဖန်တီးဆန်းသစ်တဲ့နည်း (သို့) အလျားလိုက်နည်းနဲ့ စဉ်းစား (Creative or Horizontal thinker ) တဲ့ လူကတော့ ပြဿနာကို ချဥ်းကပ်ပုံဟာ ဖြစ်နိုင်ခြေနည်းပေမယ့် မှားတယ်လို့ ငြင်းရခက်ပါလိမ့်မယ်။

🔍 ဖြန့်ကျက် စဉ်းစားသူ ( Lateral thinker – use both logic and imagination )
သူတို့တွေက တော့ အချက်လက်တွေကို ခွဲခြမ်းစိတ်ဖြာတတ်တယ်၊ ယူဆချက်များကို မေးခွန်းထုတ် တတ်ကြတယ် ။ စနစ်တကျစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို အခြေခံတတ် ကြပါ တယ်။ သဘောထားကြီးတယ်၊ ချင့်ချိန်တွေးတော ရတာကို ယုံကြည်တယ်၊ ရှင်းလင်းပြတ်သား မှုကို ရှာတတ်ကြပါတယ်။ ဥပမာ- ကြက်ဥ ကိစ္စဖြေရှင်းတဲ့အခါမှာဆိုရင် Lateral thinker တွေက လူ ၅ ယောက် က တစ်လုံးစီကို လက်နဲ့ယူ၊ နောက်ဆုံးတစ်ယောက်ကတော့ ကြက်ဥ ကို ခြင်းထဲ ထည့်ယူ၊ ခြင်းထဲ ကြက်ဥတစ်လုံး ကျန်နေမှာဘဲလေ ဟု တွေးပါလိမ့်မယ်။

💡 lateral Thinking တိုးတက်ဖို့ အတွက် အခြား အခြေခံသဘောတရားများ

✅ စိစစ်တွေးတောခြင်းနည်းလမ်းများ ( critical thinking ) လေ့လာပါ
✅ ယုတ္တိနည်းမှန်/အမှား အင်္ဂါရပ်များ - Validity and soundness ၊ (logical fallacies) တွေလေ့လာပါ။
✅ အသိဥာဏ်ပညာ background၊ တန်ဖိုးအကဲဖြတ် ၊ စိတ်ထား ၊ cognitive biasများ အားသိပါ။
✅ Greek thinker များရဲ့ ဆွဲဆောင်ပြောဆိုခြင်း နည်းလမ်းများ ( Rhetoric ) အားလေ့လာပါ။
✅ ပြဿနာများအတွက် “5 Whys” နည်းလမ်းများနဲ့ root case ကို ရှာကြည့်ပါ။
✅ သင့်အကြောင်းပြချက်တွေက လိုအပ်သလား ( Necessary ) ၊ လုံလောက်ရဲ့လား ( sufficient ) ၊ ဆီလျော်လာ ( Relevant ) ၊ ကိုက်ညီပါစေ ( Consistent)။ စတဲ့ NSRC နည်းလမ်းလေးတွေစဉ်းစားပါ။

🤔 Decision-Making လုပ်ရာတွင်ကျွမ်းကျင်ခြင်း 🧠 🧠

Intuitive (သို့မဟုတ်) evidence-based ဆုံးဖြတ်ချက်ချ တဲ့ နည်းလမ်းများကို ဆက်လက်စူးစမ်း လေ့လာပါ။ PDCA (Plan-Do-Check-Act) နည်းလမ်းများဖြင့် တာဝန်ခံမှုနှင့်စဥ်ဆက်မပြတ် တိုးတက် နေစေမှု တို့ကို စောင့် ကြည့်ကာ သင့်ရဲ့ ဆုံးဖြတ်ချက်ချခြင်း စွမ်းရည်များ ကို မြှင့်တင်လိုက်ပါ ။

