Lann Pya for Czechia

Lann Pya for Czechia

Sdílet

Kontaktní informace, mapa a trasa, kontaktní formulář, otevírací doba, služby, hodnocení, fotky, videa a oznámení od Lann Pya for Czechia, Výchovný poradce, Náměstí Míru, Brno.

12/05/2026

Czech Visa ပြင်နေတဲ့ ကျောင်းသားတိုင်း သိထားရမယ့် "Superlegalization" ဆိုတာ ဘာလဲ? 🤔

‎Czech Republic မှာ ကျောင်းတက်ဖို့ Admission ရပြီးပြီဆိုရင် နောက်ထပ် အရေးကြီးဆုံးအဆင့်က Visa လျှောက်ဖို့ပါပဲ။ အဲ့ဒီမှာ "Superlegalization လုပ်ပြီးပြီလား?" ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားရပါလိမ့်မယ်ဗျ။

‎အများစုက ဒါကိုကြားလိုက်ရင် လန့်သွားတတ်ကြပေမဲ့
‎တကယ်တော့ ဒါဟာ "ကိုယ့်ရဲ့ စာရွက်စာတမ်းတွေဟာ အစစ်အမှန်ဖြစ်ကြောင်း Czech Embassy ကနေ အတည်ပြုပေးတာ" ပဲ ဖြစ်ပါတယ်ဗျ။

‎🔍 Superlegalization ဘာကြောင့် လုပ်ရတာလဲ?

‎မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ ကိုယ့်ရဲ့ ဘွဲ့လက်မှတ် ဒါမှမဟုတ် ဆယ်တန်းအောင်လက်မှတ်တွေနဲ့ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ (Police Clearance)တို့ဟာ Czech Republic မှာ တရားဝင်အသုံးပြုလို့ရဖို့အတွက် သံရုံးရဲ့ အတည်ပြုတံဆိပ်တုံး (Stamp) လိုအပ်လို့ပါပဲ။ ဒီတံဆိပ်တုံးမပါရင် ဗီဇာလျှောက်တဲ့အခါရော၊ ကျောင်း admission process ဖြစ်တဲ့ Nostrification လုပ်တဲ့အခါ အခါမှာပါ အဆင်မပြေဖြစ်နိုင်ပါတယ်ဗျ။

‎ဘယ်လိုအဆင့်ဆင့် လုပ်ရမလဲ?
‎၁။ Translation
‎အရင်ဆုံး ကိုယ့်ရဲ့ စာရွက်စာတမ်းတွေကို English & Czech ဘာသာစကားနဲ့ တရားဝင် ဘာသာပြန်ရပါမယ်။
‎၂။ Consular Department (MOFA)
‎မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ mofa တံဆိပ်တုံးထုပီး အရင်ဆုံး အတည်ပြုချက် ရယူရပါမယ်။
‎၃။ Czech Embassy (Yangon)
‎နောက်ဆုံးအဆင့်အနေနဲ့ ရန်ကုန်မှာရှိတဲ့ Czech သံရုံးမှာ Superlegalization လုပ်ဖို့ ရက်ချိန်းယူပြီး တံဆိပ်တုံး ထုရမှာ ဖြစ်ပါတယ်ဗျ။

‎⚠️ Lann Pya ရဲ့ သတိပေးချက်!

‎Superlegalization လုပ်ဖို့အတွက် သံရုံးမှာ ရက်ချိန်း (Appointment) ယူရတာ တခါတလေ အချိန်ကြာတတ်သလို၊ စာရွက်စာတမ်း တစ်ခုခု မှားယွင်းတာမျိုး မဖြစ်စေဖို့ အထူးသတိထားရပါမယ်။ ဗီဇာ အင်တာဗျူးရက် မတိုင်ခင် ဒါကို အပြီးလုပ်ထားမှသာ စိတ်အေးရမှာပါနော်။

‎Superlegalization ဘယ်က စလုပ်ရမှန်း မသိဘူး, စာရွက်စာတမ်းတွေ မှားသွားလို့ နောက်တစ်ခါထပ်ပြီး ပိုက်ဆံကုန်တာမျိုးတွေမဖြစ်ချင်တဲ့ ကျောင်းသားတွေအတွက်Lann Pya ရှိပါတယ်ဗျ။

