Annika's Voice

Annika's Voice

Teilen

- A journey to shape a better future -🌱💙

📚English, Knowledge, Personal Development 🎓

15/07/2026

📌 International Education Pathways – Part II

Part I မှာတော့ IGCSE, O Level, A Level နဲ့ IB Diploma အကြောင်း စုံစုံလင်လင် လေ့လာခဲ့ရပြီဆိုတော့

ဒီနေ့ Part II မှာတော့ -
🔹 AP (Advanced Placement) ဆိုတာဘာလဲ⁉️
🔹 SAT & ACT ဆိုတာဘာလဲ⁉️
🔹 Foundation Program
🔹 GED နဲ့ AP / A Level / IB ကွာခြားချက်
🔹 ဘယ် pathway ကို ဘယ်လိုရွေးချယ်သင့်လဲ

ဆိုတဲ့အကြောင်းအရာတွေကို အကြမ်းဖျဉ်း မျှဝေပေးသွားပါမယ်။ ✅

ဒါဆို စလိုက်ရကြအောင်...

📌 AP (Advanced Placement)

AP (Advanced Placement) ဟာ US College Board က စီစဉ်ပေးထားတဲ့ program ဖြစ်ပြီးတော့ အထက်တန်းကျောင်းသား/သူတွေ university level subjects တွေကို ကြိုတင်သင်ယူနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။

📚 AP မှာ ဘာသာရပ်ပေါင်း ၃၈ ခုရှိပြီးတော့

- Mathematics
- Sciences
- History & Social Sciences
- Languages
- Arts
- Computer Science
စတဲ့ subject groups တွေပါဝင်ပါတယ်။

💡 AP ဟာ program တစ်ခုလုံးမဟုတ်ဘဲ subject-based ဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ်လိုချင်တဲ့ subject ကို တစ်ခုချင်းစီရွေးပြီး exam ဖြေလို့ရပါတယ်။

ဥပမာ -

- AP Calculus
- AP Biology
- AP Psychology
- AP Computer Science A

စသဖြင့် ကိုယ့် major နဲ့သက်ဆိုင်တဲ့ subjects တွေကိုရွေးချယ်နိုင်ပါတယ်။

📖 AP exam ကိုတော့ score 1-5 အထိပေးပြီးတော့
5 = Extremely Well Qualified
4 = Well Qualified
3 = Qualified
လို့ သတ်မှတ်ထားပါတယ်။

Highly selective universities တွေကိုလျှောက်မယ်ဆိုရင် AP subjects တွေက academic rigor ကိုပြသနိုင်တဲ့အတွက် အားသာချက်တစ်ခုဖြစ်နိုင်ပါတယ်။

📌 SAT (Scholastic Assessment Test)

SAT ဟာ university admission အတွက် standardized entrance exam တစ်ခုဖြစ်ပါတယ်။

❗ SAT က qualification မဟုတ်ပါဘူး။ သူက entrance exam ပဲဖြစ်ပါတယ်။

📚 လက်ရှိ Digital SAT မှာ

- Reading & Writing
- Mathematics ဆိုပြီး section နှစ်ခုသာရှိပါတယ်။

Score ကတော့ 400 - 1600 အထိဖြစ်ပြီး
1400+ ဆိုရင် competitive universities တွေကိုလျှောက်တဲ့နေရာမှာ အထောက်ကူပြုတယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမဲ့ scholarship နဲ့ admission က SAT score တစ်ခုတည်းကို မကြည့်ဘဲ
GPA, Extracurricular Activities,
Essays, Recommendation Letters
စတာတွေကိုပါ ပေါင်းပြီးသုံးသပ်ကြတာကိုလည်း သတိချပ်စေချင်ပါတယ်။

📌 ACT (American College Testing)

ACT ဟာလည်း USA university admission အတွက် standardized entrance exam တစ်ခုဖြစ်ပါတယ်။

SAT နဲ့ ရည်ရွယ်ချက်တူပေမဲ့ exam structure က နည်းနည်းကွာပါတယ်။

ACT မှာတော့

- English
- Mathematics
- Reading
- Science
- Essay (Optional)