💪 ဒီနေ့ဘဲ 💪 ကိုယ့်တွေးခေါ်မှုအတွက် တာဝန်ယူလိုက်ပါ။ဖြန့်ကျက်တွေးတောပါ။နောက်ဆုံးအနေဖြင့် သင်မျှော်မှန်းတဲ့ အောင်မြင်မှုခရီးပန်းတိုင်သို့ smart ကျတဲ့ စိစစ်စဉ်းစားခြင်းစွမ်းရည်များ ၊ ဖြန့်ကျက်တွေးတောခြင်းများ ဖြင့် တက်လှမ်းနိုင်ပါပြီ။
# Lateral Thinking Truth 🚀

(zawgyi)

စဉ်းစားတွေးခေါ်မှု ( ၃ ) မျိုး

အတွေးအခေါ်ဆိုင်ရာ ဂုရု ကြီး တစ်ဦးဖြစ်တဲ့ Edward de Bono ကတော့ ကမ္ဘာမှာ အကြီးမား ဆုံး ပြဿနာက Climate change မဟုတ်ပါဘူး၊ လုံလုံလောက်လောက် မတွေးခေါ်တတ်ခြင်း ( inadequate thinking ) ကိစ္စဘဲ ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ ရရှိထားတဲ့ လက်ရှိပညာရေး စနစ်အများစုဟာ ပြဿနာများနဲ့ စပ်လျဉ်းပြီးတော့ အဖြေတစ် ခုဘဲရှိတယ်၊ ပြောပြထားတဲ့ လုပ်ထုံးလုပ်နည်း အတိုင်းလိုက်နာနေတာ အသင့်လျော်ဆုံး အလုံခြုံဆုံး ဘဲ၊ ဒါဟာ အားလုံးအတွက် အမှန်တရားဘဲ စသည်ဖြင့်လက်ခံထားကြပါတယ် ။ တကယ့်လက်တွေမှာ တော့ ပြဿနာများအတွက် အမှန်ဟာတစ်ခုဘဲ ရှိတယ်လို့ ပုံသေ လက်ခံထားလို့ မရတော့ပါဘူး။
ဒီတစ်ခါမှာတေ့ The Three modes of Thinking နဲ့ ပက်သက် ပြီးတော့ ကောင်းနိုးရာရာ အချက်လက်များအကြောင်း ပြောပြသွားပါမယ်။ 🚀

🎯ပေါင်းစပ်စဉ်စားသူ ( convergent thinker – use logic)
သူတို့တွေကတော့မှန်ကန်တဲ့ ဖြေရှင်းချက်တစ်ခုကိုရဖို့အာရုံစိုက်တယ်။ ဘောင်ဝင်တဲ့ ပတ်ဝန်းကျင် အနေထားမျိုးဘက် က တွေးခေါ်တာမှာ ထူးချွန်ကြတယ်။ ယုတ္တိဆန်ဆန် တွေးခေါ်တတ်ပေမယ့် ဖန်တီးဆန်းသစ် မှုအားနည်းပါတယ်။
ဥပမာ- ခြင်းထဲ ကြက်ဥခြောက်လုံးရှိတယ်၊ လူခြောက်ဦးကို တစ်ဦးစီ ၁ လုံးပေးမယ်၊ အားလုံးကိုလဲပေးရမယ် ခြင်းထဲ ကြက်ဥ ၁ လုံးကျန်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒေါင်လိုက်စဉ်းစား (Vertical thinker ) တဲ့ လူကတော့ ခြင်းထဲ ဘာမှ မကျန်ဘူး၊ တစ်လုံးချန်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ စသည်ဖြင့် စဉ်းစားပါလိမ့်မယ်။

