ရသယဉ်စွန်းတန်း စာအုပ်တိုက်

ရသယဉ်စွန်းတန်း စာအုပ်တိုက်

Share

စာအုပ် ထုတ်ဝေရေးနှင့် ဖြန့်ချိရေး

05/05/2026

ရသယဥ်စွန်းတန်း စာအုပ်တိုက်မှ အလုပ်​ခေါ်ယူခြင်း
👩‍💻Accountant - Male / Female ( 1 ) Post

✨ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
✨ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။
✨Computer Microsoft (Word, Excel, Internet, & Email) ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
✨LCCI Level (I, II) Certificate ရရှိထားသူဖြစ်ရမည်။
✨Cash Control, Expense,Cash Book စာရင်းများအား စနစ်တကျ စာရင်းသွင်း ဆောင်ရွက်နိုင်သူဖြစ်ရပါ မည်။

Salary 💸💸- Negotation
အလုပ်ချိန် : 8am to 5 pm
ပိတ်ရက် : Sun & Public Holiday
📍 Work Location: Bahan Township, Yangon.

📌𝗔𝗽𝗽𝗹𝘆 𝗡𝗼𝘄!
☎☎☎: 09973985128

30/04/2026

ဟံသာသစ် စာအုပ်တိုက်မှာ မှာယူ ရရှိနိုင်ပါပြီ

အမှုလိုက်စရှေ့နေများအတွက် တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်ဒင်က သူ့ကိုယ်တွေ့ လျှောက်လဲချက်များကို ရှေ့နေလိုက်စမှသည် ယခုအချိန်ထိ ဆရာစား မချန် ရေးသားပြုစုထားပါတယ်။

26/02/2026

"အောင်မြင်မှုရဲ့ သော့ချက်" 🗝️ 🔐

ကိုယ့်ရဲ့ အောင်မြင်မှုဟာ က်ိုယ်ဘယ်လောက်တော်သလဲဆိုတာထက်၊ ကိုယ့်စိတ်ကို ဘယ်လိုနည်းနဲ့ မြင်အောင်ကြည့်သလဲဆိုတာပေါ်မှာ မူတည်ပါတယ်။💁🏻

ကျွန်တော်တို့အားလုံးဟာ အောင်မြင်ချင်ကြတယ်၊ ပျော်ရွှင်ချင်ကြပါတယ်။ ဒါပေမဲ့ အခက်အခဲတစ်ခုနဲ့ ကြုံလာရတဲ့အခါ တချို့က လဲကျသွားပြီး၊ တချို့ကတော့ အဲဒီအခက်အခဲကို လှေကားထစ်လုပ်ပြီး တက်လှမ်းသွားကြတာကို သတိထားမိမှာပါ။ ဒီနှစ်ခုရဲ့ ကွာခြားချက်က ဘာလဲ?

အဲဒါဟာ "အရည်အချင်း" ထက် "စိတ်နေစိတ်ထား (Attitude)" ကြောင့်ပဲ ဖြစ်ပါတယ်။

"စိတ်သော့ချက်စနစ်" ဆိုတဲ့ ဒီစာအုပ်ဟာ သင့်စိတ်ထဲမှာ ပိတ်မိနေတဲ့ အပျက်သဘောဆောင်တဲ့ အတွေးအခေါ်တွေကို ဖယ်ရှားပေးပြီး၊ အကောင်းမြင်စိတ်နဲ့ ဘဝကို အသစ်တစ်ဖက်ကနေ ရှုမြင်တတ်လာအောင် လေ့ကျင့်ပေးမယ့် လမ်းညွှန်စာအုပ်ကောင်းတစ်အုပ်ပါ။ ပြောရရင်တော့ စိတ်ထားတတ်ရင် မြတ်တယ်ဆိုတာကို ဒီစာအုပ်က သေချာလေးဖော်ကြူးပေးထားတာပါ ။

💡 ဒီစာအုပ်က သင့်ကို ဘာတွေ ပြောင်းလဲပေးနိုင်မလဲ?