ဆိုတဲ့ sections တွေပါဝင်ပါတယ်။ Writing section ကတော့ optional ဖြစ်ပါတယ်။

Score ကတော့
1-36 အထိဖြစ်ပြီး

34-36 ဆိုရင်တော့ အရမ်းကောင်းတဲ့ score လို့သတ်မှတ်ကြပါတယ်။

ACT နဲ့ SAT ဘယ်ဟာဖြေရမလဲဆိုရင်တော့ ကိုယ့်ရဲ့ မေဂျာရွေးချယ်မှုအပေါ်မူတည်ပြီး ဖြေဆိုနိုင်ပါတယ်။ ကိုယ်က STEM majors တွေဘက်သွားချင်တယ်ဆိုရင်တော့ ACT ကရွေးချယ်မှုကောင်းတစ်ခုဖြစ်သလို၊ တချို့ university တွေက ACT ကို major specific requirements ထဲမှာ ထည့်သွင်းတောင်းဆိုထားတာဖြစ်လို့ (ဥပမာ Thai Chula) ဘယ် test ဖြေမလဲ မဆုံးဖြတ်ခင် ကိုယ်တက်မယ့် uniနဲ့ မေဂျာရဲ့ requirements တွေကို အရင်စစ်ဆေးဖို့ အကြံပြုလိုပါတယ်။ (uni က ACT ဘဲတင်ရမယ်လို့ တောင်းထားတာမဟုတ်ရင် အမကတော့ SAT ပြင်ဖို့ ပိုအားပေးပါတယ်။)

ACT ရဲ့ challenging အဖြစ်ဆုံးအပိုင်းကတော့ personally အမအနေနဲ့ time management လို့ယူဆပါတယ်။ international exam တွေရဲ့ထုံစံအတိုင်း time limit က ကျောင်းသားအများစုအတွက် ပြဿနာတစ်ခုဆိုပေမဲ့ ACT မှာပိုဆိုးပါတယ် 😅
မေးခွန်းတစ်ခုအတွက် ဖြေဆိုချိန် ပျမ်းမျှ တစ်မိနစ်ဘဲရပြီးတော့၊ English လို subject မျိုးမှာဆိုရင် မေးခွန်း (75) ခု အတွက် ဖြေဆိုချိန် (45) မိနစ်ဘဲရပါတယ် 🥶

📌 Foundation Program

Foundation Program ဟာ university မတက်ခင် pre-university preparation program ဖြစ်ပြီးတော့ အများအားဖြင့် ၁နှစ်ခန့်ကြာမြင့်ပါတယ်။

IGCSE, O Level ပြီးတဲ့ကျောင်းသားတွေ
ဒါမှမဟုတ်
local high school qualification နဲ့ international university ဆက်တက်ချင်တဲ့သူတွေအတွက် bridge program တစ်ခုလိုမျိုးဖြစ်ပါတယ်။

📚 Foundation မှာတော့

- Academic English
- Mathematics
- Research Skills
- Major-related subjects

တွေကို အဓိကသင်ကြားပေးပါတယ်။

💡 University တစ်ခုနဲ့တစ်ခု Foundation requirements တွေမတူနိုင်တဲ့အတွက်
မလျှောက်ခင် university website ကို သေချာစစ်ဆေးသင့်ပါတယ်။

📌 GED vs AP vs A Level vs IB

ဒီမေးခွန်းက အမေးများဆုံးထဲက တစ်ခုပါ။
အမှန်တကယ်တော့ "ဘယ်ဟာပိုကောင်းလဲ" ဆိုတာထက်

"ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ဘယ်ဟာပိုကိုက်ညီလဲ"
ဆိုတာက ပိုအရေးကြီးပါတယ်။

💡 အကြမ်းဖျဉ်းနှိုင်းယှဉ်ရမယ်ဆိုရင်

✅ GED

- Fast pathway
- Cost သက်သာ
- US admissions တွေအတွက် အသုံးများ
- GED ကို universities အများအပြားက လက်ခံလာပေမယ့်၊ acceptance policy က university တစ်ခုနဲ့တစ်ခု မတူတဲ့အတွက် ကိုယ်လျှောက်မယ့် university ရဲ့ requirements ကို သေချာစစ်ဆေးဖို့လိုပါတယ်။ (still limited for EU pathways)

