The Rhine-Irrawaddy Pathway

The Rhine-Irrawaddy Pathway

Teilen

Free Consultation Service for Germany. Kostenlose Beratungsservice für Deutschland.

25/12/2025

အားလုံးပျော်ရွှင်စရာ Christmas နေ့လေးဖြစ်ပါစေကြောင်း The Rhine-Irrawaddy Pathway Team မှဆုမွန််ကောင်းတောင်းပေးအပ်ပါတယ်။ 🎄🎅🎄

20/10/2025

ပျော်ရွင်စရာ Diwali နေလေးဖြစ်ပါစေကြောင်း The Rhine-Irrawaddy Pathway Team မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

08/10/2025

စစ်ဖိနပ် မကျွတ်တဲ့ သီတင်းကျွတ်မှာ ဆယ်နဲ့ချီ​သောလူ​တွေရဲ့ ဖိနပ်က​တော့အတင်းအဓ္ဓမ အချွတ်ခံခဲ့ရရှာပါတယ်။

ဒါက​တော့ ​ချောင်းဦးမှာဖြစ်ခဲ့တဲ့ စကစရဲ့ ​လေး​ကြောင်းတိုက်ခိုက်မှုအ​ကြောင်းကိုဂျာမန်သတင်းဌာနာတစ်ခုဖြစ်တဲ့ DW မှတင်ပြထား​သောသတင်းတို​လေးဖြစ်ပါတယ်။


#​နွေဦး​တော်လှန်​ရေး

06/10/2025

အခုလိုသီတင်းကျွတ်အခါသာမယမှာအန္တရာယ်ကင်းဘေးရှင်း၍ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကျန်းမာပါစေကြောင်း The Rhine-Irrawaddy Pathway Team မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။

The Rhine-Irrawaddy Pathway Team

Photos from Spring University Myanmar - SUM's post 30/09/2025

ကျွန်​တော်တို့ဒီ page ​လေးက ဂျာမနီလာရန်ကြိုးစား​နေသူများနှင့် လာဖို့အတွက်မည်သည့်လိုအပ်ချက် မည်သည့်လမ်း​ကြောင်းများရှိသည်ကို​ဆွေး​နွေးတိုင်​ပေးသည့်အပြင် လက်ရှိ​တော်လှန်​ရေးအတွက်လည်းတစ်ဖက်တစ်လမ်းမှ​ထောက်ပိို့​ပေးနိုင်ရန်ကြိုးစား​နေ​သော​ကြောင့် ဂျာမနီလာရာ​တွင် အဓိကကျသည့် ဂျာမန်ဘာသာစကားကို ​​အ​ခြေခံမှလေ့လာနိုင်ရန်အတွက် share ​ပေးလိုက်ပါသည်။🇩🇪🇩🇪🇩🇪

​​အောက်ပါ Spring University Myanmar page မှတဆင့် registration တင်နိုင်သလို👇🏼👇🏼👇🏼
https://www.facebook.com/share/14HG4MjDJpg/

​အောက်ပါ linkမှလည်းတိုက်ရိုက် register တင်နိုင်ပါတယ်ခင်ဗျ👇🏼👇🏼👇🏼
https://www.facebook.com/share/p/15RbzrwAVU/

The Rhine-Irrawaddy Pathway Team🥰

29/09/2025

ဒီတစ်ခေါက်တော့ ကျောင်းလျှောက်နည်းလေးမျှဝေပေးပါရစေ။

ပထမဆုံးကတော့မိမိကျောင်းတက်ဖို့စဉ်းစားပြီးပြီဆိုရင် မိမိကျောင်းတက်ဖို့လိုအပ်တဲ့အချက်အလက်များကိုပထမဦးဆုံး မိမိတက်လိုတဲ့ ကျောင်း website မှာအသေးစိတ်ရေးထားတာကိုသေချာအလေးပေးဖတ်စေချင်ပါတယ်ဗျ။ တစ်နည်းအားဖြင့်ကျောင်းကသတ်မှတ်ထားတာ minimum grade 2.5ဆိုရင် ကိုယ့်grade ကို German grading system ပြောင်းလိုက်ရင် 2.6 ရရင်တောင် လက်မခံပါဘူးဗျ။