1~ ပြဿနာကို အခွင့်အရေးအဖြစ် မြင်တတ်လာမယ်✨

အခြေအနေတွေ ဆိုးရွားနေရင်တောင် အဲဒီထဲကနေ အကောင်းဆုံးရလဒ်ထွက်အောင် ဘယ်လိုတွေးရမလဲဆိုတာ သင်ယူရပါမယ်။ ဒီစာအုပ်ဟာ ကျဉ်းထဲကြပ်ထဲ ရောက်နေရင်တောင် အဲဒီ့အခက်အခဲကို အောင်မြင်မှုအဖြစ် ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာကိုကအစ လက်တွေ့ဘဝနဲ့ယှဉ်ပြီးရေးသားထားတာကို တွေ့မြင်ရမှာပါ။

2~ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self-Confidence)✨

စိတ်နေစိတ်ထား မှန်ကန်လာတဲ့အခါ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ယုံကြည်လာပါလိမ့်မယ်။ ပြောရမယ်ဆိုရင် Fake confidence မဟုတ်ဘဲ၊ အစစ်အမှန်ယုံကြည်မှုအစစ်နဲ့ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုရှိလာမှာပါ။

3~လူမှုဆက်ဆံရေး ပြောင်းလဲလာခြင်း✨

အပြုသဘောဆောင်တဲ့ Attitude ရှိသူဟာ ပတ်ဝန်းကျင်ကိုပါ နွေးထွေးမှုပေးနိုင်လို့ လူချစ်လူခင် ပေါများလာမှာပါ။ လူမှု‌ဆက်ဆံရေးဟာ မျက်မှောက်‌ခေတ်မှာ ဘယ်လောက်ထိ ‌အရေးပါအရာရောက်လဲဆိုတာကို လူကြီးမင်းတို့အားလုံးသိထားပြီးသားဖြစ်မှာပါ။ ဘယ်လောက်ထိကိုယ်ရည်ကိုယ်သွေးတွေ ပြည့်စုံကောင်းမွန်နေပါစေ လူမှုဆက်ဆံရေးမှာ ချို့ယွင်းချက်ရှိနေမယ်ဆိုရင်တော့ ထင်သလောက် လမ်းမတွင်နိုင်ပါဘူး။

မှာယူချင်တယ်ဆိုရင်တော့ Special offer အနေနဲ့ စာအုပ်လေးအပြင် ကော်ဖီခွက်လှလှလေးတစ်ခွက်ပါ ပါရှိမှာဖြစ်ပြီး Box လေးနဲ့ရရှိနိုင်မှာပါဖြစ်ပါတယ်။ Box အရေအတွက်ကတော့ ၉ဦးသာ ကျန်ရှိတော့တာဖြစ်တဲ့အတွက် လက်မနှေးဖို့တော့လိုမယ်နော်✨

ဒါ့အပြင် နွေဦးရဲ့အစမှာ နွေဦးလေပြည်နုနုလေးတွေနဲ့အတူ လူကြီးမင်းတို့ဆီ ရောက်ရှိလာတာကတော့ တစ်ခါမှ မရှိခဲ့ဖူးတဲ့ No limit People နဲ့ ရသယဉ်စွန်းတိုက်စာအုပ်တိုက်တို့ ပူးပေါင်းပြီး~~~

"စိတ်သော့ချက်စနစ်" စာအုပ် + ရသယဉ်စွန်းတန်းစာပေတိုက်မှ နောက်ထပ်စာအုပ်နှစ်အုပ် = 25% promo✨

"စိတ်သော့ချက်စနစ်" စာအုပ်ချည်းသက်သက်- 15% promo ✨

ဆိုပြီး Promotion လေးရှိနေပါတယ်ခင်ဗျာ။ နှစ်ခါမရမဲ့ Promotion လေး‌ဖြစ်တဲ့အပြင် Promotion ကာလလေးကလည်း Feb25 မှ Mar5 အထိသာ ဖြစ်တဲ့အတွက် အမြန်ဆုံးအပြေးလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

#စိတ်သော့ချက်စနစ်

21/02/2026

ရသယဥ်စွန်းတန်းစာအုပ်တိုက်မှ ဆရာညိုထွန်းလူ ရေးတဲ့ မန္တလေးအလှုပ် မန္တလေးအရွေ့ ထုတ်ဝေဖြန့်ချိထားပါပြီ

*******
ဝယ်ယူရရှိနိုင်တဲ့ စာအုပ်အရောင်းဆိုင်တွေ...

☘️ ရန်ကုန်မြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 ငါတို့ စာပေ
📌 ပန်းဆက်လမ်း
📌 Book Tree စာပေ ပန်းဆိုးတန်း
📌 စာပေနန်းတော် စာပေ (၃၆)လမ်း အလယ်
📌 ကိုထွန်း စာပေ (၃၆)လမ်း အထက်
📌 အင်းဝ စာအုပ်တိုက် ပန်းဆိုးတန်း
📌 အပါးတော်မြဲ ရေကျော်
📌 Book Town
📌 စာပေလောက စာအုပ်ဆိုင်များ
📌 ပါရမီ စာပေ ၂၉လမ်း အထက်
📌 ကိုလတ် စာပေ ၃၁လမ်းအထက်
📌 စောဦး စာပေ ၃၁လမ်း အထက်
📌 ရာပြည့် စာပေ ပန်းဆိုးတန်း
📌 အင်းဝစာပေ လှည်းတန်း
📌 ပန်းချီအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)
📌 ဖန်မီးအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)

☘️ နေပြည်တော်မှာဆိုရင် ...