✅ AP

- highschool certificate/ diploma မဟုတ်
- Subject တစ်ခုချင်းစီရွေးပြီး လေ့လာဖြေဆိုနိုင်
- University တချို့မှာ college credits or advanced placement အဖြစ် အသုံးပြုနိုင်
- high ranked universities တွေကိုရည်ရွယ်တယ်ဆို ဖြေဆိုသင့် (not necessarily)

✅ A Level

- UK, Singapore, Hong Kong နဲ့ Commonwealth countries အစရှိသဖြင့် widely accepted ဖြစ်လို့ အချိန်ပေးနိုင်၊ ငွေကြေးတတ်နိုင်တယ်ဆိုပြင်ဆင်သင့်
- Major preparation အရမ်းကောင်းပါတယ်

✅ IB Diploma

- Worldwide recognition အရမ်းမြင့်
- Research, Critical Thinking နဲ့ Writing Skills တွေကို အလေးပေးလို့ university readiness အတွက်အများကြီးအထောက်ကူပြုပါတယ်
- Workload လည်း အတော်များပါတယ် :)

📌 ဒါဆို ဘယ် pathway ကို ရွေးသင့်လဲ?

ကိုယ့်ရဲ့ငွေကြေးတတ်နိုင်မှုနဲ့ အချိန်ပေးနိုင်မှုကို အရင်ချင့်ချိန်စဉ်းစားပါ။
ငွေကြေးဆိုတဲ့နေရာမှာ hidden cost တွေဖြစ်တဲ့ exam preparation, travel cost (ပြည်တွင်းမှာ test center မရှိတဲ့ စာမေးပွဲတွေ ရွေးချယ်ထားမိပြီဆို မဖြစ်မနေ ထည့်သွင်းတွက်ချက်ထားရပါတော့မယ်။ GED, IELTS တို့လို demand များတဲ့ exam တွေတောင် တနိုင်ငံလုံးအနှံ့ test center မရှိလို့ ရန်ကုန်၊ မန္တလေး အစရှိသဖြင့်သွားရောက်ဖြေဆိုရပါတယ်။) exam fee (local currency exchange rate) အစရှိသဖြင့် အဘက်ဘက်ကထည့်စဉ်းစားပါ။
တက္ကသိုလ်တစ်ခုနဲ့တစ်ခု admission requirements မတူနိုင်တာကြောင့် "နိုင်ငံ" တစ်ခုတည်းကိုကြည့်ပြီး မဆုံးဖြတ်ဘဲ ကိုယ်တက်ချင်တဲ့ university ရဲ့ official admission requirements ကို အရင်စစ်ကြည့်တာ အကောင်းဆုံးပါဘဲ။

📌 Education Pathway တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်၊ ကုန်ကျစရိတ်နဲ့ လေ့လာရမယ့်အချိန် မတူကြပါဘူး။

✨ သူများရွေးလို့လိုက်ရွေးတာထက်
ကိုယ့်ရဲ့
📍 Budget
📍 Academic background
📍 Target country
📍 Dream university
📍 Dream major
တွေပေါ်မူတည်ပြီး ရွေးချယ်တာက အရေးကြီးဆုံးပါ။

ပညာရေးဆိုတာ marathon တစ်ခုပဲဖြစ်ပါတယ်။
အမြန်ဆုံးရောက်ဖို့ထက် ကိုယ်နဲ့အသင့်တော်ဆုံးလမ်းကို ရွေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် အလျင်စလို မဆုံးဖြတ်ဘဲ သေချာချင့်ချိန်ပြီးမှဘဲ ‌ရွေးချယ်ပြင်ဆင်ကြပါနော် 🌱💙

နောက်အပတ်မှာတော့ scholarship types တွေအကြောင်း ဝေမျှပေးသွားပါမယ် 🤗

👥 Telegram channel:
https://t.me/AnnikasVoice

ℹ️ page: https://www.facebook.com/annikasvoice

Support my pisi page with react, like and share 🌱💙




Photos from Annika's Voice's post 26/04/2026

📚 Guidebook လေးကို တကယ်လေ့ကျင့်ဖြစ်တဲ့သူလေးတွေကတော့ ထိထိရောက်ရောက်ပြန်အသုံးချဖြစ်နေပြီနော် 🤗