🌟 ကွဲလဲစဉ်းစားသူ ( divergent thinker- use imagination )
သူတို့တွေကတော့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်နိုင်ခြေများများကို စဉ်းစား တတ်ကြတယ်။ သမားရိုးကျမဟုတ်တဲ့ တွေးခေါ်မှုများနဲ့ ဆန်းသစ်တီထွင်မှုပေါ်မှာအခြေခံပါတယ်။ ဥပမာ- အပေါ်က ကြက်ဥ ကိစ္စဥပမာ ဆိုရင် ၊ ဥကနေ ကြက်လေးပေါက်လောက်မယ်၊ ကြက်မကြီးက တစ်လုံး ဥလိုက်ရင် ခြင်းထဲ တစ်ဥ ချန်နိုင်ပြီပေါ့ စသည်ဖြင့်တွေးပါလိမ့်မယ်။ ဖန်တီးဆန်းသစ်တဲ့နည်း (သို့) အလျားလိုက်နည်းနဲ့ စဉ်းစား (Creative or Horizontal thinker ) တဲ့ လူကတော့ ပြဿနာကို ချဉ်းကပ်ပုံဟာ ဖြစ်နိုင်ခြေနည်းပေမယ့် မှားတယ်လို့ ငြင်းရခက်ပါလိမ့်မယ်။

🔍 ဖြန့်ကျက် စဉ်းစားသူ ( Lateral thinker – use both logic and imagination )
သူတို့တွေက တော့ အချက်လက်တွေကို ခွဲခြမ်းစိတ်ဖြာတတ်တယ်၊ ယူဆချက်များကို မေးခွန်းထုတ် တတ်ကြတယ် ။ စနစ်တကျစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို အခြေခံတတ် ကြပါ တယ်။ သဘောထားကြီးတယ်၊ ချင့်ချိန်တွေးတော ရတာကို ယုံကြည်တယ်၊ ရှင်းလင်းပြတ်သား မှုကို ရှာတတ်ကြပါတယ်။ ဥပမာ- ကြက်ဥ ကိစ္စဖြေရှင်တဲ့အခါမှာဆိုရင် Lateral thinker တွေက လူ ၅ ယောက် က တစ်လုံးစီကို လက်နဲ့ယူ၊ နောက်ဆုံးတစ်ယောက်ကတော့ ကြက်ဥ ကို ခြင်းထဲ ထည့်ယူ၊ ခြင်းထဲ ကြက်ဥတစ်လုံး ကျန်နေမှာဘဲလေ ဟု တွေးပါလိမ့်မယ်။

💡 lateral Thinking တိုးတက်ဖို့ အတွက် အခြား အခြေခံသဘောတရားများ

✅ စိစစ်တွေးတောခြင်းနည်းလမ်းများ ( critical thinking ) လေ့လာပါ
✅ ယုတ္တိနည်းမှန်/အမှား အင်္ဂါရပ်များ - Validity and soundness ၊ (logical fallacies) တွေလေ့လာပါ။
✅ အသိဥာဏ်ပညာ background၊ တန်ဖိုးအကဲဖြတ် ၊ စိတ်ထား ၊ cognitive biasများ အားသိပါ။
✅ Greek thinker များရဲ့ ဆွဲဆောင်ပြောဆိုခြင်း နည်းလမ်းများ ( Rhetoric ) အားလေ့လာပါ။
✅ ပြဿနာများအတွက် “5 Whys” နည်းလမ်းများနဲ့ root case ကို ရှာကြည့်ပါ။
✅ သင့်အကြောင်းပြချက်တွေက လိုအပ်သလား ( Necessary ) ၊ လုံလောက်ရဲ့လား ( sufficient ) ၊ ဆီလျော်လာ ( Relevant ) ၊ ကိုက်ညီပါစေ ( Consistent)။ စတဲ့ NSRC နည်းလမ်းလေးတွေစဉ်းစားပါ။

🤔 Decision-Making လုပ်ရာတွင်ကျွမ်းကျင်ခြင်း 🧠 🧠

Intuitive (သို့မဟုတ်) evidence-based ဆုံးဖြတ်ချက်ချ တဲ့ နည်းလမ်းများကို ဆက်လက်စူးစမ်း လေ့လာပါ။ PDCA (Plan-Do-Check-Act) နည်းလမ်းများဖြင့် တာဝန်ခံမှုနှင့်စဉ်ဆက်မပြတ် တိုးတက် နေစေမှု တို့ကို စောင့် ကြည့်ကာ သင့်ရဲ့ ဆုံးဖြတ်ချက်ချခြင်း စွမ်းရည်များ ကို မြှင့်တင်လိုက်ပါ ။

