Better Life Education Center

Better Life Education Center Education

12/08/2026

📘 Source Document ဆိုတာဘာလဲ?

Source Document ဆိုတာ လုပ်ငန်းတစ်ခုမှာ ငွေကြေးဆိုင်ရာ Transaction တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သက်သေပြတဲ့ မူရင်းစာရွက်စာတမ်း ဖြစ်ပါတယ်။
ဥပမာ—
ဆိုင်တစ်ဆိုင်က Customer ကို ကုန်ပစ္စည်း 100,000 ကျပ်ဖိုး ရောင်းလိုက်တယ် ဆိုပါစို့။

ဒီရောင်းချမှုဖြစ်ခဲ့ကြောင်း သက်သေပြဖို့ Invoice ရှိမယ်။
➡️ Invoice = Source Document
➡️ အဲဒီ Invoice ကိုအခြေခံပြီး Accounting records ထဲမှာ transaction ကို မှတ်တမ်းတင်မယ်။

📋 FA1 မှာ သိထားသင့်တဲ့ Source Documents
Invoice
Credit Note
Debit Note
Receipt
Cheque
Bank Statement
Purchase Order (PO)
Goods Received Note (GRN)

1️⃣ Invoice
Invoice = ငွေတောင်းခံလွှာ
Seller က Buyer ကို ကုန်ပစ္စည်း/ဝန်ဆောင်မှု ရောင်းပြီး ငွေတောင်းဖို့ ထုတ်ပေးတဲ့စာရွက် ဖြစ်ပါတယ်။
ဥပမာ
Healthy Life Nutrition က Customer ကို
Vitamin C = 50,000
Omega 3 = 70,000
စုစုပေါင်း 120,000 ကျပ် ဖိုး ရောင်းတယ်။
Customer က ချက်ချင်းမပေးသေးဘူးဆိုရင် Invoice ထုတ်ပေးမယ်။
Seller → Invoice → Customer

2️⃣ Credit Note
Credit Note = အကြွေးလျှော့စာ
Customer က ပစ္စည်းပြန်အပ်တဲ့အခါ သို့မဟုတ် Invoice amount ကို လျှော့ပေးရတဲ့အခါ အသုံးပြုပါတယ်။
ဥပမာ
Customer က 100,000 ကျပ်ဖိုး ပစ္စည်းဝယ်တယ်။
နောက်ပိုင်း 20,000 ကျပ်ဖိုး ပစ္စည်းပြန်အပ်တယ်။
➡️ Seller က Customer ကို Credit Note 20,000 ထုတ်ပေးနိုင်တယ်။
ဒါကြောင့် Customer ပေးရမယ့်ငွေက—
100,000 − 20,000 = 80,000 ကျပ်

3️⃣ Debit Note
Debit Note = ငွေတိုးတောင်းစာ
Invoice amount ကို ပြင်ဆင်ပြီး ထပ်မံငွေတောင်းရန်လိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။
ဥပမာ—
Invoice မှာ ကုန်ပစ္စည်းတန်ဖိုး 100,000 ကျပ် လို့ မှားပြီးရေးထားတယ်။
အမှန်က 110,000 ကျပ် ဖြစ်တယ်ဆိုရင်
➡️ နောက်ထပ် 10,000 ကျပ် တောင်းရန် Debit Note ထုတ်နိုင်ပါတယ်။

4️⃣ Receipt
Receipt = ငွေလက်ခံပြေစာ
Customer ဆီက ငွေလက်ခံရရှိပြီးကြောင်း သက်သေပြတဲ့စာရွက် ဖြစ်ပါတယ်။
ဥပမာ—
Customer က 100,000 ကျပ် ပေးတယ်။
➡️ Business က Receipt ထုတ်ပေးတယ်။
Customer → Money → Business
Business → Receipt → Customer