✅ မနက်ဖန် Monday မှာ second week စတာဖြစ်တဲ့အတွက် Part 2 လေး challengers တွေအတွက် release လုပ်ပါမယ်။ challenge လေး မjoin လိုက်ရသေးပေမဲ့ စိတ်ဝင်စားတယ်ဆိုရင် group လေး join ပြီး week 1 ကနေစလုပ်နိုင်ပါတယ်။
🔗 Group link: https://t.me/+4GXP_qNS6eZmZDI9

🔰 Join ပြီးမလုပ်ဖြစ်ရင်တော့ အာ့လူလေးတွေကိုအမ group ထဲကဖယ်သွားမှာပါ။ လုပ်ဖြစ်တဲ့သူလေးတွေကိုဘဲ နောက်အပိုင်းတွေအတွက် access ကို email access share ပေးသွားမှာပါ။ ဒါကြောင့် တကယ်လိုက်လုပ်ဖို့တော့လိုပါတယ်နော် 🫵🏻

👀 အစက စီစဉ်ထားတဲ့ထဲမှာ ER မပါပေမဲ့ challenge join တဲ့ ကလေးတွေအတွက် ER အထောက်ကူပြုစေမယ့် resources လေးတွေပါ အမ exclusively share ပေးခဲ့ပါတယ် ✨

📖 Part 2 မှာတော့ learners တို့ ရုန်းကန်နေရတဲ့ vocab မသိဘဲ ဘယ်လိုဖြေရမလဲ Vocabulary in context ကို step-by-step explainations တွေ၊ guided practice တွေနဲ့အတူပြန်‌လည်လေ့ကျင့် အသုံးချသွားနိုင်မှာဘဲဖြစ်ပါတယ် 🤩

နောက်မကျသေးတာမလို့ အခုဘဲ GED RLA Challenge လေး join လိုက်တော့နော်🌿

23/04/2026

𝐒𝐞𝐥𝐟-𝐬𝐭𝐮𝐝𝐲 101

👀 Hello အားလုံးဘဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ ကတိပေးထားတဲ့အတိုင်း self-study လုပ်နေကြတဲ့ ကျောင်းသူ/သား တိုင်းအခက်ကြုံနေကြရဲ့ ပြဿနာလေးတွေအတွက် အဖြေယူဆောင်လာပါပြီ။ 💯

အကြံပေးရုံတင်မဟုတ်ဘဲ အဖြေပါပါတဲ့အတွက် study tracker လေးကို ရယူဖို့မမေ့ကြနဲ့အုံးနော် 🎓

🌿 တကယ်တော့ selfstudy ဘဲလုပ်လုပ် အတန်းဘဲတက်တက် လေ့လာတဲ့နေရာမှာ အခုပြောသွားမယ့် ပြဿနာတွေကို လူတိုင်းနီးပါးကြုံနေရတယ်လို့ပြောရင် လွန်မယ်မထင်ပါဘူး။ ဆိုတော့ အသေးငယ်ဆုံး actionable steps လေးတွေကနေစတင်ပြီး လိုက်နာပြုပြင်ကြရအောင်နော်။

Resource တွေများပြီး ဘယ်ကနေစရမလဲ မသိတဲ့ပြဿနာ 📚

😥 ဒါက learners တွေထင်ထားတာထက်ပိုပြီး လူတော်တော်များကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါ။ ဆရာ၊ဆရာမတွေ sharing page တွေကတော့ ကောင်းနိုးရာရာ resources တွေကို sharing လုပ်ပေးကြမှာပါဘဲ။ ဒါပေမဲ့ကိုယ်ကဒါတွေအကုန်လုံးကို လိုက်ကြည့်ရမယ်လို့ မဆိုလိုပါဘူး။ အမအကြံကတော့ ဘယ်ဘာသာရပ်ကို လေ့လာတာဖြစ်ဖြစ် primary နဲ့ secondary ဆို နှစ်ပိုင်းခွဲပြီး လေ့လာပါ။