ဒုတိယအနေနဲ့ကတော့ မိမိပြီးထားတဲ့ ပညာအရည်အချင်းနဲ့ကိုက်ညီမညီ ကြည့်စေချင်ပါတယ်ဗျ။ ဥပမာ- မြန်မာနိုင်ငံမှာ Bachelor of Engineering နဲ့ပြီးထားတယ်ဆိုရင် Germany မှာ Master ကိုBusiness တက်ဖို့အဆင်မပြေပါဘူးဗျ။ (ချွင်းချက်- private universities တွေကတော့လက်ခံနိုင်ပါတယ်ဗျ။)

တတိယအနေနဲ့ကတော့ ကျောင်ရွေးပြီးပြီ။ အချက်အလက်အကုန်ကိုက်ညီမှုရှိပြီဆိုရင်တော့ ကျောင်းစလျှောက်လို့ရပါပြီ။ ကျောင်းလျှောက်ဖိုဆိုရင်တော့ သုံးမျိုးရှိပါတယ်ဗျ။ uni assist (https://www.uni-assist.de/) ကလျှောက်ရတာ၊ uni assist က VDP နဲ့တစ်ဆင့် လျှောက်ရတာ၊ ကျောင်းတိုက်ရိုက်လျှောက်တာနဲ့ပါ။ Public universities အများစုကတော့ uni assist ကတစ်ဆင့်လျှောက်ရတာပါ။ uni assist ကလျှောက်မယ်ဆိုရင်တော့ စလျှောက်ရင် ပထမဦးဆုံးရွေးချယ်ထားတဲ့ ဘာသာရပ်ကို 75 Euros ပေးရပြီးတော့ ထပ်တိုးကို 30 Euros ကောက်ခံပါတယ်ဗျ။ သူတို့အတွက်ကျောင်းလျှောက်ပေးခပေါ့။ ဝင်ခွင့်ရမရ သူတို့ Evaluation Result ဆိုပြီး pdf file လေးနဲ့ ပြန်ပို့ပါတယ်ဗျ။ ကျောင်းတိုက်ရိုက်ဆိုရင်တော့လွယ်ပါတယ်ဗျ။ ကျောင်းကတောင်းထားတဲ့လိုအပ်ချက်တွေပြည့်မှီရင် ကျောင်း website ကတင်ထားတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်သွားရုံပါပဲ။

ကျောင်းလျှောက်ပြီးလို့ကျောင်းဝင်ခွင့်ရပြီဆိုရင်တော့ ကျွန်တော်တို့ Visa လျှောက်ဖို့အတွက်စတင်လုပ်ဆောင်ရတော့မှာပါ။ German သံရုံ website (https://rangun.diplo.de/mm-en)မှာ appointment အရင်ယူပြီး student visa လျှောက်ဖို့ အချက်အလက်တွေပြည့်စုံအောင်အရင်လုပ်ရပါမယ်ဗျ။ အသေးစိတ်လိုအပ်ချက်များကို ဒီlink (https://rangun.diplo.de/resource/blob/2719568/cf22b3bfce0a66fe75045f4b89a89b65/checklist-student-visa-neu-mai-2025-data.pdf)လေးမှာဖတ်နိုင်ပါတယ်ဗျ။ May 2025မှာ updateလုပ်ထားတာပါ။ ကျွန်တော်တို့ အရေးကြီးတာကတော့ Blocked Account 11904 Euros သွင်းထားရမယ်။ နောက် Health insurance တွေလုပ်ထားရမယ်စသဖြင့်ပေါ့။ private universities တွေမှာဝင်ခွင့်ရပြီး visa လျှောက်ရင်တော့ သံရုံးက ကျောင်းလခတစ်နှစ်စာသွင်းထားကြောင်းတောင်းပါတယ်ဗျ။