‎* ဘာသာပြန်ခြင်းနှင့် MOFA အတည်ပြုခြင်းဆိုင်ရာ လမ်းညွှန်မှုများ။
‎ * သံရုံးရက်ချိန်းယူခြင်းနှင့် လိုအပ်သည့် Process များ။
‎ * ဗီဇာအတွက် အစအဆုံး အနီးကပ် Guide လုပ်ပေးခြင်း။
‎အစရှိတဲ့ porcess တွေအကုန်လုံးကို Lann Pya ကနေ ကူညီပေးတဲ့ service လေးလည်းရှိပါတယ်ဗျ။

‎ကဲ လမ်းပျောက်မနေဘဲ အခုပဲ Lann Pya နဲ့ အတူတူ ပြင်ဆင်လိုက်ရအောင်!
#နံနံခြားကိုတူတူရွေ့ဖို့

11/05/2026

Coming soonnnnn🙌🏻

10/05/2026

Czech Student Visa အတွက် မြန်မာနိုင်ငံမှာပဲ Interview ဖြေလို့ ရနိုင်မလား? 🇲🇲🤔

အခုဆိုရင် admission deadline တွေလဲ ပြီးသွားပြီဆိုတော့ Visa လျှောက်ဖို့ပြင်နေကြပြီထင်တယ်နော်၊ အခု Page messenger မှာ အမေးများတဲ့ မြန်မာနိုင်ငံမှာ Visa Interview ဖြေလို့ရလားဆိုတဲ့ မေးခွန်းလေးကို Lann Pya ကနေ ဖြေပေးလိုက်ပါတယ်ဗျ။

အဖြေကတော့ - "မရပါဘူး" ခင်ဗျာ။

မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် Czech Visa လျှောက်ထားခြင်းနှင့် Interview ဖြေဆိုခြင်း လုပ်ငန်းစဉ်အားလုံးကို Bangkok (Thailand) မှာရှိတဲ့ Czech Embassy မှာပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 🇹🇭

ဒါဆို ရန်ကုန်က Czech Embassy မှာ ဘာလုပ်လို့ရလဲ?
ရန်ကုန်မှာရှိတဲ့ Czech Embassy မှာတော့ Superlegalization (စာရွက်စာတမ်း အထောက်အထားများ အတည်ပြုခြင်း) တစ်ခုတည်းကိုသာ ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။

💡 LannPya ရဲ့ အကြံပြုချက်
ဘန်ကောက်အထိ သွားဖြေရမှာ ဖြစ်တဲ့အတွက် ရက်ချိန်း (Appointment) ယူတာကအစ၊ Interview မေးခွန်းတွေ ပြင်ဆင်တာအထိ ကြိုတင်ပြင်ဆင်မှု အပြည့်ရှိနေဖို့ လိုအပ်ပါတယ်။

ဒါကြောင့်လည်း LannPya ကနေပြီးတော့ ကျောင်းသားတွေ Visa Interview မှာ ယုံကြည်ချက်ရှိရှိ ဖြေဆိုနိုင်အောင် တစ်ဆင့်ချင်းစီကို သေချာ Guide လုပ်ပေးနေပါတယ်ခင်ဗျ🤝
လမ်းပျောက်မနေနဲ့တော့... LannPya နဲ့ အတူတူ ရှေ့ဆက်လိုက်ရအောင်။ 🚀
#နံနံခြားကိုတူတူရွေ့ဖို့

05/05/2026

👀

02/05/2026

ကျောင်းလခသွင်းဖို့ ခေါင်းခဲနေလား? LannPya ရှိတယ်နော်! 🙋🏻‍♀️

"နိုင်ငံခြားကို ငွေလွှဲရတာ အဆင်ပြေပါ့မလား?" "ဘယ်လောက်တောင် ကြာဦးမှာလဲ?" ဆိုတဲ့ စိုးရိမ်မှုတွေကို LannPya က ဖြေရှင်းပေးနေပါပြီ။ 🙆🏻‍♀️

ကျောင်းလခတင်မကဘဲ duolingo, SCIO test payment, application fee, dormitory fee နဲ့ တခြားသော လိုအပ်တဲ့ Processing Fee အကုန်လုံးကို ကျွန်တော်တို့ လမ်းပြမှာ ယုံကြည်စိတ်ချစွာ ပေးသွင်းနိုင်ပါတယ်။ ✨

ဘာကြောင့် LannPya ကို ရွေးချယ်သင့်လဲ?

