Korean Language by Ko Min

Korean Language by Ko Min

Share

Korean Language and Speaking sharing.

29/12/2023

မေးခွန်းလေးတွေ ဝာင်ပေးမယ်
တူတူလိုက်‌ဖြေကျတာပေါ့နော်။။

11/06/2023
10/06/2023

🇰🇷🇰🇷*CBT စာမေးပွဲဖြေဆိုနိုင်ရန်* 🇰🇷🇰🇷

- ကိုရီးယားမှာ ၃နှစ်ကျော် အလုပ်လုပ်ခဲ့သူ
(၃နှစ်အတိနဲ့ ပြန်သွားသူ ဖြေခွင့်မရှိပါ)

- အသက်၁၉နှင့် ၃၉နှစ်အောက်ဖြစ်ရမည်

- EPSနဲ့ ၂ခေါက်လာဖူးသူဖြေခွင့်မရှိပါ။

- နောက်ဆုံးရုံတွင် လုပ်သက်၁နှစ်အထက်လုပ်ခဲ့ပါ အဆိုပါရုံသို့ ပြန်လုပ်ခွင့်ရှိပါတယ်။
နောက်ဆုံးရုံတွင် လုပ်သက် ၁နှစ်နဲ့အထက်မရှိခဲ့ပါက ပို့တဲ့ရုံကို သွားရပါမည်။

- ကုန်ထုတ်နဲ့ လုပ်ခဲ့သူက ကုန်ထုတ်၊ စိုက်မွေးသမားက စိုက်မွေး၊ ဆောက်လုပ်သမား က ဆောက်လုပ်ကိုသာ ဖြေခွင့်ရှိပါသည်။ လုပ်ငန်းပြောင်းလဲ ဖြေခွင့်မရှိပါ။

- POEAဘက်က ထုတ်ပြန်တဲ့ CBTဖြေခွင့်ရှိသူများနာမည်စာရင်းမှာ ပါဝင်တဲ့သူများသာဖြေခွင့်ရှိပါတယ်။ နာမည်စာရင်းမပါရင် ဖြေခွင့်မရှိပါ။

ပိတောက်ရိပ် (ကွီးစိုး)

Photos from Korean Language by Ko Min's post 06/06/2023

EPS -TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် ​​​ဖြေဆို​အောင်မြင်ပြီးသူများအတွက် အလုပ်​လျှောက်လွှာ ​ခေါ်ယူမည့် အစီအစဥ် အသိ​ပေး​​​ကြေညာခြင်း

06/06/2023

🔴CCVIကျပြီးရင် ဘယ်တော့လောက် ကိုရီးယားကိုလာရမလဲ?🔴

ဒါကတော့ အားလုံးသိချင်နေတဲ့ အကြောင်းအရာပါပဲ။🤫

အဖြေကို မပြောခင် လုပ်ဆောင်ပုံ(Process)ကို အရင်ရှင်းပြပါမယ်နော်☺️

📃ကိုရီးယားလဝကဘက်က CCVI(사증발급인정서)ကို အတည်ပြု(Approved)လုပ်ပေးလိုက်ရင် မြန်မာ POEAဘက်မှ ဗီဇာလျှောက်ထားဖို့ ကြေငြာပေးပါတယ်။

📃ဗီဇာထုတ်ပေးတာကိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုရီးယားသံရုံးမှ လုပ်ပေးတာ ဖြစ်ပြီး မည်မျှကြာနိုင်သလဲဆိုတာ ဘယ်သူမှ တရားသေပြောလို့မရပါဘူး။(ကြားမိသလောက်တော့ ၂~၄ပတ်ခန့် ဒီထက်လည်း ပိုကြာတယ်လို့ ပြောကြပါတယ်)

🚨အဲ့တော့ ဗီဇာကျလာပြီဆိုတာနဲ့ POEAဘက်ကနေ ကိုရီးယား HRDဘက်ကို လေယာဉ်ထိုင်ခုံ အခြေအနေရယ်(လူဦးရေအရေအတွက်) လေယာဉ်ထွက်ရက်ရယ်ကို တွက်ချက်ပီး အကြောင်းကြားပေးရပါတယ်။

🚨ကိုရီးယား HRDဘက်ကနေလည်း 📍သူဌေးလက်ခံနိုင်မှု 📍သင်တန်းကျောင်း အခြေအနေတွေကို တွက်ချက်ပြီး ကိုရီးယား အဝင်ရက်ကို တွက်ပေးရပါတယ်။