Primary: Concepts, Structural Knowledge, ကိုယ်က exam focus ပြင်ဆင်နေတယ်ဆိုရင် အများ recommend ပေးကြတဲ့ real exam နဲ့အနီးစပ်ဆုံးတူညီတဲ့ practice workbook တွေ။

Secondary အနေနဲ့ ကိုယ်အားနည်းတဲ့အပိုင်းကို skill တခုချင်းပြန်လည်ဖြည့်စွက်ပါ။ အမ recommend ပေးတဲ့ resources တွေကိုလည်း နောက်အပတ်ထဲတင်ပေးသွားပါမယ်။

Consistency မရှိခြင်း 😣

👿 Selfstudy လုပ်ခြင်းရဲ့ အကြီးမားဆုံးရန်သူတော်ကြီးပါ။ အများစုက ရက်သတ္တပတ်ရဲ့ ပထမဆုံးရက်၊ လအစ၊ နှစ်အစ၊ စာမေးပွဲဖြေပြီးစ၊ စာမေးပွဲနီးချိန် အစရှိတဲ့ကာလတွေမှာ အရမ်းကောက်ရိုးမီးလို တဟုမ်းဟုမ်းတောက်ပြီး goal အကြီးကြီးချထားတတ်ကြပါတယ်။

အမအကြံပေးတာကတော့
- ကိုယ်နေ့စဉ် မပျက်မကွက်လုပ်နိုင်မယ့် သေးငယ်တဲ့ ပမာဏလေးနဲ့စတင်ပါ။
မိနစ်၂၀/ နာရီဝက်လောက်လေ့လာ၊ ၅ မိနစ်နား ပုံစံမျိုးနဲ့ ကိုယ့်ကိုကိုယ်လှည့်စားပါ။ ဒါက တထိုင်တည်း ၃-၄ နာရီစာကြည့်တာထက် ပိုပြီး တိုးတက်မှုရှိသလို၊ ထိရောက်မှုလည်းရှိပါတယ်။

Input ဦးစားပေးပြီးလေ့လာတာမျိုး ရှောင်ကြဉ်ပါ။ 20% 80% rule ကို ကြားဖူးကြမယ်ထင်ပါတယ်။ ၂၀ ရာခိုင်နှုန်းသော ကြိုးစားအားထုတ်မှုတွေက ၈၀ ရာခိုင်နှုန်းသော ရလာဒ်တွေကိုရရှိစေတယ်ဆိုတဲ့အတိုင်းပါပဲ။
စာအုပ်ကြီးကိုပဲ ထိုင်ဖတ်နေတာ (Passive Reading) ထက် ကိုယ်ဖတ်လိုက်တဲ့ အချက်အလက်ကို ပြန်ပြီး "ထုတ်သုံး" တဲ့နေရာမှာ ပိုအားစိုက်ပါ။

စာတစ်ပိုဒ်ဖတ်ပြီးတိုင်း "အခု ဘာအကြောင်းကိုဖတ်လိုက်တာလဲ။ ကိုယ်နဲ့မရင်းနှီးတဲ့အသစ်အဆန်းဘာပါလဲ" အစရှိတာကို ချရေးတာမျိုး (သို့) ကိုယ့်ဘာကိုယ် ပြန်ရှင်းပြတာမျိုး လုပ်ပါ။

Track your small wins: tracker လေး ဘာလို့လုပ်ပေးဖြစ်ခဲ့လည်းဆိုတဲ့အကြောင်းအရင်းပါဘဲ။ ကိုယ့်ရဲ့ accomplishment record ကိုမြင်တဲ့အခါ မြင်တိုင်း ဒီနှုန်းကိုဆက်ထိန်းထားချင်စိတ်၊ ခွန်အားတစ်ခုရပါတယ်။

(အမဆို Duolingo မှာ ရက် ၂၀၀ ပြည့်ပြီးတော့ အာ့ record ကို မပြုတ်ချင်တော့ နေမကောင်းလည်းဝင်လုပ်ဖြစ်တယ်xD)