✅ Fast Processing: အချိန်မပုပ်ဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးခြင်း။

✅ Total Solution: ကျောင်းလခအပြင် တခြား လိုအပ်တဲ့ Fee တွေပါ အကုန်သွင်းလို့ရခြင်း။

✅ Reliable: လမ်းပြဆိုတဲ့အတိုင်း ကျောင်းသားတွေအတွက် အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးခြင်း။

ကဲ လမ်းပျောက်မနေနဲ့တော့... LannPya နဲ့ အတူတူ ရှေ့ဆက်လိုက်ရအောင်။ 🚀

#နံနံခြားကိုတူတူရွေ့ဖို့

30/04/2026

‎IELTS လား? Duolingo လား? 🤷🏻‍♀️

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စဉ်းစားပြီဆိုတာနဲ့ ကျောင်းလျှောက်ဖို့အတွက် English Proficiency ရလဒ်တွေ လိုအပ်လာတာ ထုံးစံပါပဲ။ Czech Republic မှာ ကျောင်းတက်မယ်ဆိုရင်လည်း အတူတူပါပဲဗျ။ ဒီအခါမှာ "IELTS ဖြေရမလား၊ Duolingo ဖြေရမလား" ဆိုတာ ကျောင်းသားတွေ အမေးအများဆုံး မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ‎​

ဒါကြောင့် ဒီနေ့မှာတော့ Lann Pya ကနေပြီး ကိုယ်နဲ့ ဘယ် Proficiency Test က ပိုကိုက်ညီမလဲဆိုတာ စဉ်းစားနိုင်အောင် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

‎‎​💡 IELTS vs Duolingo: ဘာတွေကွာခြားလဲ?

‎‎💡IELTS

‎‎-ဖြေဆိုချိန်ကတော့ Listening(30မိနစ်)၊ Reading(1နာရီ)၊ Writing(1နာရီ)၊ Speaking(15မိနစ်) နဲ့ Total 2နာရီနဲ့ 45မိနစ် ကြာမြင့်ပါတယ်။
‎-Online ဖြေမရပါ။
‎-210 USD ပေးရပါတယ်။
‎-Result အတွက် နှစ်ပတ်ကျော်စောင့်ရပါတယ်။
‎-တက္ကသိုလ်အားလုံးနီးပါး အသိအမှတ်ပြုကြပါတယ်။


‎💡Duolingo

‎-ဖြေဆိုချိန် 1 နာရီ ခန့်ပဲ ကြာမြင့်ပါတယ်။
‎-Online ဖြေလို့ရ။
‎-59 USD ပေးရပါတယ်။
‎-၄၈ နာရီအတွင်း Result သိနိုင်။
‎-IELTS နှင့်ယှဥ်လျှင် လက်ခံသော တက္ကသိုလ်နည်းပါတယ်။

‎‎✅ဘယ်သူတွေက IELTS ကို ဖြေသင့်တာလဲ?

‎​IELTS က ကမ္ဘာတစ်ဝန်းက တက္ကသိုလ်တွေအတွက် "Gold Standard" ဖြစ်ပါတယ်။ ကိုယ်က ကျောင်းတစ်ကျောင်းထက်ပိုပြီး လျှောက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် IELTS က အစိတ်ချရဆုံးပါပဲ။ ဥပမာ - Czech Technical University (CTU) လို နာမည်ကြီးကျောင်းမျိုးဆိုရင် Duolingo ကို လုံးဝ လက်မခံတာမျိုး ရှိတတ်လို့ IELTS ရမှတ်ရှိထားတာက ပိုပြီး အခွင့်အလမ်းများစေပါတယ်ဗျ။

‎‎​✅ ဘယ်သူတွေက Duolingo ကို ရွေးသင့်တာလဲ?

