German O' Clock

German O' Clock Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von German O' Clock, Bildung, Kastanienallee, Andernach.

Agency မဟုတ်ပါ။ စာသင်တာအပြင် တခြားဘာ service မှ မရှိသေးပါ။ A1 မှ B1 အတန်းများကို ကျွန်တော်အပါအဝင် MUFL မှ စာသင်သက်အတွေ့အကြုံရှိသော လူငယ်ဆရာ/ဆရာမ များမှ ပိုင်နိုင်ကျွမ်းကျင်စွာသင်ကြားပေးနေပါတယ်။

Ich bin heute Abend für England? 🏴󠁧󠁢󠁥󠁮󠁧󠁿 ⚽️Welche Mannschaft unterstützt ihr?
15/07/2026

Ich bin heute Abend für England? 🏴󠁧󠁢󠁥󠁮󠁧󠁿 ⚽️
Welche Mannschaft unterstützt ihr?

နောက်လထဲဖွင့်မယ့် A2 အတန်းအပ်လို့ရပါသေးတယ်။
14/07/2026

နောက်လထဲဖွင့်မယ့် A2 အတန်းအပ်လို့ရပါသေးတယ်။

#ဒီအတန်းလူပြည့်ပါပြီ

🇩🇪 A2 တက်ဖို့ Ready ဖြစ်ပြီလား?

German Language (A2.1 + A2.2) Zoom Class အတန်းသစ်ကို ဇူလိုင်လ (၁၇) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

A1 အဆင့်ပြီးမြောက်ထားလို့ ဂျာမန်စာအဆင့်ကို မြှင့်တင်ချင်သူတွေနဲ့ A2 အဆင့်ကို စနစ်တကျ သေချာပေါက် တတ်မြောက်ချင်
သူများအတွက် အထူးရည်ရွယ်ပါတယ်။

🧑‍🏫 အရင်ဆုံး ဆရာမရဲ့ profile

ဒီအတန်းလေးကို April မှာ A1 သင်ခဲ့တဲ့ Tr. Hnin ကပဲ ဆက်လက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဆရာမ သူနာပြုကျောင်းဆင်း ဆရာမတစ်ယောက်ဖြစ်ပြီး Goethe Institute မှ B2 Zertifikat ကိုင်ဆောင်ထားတဲ့ ဆရာမ တစ်ယောက်လဲဖြစ်ပါတယ်။ သင်ကြားရေးနယ်ပယ်မှာလဲ အတွေ့အကြုံ ၂ နှစ်အထက်ရှိတဲ့ ဆရာမဖြစ်တဲ့အတွက်ကြောင့် ဆရာမနဲ့ စာသင်ရတဲ့အခါ ပျင်းမနေရဘဲ 4 skills လုံးကို ဆရာမနဲ့အတူ interactive methods နဲ့ သင်ယူရမှာပဲဖြစ်ပါတယ်။

💡 သင်တန်းမှာ ဘာတွေပံ့ပိုးပေးမလဲ?

PDF Books များနှင့် သင်ယူမှုအတွက် လိုအပ်သော Files များကို အခမဲ့ ထောက်ပံ့ပေးခြင်း။

သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်ရန် Recorded Videos များကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

📅 သင်တန်းအသေးစိတ် အချက်အလက်

စတင်မည့်ရက်: July 17th
သင်တန်းကာလ: 3.5 Months (၃ လခွဲ)
တက်ရောက်ရမည့်ရက်: သောကြာ၊ စနေ၊ တနင်္ဂနွေ (Fri, Sat & Sun)
အချိန်: ညနေ 6:30 pm - 8:30 pm (မြန်မာစံတော်ချိန်)
သင်တန်းကြေး: 320,000 MMK

📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်
နေရာအကန့်အသတ်ရှိတာမို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါ။

Whatsapp / Phone: +49 15122978466
Email: [email protected]
Page: German O' Clock

JOIN US NOW! သင်ယူမှုခရီးစဉ်ကို ကျွန်ုပ်တို့နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။ 🚀


#ဂျာမနီ

13/07/2026

အခုနောက်ပိုင်း မြန်မာနိုင်ငံက တော်တော်များ Germany ကို နည်းလမ်းမျိုးစုံနဲ့ လာဖို့ကြိုးစားနေကြတယ်ပေါ့နော်။ ကျောင်းနဲ့၊ Ausbildung နဲ့၊ FSJနဲ့ ၊ Au Pair နဲ့ အစရှိသဖြင့်ပေါ့။

German ဘာသာစကားကလည်း မိမိလာမယ့်လမ်းကြောင်းပေါ်မူတည်ပြီး Level အသီးသီးလိုအပ်တယ်ပေါ့နော်။

