04/11/2024
“ကိုယ်က ရုံးဆင်းချိန်ကရောက်နေပြီ အရေးကြီးတဲ့အလုပ်ကမပြီးသေးဘူး မိန်းမနဲ့ကလည်း anniversary မို့လို့ restaurant မှာ booking လုပ်ထားပြီးသား
အလုပ်ကို overtime ဆက်လုပ်မလား မိန်းမဆီသွားမလား?”
ဂျပန်ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့လူတွေ၊ လုပ်မဲ့သူတွေအတွက် အတော်အသုံးဝင်မဲ့စာအုပ်လေးကို မိတ်ဆက်ပေးချင်ပါတယ်
ကျောင်းမှာ internship မသွားခင် business Japanese သင်ရပြီးတော့ ဒီစာအုပ်လေးကိုသင်ခဲ့ရပါတယ်
ပထမဆုံး ဒီစာအုပ်က 上級 level ဖြစ်တဲ့အတွက် N2 နှင့်အထက်ရှိတဲ့လူတွေအတွက် ပိုသင့်တော်ပါတယ်
ဒီစာအုပ်မှာဆိုရင် ဂျပန်ကုမ္ပဏီတွေမှာအလုပ်ဝင်တဲ့အခါ ဘယ်လိုမိတ်ဆက်ရမလဲကစပြီး လုံးစေ့ပတ်စေ့အစုံအလင်ပါဝင်ပါတယ် ဖုန်းကိုင်တာ၊ appointment ယူတာ၊ အစည်းအဝေးတက်တာ၊ complaints တက်ခံရတာတွေ၊ 報連相 နဲ့ ပတ်သတ်တဲ့အကြောင်းတွေ၊ Business နဲ့ပတ်သတ်ပြီး ဘယ်လိုစကားမျိုးတွေနဲ့ partners ကိုသိမ်းသွင်းရမလဲ အစရှိသဖြင့် တော်တော်လေးကိုစုံပါတယ်
Marketing သမားတွေအတွက် အဓိကဆိုင်နိုင်ပေမဲ့ IT သမားတွေလည်း သိထားရင်အသုံးဝင်မှာပါ
သူက chapter 15 ခုပါ ပါတယ်
Chapter 1 ခုချင်းစီမှာ モデル会話၊ 語彙.表現၊ ロールプレイ နဲ့ ケーススタディ ဆိုပြီး အဓိကပါပါတယ်
モデル会話မှာကတော့ 会話ပြောနေတဲ့ listening ကိုနားထောင်ရမှာပါ အဲ့ထဲကမှ grammar လေးတွေ goi လေးတွေကို 語彙.表現 မှာ ဥပမာလေးတွေနဲ့ရေးပြထားပါတယ် အဲ့နောက်မှာတော့ Role play လုပ်ပြီး partner နဲ့ ပြောကြည့်ရမှာပါ Case study ကတော့ ကိုယ်အကြိုက်ဆုံးပါပဲ ဖတ်ပြီး ဆရာနဲ့ဆွေးနွေးရတာကိုအရမ်းသဘောကျပါတယ်
အပေါ်ဆုံးမှာရေးပြထားတဲ့အတိုင်း ကိုယ်ထင်မြင်တာကို ဆရာနဲ့ ဆွေးနွေးရတာမျိုးပါ “အလုပ်ဆက်လုပ်မလား၊ အိမ်ပြန်မလားပေါ့ “
ဒုတိယဥပမာ- John က IT developerဖြစ်တယ်
ရုံးမှာက ဧည့်သည်လာရင် ကော်ဖီဖျော်ဘာညာservice ပေးဖို့လူသပ်သပ်ရှိတယ် ဒီနေ့အဲ့လူကရုံးမလာဘူး အရေးကြီးတဲ့ဧည့်သည်လာလို့ သူဌေးက John ကို ကော်ဖီဖျော်ခိုင်းတယ် John ကဖျော်ပြီး သွားပေးတဲ့အချိန် ဧည့်သည်ရှေ့မှာဖိတ်ကျသွားတယ် သူဌေးလည်းဆူတာပေါ့ ဒါကို John က မကျေနပ်ဘူး သူကလက်တိုလက်တောင်းလုပ်မဲ့သူမဟုတ်ဘူး သူဟာစဝင်ထဲက developer ဒါမျိုးလုပ်ရမယ်ဆိုတာကြိုမသိဘူး ဆိုပြီး တွေးတယ်
