04/02/2024
ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်း
ငါတစ်ခုမှမရတော့ဘူး
ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီး
ငါမသိဘူး
မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မာ မွှေနှောက်ရှာတယ်
နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့
မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့ ။
-နွေသစ်ငြိမ်း