‎​ကိုယ်တက်ချင်တဲ့ Program ရဲ့ Requirement မှာ Duolingo ကို လက်ခံတယ်လို့ အတိအလင်း ဖော်ပြထားရင်တော့ ဒါဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ Lann Pya ရဲ့ Team Member အချို့လည်း Duolingo ရမှတ်နဲ့ပဲ လက်ရှိမှာ ကျောင်းတက်နေကြတာ ဖြစ်ပါတယ်ဗျ။ အထူးသဖြင့် ကျောင်းလျှောက်ဖို့ Deadline က နီးကပ်နေပြီ၊ အချိန်တိုအတွင်း Result မြန်မြန်သိချင်တယ်ဆိုရင်တော့ Duolingo ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်ခင်ဗျ။

‎​⚠️ Lann Pya ရဲ့ သတိပေးချက်!
‎Czech Republic မှာ Duolingo ကို လက်ခံတဲ့ ကျောင်းတွေ ရှိပေမယ့် တစ်ချို့သော English Taught Program တွေမှာတော့ လက်မခံတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် မဖြေဆိုခင်မှာ ကိုယ်တက်ချင်တဲ့ Program ရဲ့ Requirement ကို သေချာစစ်ဆေးဖို့ မမေ့ပါနဲ့ဦးနော်။

ဘယ် Exam က ကိုယ့်အတွက် ပိုအဆင်ပြေမလဲဆိုတာ ဝေခွဲမရဖြစ်နေရင်ဖြစ်ဖြစ်၊ ၊ ဘယ် document ပြင်ဆင်ရမလဲ၊ လမ်းပျောက်နေတယ် ဆိုရင် ကျောင်းလျှောက်ဖို့ရွေးတဲ့ step က စပြီး czech ရောက်သည်အထိ LannPya က အတူတူ assist လုပ်ပေးတဲ့ service လေးလဲ ရှိတာမို့ messenger မှာ အသေးစိတ်လာရောက်စုံစမ်းလို့ ရပါတယ်ဗျ။

#နံနံခြားကိုတူတူရွေ့ဖို့

28/04/2026

University Application အတွက် Roadmap အဆင့်(၅)ဆင့် 💡

Czech Republic မှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းတို့အတွက် ကျောင်းလျှောက်တဲ့ အခါ အမှားအယွင်းမရှိစေမဲ့ Application Roadmap အဆင့် (၅) ဆင့်ကို Lann Pya ကနေ ဝေမျှပေးလိုက်ပါတယ်ဗျ။ ဒီ Roadmap အတိုင်းသာ သေချာပြင်ဆင်သွားမယ်ဆိုရင် Process တွေ လွဲချော်မှာကို ပူစရာမလိုတော့ဘူးနော်!!!!

‎​🗺️ The Application Roadmap: 5 Essential Steps

‎​၁။ Program & Deadline ကို အတည်ပြုပါ (Choose & Check)

‎ပထမဆုံးအနေနဲ့ ကိုယ်တက်ချင်တဲ့ University ရဲ့ Faculty အလိုက် Program တွေက ဘယ်နေ့မှာ Deadline ပိတ်မှာလဲဆိုတာ သေချာစစ်ဆေးရပါမယ်။ (ဥပမာ - Masaryk University(MUNI) မှာဆိုရင် Faculty အလိုက် ဧပြီလကနေ ဇူလိုင်လအထိ Deadline တွေ ကွဲပြားတတ်ပါတယ်)။

‎​၂။ စာရွက်စာတမ်းများ စုဆောင်းပါ (Document Preparation)

‎လိုအပ်တဲ့ Academic Documents တွေ (Transcripts, Diploma) ကို စုဆောင်းပြီး အင်္ဂလိပ်ဘာသာပြန်တာ၊ Notary (နိုထရီ) ပြန်တာတွေ ကြိုလုပ်ထားရပါမယ်။ Language Certificate (IELTS/TOEFL/Duolingo) ရမှတ်တွေကလည်း ဒီအဆင့်မှာ အဆင်သင့်ရှိနေဖို့ လိုပါတယ်နော်။

‎​၃။ Application တင်ထားပြီး Application fee ပေးဆောင်ပါ (Apply & Pay Fee)

‎ကိုယ်လျှောက်မဲ့ တက္ကသိုလ်ရဲ့ Online Portal မှာ Account ဖွင့်ပြီး အချက်အလက်တွေ ဖြည့်သွင်းရပါမယ်။ ပြီးရင်တော့ သတ်မှတ်ထားတဲ့ Application Fee ကို Deadline မတိုင်ခင် ပေးဆောင်ရမှာ ဖြစ်ပါတယ်ဗျ။