အဲ့ဒါနဲ့ပတ်သတ်ပြီး ကိုယ်ကြုံလာရင်ဘယ်လိုစိတ်ထားမလဲ၊ ကိုယ်ဆိုရင်ရော ကော်ဖီဖျော်ပေးမလား အစရှိသဖြင့် ဆွေးနွေးရတာတွေပါပါတယ် ဖတ်ပြီးရင်တော့ ဂျပန်ရဲ့လုပ်ငန်းခွင်ကို စိတ်ကုန်သွားပါလိမ့်မယ် စတာပါ xD အခုခေတ်ကတော့ပြောင်းလဲလာပြီ
အဲ့က case study လေးတွေက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် စာအုပ်မှာက business နဲ့ပတ်သတ်ပြီး တော်တော်လေးကို အသုံးအနှုန်းတွေကိုအသေးစိတ်ဖော်ပြထားလို့ အခေါ်အဝေါ်တွေသာမက အပြောအဆိုတွေကိုပါလေ့လာနိုင်ပါတယ်
စာအုပ်က Amazon က ဝယ်တာပါ
31/10/2024
皆さん こんばんは
အမ အခုနောက်ပိုင်း ဂျပန်ရောက်ပြီးထဲက စာတဖက်ရော အခြား page တခုလည်း run နေတာကြောင့် update တင်မပေးနိုင်ဘူးဖြစ်သွားပါတယ်
နောက်လကနေစပြီး ကူပေးမဲ့ကလေးတွေခေါ်ထားတာကြောင့် free သင်တနိးလေးတွေအချို့ပြန်ဖွင့်ဖို့ရှိပါတယ်။ ဂျပန်စာနဲ့ဆိုင်တဲ့ knowledge sharing လေးတွေလည်းဆက်လုပ်ဖို့ရှိပါတယ်နော် စောင့်ကြည့်ပေးကြပါဦး 🙇♀️
အမရဲ့အခြား page လေးကတော့ ဂျပန်မှာကျောင်းတက်တာ၊ scholarship နဲ့ဆိုင်တာတွေအဓိကထားတင်ပေးနေတာဖြစ်ပါတယ်
https://www.facebook.com/share/mDbAYKRPTNr6bicL/?mibextid=LQQJ4d
23/05/2024
ဂျပန်မှာTechnology တက္ကသိုလ်တက်ဖို့ဘာတွေလိုလဲ
ဒီနေ့မှာက ဂျပန်မှာ တက္ကသိုလ်ပထမနှစ်ကနေ စတက်ဖို့ဘာတွေလိုလဲဆိုတာ ပြောပြပါမယ် အမတို့ကျောင်းအပေါ်အခြေခံပြီးပြောပြတာမို့လို့ ကျောင်းပေါ်မူတည်ပြီးကွာပါမယ်နော်
၁။ ဂျပန်နိုင်ငံသားမဖြစ်ရပါဘူး
၂။ EJU ဖြေရပါမယ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပါ
2024 တက်ချင်တယ်ဆို 2023 မှာဖြေထားရပါမယ် ရှေ့နှစ်ကဟာတွေလက်မခံပါဘူး
Tech အတွက် ဖြေရမဲ့ subject တွေက
a) Japanese
b) သင်္ချာ course 2
c) သိပ္ပံဘာသာတွဲထဲက ကြိုက်နှစ်သက်ရာ ၂ခု (physics, Chemistry, Bio ဆိုပြီး 3ခုရှိပါတယ်)
၃။ Eng စာ လက်မှတ်လိုပါတယ် အမတို့ကျောင်းကတော့ TOEIC L&R ဒါမှမဟုတ် TOEFL လက်မှတ်ပြရပါမယ် (အမှတ်ဘယ်လောက်ဆိုပြီးသတ်မှတ်ထားတာမတွေ့မိပါဘူး)