💪 ဒီနေ့ဘဲ 💪 ကိုယ့်တွေးခေါ်မှုအတွက် တာဝန်ယူလိုက်ပါ။ဖြန့်ကျက်တွေးတောပါ။နောက်ဆုံးအနေဖြင့် သင်မျှော်မှန်းတဲ့ အောင်မြင်မှုခရီးပန်းတိုင်သို့ smart ကျတဲ့ စိစစ်စဉ်းစားခြင်းစွမ်းရည်များ ၊ ဖြန့်ကျက်တွေးတောခြင်းများ ဖြင့် တက်လှမ်းနိုင်ပါပြီ။
# Lateral Thinking Truth 🚀al

28/04/2024

နေ့စဉ် ခွန်အားဖြည့်ပါ၊ ကိုယ်ရဲ့စွမ်းအားများကို ယခုဘဲ ဖော်ထုတ်လိုက်ပါ

Victim T-Shirt 🧐

သင်ဟာ Victim T-Shirt ကို ဝတ်ထားတယ်ဆိုရင် ယခုဘဲ ပြောင်းဝတ်လိုက်ပါ ၊ အာ့ဒီလိုပြောင်းလဲ နိုင်ဖို့ဟာ (You are the master of your destiny ) ကိုယ့်မှာဘဲတာဝန်ရှိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဘဝကို အကြီးမားဆုံး လွှမ်းမိုးနိုင်သူဟာ ကိုယ်တိုင်ဖြစ်နေလို့ပါဘဲ ။ စာရေးဆရာ Paul McGee က ကျွန်တော်တို့ကို Victim ဘဝက ရုန်းထွက်ပြီး စွမ်းအားကြီးသူအဖြစ်ပြောင်းလဲနိုင်မယ့် အကြောင်းအရာများကို သူရဲ့ S.U.M.O စာအုပ် မှာ လမ်းညွှန်ပြောပြထားပါတယ် ။

ကိုယ်ကြိုးစားလို့ ကိုယ်ရထိုက်တာမို့ ယူသင့်တာရယူပါ၊ မိမိရရှိထားတဲ့ လက်ရှိဘဝ ပကတိအနေအထားကိုလဲကိုယ်ကိုယ်တိုင် လက်ခံ ဖို့လိုပါတယ်။တစ်ခါတစ်လေ ကိုယ့်အသံကိုယ် နားထောင်ပါ၊ ကိုယ့် အကြံဥာဏ် ကသာ အခရာ အကျ ဆုံးပါ။

Victim T-Shirt သမားတွေမှာ BSE (Blaming Somebody Else) ပြဿနာ ရှိတတ်ပါတယ်၊ သူများကို အပြစ်တင်ရမှ နေသာထိုင်သာ ရှိတတ်ကြပါတယ်။ ဒီတော့ Victim တီရှပ်ဝတ်ဆင် သူအများစုဟာ ရေတိုမှာ အဆင်ပြေပေမယ့် ရေရှည်မှာ အန္တရာယ်အလွန်ရှိပါတယ်။ သူတပါးကို အပြစ်တင်တတ်တဲ့ သူတွေဟာ ကိုယ့်အတွက် အခွင့်အရေး အလားအလာကောင်းတွေ လက်လွှတ်ဆုံးရှုံးနိုင်သလို အလုပ်မပြီးမြောက်မှု၊ နောင်တရမှု စတဲ့အရာများနဲ့ ဘဝမှာ ကျန်ရစ် ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် SUMO (Shut Up၊ Move On) စိတ်ထားမျိုးနဲ့ အောင်မြင်ဖို့ အခွင့်အလမ်းများအတွက် မဆုတ်မနစ် ဆက်လက်ချီတက်နေဖို့ဘဲ လိုပါမယ်။

