10/03/2026
Pflege Ausbildung
အရင်ဆုံး Germany 🇩🇪 မှာ Pflege Ausbildung တက်ရတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ လူကောစိတ်ပါ ပင်ပန်းပါတယ်။ Pflege Ausbildung တက်ဖို့ဘာတွေပြင်ဆင်ရမလဲမေးရင်တော့ တစ်ခုပဲ … German စာ German စကားပဲကောင်းကောင်း ပြောတတ်ဖို့ပဲလိုပါတယ်။ Nursing နဲ့ပတ်သက်ပြီး ဘာမှ လေ့လာခဲ့စရာမလိုပါဘူး။ လေ့လာပြီး ဗဟုသုတလေးရှိထားရင်တော့ အကောင်းဆုံးပေါ့ဗျာ။
အဲ့တော့ Nursing နဲ့လာမယ်ဆိုရင် အကောင်းဆုံးက Motivation နဲ့ German စာကို ကောင်းကောင်းလေး လုပ်ခဲ့ဖို့ပဲမှာချင်ပါတယ်။
❓Pflege Ausbildung ကဘယ်လိုမျိူးလဲ?
Germany က Pflege Ausbildung ကို အလွယ်ပြောရရင်တော့ ကျန်းမာရေး နှင့် သူနာပြုစုစောင့်ရှောက်မှု သင်တန်းလို့ ကျွန်တော်မြင်ပါတယ်။
Generalistische Pflegeausbildung (အထွေထွေသူနာပြု သင်တန်း) မှာဆိုရင် Vollzeit/Fulltime (3years) နဲ့ Teilzeit (max. 5 years) နှစ်ခုခွဲထားပါတယ်။ ကျွန်တော်တို့ Pflege Ausbildung နဲ့လာတဲ့သူတွေအများစု ကတော့ Vollzeit ကိုတတ်ကြပါတယ်။
Vollzeit မှာဆိုရင် ကျွန်တော်တို့ အနည်းဆုံး သုံးနှစ်တတ်ရပြီး အဲ့သုံးနှစ်အတွင်းမှာ Theory ကို ကျောင်းမှာသင်ရပြီး Practical ကိုတော့ သက်ကြီးရွယ်အို သူနာပြု (Stationär Langzeitpflege), ကလေးသူငယ်သူနာပြု (Pädiatrie), စိတ်ရောဂါ သူနာပြုစုစောင့်ရှောက်မှု Psychiatrie, ဆေးရုံမှာရှိတဲ့ လူနာတွေကို သူနာပြု စုစောင့်ရှောက်ရတဲ့ (Stationäre Akutpflege) နဲ့ Ambulante Pflege/ Mobile Pflege လို့ခေါ်တဲ့ လူနာတွေရှိတဲ့ အိမ်တွေကိုလိုက်ပြီး ကျန်မာရေးပြုစုစောင့်ရှောက်ပေးရတဲ့ သူနာပြု ဆိုပြီး သူနာပြုနဲ့သက်ဆိုင်တဲ့ Professional Workplaces တွေမှာ အတွေ့အကြုံတွေ ယူရပါတယ်။
❓ဘာတွေလိုအပ်လဲ?
ကျွန်တော်က Uniteam Healthcare Services ကနေလျောက်ခဲ့တာဆိုတော့
✅ German Language certificate (B2 or higher), German နဲ့ဘွဲ့ရထားခဲ့တော့ ကျွန်တော်က B2 Certificate ပြစရာ မလိုခဲ့ပါဘူး
✅ Any Bachelor Certificate with all transcripts or ✅ Certification for at least 2 years of University study
✅ CV and Motivation Letter
✅ Notarial Certificates for all necessary certifications
အခြားလိုအပ်တာတွေနဲ့ Detail requirements တွေကိုတော့ Uniteam Healthcare Services မှာမေးကြည့်လို့ရပါတယ်။
❓ဘာတွေ ကျွန်တော့်အတွက်ခက်ခဲခဲ့လည်း?
ကျွန်တော့်အတွက် Ausbildung အစမှာ အဓိကအခက်အခဲကတော့ ဘာသာစကား ပါပဲ။ Medical နဲ့ Nursing Knowledge က ကျောင်းမှာ သင်ယူရင်းလေ့လာခဲ့တာဖြစ်လို့ အဆင်တော့ပြေခဲ့ပါတယ်။
Tipps 💡ကတော့ ဂျာမန်စာလေးပဲကောင်းကောင်းလုပ်ခဲ့ပါ။ ပြီးတော့ Motivation နဲ့ Resilience လေး မြှင့်ထား အဆင်ပြေသွားလိမ့်မယ်။ ☺️
❓ကျောင်းသားလစာနဲ့ နေရတာအဆင်ပြေရဲ့လား?
❓German တွေနဲ့အလုပ်လုပ်ရတာအဆင်ပြေလား?
❓ဖျားခဲ့နာခဲ့ရင်ဘယ်လိုလုပ်ရမလဲ?
❓ကြားထဲစာမေးပွဲတွေ မအောင်ခဲ့ရင်ဘယ်လိုလုပ်ရမလဲ?
ဒါတွေကိုတော့ ကျွန်တော် နောက်မှ သေချာပြန်ရေးပေးပါမယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျ။
Photo reference form ICare-Pflege - Ausbildung und Beruf