‎​၄။ Admission Process ကို ဖြတ်ကျော်ပါ (Entrance & Interview)

‎အချို့ Major တွေမှာ ဝင်ခွင့်စာမေးပွဲ (Entrance Exam) ဖြေဆိုရတာ ဒါမှမဟုတ် လူတွေ့စစ်ဆေးခြင်း (Interview) ဖြေရတာမျိုးတွေ ရှိပါတယ်။ ဒီအဆင့်အတွက် Motivation Letter (SOP) ကောင်းကောင်းတစ်စောင် ပြင်ထားဖို့ကလည်း အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုပါပဲ။

‎​၅။ Nostrification & Visa ပြင်ဆင်ပါ (The Final Steps)

‎ကျောင်းကနေ Acceptance Letter ရပြီဆိုတာနဲ့ ကိုယ့်ရဲ့ ပညာရေးအထောက်အထားတွေကို Czech Republic မှာ အသိအမှတ်ပြုခံရဖို့ (Nostrification) လုပ်ငန်းစဉ်ကို စတင်ရပါမယ်။ ဒါတွေပြီးရင်တော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ချက်သံရုံးမှာ ကျောင်းသားဗီဇာ (Student Visa) လျှောက်ထားဖို့ ပြင်ဆင်ရုံပါပဲဗျ။

‎ဒီ Roadmap ထဲက ဘယ်အဆင့်မှာပဲဖြစ်ဖြစ် အခက်အခဲရှိနေရင် ဒါမှမဟုတ် Visa ပြင်ဖို့အတွက် ဘယ်ကစရမလဲ မသိဘူး၊ ဘယ် document ပြင်ဆင်ရမလဲ၊ လမ်းပျောက်နေတယ် ဆိုရင် ကျောင်းလျှောက်ဖို့ရွေးတဲ့ step က စပြီး czech ရောက်သည်အထိ LannPya က အတူတူ assist လုပ်ပေးတဲ့ service လေးလဲ ရှိတာမို့ messenger မှာ အသေးစိတ်လာရောက်စုံစမ်းလို့ ရပါတယ်ဗျ။

‎2026 Sept Deadline မှီသေးတဲ့ ကျောင်းတွေလဲရှိတာမို့လို့ ဒီနှစ်လျှောက်ဖို့ စဉ်းစားထားရင် ဒီထက်ပိုပြီးနောက်မကျခင် hello လိုက်တော့နော်။
‎ #နံနံခြားကိုတူတူရွေ့ဖို့

27/04/2026

‎​🚨 2026 September Intake အတွက် Admission လက်ခံသေးတဲ့ University & Major များ

‎​"Deadline တွေ နီးနေပြီ... September Intake အမှီလျှောက်လို့ ရသေးရဲ့လား?" ဆိုတဲ့ သူငယ်ချင်းတို့အတွက် မေလအထိ လျှောက်လို့ရသေးတဲ့ Czech Republic က ထိပ်တန်းတက္ကသိုလ်တွေနဲ့ Major တွေကို အသေးစိတ် စုစည်းပေးလိုက်ပါတယ်ဗျ။

‎​🧪 UCT Prague (University of Chemistry and Technology)

‎​Prague မြို့မှာရှိတဲ့ နာမည်ကြီး Public University တစ်ခုဖြစ်တဲ့ UCT ရဲ့ School of Business အောက်မှာရှိတဲ့ စီးပွားရေး Program လေးပဲ ဖြစ်ပါတယ်။

‎​Program: Economics and Management
‎​Tuition Fee: 4,400 EUR / Year
‎​Deadline: May 31, 2026

‎​📈 Mendel University in Brno

‎​Brno မြို့မှာ အခြေစိုက်ပြီး ကျောင်းလခ သက်သက်သာသာနဲ့ တက်ရောက်နိုင်တဲ့ Mendel University မှာလည်း အောက်ပါ Program တွေအတွက် ကျောင်းလျှောက်လို့ ရနေပါသေးတယ်ဗျ။