ဘဝက ခါးတယ် မတရားဘူး ၊ ဒါပေမယ့် ငါဘဝကို ဒီလိုမျိုး ခါးသီးမှုက ဘယ်လိုတိုးတက်စေနိုင်လဲ မေးကြည့်ပါ။ ပိတ်မိနေပြီလား၊ ကိုယ့်ကိုယ်ကို သတိပေးပါ ‘ဘယ်လောက်ပဲ ခက်ခဲပါစေ ငါလုပ်နိုင်တာ တခုခုတော့ အမြဲရှိရမယ်’ ၊ ‘မဖြစ်နိုင်ဘူး ( impossible ) ’ လို့ပြောနေမဲ့အစား ‘ငါဟာ ရှင်သန်နိုင်သူ ( I am a survivor ) ’ လို့ ပြောပါ။

သီးစုံအတွေး ( Fruity Thinking ) 🍑🍎

သင့်ရဲ့ စိတ်ကို ဥယျာဉ်တစ်ခုလို သဘောထားကြည့်ပါ၊အပြုသဘောဆောင်သော အတွေး ( positive thoughts) ကိုမွေးမြူပါ။ McGee က TEAR ( Thinking, Emotion, Action, Results) model ခေါ်တဲ့- အတွေးကတစ်ဆင့် ခံစားချက်ဖြစ်တယ်တယ်၊ အက်ရှင်ယူတယ် ၊ နောက်ဆုံး ရလဒ်ထွက်တယ် လို့ ပြောပြထားပါတယ်။

ကိုယ့်ကိုလွှမ်းမိုးထားတဲ့ အရာတွေကို ဂရုစိုက်ပါ
ဥပမာ - ကိုယ်ရဲ့ နောက်ခံ၊ အတွေ့အကြုံ၊ အပေါင်းအသင်း၊ မီဒီယာ စတဲ့ အရာတွေက သင့်အတွေးတွေကို ပုံသွင်း တတ်ပါတယ်။

အတွေးမှားတွေကိုရှောင်ပါ ( Faulty thinking ) 🤕🤒
ဥပမာ - ကိုယ့်အတွင်းစိတ်က မဖြစ်နိုင်ဘူးလို့ ပြောနေတာ၊ အတိတ်က အရှုံးတွေကို အမှတ်ရနေတာ၊ မလိုအပ်ဘဲ ခေါင်းခံတတ်တာ ( martyr syndrome ) ၊ တစ်ဆိတ် တစ်အိတ်လုပ် စိတ်ဆိုးနေတာ၊ မိမိကိုယ်ကို အဟုတ်ထင် ရောင့်ရဲကျေနပ် နေတတ်တာ။

ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကို အသုံးပြုပါ🧠

ဥပမာ- မိမိရဲ့ RAS ( Reticular Activating Systems ) ကို ဦးစားပေးမှု၊ အမြင်သစ်များရရှိမှု၊ ရွေးချယ်တုန့်ပြန်ခြင်း၊ အဖြေရှာခြင်း၊ သင်ယူခြင်း၊ အစီအစဉ်ရေးဆွဲခြင်း နှင့် အကောင်းမြင်ခြင်း တို့အတွက်သုံးပါ။

Procrastination (အချိန်ဆွဲတာ) ကို ရှောင်ပါ🙅‍♂️🙅🏻‍♀️

Procrastinate လုပ်တတ်တာဟာ ကိုယ့်မှာရှိတဲ့ အကြောက်တရားကို ဖုံးကွယ်ခြင်းတစ်မျိုးပါဘဲ။ အချိန်ဆွဲတတ်တဲ့အကျင့်ကို တခုခုကို စလုပ်တာနဲ့ တိုက်ဖျက်ပါ၊ မိုင်ပေါင်းများစွာခရီးတွေက ခြေလှမ်းတစ် လှမ်းကဘဲ စခဲ့ရတာကို သတိရပါ။