ကျွန်တော်အနေနဲ့ နောက်လာမယ့်သူတွေကို German ဘာသာစကားနဲ့ ပက်သက်ပြီး B1/ B2 လောက်အထိ ပြင်ဆင်ခဲ့စေချင်ပါတယ်။

အထူးသဖြင့်အပြောပိုင်းကိုလည်း သေချာလေ့ကျင့်ခဲ့စေချင်ပါတယ်။ Partner နဲ့ အပြောပိုင်းလေ့ကျင့်တာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် Youtube မှာ Native Speaker တွေပြောတာကို နား​ထောင်ပြီး repeat လုပ်တာမျိုးဖြစ်ဖြစ်။

ဘာလို့လဲဆိုတော့ ဒီရောက်ပြီး တကယ့်တကယ်လက်တွေ့ German တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ Stress ဖြစ်ပြီး နားမလည်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပြီးရင် German တွေကလည်း ကိုယ်စာအုပ်ထဲမှာသင်ထားတဲ့အတိုင်း အမြဲပြောနေမှာ မဟုတ်ပါဘူး။ စာအုပ်ထဲမှာ မသင်ခဲ့တဲ့ အသုံးအနှုန်း စကားလုံးတွေ အများကြီး ကြုံရမှာပါ။ အဲ့တော့ ဘာသာစကား အခက်အခဲရှိရင် depression ဝင်တာတွေလည်းရှိနိုင်တယ်ပေါ့နော်။

အဲ့တော့သူနိုင်ငံမှာနေရင် သူ့ဘာသာစကား အသ့်အတင့် ရှိထားတော့ ပိုအဆင်ပြေတာပေါ့။

ကျွန်တော်ကိုယ်တိုင်လည်း B2 ထိ သင်ခဲ့ပါတယ်၊ Native Speaker တွေနဲ့လည်း လေ့ကျင့်ခဲ့ပါတယ်။ ဒါတောင် ဒီရောက်တော့ ငါ German တွေကြားထဲမှာ ရောက်ပြီဆိုတဲ့ စိတ်ရယ်၊ ပထမဆုံး အလုပ် Experience ရယ်ကြောင့်၊ German ဘာသာစကားကို ပါးစပ်က သွက်သွက်မထွက်နိုင်သလို၊ တစ်ခေါက်ထဲနားမလည်တဲ့အခါတွေလည်း ရှိပါတယ်။ မဖြစ်မနေ repeat လုပ်ပေးဖို့ request လုပ်ရတာပေါ့။ အခု ၃ လပြည့်မှာသာ ကိုယ့်ကိုယ်ကို့ သူတို့နဲ့ တသားတည်းဖြစ်တယ်၊ satisfied ဖြစ်တယ်တယ်လို့ ခံစားရတော့တယ်။

English က international language ဟုတ်ရင်ဟုတ်လိမ့်မယ်။ Germany မှာတော့ German ဘာသာစကားက အဓိကပါ။ စျေးသွား၊ ခရီးသွား လောက်က English လို အနည်းငယ်လောက် ပေါ့ပေါ့ပြောလို့ရပေမယ့် professional ကျတဲ့ လုပ်ငန်းခွင်တွေမှာဆို German ဘာသာစကားနဲ့ပဲ ပြောပါတယ်။

Germany မှာနေတဲ့ Foreigners အများကြီး မြင်ဖူးပါတယ်။ အသိတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ် Foreigners ကမှ ကိုယ့်ကို English လို့ စကားစ,မ ပြောပါဘူး။

ပြီးတော့ ခရီသွား စျေးသွားတဲ့အခါမှာလည်း German တွေက ကိုယ်က Foreigner ဆိုပေမယ့် German လိုပဲ စပြောပါတယ်။ ကိုယ်က ခရီးသွားဧည့်သည်နဲ့တူနေတဲ့အခါ ၊ ဒါမှမဟုတ် Germanလို ရေရေလည်လည် ပြောနိုင်တဲ့ပုံ မပေါက်မှာသာ သူတို့က English လို စ,ပြောပါတယ်။ ဒါတောင် German တိုင်း English လို မပြောတတ်ဘူး။

Germany မှာ နေ့တဓူဝ German တွေနဲ့ ကောင်းကောင်း communicate လုပ်နိုင်ဖို့ဆို German ဘာသာစကား လုံလုံလောက်လောက်ရှိထားရင် ပိုအဆင်ပြေတာပေါ့။