📌 Junction
📌 Ocean

☘️ မန္တလေးမြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 စိတ်ကူးချိုချို စာပေ
📌 ဆုလာဘ် စာပေ

☘️ တောင်ကြီးမြို့မှာဆိုရင် ...

📌 City mart
📌 Ocean

City mart ဆိုင်များနဲ့ Ocean ဆိုင်များတော့...

☘️ နယ်အမှာများနဲ့ အွန်လိုင်းက မှာယူချင်တယ်ဆိုရင် ...

📌 ရသယဉ်စွန်းတန်းစာအုပ်တိုက် Facebook စာမျက်နှာ Chat box ကနေလည်း ဝယ်ယူရရှိနိုင်ပါတယ်။

https://www.facebook.com/profile.php?id=100063864709868&mibextid=ZbWKwL

💠 Kpay or Wave pay
09973985128 နဲ့လည်း ပေးချေနိုင်ပါတယ်။

21/02/2026

ရသယဥ်စွန်းတန်းစာအုပ်တိုက်မှ ဆရာမ မေဓာဝီ မြန်မာမှုပြုထားတဲ့ ကလေးတို့ ဖတ်စရာနိုင်ငံတကာ ပုံပြင်များ (၄) ထုတ်ဝေဖြန့်ချိထားပါပြီ

*******
ဝယ်ယူရရှိနိုင်တဲ့ စာအုပ်အရောင်းဆိုင်တွေ...

☘️ ရန်ကုန်မြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 ငါတို့ စာပေ
📌 ပန်းဆက်လမ်း
📌 Book Tree စာပေ ပန်းဆိုးတန်း
📌 စာပေနန်းတော် စာပေ (၃၆)လမ်း အလယ်
📌 ကိုထွန်း စာပေ (၃၆)လမ်း အထက်
📌 အင်းဝ စာအုပ်တိုက် ပန်းဆိုးတန်း
📌 အပါးတော်မြဲ ရေကျော်
📌 Book Town
📌 စာပေလောက စာအုပ်ဆိုင်များ
📌 ပါရမီ စာပေ ၂၉လမ်း အထက်
📌 ကိုလတ် စာပေ ၃၁လမ်းအထက်
📌 စောဦး စာပေ ၃၁လမ်း အထက်
📌 ရာပြည့် စာပေ ပန်းဆိုးတန်း
📌 အင်းဝစာပေ လှည်းတန်း
📌 ပန်းချီအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)
📌 ဖန်မီးအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)

☘️ နေပြည်တော်မှာဆိုရင် ...

📌 Junction
📌 Ocean

☘️ မန္တလေးမြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 စိတ်ကူးချိုချို စာပေ
📌 ဆုလာဘ် စာပေ

☘️ တောင်ကြီးမြို့မှာဆိုရင် ...

📌 City mart
📌 Ocean

City mart ဆိုင်များနဲ့ Ocean ဆိုင်များတော့...

☘️ နယ်အမှာများနဲ့ အွန်လိုင်းက မှာယူချင်တယ်ဆိုရင် ...

📌 ရသယဉ်စွန်းတန်းစာအုပ်တိုက် Facebook စာမျက်နှာ Chat box ကနေလည်း ဝယ်ယူရရှိနိုင်ပါတယ်။

https://www.facebook.com/profile.php?id=100063864709868&mibextid=ZbWKwL

💠 Kpay or Wave pay
09973985128 နဲ့လည်း ပေးချေနိုင်ပါတယ်။

Photos from ရသယဉ်စွန်းတန်း စာအုပ်တိုက်'s post 20/01/2026

ဒီစာအုပ်က​လေးကို ၂၀၂၃ ဇူလိုင်လက ထုတ်​ဝေခဲ့ပြီး ၇၀၀၀ ကျပ်နဲ့ ​ရောင်းချခဲ့ပါတယ်။ အခု​တော့ တိုက်မှာ လက်ကျန်မရှိ​တော့ပါဘူး။ ထပ်ထုတ်ရင်လည်း ၇၀၀၀ ကျပ်နဲ့ ​ရောင်းလို့ အဆင်မ​ပြေနိုင်​တော့ဘူး။ ဒုတိယအကြိမ်လည်း ပြန်ထုတ်ချင်တယ်၊ ​ဈေးတက်ရမှာလည်း အားနာနေရတယ်။