နိဂုံးချူပ်အနေနဲ့ ၊ လုပ်ဖို့ ရည်ရွယ်ချက်ထားတယ်လို့ ပြောနေသူများထက် တကယ်လက်တွေ့ လုပ်တဲ့ လူတွေကသာ ဘဝမှာ ဆုလဒ် များစွာရရှိကြပါတယ်။ အဲဒီတော့ အခွင့်အခါကောင်းကို လက်မလွှတ် မခံဘဲ ယခုဘဲစလိုက်ပါ၊ ရဲရင့်သူတွေက အနိုင်ရစမြဲပါ။

ထုတ်နုတ်ချက်များ

- ကိုယ့်ဘဝကိုယ်ဘဲပိုင်ပါတယ်- သင့်လုပ်ရပ်များနှင့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူပါ။
- Positive Mindset- သင့်အတွေးထဲတွင် အကောင်းမြင်စိတ်နှင့် ခံနိုင်ရည်ရှိအောင် မွေးမြူပါ။
- စိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့်ရည်မှန်းချက်ပန်းတိုင်များသို့ လျောက်လှမ်းနိုင်ဖို့ ဆင်ခြင်တုံ တရား ကိုအသုံးပြုပါ။
- ယခုဘဲစတင်ပါ၊ မည်မျှပင်သေးငယ်ပါစေ ပထမခြေလှမ်းကိုလှမ်းခြင်းဖြင့် အချိန်ဆွဲခြင်းကို အနိုင်ယူလိုက်ပါ။
- ကိုယ့်ကိုကိုယ် ခွန်အားဖြည့်ပါ။ အပြောင်းအလဲကို လက်ခံပါ။ အခွင့်အရေး ကောင်းကို လက်မလွှတ်စေနဲ့။ ကိုယ့်အကြောင်းကိုယ်ဘဲအသေအချာ ရေးနိုင်တာမို့ ယနေ့ဘဲ ဘဝကဗျည်း မော်ကွန်း သစ်ထိုးလိုက်ပါ။

Zawgyi
ေန႔စဥ္ ခြန္အားျဖည့္ပါ၊ ကိုယ္ရဲ႕စြမ္းအားမ်ားကို ယခုဘဲ ေဖာ္ထုတ္လိုက္ပါ

Victim T-Shirt 🧐

သင္ဟာ Victim T-Shirt ကို ဝတ္ထားတယ္ဆိုရင္ ယခုဘဲ ေျပာင္းဝတ္လိုက္ပါ ၊ အာ့ဒီလိုေျပာင္းလဲ ႏိုင္ဖို႔ဟာ (You are the master of your destiny ) ကိုယ့္မွာဘဲတာဝန္ရွိပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ့္ဘဝကို အႀကီးမားဆုံး လႊမ္းမိုးႏိုင္သူဟာ ကိုယ္တိုင္ျဖစ္ေနလို႔ပါဘဲ ။ စာေရးဆရာ Paul McGee က ကြၽန္ေတာ္တို႔ကို Victim ဘဝက ႐ုန္းထြက္ၿပီး စြမ္းအားႀကီးသူအျဖစ္ေျပာင္းလဲႏိုင္မယ့္ အေၾကာင္းအရာမ်ားကို သူရဲ႕ S.U.M.O စာအုပ္ မွာ လမ္းၫႊန္ေျပာျပထားပါတယ္ ။

ကိုယ္ႀကိဳးစားလို႔ ကိုယ္ရထိုက္တာမို႔ ယူသင့္တာရယူပါ၊ မိမိရရွိထားတဲ့ လက္ရွိဘဝ ပကတိအေနအထားကိုလဲကိုယ္ကိုယ္တိုင္ လက္ခံ ဖို႔လိုပါတယ္။တစ္ခါတစ္ေလ ကိုယ့္အသံကိုယ္ နားေထာင္ပါ၊ ကိုယ့္ အႀကံဥာဏ္ ကသာ အခရာ အက် ဆုံးပါ။