‎​Business and Management
‎​Tuition Fee: 3,200 EUR / Year
‎​Deadline: May 15, 2026

‎​International Territorial Studies
‎​Tuition Fee: 2,600 EUR / Year (65,000 CZK ဝန်းကျင်)
‎​Deadline: May 15, 2026

‎​🎓 Masaryk University (MUNI)

‎​Czech Republic ရဲ့ Ranking အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ Masaryk University (MUNI) မှာလည်း အောက်ပါ Major တွေအတွက် Admission ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ်။

‎​Global Challenges (Society, Politics, Environment)
‎​Tuition Fee: 3,000 EUR / Year
‎​Deadline: May 15, 2026

‎​International Relations and European Politics
‎​Tuition Fee: 3,000 EUR / Year
‎​Deadline: May 15, 2026

‎​Politics, Media, and Communication
‎​Tuition Fee: 3,000 EUR / Year
‎​Deadline: May 15, 2026

‎​Pharmacy (ဆေးဝါးပညာ - ၅ နှစ်သင် Master)
‎​Tuition Fee: 7,500 EUR / Year
‎​Deadline: May 31, 2026

‎​အပေါ်မှာ ပြောပြခဲ့တဲ့ Program တွေက အခုထိ Admission ဖွင့်ထားသေးတယ်ဆိုပေမဲ့ Deadline ကတော့ တကယ်ကို နီးကပ်နေပြီနော်။ ဒါကြောင့် အချိန်မဆွဲဘဲ အခုကတည်းက စတင်ပြင်ဆင်ပြီး Action ယူဖို့ Lann Pya ကနေ အကြံပြုချင်ပါတယ်ဗျ။စာရွက်စာတမ်း ပြင်ဆင်တာကအစ ကျောင်းလျှောက်တဲ့အထိ ဘာပဲသိချင်တာရှိရှိ Lann Pya ကို အားမနာတမ်း လာမေးလို့ ရပါတယ်ခင်ဗျ။ အသေးစိတ် သိချင်တာတွေမေးဖို့ Messengerကနေပြီး One on One Free Consultation session လေးတွေလဲ ယူလိူ့ရပါတယ်ခင်ဗျ။

#နံနံခြားကိုတူတူရွေ့ဖို့

Photos from Lann Pya for Czechia 's post 11/04/2026

Lann Pya for Czechia X Study with John ရဲ့ Study In Czechia Webinar 💛❤️

Lann Pya for Czechia ကနေ ‎Czech Republic မှာ ကျောင်းတက်ဖို့ အိပ်မက်ရှိတဲ့ Study with John ကျောင်းသားတွေအတွက် မနေ့က 10th April မှာ Study in Czechia Online webinar လေး ကျင်းပပေးခဲ့ပါတယ်။

‎​ဒီ Webinar ကို joinခဲ့တဲ့ သူငယ်ချင်းတို့အနေနဲ့-

‎💡Czech Republic ရဲ့ ပညာရေးစနစ်နဲ့ အခွင့်အလမ်းတွေ၊
‎💡 ကျောင်းမြန်မြန်တက်နိုင်ဖို့ ဘယ်ကစပြီး ဘယ်လို Roadmap ဆွဲရမလဲဆိုတဲ့ Idea တွေ၊
‎💡 ကျောင်းလျှောက်ဖို့အတွက် လိုအပ်တဲ့ requirement တွေ နဲ့ ကျောင်းတက်ရင်း ကြုံတွေ့ရမယ့် အတွေ့အကြုံတွေကို နားလည်သွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျ။

‎အခု webinar လေးက Study with John ကျောင်းသားတွေအတွက်ပဲဆိုပေမဲ့ LannPya page ကနေလဲ နောက်ပိုင်းကျ ကျောင်းသားတွေအတွက် webinar လေးတွေ လုပ်ပေးသွားဖို့ရှိပါတယ်ဗျ။ Czech Republic မှာ ကျောင်းတက်ဖို့နဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီရဲ့ အခြေအနေအလိုက် သိချင်တာတွေ၊ ဆွေးနွေးချင်တာတွေရှိရင် Lann Pya မှာ "အခမဲ့" ONE-on-ONE Consultation ပုံမှန်အတိုင်း ယူလို့ရပါတယ်ဗျ။