၄။ ၁၂တန်းပညာရေးပြီးထားတဲ့လူ၊ ၃လပိုင်းမှာပြီးမဲ့လူ (ဒါမှမဟုတ်) GCEA level qualification ရှိတဲ့လူ ဘာသာ၃ခုနဲ့အထက်ဖြေထားရပါမယ် (ဒါမှမဟုတ်) WASC, ACSI or CIS တို့ကနေ အသိအမှတ်ပြု ၁၂တန်းပညာရေးအောင်ထားရင်ရပါမယ်
မှတ်ချက် မြန်မာမှာ ၁၂တန်းပညာရေးမမှီတဲ့လူတွေကကျောင်းနဲ့ညှိလို့ရပါတယ်
အမတို့ကျောင်းမှာတော့ လိုအပ်တဲ့ document တွေကို DHL တို့လို mail တွေသုံးပြီးကျောင်းကိုတိုက်ရိုက်ပို့ရပါမယ်
Undergrad အတွက် screening fee က yen 17,000 ကျပါတယ် မြန်မာငွေနဲ့ လေးသိန်းကျော်လောက်ပါ
MEXT scholarship ရရင်တော့ အဲ့ငွေပြန်ရပါမယ်
အရွေးမခံရတာဖြစ်ဖြစ်၊ MEXT scholarship မရဘဲကျောင်းတက်ရမှာဖြစ်ဖြစ် ပိုက်ဆံပြန်မရပါ။
ကျောင်းဝင်ခွင့်ပြုတယ်ဆိုရင်
Admission fee 282,000 yen
Tuition fee တနှစ်စာ 535,800 yen ကျသင့်ပါတယ် နောက်မှ exemptions တွေလျှောက်လို့ရပါတယ်
သိချင်တာရှိရင်မေးလို့ရပါတယ် အမက undergrad တက်နေတာမဟုတ်ပေမဲ့ ကျောင်းမှာမေးလို့ရပါတယ်
22/02/2024
အမရဲ့ဂျပန်တက္ကသိုလ်ကို လှမ်းလျှောက်တာနဲ့ပတ်သတ်ပြီး သေချာလေးပြောပြလို့ရအောင် သိချင်တဲ့လူတွေရှိရင် meeting လေးလုပ်ပေးပါ့မယ်
အမဖက်ကသေချာလေးပြောပြပေးလို့ရမဲ့ title တွေကတော့
-ကျောင်းမလျှောက်ခင်လိုအပ်တဲ့ documents တွေ
-ကျောင်းမလျှောက်ခင် professor ရှာတာတွေ
-form ဖြည့်ပုံဖြည့်နည်းတွေ
-scholarship လျှောက်နည်းတွေ
-ကျောင်းအင်တာဗျူးဖြေနည်းတွေ/scholarship document and interview process တွေ
-MEXT/JASSO/ Iwatani scholarship ရဲ့ information တွေ
အဲ့ဒါတွေအပြင် သိချင်တာအကုန်မေးလို့ရပါတယ်
အမ မဖြေတတ်ရင်လည်း ကူပြီးရှာပေးပါ့မယ်
အမရဲ့ကျောင်းလျှောက်ထားတဲ့ document တွေကိုပါပြပြီး သေချာပြောပြမှာမို့လို့ စိတ်ဝင်စားရင် join လို့ရပါတယ်
Note: EJU ကတော့ အမမသိပါဘူး အမလည်းမဖြေဘူးလို့ပါ
အဓိကကတော့ အမရဲ့ကျောင်းက Technology ကျောင်းဆိုပေမဲ့လည်း ကျောင်းလျှောက်တဲ့ပုံစံတွေကတူတူပဲမို့လို့ စိတ်ဝင်စားရင် join လို့ရပါတယ်
စိတ်ဝင်စားတဲ့လူရှိရင်တော့
Sunday: မြန်မာအချိန် 8 နာရီကနေ 10နာရီလောက်ထိ ဖြစ်ပါမယ်
လာပြောရင်တော့ အမ zoom link ပို့ပေးပါမယ်
စိတ်ဝင်စားတဲ့လူရှိရင်ကြိုပြီးပြင်ဆင်ထားမှာမို့လို့ ကြိုပြီးလာပြောပေးပါ
31/08/2023
みなさん!!