Victim T-Shirt သမားေတြမွာ BSE (Blaming Somebody Else) ျပႆနာ ရွိတတ္ပါတယ္၊ သူမ်ားကို အျပစ္တင္ရမွ ေနသာထိုင္သာ ရွိတတ္ၾကပါတယ္။ ဒီေတာ့ Victim တီရွပ္ဝတ္ဆင္ သူအမ်ားစုဟာ ေရတိုမွာ အဆင္ေျပေပမယ့္ ေရရွည္မွာ အႏၲရာယ္အလြန္ရွိပါတယ္။ သူတပါးကို အျပစ္တင္တတ္တဲ့ သူေတြဟာ ကိုယ့္အတြက္ အခြင့္အေရး အလားအလာေကာင္းေတြ လက္လႊတ္ဆုံးရႈံးႏိုင္သလို အလုပ္မၿပီးေျမာက္မႈ၊ ေနာင္တရမႈ စတဲ့အရာမ်ားနဲ႔ ဘဝမွာ က်န္ရစ္ ျဖစ္ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ SUMO (Shut Up၊ Move On) စိတ္ထားမ်ိဳးနဲ႔ ေအာင္ျမင္ဖို႔ အခြင့္အလမ္းမ်ားအတြက္ မဆုတ္မနစ္ ဆက္လက္ခ်ီတက္ေနဖို႔ဘဲ လိုပါမယ္။

ဘဝက ခါးတယ္ မတရားဘူး ၊ ဒါေပမယ့္ ငါဘဝကို ဒီလိုမ်ိဳး ခါးသီးမႈက ဘယ္လိုတိုးတက္ေစႏိုင္လဲ ေမးၾကည့္ပါ။ ပိတ္မိေနၿပီလား၊ ကိုယ့္ကိုယ္ကို သတိေပးပါ ‘ဘယ္ေလာက္ပဲ ခက္ခဲပါေစ ငါလုပ္ႏိုင္တာ တခုခုေတာ့ အၿမဲရွိရမယ္’ ၊ ‘မျဖစ္ႏိုင္ဘူး ( impossible ) ’ လို႔ေျပာေနမဲ့အစား ‘ငါဟာ ရွင္သန္ႏိုင္သူ ( I am a survivor ) ’ လို႔ ေျပာပါ။

သီးစုံအေတြး ( Fruity Thinking ) 🍑🍎

သင့္ရဲ႕ စိတ္ကို ဥယ်ာဥ္တစ္ခုလို သေဘာထားၾကည့္ပါ၊အျပဳသေဘာေဆာင္ေသာ အေတြး ( positive thoughts) ကိုေမြးျမဴပါ။ McGee က TEAR ( Thinking, Emotion, Action, Results) model ေခၚတဲ့- အေတြးကတစ္ဆင့္ ခံစားခ်က္ျဖစ္တယ္တယ္၊ အက္ရွင္ယူတယ္ ၊ ေနာက္ဆုံး ရလဒ္ထြက္တယ္ လို႔ ေျပာျပထားပါတယ္။

ကိုယ့္ကိုလႊမ္းမိုးထားတဲ့ အရာေတြကို ဂ႐ုစိုက္ပါ
ဥပမာ - ကိုယ္ရဲ႕ ေနာက္ခံ၊ အေတြ႕အႀကဳံ၊ အေပါင္းအသင္း၊ မီဒီယာ စတဲ့ အရာေတြက သင့္အေတြးေတြကို ပုံသြင္း တတ္ပါတယ္။

အေတြးမွားေတြကိုေရွာင္ပါ ( Faulty thinking ) 🤕🤒
ဥပမာ - ကိုယ့္အတြင္းစိတ္က မျဖစ္ႏိုင္ဘူးလို႔ ေျပာေနတာ၊ အတိတ္က အရႈံးေတြကို အမွတ္ရေနတာ၊ မလိုအပ္ဘဲ ေခါင္းခံတတ္တာ ( martyr syndrome ) ၊ တစ္ဆိတ္ တစ္အိတ္လုပ္ စိတ္ဆိုးေနတာ၊ မိမိကိုယ္ကို အဟုတ္ထင္ ေရာင့္ရဲေက်နပ္ ေနတတ္တာ။