စာလေးနည်နည်းရှည်သွားပါပြီဗျ။ ဒါကတော့ကျောင်းလျှောက်နည်းလေးပါဗျ။ Germany မှာကျောင်းတွေကတော့ ကိုယ်ကိုတိုင်လိုအပ်ချက်တွေသေချာဖတ်ပြီးကိုယ်တိုင်လျှောက်လို့ရပါတယ်ဗျ။ အကောင်းဆုံးကတော့ public universities တွေလျှောက်တာအကောင်းဆုံးပါ။ ကိုယ့်အတွက်ဝန်ပေါ့သလို semester fee ခြောက်လကိုမှ အများဆုံး 350 Euros လောက်ပဲ ပေးရတာမို့လို့ အရမ်းသက်သာပါတယ်ဗျ။ တချို့ နယ်မြို့လေးတွေမှာဆို 100Euros အောက်ပဲပေးရတာပါ။ public universities တွေအဆင်မပြေတော့မှသာ private universities တွေ tryဖို့အကြံလေးပြုချင်ပါတယ်ဗျ။ Universities တွေရှာချင်တယ်ဆိုရင်တော့ (https://www.daad.de/en/) နဲ့ (https://www.mygermanuniversity.com (https://www.mygermanuniversity.com/)) တို့မှာ ရှာနိုင်ပါတယ်ဗျ။

The Rhine-Irrawaddy Pathway Team

24/09/2025

မင်္ဂလာပါ-Guten Tag

ကျွန်တော်တိုဒီpage​လေးရဲ့ ရည်ရွယ်ချက်က​တော့ ဂျာမနီအ​ကြောင်းစိတ်၀င်စားပြီး ဂျာမနီကိုနည်းလမ်းအမျိုးမျိုး ဥပမာ ပညာ​ရေး(University programs), Ausbildung, etc...စသည်ဖြင့်လာ​ရောက်ရန်ကြိုးစား​နေကြ​သော မြန်မာနိုင်ငံသားများအတွက် ဆွေး​နွေးတိုင်ပင်အကြံ​ပေးဖိုဖြစ်ပါတယ်။

လက်ရှိဒီpage​လေးကို run​ နေတာက​​တော့ admin သုံးယောက်ရှိ​ပြီး နှစ်​ယောက်က Berlinမှာလက်ရှိ​နေထိုင်​နေပြီး တစ်​ယောက်က​​တော့လက်ရှိဂျာမနီတွင် Ausbildung ​နောက်ဆုံးနှစ်တက်​ရောက်​နေ​တဲ့ ​ကျောင်းသူဖြစ်ပါတယ်။

ကျွန်​တော်တိုနဲ့​​​ကျောင်း​ရွေးချယ်ခြင်း​၊ ကျောင်း​လျောက်ခြင်းနည်းလမ်းများ၊ Ausbildungနှင့်ပတ်သက်​သောအ​သေးစိတ်လိုအပ်ချက်များ ဒါ့အပြင်ဂျာမနီနှင့်ပတ်သက်​သော အခြား​အခြားသောအ​ကြောင်းအရာများ ဥပမာ စာရွက်စာတမ်းကိစ္စများ စသည်တိုကို အခ​ကြေး​ငွေတစ်ပြားသားမျှမယူပဲ တိုင်ပင်​​ဆွေး​နွေး​ပေးမှာဖြစ်ပါတယ်။ အဓိကက​တော့ ဂျာမနီနှင့်ပတ်သက်သည့် သတင်းမှားများ ပိုက်ဆံရ​​စေရန်အလိုငှာ ဆွဲ​ဆောင်​နေ​သော အချက်အလက်အမှား​တွေကို ​ရှောင်ရှားနိုင်ရန်​မှာ ကျွန်​တော်တို​ page ​လေး၏​စေတနာဖြစ်ပါသည်။