‎​📩 Consultation ယူဖို့အတွက်အောက်က link လေးကနေတဆင့် Lann Pya နဲ့ ​appointment ယူလိုက်ပါနော်။

‎🔗https://calendly.com/lannpyaforczechia/30min

‎(Link ကနေ Appointment ယူပြီးတာနဲ့ သူငယ်ချင်းတို့ရဲ့ Email ဆီကို Confirmation Email တစ်စောင် ပို့ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ Email ထဲက "Yes" ဆိုတာလေးကို နှိပ်ပြီး အတည်ပြုပေးမှသာ ကျွန်တော်တို့ဆီမှာ Appointment Success ဖြစ်မှာမို့လို့ Email လေးကို စစ်ဆေးပေးဖို့ မမေ့နဲ့ဦးနော်။)
#နံနံခြားကိုတူတူရွေ့ဖို့

09/04/2026

ဒီရက်ပိုင်း ကျွန်တော်တို့ Lann Pya အဖွဲ့သားတွေ mid term စာမေးပွဲနဲ့ နပန်းလုံးနေရတာကြောင့် Page မှာ Post အသစ်လေးတွေ မတင်ဖြစ်ဘဲ ပျောက်နေသလို ဖြစ်သွားပါတယ်ဗျ။🤓

‎​ဒါပေမဲ့ စိတ်မပူပါနဲ့! Czech Republic မှာ ကျောင်းလျှောက်ချင်တဲ့ သူငယ်ချင်းတို့အတွက် ကျွန်တော်တို့ Lann Pya က Messenger မှာ အမြဲရှိနေပါတယ်နော်။ စာမေးပွဲတွေရှိပေမဲ့လည်း Lann Pya ရဲ့ Admin Team က သူငယ်ချင်းတို့ရဲ့ Message တွေကို တစ်စောင်မကျန် အမြန်ဆုံး ပြန်ပေးနေပါတယ် XD။ ​အသေးစိတ် ဆွေးနွေးချင်သူတွေအတွက် FREE Consultation တွေလည်း ပုံမှန်အတိုင်း ပေးနေပါတယ်ဗျ။

‎​Post အသစ်တွေ မတက်လာသေးပေမဲ့ Messenger ကနေ တစ်ဆင့် သူငယ်ချင်းတို့နဲ့ အတူရှိနေမှာမို့လို့ ဘာမဆို အားမနာတမ်း လှမ်းမေးလိုက်တော့နော်။ ❤️

‎အောက်က link လေးကနေတဆင့် Lann Pya နဲ့ ​Consultation Appointment ယူလို့ရပါတယ်ဗျ။
‎🔗https://calendly.com/lannpyaforczechia/30min

‎(Link ကနေ Appointment ယူပြီးတာနဲ့ သူငယ်ချင်းတို့ရဲ့ Email ဆီကို Confirmation Email တစ်စောင် ပို့ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ Email ထဲက "Yes" ဆိုတာလေးကို နှိပ်ပြီး အတည်ပြုပေးမှသာ ကျွန်တော်တို့ဆီမှာ Appointment Success ဖြစ်မှာမို့လို့ Email လေးကို စစ်ဆေးပေးဖို့ မမေ့နဲ့ဦးနော်။)
#နံနံခြားကိုတူတူရွေ့ဖို့

05/04/2026

မေးခွန်းရှိလား? ရှိရင် လက်ညှိုးလေးထောင် ☝️...

အယ် မှားလို့၊ ရှိရင် LannPya Team ကို Comment မှာ မေးခဲ့လိုက်တော့နော် 😁🫶

အချိန်မရွေး၊ နေရာမရွေး Lann Pya နဲ့ Consultation ယူဖို့ အောက်က Link လေးကနေ တစ်ဆင့် Appointment ယူလိုက်ပါခင်ဗျ။

‎🔗 https://calendly.com/lannpyaforczechia/30min

#နံနံခြားကိုတူတူရွေ့ဖို့

Chcete, aby vaše škola byla nahoře v seznamu automobilových společností ve měste škola?

Klikněte zde pro získání vašeho sponzorovaného zápisu.

Poloha

Kategorie

Telefon

Internetová stránka

Adresa


Náměstí Míru
Brno
60200