ကိုယ့္ရဲ႕ ဆင္ျခင္တုံတရားကို အသုံးျပဳပါ🧠

ဥပမာ- မိမိရဲ႕ RAS ( Reticular Activating Systems ) ကို ဦးစားေပးမႈ၊ အျမင္သစ္မ်ားရရွိမႈ၊ ေ႐ြးခ်ယ္တုန္႔ျပန္ျခင္း၊ အေျဖရွာျခင္း၊ သင္ယူျခင္း၊ အစီအစဥ္ေရးဆြဲျခင္း ႏွင့္ အေကာင္းျမင္ျခင္း တို႔အတြက္သုံးပါ။

Procrastination (အခ်ိန္ဆြဲတာ) ကို ေရွာင္ပါ🙅‍♂️🙅🏻‍♀️

Procrastinate လုပ္တတ္တာဟာ ကိုယ့္မွာရွိတဲ့ အေၾကာက္တရားကို ဖုံးကြယ္ျခင္းတစ္မ်ိဳးပါဘဲ။ အခ်ိန္ဆြဲတတ္တဲ့အက်င့္ကို တခုခုကို စလုပ္တာနဲ႔ တိုက္ဖ်က္ပါ၊ မိုင္ေပါင္းမ်ားစြာခရီးေတြက ေျခလွမ္းတစ္ လွမ္းကဘဲ စခဲ့ရတာကို သတိရပါ။

နိဂုံးခ်ဴပ္အေနနဲ႔ ၊ လုပ္ဖို႔ ရည္႐ြယ္ခ်က္ထားတယ္လို႔ ေျပာေနသူမ်ားထက္ တကယ္လက္ေတြ႕ လုပ္တဲ့ လူေတြကသာ ဘဝမွာ ဆုလဒ္ မ်ားစြာရရွိၾကပါတယ္။ အဲဒီေတာ့ အခြင့္အခါေကာင္းကို လက္မလႊတ္ မခံဘဲ ယခုဘဲစလိုက္ပါ၊ ရဲရင့္သူေတြက အႏိုင္ရစၿမဲပါ။

ထုတ္ႏုတ္ခ်က္မ်ား

- ကိုယ့္ဘဝကိုယ္ဘဲပိုင္ပါတယ္- သင့္လုပ္ရပ္မ်ားႏွင့္ ဆုံးျဖတ္ခ်က္မ်ားအတြက္ တာဝန္ယူပါ။
- Positive Mindset- သင့္အေတြးထဲတြင္ အေကာင္းျမင္စိတ္ႏွင့္ ခံႏိုင္ရည္ရွိေအာင္ ေမြးျမဴပါ။
- စိန္ေခၚမႈမ်ားကိုေျဖရွင္းရန္ႏွင့္ရည္မွန္းခ်က္ပန္းတိုင္မ်ားသို႔ ေလ်ာက္လွမ္းႏိုင္ဖို႔ ဆင္ျခင္တုံ တရား ကိုအသုံးျပဳပါ။
- ယခုဘဲစတင္ပါ၊ မည္မွ်ပင္ေသးငယ္ပါေစ ပထမေျခလွမ္းကိုလွမ္းျခင္းျဖင့္ အခ်ိန္ဆြဲျခင္းကို အႏိုင္ယူလိုက္ပါ။
- ကိုယ့္ကိုကိုယ္ ခြန္အားျဖည့္ပါ။ အေျပာင္းအလဲကို လက္ခံပါ။ အခြင့္အေရး ေကာင္းကို လက္မလႊတ္ေစနဲ႔။ ကိုယ့္အေၾကာင္းကိုယ္ဘဲအေသအခ်ာ ေရးႏိုင္တာမို႔ ယေန႔ဘဲ ဘဝကဗ်ည္း ေမာ္ကြန္း သစ္ထိုးလိုက္ပါ။

Want your school to be the top-listed School/college in Ranchi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 273, Minbargyi Road, Lanthit Qr, Sittwe, Rakhine State
Ranchi
07011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00