#ကျွန်တော့အမြင်
#ကျွန်တော့်အတွေအကြုံ ကိုမျှဝေခြင်းသာဖြစ်ပါတယ်။

Soweit ich weiß, kommt er morgen.ငါသိသလောက်တော့ သူ မနက်ဖြန်လာမယ်။Soweit ich weiß, ist das Büro samstags geschlossen.ကျွန...
11/07/2026

Soweit ich weiß, kommt er morgen.
ငါသိသလောက်တော့ သူ မနက်ဖြန်လာမယ်။

Soweit ich weiß, ist das Büro samstags geschlossen.
ကျွန်တော်သိသလောက်တော့ စနေနေ့တွေမှာ ရုံးပိတ်ပါတယ်။

Soweit ich weiß, hat er heute frei.
ငါသိသလောက်တော့ သူ ဒီနေ့ အလုပ်ပိတ်
တယ်။

Soweit ich weiß, kommt der Zug um 14 Uhr.
ကျွန်တော်သိရသလောက်တော့ ရထားက မွန်းလွဲ ၂ နာရီမှာ လာမှာပါ။

ဒီအတန်းလေး လူပြည့်တော့မှာမို့ စုံစမ်းထားတဲ့သူတွေက လာရောက် confirmed လို့ရပါပြီ။
09/07/2026

ဒီအတန်းလေး လူပြည့်တော့မှာမို့ စုံစမ်းထားတဲ့သူတွေက လာရောက် confirmed လို့ရပါပြီ။

#ဒီအတန်းလူပြည့်ပါပြီ

🇩🇪 A2 တက်ဖို့ Ready ဖြစ်ပြီလား?

German Language (A2.1 + A2.2) Zoom Class အတန်းသစ်ကို ဇူလိုင်လ (၁၇) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

A1 အဆင့်ပြီးမြောက်ထားလို့ ဂျာမန်စာအဆင့်ကို မြှင့်တင်ချင်သူတွေနဲ့ A2 အဆင့်ကို စနစ်တကျ သေချာပေါက် တတ်မြောက်ချင်
သူများအတွက် အထူးရည်ရွယ်ပါတယ်။

🧑‍🏫 အရင်ဆုံး ဆရာမရဲ့ profile

ဒီအတန်းလေးကို April မှာ A1 သင်ခဲ့တဲ့ Tr. Hnin ကပဲ ဆက်လက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဆရာမ သူနာပြုကျောင်းဆင်း ဆရာမတစ်ယောက်ဖြစ်ပြီး Goethe Institute မှ B2 Zertifikat ကိုင်ဆောင်ထားတဲ့ ဆရာမ တစ်ယောက်လဲဖြစ်ပါတယ်။ သင်ကြားရေးနယ်ပယ်မှာလဲ အတွေ့အကြုံ ၂ နှစ်အထက်ရှိတဲ့ ဆရာမဖြစ်တဲ့အတွက်ကြောင့် ဆရာမနဲ့ စာသင်ရတဲ့အခါ ပျင်းမနေရဘဲ 4 skills လုံးကို ဆရာမနဲ့အတူ interactive methods နဲ့ သင်ယူရမှာပဲဖြစ်ပါတယ်။

💡 သင်တန်းမှာ ဘာတွေပံ့ပိုးပေးမလဲ?

PDF Books များနှင့် သင်ယူမှုအတွက် လိုအပ်သော Files များကို အခမဲ့ ထောက်ပံ့ပေးခြင်း။

သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်ရန် Recorded Videos များကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

📅 သင်တန်းအသေးစိတ် အချက်အလက်

စတင်မည့်ရက်: July 17th
သင်တန်းကာလ: 3.5 Months (၃ လခွဲ)
တက်ရောက်ရမည့်ရက်: သောကြာ၊ စနေ၊ တနင်္ဂနွေ (Fri, Sat & Sun)
အချိန်: ညနေ 6:30 pm - 8:30 pm (မြန်မာစံတော်ချိန်)
သင်တန်းကြေး: 320,000 MMK

📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန်
နေရာအကန့်အသတ်ရှိတာမို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါ။

Whatsapp / Phone: +49 15122978466
Email: [email protected]
Page: German O' Clock

JOIN US NOW! သင်ယူမှုခရီးစဉ်ကို ကျွန်ုပ်တို့နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။ 🚀


#ဂျာမနီ

ဒီနေ့ လူဇင်ဘက်ကို ရောက်ခဲ့ပြီ။ ကိုယ်နေတဲ့မြို့နဲ့ဆို ရထားနဲ့ ၃ နာရီနီးပါးလောက်ပဲ ကြာတယ်။
05/07/2026

ဒီနေ့ လူဇင်ဘက်ကို ရောက်ခဲ့ပြီ။ ကိုယ်နေတဲ့မြို့နဲ့ဆို ရထားနဲ့ ၃ နာရီနီးပါးလောက်ပဲ ကြာတယ်။

05/07/2026

အညာသား ဂျာမနီရောက်
သောအခါ 🇩🇪 / nur zum Spaß!