နောက်ဆုံးတစ်ချက်အနေနဲ့ "Don't aim for perfection, aim for presence" လို့ ပြောချင်ပါတယ်။ စာမလုပ်ချင်တဲ့နေ့တွေမှာတောင် စာအုပ်ကို ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ဖွင့်ဖတ်လိုက်ပါ။ ပြီးအောင်လုပ်ဖို့ထက် "မပြတ်သွားဖို့" က ပိုအရေးကြီးပါတယ်။

ကိုယ့် progress ကို စစ်ဆေးပေးမယ့်သူမရှိတာ 🧑‍🏫

🎓 အရင်ကဆိုရင်တော့ ပြဿနာကြီးတခုဆိုပေမဲ့၊ အခုခေတ်မှာတော့ ဆရာ/မ အစစ်ကို လုံးဝအစားမထိုးနိုင်ရင်တော့ ကိုယ့် progress ကို ယေဘုယျ ai ကိုစစ်ဆေးခိုင်းလို့ရပါတယ်။ တစ်ခုရှိတာက
- ai ကိုအရမ်းမမှီခိုဖို့နဲ့၊ ကိုယ်ကစာမေးပွဲအတွက်ပြင်ဆင်နေတာဆိုရင် တိကျ‌တဲ့အမှတ်ပေးစည်းမျဉ်းနဲ့၊ အမှတ်ပြည့်/ high score ရထားတဲ့ sample နဲ့ကိုပိုပြီးမှစစ်ဆေးခိုင်းတာကတော့ အနီးစပ်ဆုံးထွက်နိုင်ပါတယ်။

အာ့တာအပြင်မှာတော့ အမစီစဉ်ထားတဲ့ဟာလေးတစ်ခုရှိပါတယ်။

လစဉ် ပထမအပတ်ရဲ့ သောကြာနေ့တိုင်းမှာ တယောက်ကို (IELTS writing, RLA ER, Essay) ဘယ်အမျိုးစားမဆို (၂) ပုဒ်နှုန်း အခမဲ့စစ်ပေးသွားဖို့စီစဉ်ထားပါတယ်။

ဒါလေးကလည်း လူဦးရေအကန့်သတ်ရှိပါတယ်။ အသေးစိတ်ကိုတော့ အမမကြာခင် post လေးတင်ပေးပါ့မယ်ရှင်။

တယောက်တည်းလေ့လာရတာမလို့ motivation မရှိတာ 🫂

👥 လူဆိုတာ social creatures တွေဖြစ်တဲ့အတွက် အပေါင်းအဖော်လေးနဲ့မှ ခရီးပေါက်တယ်ထင်တာ ထုံးစံပါဘဲ။ study group တွေမှာ partner ရှာပြီးမမြဲကြတဲ့ကိစ္စကနေဘဲ စလိုက်ပါမယ်။ အများစုက နေ့တိုင်း ဘယ်နှနာရီတွေ့မယ်၊ လုပ်မယ် ရည်မှန်းချက်ကြီးကြီးတွေနဲ့စလိုက်ပြီး လက်ရှိအခြေနေတွေအရရော၊ ကြာလာတဲ့အခါ စာလုပ်တယ်ဆိုတဲ့ sense ထက် တာဝန်ကြီးတခုလိုခံစားရတာကြောင့်ရော ရေရှည်မဆက်နိုင်ကြတာဘဲဖြစ်ပါတယ်။

အာ့အစား တပတ်တာ ကိုယ့်လေ့လာခဲ့တာတွေကို တဖက်ကိုပြန်လည်ရှင်းပြတာ၊ reflection session ‌အနေနဲ့လုပ်ကြတာက ဝန်မပိုစေဘဲ ရှေ့ဆက်နိုင်မှာဘဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာမလို့ မီးပုံမှန်မရတာ 💢

ကိုယ်လုပ်မယ့်စာလေးတွေကို copy paste ပြီး A4 တမျက်နှာစာလောက်ပုံမှန်လေးထုတ်ပြီး မီးပျက်ချိန်ကြည့်ဖို့လုပ်တာမျိုး၊ မီးလာတုန်းကလေ့လာခဲ့တဲ့ စာတွေကို မီးပျက်ချိန် ပြန် reflect လုပ်တာမျိုးလုပ်တာကလဲ ဘာမှမလုပ်ဖြစ်တာထက်တော့ တိုးတက်မှုတစ်ခုပါဘဲ။ 🌿

✨ Tips တွေပြီးသွားပြီဆိုတော့ အားလုံးစိတ်ဝင်စားနေကြတဲ့ study plan tracker!