📍သူဌေးလက်ခံနိုင်မှုဆိုတာ ဘာလဲ ❓
👉အလုပ်သမားဘက်ကကော လာဖို့ အသင့်၊ POEAဘက်ကလည်း လက်မှတ်ရှာပီး ပို့ပေးဖို့ အသင့်၊ ကိုရီးယားHRDဘက်ကလည်း လက်ခံဖို့ အသင့် ဖြစ်နေပေမယ့် တချို့ သူဌေးတွေက လက်တလော အခြေအနေ(စီးပွားရေးမကောင်းတာမျိုး၊ စိုက်မွေးဆို ရာသီချိန်မဟုတ်/ ကုန်ထုတ်ဆို အော်ဒါမများလို့ လောလောဆယ် လူမလိုတာမျိုး) တွေကြောင့် အလုပ်သမားရဲ့ ပြည်ဝင်ရက်ကို ရွေ့ဆိုင်းတတ်ကြပါတယ်။ ဒါကြောင့် အလုပ်သမား ကိုရီးယား မဝင်ခင် HRDကနေ အလုပ်ရှင်တွေဆီ ဆက်သွယ်ပြီး အရင် မေးမြန်းရပါတယ်။(ဒီအပြင် အခြားသော အကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်=ကိုဗစ်၊နိုင်ငံရေး) 😥

📍သင်တန်းကျောင်းအခြေအနေဆိုတာ ဘာလဲ ❓
👉 အားလုံးသိပြီးတဲ့ အတိုင်း E-9အလုပ်သမားတွေ ကိိုရီးယားရောက်ပြီး လုပ်ငန်းခွင်မဝင်ခင် ၂ညအိပ်၃ရက် မွမ်းမံသင်တန်းတက်ရပါတယ်။ ကုန်ထုတ်အတွက် သင်တန်းကျောင်း ၂-၃ခုရှိပြီး စိုက်မွေးအတွက် သင်တန်းကျောင်း ၂ခုရှိပါတယ်။
သင်တန်းကျောင်းတစ်ခုက တစ်ပတ်မှာ တစ်ကြိမ်ပဲ သင်တန်းပေးနိုင်ပါတယ်။
ကုန်ထုတ်အဝင် ၁၆နိုင်ငံ ရှိပြီး၊ စိုက်မွေးအဝင် ၅နိုင်ငံရှိပ်တယ်။ သင်တန်းကျောင်းက လက်ခံနိုင်တဲ့ သင်တန်းသားဦးရေကလည်း ကန့်သတ်ချက်ရှိပါတယ်။ (တစ်နိုင်ငံက လုပ်သား ၅၀ပဲဝင်တယ်ထားလိုက်ဦး၊ ၁၆နိုင်ငံဆို လူ၈၀၀ပါ။ သင်တန်းကျောင်းက လက်ခံနိုင်မယ့် ဦးရေကျော်သွားရင် နောက်အပတ်ကိုရွေ့ဖိုပဲရှိပါတော့တယ်)

အထက်ပါအကျိုးအကြောင်းတွေကို POEAနဲ့ ကိုရီးယား HRDတို့မှ ချင်ချိန်ပြီး အလုပ်သမားတွေရဲ့ ကိုရီးယားအဝင်ရက်ကို သတ်မှတ်ပါတယ်။

💢ကိုရီးယားသံရုံးက ထုတ်ပေးတဲ့ ဗီဇာ သက်တမ်းက ရက်၉၀သက်တမ်းရှိပါတယ်။ ရက်၉၀အတွင် ကိုရီးယားကို မဝင်ရောက်နိုင်ရင်တော့ CCVI လျှောက်တဲ့ အဆင့်ကနေ ပြန်စရပါမယ်။

💢 CCVI လျှောက်ဆဲ၊ ဗီဇာလျှောက်ထားဆဲ ကာလအရမ်းကြာနေပြီး ဒီအတောအတွင်းမှာ သူဌေးက စိတ်ပြောင်းသွားတာမျိုး၊ လက်တလော ကိုရီးယားပြည်တွင်းက အခြားအလုပ်သမားနဲ့ စာချုပ်ချုပ်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင် အခြားသူဌေးနဲ့ စာချုပ်ချုပ်ဖို့ အဆင့်၃ကနေ ပြန်သွားရပါလိမ့်မယ် 😥