ဒီစာအုပ်​လေးကို ထုတ်​ဝေသူ ကျမ ... ယူ​ကေကို အလည်လာတုန်း ယူလာတာ တအုပ်​တော့ လက်ထဲမှာ ကျန်​နေပါ​သေးတယ်။ ယူ​ကေမှာရှိတဲ့ စိုးလွင်လွင်ပရိသတ်ထဲက တ​ဦးတလေ​လောက် လိုချင်ရင်ဖြင့် ​ရောင်း​ပေးချင်ပါတယ်။ လိုချင်ရင် မက်​​ဆေ့ချ်ပို့လိုက်ပါ ... ​နော်။
***
ထုတ်​ဝေသူ
ရသယဉ်စွန်းတန်းစာ​ပေ

Photos from ရသယဉ်စွန်းတန်း စာအုပ်တိုက်'s post 06/01/2026

"ပုံပြင်​လေး​တွေရဲ့ အ​ကြောင်းအရာက​တော့ အမျိုးစုံပါပဲ၊ က​လေး​တွေရဲ့ ​နေ့စဉ်ဘဝကို ထင်ဟပ်တဲ့ အ​ကြောင်း​တွေလည်း ပါတယ်၊ တိရစ္ဆာန်​လေး​တွေ အ​ကြောင်းလည်း ပါတယ်၊ သင်ခန်းစာယူဖို့ ​ဇောင်း​ပေး​ရေးထားတဲ့ ပုံပြင်​တွေ မဟုတ်​ပေမဲ့ သင်ခန်းစာယူရင်လည်း ယူနိုင်ပါတယ်"

က​လေးတို့ဖတ်စရာ နိုင်ငံတကာပုံပြင်များ (၄) ရဲ့ အမှာစာမှာ ဆရာမ ​မေဓာဝီက အခုလို​ရေးထားပါတယ်။

ပုံပြင် ၁၅ ပုဒ်ပါဝင်ပြီး မျက်နှာဖုံးနဲ့ အတွင်း သရုပ်​ဖော်ပုံ​တွေမှာ က​လေး​တွေ၊ လူငယ်​လေး​တွေရဲ့ လက်ရာ​တွေ ပါဝင်ထားပါတယ်။ အတွင်းမှာလည်း ​ဆေး​ရောင်ခြယ်ဖို့ ​ဖြူ/မည်းပုံ​လေး​တွေ ထည့်​ပေးထား​သေးတာမို့ က​လေး​တွေ နှစ်ခြိုက်သ​ဘောကျ ကြမှာပါ။ ပထမဆုံးအပုဒ်ရဲ့ စာမြည်း​လေးကိုလည်း ​ဖော်ပြလိုက်ပါတယ်။

က​လေး​တွေကို လက်​ဆောင်​ပေးဖို့ဖြစ်​စေ၊ ဆုချဖို့ဖြစ်စေ၊ ကိုယ်တိုင်ဖတ်ပြဖို့ ဖြစ်​စေ ... စာအုပ်များကို မှာယူချင်ရင်​တော့ page messenger, ဖုန်း, ဗိုင်ဘာတို့က တဆင့် မှာယူနိုင်ပါတယ်။
***
ရသယဉ်စွန်းတန်း စာအုပ်တိုက်
ဖုန်း/viber - 09 973 985 128

Photos from ရသယဉ်စွန်းတန်း စာအုပ်တိုက်'s post 04/01/2026

အောင်စည်ရွှမ်းသံကြားရင်ဖြင့် ...
ချစ်စရာ

မန္တ​လေးက လူရွှင်​တော်ကြီး ဦးချစ်စရာ ရဲ့ ဝတ္ထုရှည်လုံးချင်းစာအုပ်ကြီး။
ဦး​ရွှေဘုံ၊ ​ဒေါ်စိန်ဆင် သား ​​ကျော်ပူ တို့ရဲ့ ဇာတ်လမ်း ... အစမှ အဆုံး မငြီးတမ်း ဖတ်ရမယ့် စာအုပ်။