Google sheet နဲ့ notion ဆိုပြီး နှစ်မျိုးလုပ်ပေးထားပါတယ်။ tracking သိရရင်ရပြီဆိုတဲ့ minimalist သမားတွေက Google sheet, aesthetic vibe နဲ့မှစာလုပ်တတ်တာဆိုတဲ့သူတွေအတွက် Notion! Tracker လေးရယူချင်ရင်တော့ အမကို messenger မှာ email လေးတချက်ပို့ပေးထားပါရှင်။ access share ပေးပါ့မယ်ရှင့်။ ✅

အားလုံးဘဲ လိုချင်တဲ့အမှတ်တွေ ရနိုင်ကြပါစေရှင် 📚

20/04/2026

👀 Hello everyone!

အမ ဒီ page လေးကို မြန်မာနှစ်သစ်ကနေစပြီးတော့ ပုံမှန်လေးပြန် runသွားဖို့စီစဉ်ထားပါတယ်ရှင်။ သင်္ကြန်တွင်းလေး ကိုယ့်ကိုကိုယ်အလုပ်ပေးလိုက်တာ (၃)လစာ content plan နဲ့ workflow လေးတော့ရသွားပြီမလို့ ရှေ့လျှောက် အရင်လို knowledge sharing အရှည်ကြီးတွေ အားပါးတရပြန်ဖတ်ရပါတော့မယ်ရှင်။ 🤣💪🏻

🔗 တင်ဖူးသမျှ link ပေါင်းချုပ် 📚
https://t.me/AnnikasVoice/49

📖 ကြားထဲမှာ freelancing လည်းပြန်စတော့မှာဖြစ်လို့ အရင်လို Education Pathways တွေတင်မဟုတ်ဘဲ English စာနဲ့ ပတ်သက်တဲ့ resources တွေ၊ bite size videos လေးတွေ၊ အတန်းလေးတွေလည်း ကြိုကြားကြိုကြား တွေ့ရဖို့ရှိပါတယ်။

Personally စိတ်အလှုပ်ရှားဆုံးကတော့ Sunday Podcast ကို version အသစ်နဲ့ပြန်လာဖို့ရှိပါတယ်

Stay Tuned, Everyone! 🫵🏻

☕ နောက်ဆုံးအနေနဲ့ကတော့ အရင်ကဝေမျှခဲ့တဲ့ content တွေကို TikTok မှာ recap ver, YouTube မှာ sharing video ပုံစံမျိုး recreate ပြီး ဖြေးဖြေးချင်း ပြန်တင်ပေးသွားဖို့ရှိပါတယ်။
အကြာကြီးနေမှ တခုချင်းသေချာလေးပြန်စီစဉ်ဖြစ်တာဆိုတော့ အမနဲ့အတူ ခရီးတစ်ခုကို လိုက်ပါစောင့်ကြည့်ပေးကြအုံးနော် 💛

😭 ပေါ်မလာရင်လည်း လာဆူလို့ရပါတယ် xD

📚 ကဲကဲ ဒါနဲ့ GED RLA Reading Challenge လေးအကြောင်းရော သိပြီးသွားကြပြီလား?
ဒီနေ့ challenge လေး တရားဝင်စမှာဆိုတော့ မ join ရသေးရင် အခုဘဲ join လိုက်တော့နော် 📣

💪🏻 Challenge announcement https://www.facebook.com/share/p/1AxwfFMPzn/

😂 Content တသိန်းထိုင်ရေးနိုင်ပေမဲ့ graphic ပြင်ဖို့အရမ်းပျင်းသောမို့ ရှိတဲ့ပုံလေးဘဲထည့်လိုက်ပါတယ်။

18/04/2026

🌿 Hello, နှစ်သစ်လက်ဆောင်လေးနောက်ကျသွားပေမဲ့ စောင့်ရကျိုးနပ်မယ်လို့မျှော်လင့်ပါတယ်။