🚨🚨🚨
အားလုံး ခြုံပြောရရင် ကျနော်တို့ဘက်က သူဌေးတွေကို တိုင်ပင်ဆွေးနွေးပေးတဲ့အခါ အလုပ်သမားစာချူပ်ချုပ်၊ CCVI တင်ပီးတဲ့နောက် 3~4လလောက် စောင့်ရမည်ဖြစ်ကြောင်း ကြိုအသိပေးပါတယ်။
🔴🔴🔴
အလုပ်သမားတွေ ဘယ်တော့လာရမလဲဆိုတာ သိချင်ကြသလို၊ အလုပ်ရှင်တွေကလည်း အလုပ်သမား ဘယ်တော့လာမလဲဆိုတာ အရမ်းမေးကြပါတယ်။

🍀သို့ပေမယ့်လည်း အပေါ်မှာ ပြောထားသလိုပဲ အဖက်ဖက်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးအကြောင်းတွေကြောင့် ကျနော်တို့ ခန့်မှန်းတာထက် ပိုနောက်ကျသွားနိုင်သလို ပိုလည်း စောသွားနိုင်ပါတယ်။

☺️ဒါဆို မိမိရောက်နေတဲ့ အဆင့်ကို တချက်ပြန်ကြည့်ပြီး ဘာကြောင့် နောက်ကျနေတာလဲ ဘာကြောင့် ကြာနေနိုင်သလဲဆိုတာ တချက် ပြန်စဉ်းစားကြည့်ကြပါနော်။☺️

အားလုံး အဆင်ပြေချောမွေ့စွာနဲ့ မြန်မြန်ရောက်ဖို့ ဆုတောင်းပေးလိုက်ပါတယ်နော် 🕯️🕯️🕯️

Photos from Korean Language by Ko Min's post 06/06/2023

POEAရုံကနေ ကြေငြာပြီးသော

CCVIပြန်တင်ပြီးသော သူများ

ကိုယ် visaလျှောက်တာ approveဖြစ်ဖြစ်မဖြစ်

ကြည့်ရန်အတွက် ရည်ရွယ်၍

တင်ပေးထားခြင်းဖြစ်သည်။

အဆင့်(၁)
ကိုရီးယားဘာသာမှ Englishဘာသာသို့ပြောင်းပါ။

အဆင့်(၂)
Check application status ကိုနှိပ်ပါ။

အဆင့်(၃)
Passport နေရာတွင် မိမိ passport numbers ထည့်ပေးပါ။
Name English နေရာမှာ မိမိpassportနာမည်အတိုင်းဖြည့်ပါ။
Date of Birthနေရာတွင် ဘေးက calendar 🗓️လေးကိုနှိပ်ပီး မိမိမွေးနေ့ကိုရွေးပါ။
ပြီးရင် ဘေးက search ကိုနှိပ်၍ approved ဖြစ်မဖြစ်စစ်ကြည့်လို့ရပါပီခင်ဗျာ။

Under reviews ပေါ်ရင်တော့ နှစ်ပတ်အတွင်း လောက် approved ဖြစ်ပါတယ်ခင်ဗျာ။

အဆင်ပြေလွယ်ကူစေရန် Linkချပေးထားပါတယ်ခင်ဗျာ။

https://www.visa.go.kr/main/openMain.do

04/06/2023

၆လပိုင်းကောလင်း

၆လပိုင်း ၁၉ရက်နေ့ကစပြီး ၂၃ရက်နေ့ထိက
ကုန်ထုတ်, (သင်္ဘောကျင်း) Calling ဖြစ်ပြီး
၆လပိုင်း ၂၆ရက်နေ့ကစပြီး ၃၀ရက်နေ့ထိ
ကျန်လုပ်ငန်းစု Calling ဖြစ်ပါတယ်။

ကုန်ထုတ်ဒုသုတ်တွေလည်း ဖောင်တင်စောရင် ၆လပိုင်းကောလင်းမျှော်လို့ရပါတယ်။

၁။ ကုန်ထုတ် ၁၈၀၀၀ ဦး
၂။ သင်္ဘောဆောက်လုပ်ရေး ၅၀၀၀ဦး၊(ကုန်ထုတ်ထဲပါဝင်တဲ့အတွက်စုစုပေါင်း ၂၃၀၀၀ဦး)
၃။ စိုက်ပျိုး၊ မွေးမြူရေး ၂၂၀၀ဦး၊,
၄။ ရေလုပ်ငန်း ၁၅၀၀
၅။ ဆောက်လုပ်ရေး ၁၀၀၀ ဦး
၆။ ဝန်ဆောင်မှု လုပ်ငန်း ၃၀၀ဦး
တို့ကို ၁၆နိုင်ငံမှ ရွေးချယ် ခေါ်ယူမှာဖြစ်ပါတယ်။

အားလုံးပဲကံကောင်းကြပါစေ။

WBO

Want your school to be the top-listed School/college in Ranchi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Ranchi