25/07/2026
🌟 BSL Everyday English: One Situation, Five Responses 🌟
မေးခွန်းတစ်ခုတည်းကို အင်္ဂလိပ်လို ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုပြန်ဖြေမလဲ❓
Everyday English Conversations တွေမှာ တူညီတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ ပုံစံအမျိုးမျိုးနဲ့ ပြန်ဖြေနိုင်ပါတယ် 🤩
1️⃣ Someone asks, “How are you feeling today?”
(“ဒီနေ့ နေကောင်းရဲ့လား / ဘယ်လိုနေလဲ?” လို့
မေးတဲ့အခါ)
🗣️ I’m feeling great.
👉 အရမ်း နေလို့ကောင်းပါတယ်။
🗣️ Pretty good, thanks.
👉 အဆင်ပြေပါတယ်၊ ကျေးဇူးပဲနော်။
🗣️ I’m a bit tired.
👉 နည်းနည်း ပင်ပန်းနေတယ်။
🗣️ I’ve been better.
👉 ဒီထက်မက နေကောင်းဖူးပါတယ်။ /
သိပ်တော့ မကောင်းလှဘူး။
🗣️ I feel fantastic!
👉 အရမ်းကို နေလို့ကောင်းနေပါတယ်။
⸻
2️⃣ Someone asks, “What are you doing this weekend?”
(“ဒီပိတ်ရက် ဘာလုပ်ဖို့ရှိလဲ?” လို့ မေးတဲ့အခါ)
🗣️ I’m staying home.
👉 အိမ်မှာပဲ နေဖြစ်မယ်။
🗣️ I’m meeting some friends.
👉 သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။
🗣️ I’m going shopping.
👉 ဈေးဝယ်ထွက်မလို့။
🗣️ I haven’t decided yet.
👉 မဆုံးဖြတ်ရသေးဘူး။
🗣️ I’m just going to relax.
👉 အေးအေးဆေးဆေး အနားယူမလို့ပါ။
⸻
3️⃣ Someone asks, “Do you need any help?”
(“အကူအညီ လိုသေးလား?” လို့ မေးတဲ့အခါ)
🗣️ Yes, please.
👉 ဟုတ်ကဲ့၊ ကူညီပေးပါဦး။
🗣️ That would be great.
👉 ကူညီရင် အရမ်းကောင်းတာပေါ့။
🗣️ I think I’m okay.
👉 အဆင်ပြေပါတယ် ထင်တယ်။
🗣️ I’ve got it, thanks.
👉 ရပါတယ်၊ ကျေးဇူးပါပဲ။
🗣️ Not at the moment.
👉 လောလောဆယ်တော့ မလိုသေးပါဘူး။
⸻
4️⃣ Someone asks, “Have you eaten yet?”
(“ထမင်းစားပြီးပြီလား?” လို့ မေးတဲ့အခါ)
🗣️ Yes, I have.
👉 စားပြီးပါပြီ။
🗣️ Not yet.
👉 မစားရသေးဘူး။
🗣️ I’m about to eat.
👉 အခုပဲ စားတော့မလို့။
🗣️ I just finished eating.
👉 အခုလေးတင်ပဲ စားပြီးသွားတယ်။
🗣️ I’m not hungry yet.
👉 ဗိုက်မဆာသေးဘူး။
⸻
5️⃣ Someone asks, “What do you think?”
(“ဘယ်လို ထင်လဲ?” လို့ မေးတဲ့အခါ)
🗣️ I think it’s a good idea.
👉 အကြံကောင်းတယ်လို့ ထင်တယ်။
🗣️ It sounds interesting.
👉 စိတ်ဝင်စားဖို့ ကောင်းသားပဲ။
🗣️ I’m not sure.
👉 သေချာတော့ မသိဘူး။
🗣️ I don’t really like it.
👉 သိပ်တော့ မကြိုက်ဘူး။
🗣️ I totally agree.
👉 လုံးဝ သဘောတူပါတယ်။
ဒီလို English Responses အမျိုးမျိုးကို လေ့လာပြီး လက်တွေ့ လေ့ကျင့်အသုံးချမယ်ဆိုရင်—
☑️ English စကားပြော ပိုသဘာဝကျလာစေမယ်
☑️ Vocabulary ပိုကြွယ်ဝလာစေမယ်
☑️ Conversation Skills ပိုမိုတိုးတက်လာစေမှာ သေချာပါတယ်။ 💬📚🧡
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
📩 Ready to Join BSL?
မိမိရဲ့ English Level၊ Learning Goals နဲ့ Schedule အပေါ် မူတည်ပြီး အသင့်တော်ဆုံး Premium English Programme ကို အကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ 🧡
သင်တန်းတက်ရောက်ဖို့အတွက် Programme Information နဲ့ Enrollment အကြောင်း အသေးစိတ်သိရှိလိုပါက BSL Page Chat Box၊ Viber သို့မဟုတ် Telegram မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 📲
📩 Message us today to reserve your seat.
📍 Yankin, Yangon, Myanmar
📞 +959 4200 60999 (Viber | Telegram)
🌐 www.bslanguages.com
📧 [email protected]