ဒီ page ရဲ့ admin ဖြစ်တဲ့ Su sensei က ဂျပန်မှာ master တက်ရောက်ဖို့ပြင်ဆင်ခဲ့ရတာဖြစ်တဲ့အတွက် ဒီကြားထဲမှာ page လေးကို ခေတ္တခဏ ရပ်နားခဲ့ရပါတယ်
သင်တန်းလာမေးကြတဲ့လူတွေကိုလည်း အများကြီး အားနာပါတယ်ရှင့်
မနက်ဖြန်ဆိုရင် admin ရဲ့ ကျောင်းဝင်ခွင့်ပွဲဖြစ်ပါတယ်
Admin က scholar လေးကိုပါရထားတဲ့အတွက်နောက်ပိုင်းမှာ scholarship နဲ့ပတ်သတ်တာလေးတွေပါတင်ပေးမှာမို့လို့ စောင့်ကြည့်ပေးပါဦးနော်
အဲ့ဒီနောက်ပိုင်းကိုတော့ မကြာမကြာ ဂျပန်စာနဲ့ပတ်သတ်တာလေးတွေတင်ပေးနိုင်အောင်ကြိုးစားပါ့မယ်
❤️❤️
21/06/2023
ဂျပန်မှာရှိတဲ့ တက်တူး
ဂျပန်နိုင်ငံဟာဆိုရင်တက်တူးနဲ့ပတ်သတ်ပြီး ကန့်သတ်ချက်များရှိတဲ့နိုင်ငံအဖြစ် လူသိများကြပါတယ်
ဒီနေ့မှာကတော့ tattoo (タトゥー) နဲ့ 刺青(いれずみ) ဘာကွာလဲဆိုတာပြောပြပေးသွားမှာပါ
いれずみ ဆိုတာဟာ ဂျပန်လူမျိုးတွေအတွက် ကြောက်စရာကောင်းတဲ့တက်တူးဆိုတဲ့ အဓိပ္ပာယ်ကိုပုံဖော်ပါတယ်
ကျောဖက်မှာရှိတဲ့နဂါးရုပ်၊ကျားရုပ် အကြီးကြီးတွေက いれずみ ဖြစ်ပါတယ် ရာကူဇာတွေရေးထိုးကြတဲ့အရုပ်တွေကို ဖော်ညွှန်းရာမှာလည်း いれずみ လို့ဖော်ညွှန်းပါတယ်
タトゥー ဆိုတာကတော့ အနောက်နိုင်ငံမှာရေးထိုးကြတဲ့ ဒီဇိုင်းလှလှ တက်တူးလေးများကိုခေါ်ဆိုရာတွင်အသုံးပြုကြပါတယ် ပန်းပုံ၊လိပ်ပြာပုံ အစရှိတဲ့တက်တူးတွေဟာဆိုရင် ဂျပန်လူငယ်တွေကြားမှာလည်း ခေတ်စားနေလျက်ရှိပါတယ်
ဒါဆိုရင် တက်တူးထိုးထားရင်ဂျပန်သွားလို့ရလား?
ရ မရကတော့ မိမိလုပ်မဲ့အလုပ်နှင့် agency အပေါ်မူတည်ပါတယ်
ဘိုးဘွားစောက်ရှောက်ရေးလိုအလုပ်များမှာတော့ ကြောက်စရာကောင်းတဲ့တက်တူးရှိသူများကိုလက်မခံတာများပါတယ်
ဆောက်လုပ်ရေး၊ငြမ်းစင်အစရှိတဲ့အလုပ်တွေမှာတော့ တက်တူးရှိလည်းသွားလို့ရခဲ့သူများရှိပါတယ်
Work visa မှာကတော့ tattoo နှင့်ပတ်သတ်ပြီး မေးမြန်းခြင်းများရှားပါးသည့်အတွက် tattoo ရှိလည်းရနိုင်ချေပိုများပါတယ်
အားလုံးပဲကျေးဇူးတင်ပါတယ် 🤩 Washi Japanese Language Center ဖြစ်ပါတယ်❤️
#タトゥー
#刺青 #いれずみ