တိုက်လက်ကျန် အနည်းငယ်သာ ကျန်ရှိပါ​တော့တယ်။
၂၀၈ မျက်နှာ၊ စက္ကူ​ချော၊ ၂၀၂၃ ခုနှစ်က ဒုတိယအကြိမ် ထုတ်ခဲ့တဲ့ ​​ဈေးနှုန်း အတိုင်း ၅၀၀၀ ကျပ်ဖြင့် ​ဝယ်ယူနိုင်ပါ​ကြောင်း ... ။
***
ရသယဉ်စွန်းတန်းစာအုပ်တိုက်
Phone/viber ၀၉ ၉၇၃ ၉၈၅ ၁၂၈

31/12/2025

ရသယဉ်စွန်းတန်းရဲ့ မိတ်​ဆွေများ အားလုံး
မင်္ဂလာရှိ​သော နှစ်သစ်ဖြစ်ပါ​စေ ...
🎄🙏🎄

27/12/2025

ဇာဂနာ ရဲ့ အညွှန်း

မန္တ​လေးအလှုပ်၊ မန္တ​လေးအ​ရွေ့ (ဆရာညိုထွန်းလူ)

စည်မျက်နှာကဲ့သို့ ညီညာပါပေသကို၊ အော် မြို့တော်ကြီး လေးမျက်နှာမှာလဲ၊

မန္တလေးကိုဖွဲ့ကြတဲ့သီချင်းတွေ စာတွေ နည်းမှမနည်းပဲ။
စာပေယဥ်ကျေးမှုမြို့တော်လို့ဆိုရမဲ့မန္တလေးကို ဆရာမြသန်းတင့်က ဖီးနစ်ငှက်နဲ့တင်စားဖူးတယ်။
ခနခနမီးပုံထဲက ထရတဲ့ မန္တလေး။

ခုတော့ မြေပုံထဲက ထရတာ။
မတ်လတုန်းက နှိပ်စက်ခဲ့တဲ့ မြေငလျင်ကြီးကြောင့် မန္တလေးခမျာ တုံးလုံးပက်လက်။
ခုတော့ မြေစျေးတွေတက်။

ဆရာညိုထွန်းလူက မန္တလေးအလှုပ်၊မန္တလေးအရွေ့တဲ့။

ဒီစကားကိုစဥ်းစားမိတယ်။
လှုပ်လို့ရွေ့တာလား။ရွေ့လို့လှုပ်တာလား။
ကျောက်ချပ်ကြီးတွေရွေ့တာဆို၊စစ်ကိုင်းမှာ၊ပဲခူးမှာ။

ဒီလိုအရွေ့ ဒီလို အလှုပ်မှာ လူတွေ၊ဘဝတွေ၊လမ်းကြောင်းတွေပါ ရွေ့ကုန်လှုပ်ကုန်ပါရော။
ဆရာညိုထွန်းလူကတော့ သရော်သံနဲ့ ရေးဖွဲ့တယ်။ဟာသနဲ့ ဖြေသိမ့်တယ်။
ဆံပင်တခြမ်းညှပ်လက်စ လူကြီးရော၊
အု အု အား ဝိုင်းတော်သားများရော။

မြန်မာတွေဟာမေ့လွယ်ပျောက်လွယ်တတ်တယ်လို့ဆိုတယ်။
ပုဂံငလျင်၊ပဲခူးငလျင်၊အခုစစ်ကိုင်းငလျင်။
ပညာရှင်တွေကမြေအက်ကွဲကြားမှန်ထောင်ပြီး မြေကြီးဟလာတယ်ဆိုတာသတိပြုမိ၊သတိပေးမိကြတယ်။
အပိုတွေပါလို့ဆိုခဲ့ကြဖူးရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ၊ဖြစ်တာဖြစ်ပျက်တာပျက်ခဲ့ပြီ။
ရွေ့တာရွေ့၊လှုပ်တာလှုပ်ခဲ့ပြီ။
ဆရာညိုထွန်းလူကတော့၁၉၈၄
ဦးကျားကြီး ဝင်း မီးလောင်ခဲ့တဲ့ကာလကစလို့ သင်ခန်းစာတွေပါ တင်ပြသွားတယ်။
ယူသော်ရ၏ပေါ့။

စာအုပ်ကိုဖတ်ပြီး နန်းတော်ရှေ့ဆရာတင်ရဲ့မြနန္ဒာကို ည ည်းလို့သာဆိုမိတော့တယ်။
(တကယ်ခေတ်ပြောင်းတော့မဲ့၊အမှန်ဧဝကံမှာ၊တဖန်ရွှေမြနန္ဒာသမ်းတဲ့မန်းရိပ်ခို)

Want your school to be the top-listed School/college in Ranchi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Ranchi