5️⃣ Cheque
Cheque = ချက်လက်မှတ်
Bank account ထဲက ငွေကို တစ်ယောက်/တစ်ခုဆီ ပေးချေဖို့ အသုံးပြုတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။
ဥပမာ—
Company က Supplier ကို 500,000 ကျပ် ပေးရမယ်။
Company က Cheque နဲ့ ပေးချေတယ်။
➡️ Cheque က payment transaction ရဲ့ အထောက်အထားတစ်ခု ဖြစ်ပါတယ်။

6️⃣ Bank Statement
Bank Statement = ဘဏ်စာရင်းရှင်းတမ်း
Bank က Customer ရဲ့ account မှာ ဖြစ်ပေါ်ခဲ့တဲ့ transaction တွေကို ဖော်ပြပေးတဲ့ စာရွက်စာတမ်းပါ။
ဥပမာ—
Money deposited
Money withdrawn
Bank charges
Cheque payment
Bank transfer
Interest
တွေကို တွေ့ရပါမယ်။
Bank Reconciliation လုပ်တဲ့အခါ အရေးကြီးပါတယ်။

7️⃣ Purchase Order (PO)
Purchase Order = ဝယ်ယူရန်အမှာစာ
Company က Supplier ဆီက ကုန်ပစ္စည်းဝယ်ချင်တဲ့အခါ ဘာပစ္စည်း၊ ဘယ်လောက်၊ ဘယ်ဈေးနဲ့ ဝယ်မယ် ဆိုတာကို Order တင်တဲ့စာရွက်ပါ။
ဥပမာ—
Healthy Life Nutrition က Supplier ဆီကို
Vitamin C – 100 bottles
Omega 3 – 50 bottles
ဆိုပြီး မှာတယ်။
➡️ Purchase Order ထုတ်မယ်။
⚠️ PO ဆိုတာ ငွေပေးချေပြီးကြောင်း အထောက်အထားမဟုတ်ပါ။
Order တင်ထားကြောင်း အထောက်အထားဖြစ်ပါတယ်။

8️⃣ Goods Received Note (GRN)
GRN = ကုန်ပစ္စည်းလက်ခံစာ
Company က Supplier ဆီက မှာထားတဲ့ ကုန်ပစ္စည်းတွေ တကယ်ရောက်လာတဲ့အခါ လက်ခံထားကြောင်း မှတ်တမ်းတင်တဲ့စာရွက်ပါ။
ဥပမာ—
PO မှာ Vitamin C 100 bottles မှာထားတယ်။
ပစ္စည်းရောက်လာတဲ့အခါ စစ်လိုက်တော့ 100 bottles ပြည့်တယ်။
➡️ GRN ထုတ်မယ်။

အချစ်က မငိုစေဘူး... Month End Closing ကပဲ ငိုစေတယ်။ 😅📑
16/07/2026

အချစ်က မငိုစေဘူး... Month End Closing ကပဲ ငိုစေတယ်။ 😅📑

လူတိုင်းအတွက် 1 kyat = 1 kyatAccountant အတွက် 1 kyat = အိပ်ရေးပျက် + Coffee 3 ခွက် + OT 4 နာရီ ☕🤣ဟုတ်တယ်မလား စာရင်းကိုင်...
12/07/2026

လူတိုင်းအတွက် 1 kyat = 1 kyat
Accountant အတွက် 1 kyat = အိပ်ရေးပျက် + Coffee 3 ခွက် + OT 4 နာရီ ☕🤣
ဟုတ်တယ်မလား စာရင်းကိုင်တို့ 😂

Accountant တွေရဲ့ Superpower 🦸‍♂️Error ကို Delete မလုပ်ဘူး…Adjusting Entry နဲ့ Magic ပြတယ် 😂🤣
12/07/2026

Accountant တွေရဲ့ Superpower 🦸‍♂️
Error ကို Delete မလုပ်ဘူး…
Adjusting Entry နဲ့ Magic ပြတယ် 😂🤣