04/07/2026

Ausbildung အတွက် ဘာတွေလိုအပ်မလဲနဲ့ အမေးများသော မေးခွန်းများ

Agent လည်းမဟုတ်ပါ၊ Service လည်းမပေးပါ။ သိသလောက် မျှဝေပေးခြင်းဖြစ်ပါတယ်။

#ဂျာမန်စာ

02/07/2026

သင်တန်း ကြော်ငြာ post ပါ
Basic + A1.1
A2 ( A2.1+A2.2 )

#ဂျာမန်စာ

🇩🇪 ဂျာမန်စာ စိတ်ဝင်စားသူများအတွက် သတင်းကောင်း! 🇩🇪အလုပ်တဖက်နဲ့ ဂျာမန်စာ လေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် Weekend Zoom...
28/06/2026

🇩🇪 ဂျာမန်စာ စိတ်ဝင်စားသူများအတွက် သတင်းကောင်း! 🇩🇪

အလုပ်တဖက်နဲ့ ဂျာမန်စာ လေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် Weekend Zoom Class အတန်းသစ်လေး လာပါပြီ။

📌 အရေးကြီးဆုံးအချက်
📌ဒီအတန်းကိုသင်မယ့် ဆရာရဲ့ Profile

ဒီအတန်းလေးကို Tr.Lorenz (ကျွန်တော်
ကိုယ်တိုင်) သင်မှာပါ။

- ၂၀၁၈ ခုနှစ်မှာ ပညာရေး
ဒီပလိုမာ ( Diploma in Education )၊
-၂၀၁၇ -၂၀၂၁ အထိ ဘ.က ကျောင်းဆရာ
- B1 Goethe Zertifikat
- B2 ( Candidate)
- လက်ရှိ Germany နိုင်ငံ ၊ Rheinland ပြည်နယ်က ဆေးရုံကြီးမှာ FSJ ( volunteer) လုပ်ပေးနေလျက်ရှိပါတယ်။

ဒါ့ကြောင့်မို့ သင်ခန်းစာတွေအပြင် Germany နဲ့ ပက်သက်တဲ့အကြောင်းအရာတွေ၊ FSJ နဲ့ Nursing Ausbildung အတွက်လိုအပ်တဲ့ information တွေ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

🤩 သင်တန်းအသေးစိတ်

အဆင့်: Basic + A1.1

စတင်မည့်ရက်:
ဇူလိုင်လ ၂၅ ရက် (25th July)

အချိန်: စနေနေ့ နှင့် တနင်္ဂနွေနေ့တိုင်း (ည ၈:၀၀ မှ ၁၀:၀၀ ထိ)

ကြာမြင့်ချိန်: ၁၀ ပတ် (10 Weekends)

သင်တန်းကြေး: ၁၆၀,၀၀၀ MMK

📌A1.1 ပြီးတာနဲ့ A1.2 တက်ဖို့ဆန္ဒရှိရင် ချက်ချင်း A1.2 ဆက်ခေါ်မှာပါ

သင်တန်းတက်ရောက်သူတိုင်းအတွက် PDF စာအုပ်များ နှင့်
Recording ဗီဒီယိုများကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ (သင်ခန်းစာ ပြန်ကြည့်ချင်သူများအတွက် အရမ်းအဆင်ပြေပါတယ်)

💻 ဘယ်သူတွေ တက်ရောက်သင့်သလဲ?

စနစ်တကျ အချိန်ပေးပြီး ဂျာမန်စာ လေ့လာချင်သူများ
အလုပ်တဖက်နဲ့ဖြစ်ဖြစ်၊ ကျောင်းတဖက်နဲ့ဖြစ်ဖြစ် ဂျာမန်စာကို စိတ်ဝင်စားသူများ

👉 အသေးစိတ်သိရှိလိုပါက
ဖုန်းနံပါတ်: +4915122978466 (Viber သို့မဟုတ် WhatsApp မှ ဆက်သွယ်နိုင်ပါသည်)
အီးမေးလ်: [email protected]
သို့မဟုတ် ပုံထဲက "More Information" ခလုတ်ကို နှိပ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

နေရာအကန့်အသတ်ရှိလို့ စောစောစီးစီး အပ်နှံထားဖို့ တိုက်တွန်းပါရစေ!

Adresse

Kastanienallee
Andernach
56626

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von German O' Clock erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Verknüpfungen

Teilen

Kategorie