ကျွန်​တော်တို၏​နောက်ထပ် အဓိကရည်ရွယ်ချက်တစ်ခုမှာ ကျွန်​​တော်တိုတက်နိုင်သည့်အားဖြင့် ​တော်လှန်​ရေးအားအ​ထောက်အကူဖြစ်​စေရန်ရည်ရွယ်​သော​ကြောင့် ​မိမိတက်လိုသည့်​ကျောင်းများ၊ ဘာသာရပ်များ၊ Ausbildungနှင့်ပတ်သက်​သောလိုအပ်ချက်များ၊ အ​ကြောင်းအရာများအား တစ်ဦးတ​စ်ယောက်ချင်းဖြင့်​ ​ဆွေး​နွေးတိုင်ပင်ခြင်း၊ အကြံ​ပေးခြင်း စသည်တိုအား ​အခမဲ့ဆွေး​​နွေးတိုင်ပင်နိုင်ပါသည်။ ထိုသို​ဆွေး​နွေးတိုင်ပင်ပြီ​နောက်ကျွန်​တော်တိုserviceကိုအသိအမှတ်ပြု၍​စေတနာ​ကြေး​​​​လေးများ​လည်း​ပေးနိုင်ပါသည်။ ထိုသို​ပေး​သည့်​စေတနာ​ကြေးများမှာလည်း ​ကိုယ်​ရေးကိုယ်တာအတွက် တစ်ပြားတစ်ချပ်မျှအသုံးချမည်မဟုတ်ပဲ ​တော်လှန်​ရေး​အတွက်လိုအပ်သည်များအားထောက်ပိုမည်ဖြစ်​ကြောင်းလည်းတစ်ပါးတည်း​ပြောချင်ပါသည်။ ​​​ဆွေး​နွေးတိုင်းပင်အကြံ​ပေးပြီး​နောက်ကျောင်း​လျောက်ခြင်း processများ ကျွန်​တော်တိုနှင့်ဆက်လက်လုပ်​ဆောင်လိုပါက မြန်မာကျပ်​ငွေနှစ်​သောင်းခွဲ (5€) မှစ၍ မိမိ​စေသနာရှိသ​​လောက်ထည့်၀င်ခြင်းဖြင့် serviceယူနိုင်ပါသည်။ Ausbildung မပါပါ

မှတ်ချက်- Berlinမြိုသိုလာ​ရောက်မည့်​ကျောင်းသူ ​ကျောင်းသားများအတွက် ကျွန်​တော်တိုဘက်မှအခြား​သော၀န်ဆောင်မှုများလည်းရှိပါသည်။

*** ၀န်​​ဆောင်မှုများမှရရှိသည့် အခ​ကြေး​ငွေများအားလုံးအား ကိုယ်​ရေးကိုယ်တာအတွက် အသုံးပြုမည်မဟုတ်​ကြောင်းထပ်မံ၍​ပြောဆိုလိုပါသည်။ ဤအခ​ကြေး​ငွေများအားလုံးသည် ​တော်လှန်​ရေးအတွက်စီးဆင်းရန်သာရည်ရွယ်ပါသည်။ အလှူ​​ငွေ တစ်သောင်း (5€)နှင့်အထက်ပါ၀င်သူများကိုလည်း မိမိပါ၀င်လိုသည့် campaignအလိုက်certificateများလည်းလိုချင်ပါကထုတ်​ပေးမည်ဖြစ်ပါသည်။

#ဂျာမနီ

Wollen Sie Ihr Schule/Universität zum Top-Schule/Universität in Berlin machen?

Klicken Sie hier, um Ihren Gesponserten Eintrag zu erhalten.

Lage

Telefon

Webseite

Adresse


Bundesplatz, 16
Berlin
10715