14/08/2025

Cost & Management Accounting

Prime cost = Direct material + Direct Labour + Direct Expense

Total Production cost = Prime cost + Fixed Overhead Cost

Raw material consumed = Opening Raw Material + Manufacturing Product - Raw Material Closing

Manufacturing Cost = Prime Cost + Fixed Over head cost

Cost of goods Manufactured = Manufacturing Cost + Opening WIP - Closing WIP

Cost of goods sold = Goods Available for sale - Closing Finished Goods

Net Profit = Gross Profit - Operating Expense

28/07/2025

သမီးရည်းစား ဘဝဆိုတာ Trial Balance (အစမ်းရှင်းတမ်း)လိုပဲ။ ကိုက်တာက များပါတယ်။🥰

အိမ်ထောင်သည်ဘဝကတော့ Financial Statements အတွက် ရုန်းကန်ရတာပေါ့။

Ground Stock တွေကောက်ရင်း
Accrued/ prepaid.. Adjustment တွေညှိရင်း၊
Errors တွေ rectified လုပ်ရင်း Suspense A/C တွေ ထောင်လို့ပေါ့။
IAS နဲ့ အညီ
Trading and Profit & Loss A/C (SOPL) အရှုံးအမြတ်တွေလား မပါမဖြစ်တွက်လာရတာပေါ့။

ဘယ်လောက်တွက်တွက် Balance Sheet = SOFP (လက်ကျန်ရှင်းတမ်းလေး)တော့ မကိုက်ကြတာများပါတယ် ။🤭

အန္တရယ်တွေကြုံလာရင် မိန်းမရှေ့ကသွား 🎼🎼🎼🎼 အား🎼အား🎼😜😜

15/11/2024

♦️Issue of share နှင့် issue of debenture ၏ကွာခြားချက်
Debenture သည် liability ၊ share အား Equity ဖြစ်သည်။
Debenture သည် interest ပေး၊ share ပေါ် dividend ပေး။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

♦️Partnership ၏ characteristics များ

Profit ကို share လုပ်ရသည်၊ အလုပ်တာဝန်ကို share လုပ်ရသည်။ Unlimited liability ဖြစ်တယ်၊ ဆုံးဖြတ်ချက်ကိုအတူတကွချရသည်။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

♦️Consistency method ရဲ့ explanation

Financial statement ကိုနှိုင်းယှဉ်လို့ရအောင် တူညီတဲ့ method ကိုသုံးတာဖြစ်ပါတယ်။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

♦️Allowance for doubtful debt ကို createလုပ်တဲ့အခါ မည်သည့် accounting concept ကို applied လုပ်ထားလဲ။

Financial statement ကိုမှန်ကန်ပြီးမျှတစေချင်လို့ အနာဂတ်မှ irrecoverable debt နှင့်ပတ်သက်ပြီးခန့်မှန်းထားသောဆုံးရှုံးမှုနှင့် မသေချာမှုများအတွက် prudence concept သည် business ကို prepare လုပ်ခွင့်ပေးသည်။

14/11/2024

🔰Receipt from trade receivable

Trade receivable b/d + Credit sale - Trade receivable c/d

🔰Payment to trade payable

Trade payable b/d + Credit purchase - Trade payable c/d

🔰Bank overdraft နှင့် Bank loan ၏ကွာခြားချက်

- Bank overdraft သည် current liability
- Bank loan သည် Non-current liability
- Bank overdraft ကိုဆပ်ခိုင်းချိန် ဆပ်ရမည်။
- Bank loan ကိုတော့ fixed date မှာဆပ်ရသည်။

🔰 Non-current asset ရောင်းလျှင်

Disposal Account Cr
Bank Dr

ဟုတ်ပါ 😂🤣
08/11/2024

ဟုတ်ပါ 😂🤣

😂🤣
08/11/2024

😂🤣

Address

Ranchi

Telephone

+959959439066

Website

Alerts

Be the first to know and let us send you an email when Better Life Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share