🤗 Free class လေးဖွင့်ပေးချင်ပေမဲ့အချိန်မပေးနိုင်လို့၊ အမဒါလေးကို community challenge လေးလုပ်ချင်ပါတယ်။ တကယ်အသုံးဝင်ရဲ့လား အသုံးချဖြစ်ကြရဲ့လားဆိုတာလည်းသိချင်လို့ social experiment တခုအနေနဲ့လုပ်ပါမယ်နော်။

🔰 RLA guidebook က စုစုပေါင်း ၄ပိုင်းပါဝင်သွားမှာဖြစ်ပြီးတော့ ER writing တော့မပါဝင်ပါဘူး။ အာ့အစား Part 1မှာတော့ passage structure၊ နောက်အပိုင်း‌တွေကိုတော့ Vocabulary in context, author's tone, essential grammar ဆိုပြီးအစရှိသဖြင့် လေ့လာနိုင်မှာဘဲဖြစ်ပါတယ်။

✅ Challenge လေးမှာ ဘယ်လိုပါဝင်နိုင်မလဲ ဘာတွေစီစဉ်ပေးသွားမှာလဲ?

ဒီ telegram channel လေးကို join ထားဖို့လိုအပ်ပါတယ်။ ပါဝင်သူတွေအနေနဲ့ ကျန်တဲ့ part (3) ခုကို early access ရမှာဖြစ်ပြီးတော့၊ (4) ပိုင်း ပါဝင်တာဖြစ်လို့ တပတ်ကိုတပိုင်း အပြီးလုပ်ရမှာဖြစ်ပါတယ်နော်။ ဒီတလတာ challenge အပြီးမှာ RLA reading နဲ့ grammar အတွက် လိုအပ်တဲ့ အခြေ‌ခံ basic skillတွေကို ပိုင်နိုင်သွားဖို့အမဘက်က အာမ ခံပါတယ်။
live session class (2) ချိန်လည်း ပါဝင်မှာဖြစ်ပြီးတော့ သိလိုရာတွေမေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။

☕ Public ကိုတော့ ဒီ challenge လေးအပြီးမှာ ကျန် (၃) ပိုင်းလုံးကိုတင်ပေးသွားမှာဖြစ်ပါတယ်။

✨ Challenge လေးက 100% FOC ဖြစ်ပြီးတော့ pdfထဲမှာပါတဲ့ ~ 3-5 passages ဘဲ တပတ်"ကိုလုပ်ရမှာပါနော်။ ဘာတွေထပ်လိုအုံးမလဲဆိုရင်တော့ အဆုံးထိဇွဲရှိရှိလုပ်မယ်ဆိုတဲ့ ကတိတခုဘဲလိုပါတယ်။

🌿 အားလုံးဘဲ လိုချင်တဲ့အမှတ်တွေရနိုင်ကြပါစေရှင်။

🔗 Challenge Group: https://t.me/+4GXP_qNS6eZmZDI9

🌿 100% Free. Limited to 30 challengers only! ✨

ပုံကတော့ ဂရက်ဖစ်ဆွဲရမှာပျင်းနေလို့ Duolingo က Challenge လေးတင်လိုက်ပါတယ်xD


17/04/2026

🙏🏻 မင်္ဂလာရှိသော နှစ်သစ်ရက်မြတ်မှာ ပညာရေးခရီးလမ်းရှည်ကိုလျှောက်လှမ်းနေကြတဲ့ မောင်လေး၊ ညီမလေးများအားလုံး ကိုယ်စိတ်နှစ်ပါး ကြည်သာချမ်းမြေ့လို့ အခက်ခဲမှန်သမျှ ကျော်လွှားနိုင်ကြပြီး၊ ရည်မှန်းထားသော အနာဂတ်အိမ်မက်လမ်းခရီးအား‌ အောင်မြင်ချောမွေ့စွာ ‌လျှောက်လှမ်းနိုင်ကြပါစေရှင် 🌿✨

ညနေ (၆) နာရီမှာ telegram channel ထဲ အမပြင်ထားတဲ့ RLA beginner guidebook pdf လေး နှစ်သစ်လက်ဆောင်အနေနဲ့မျှဝေသွားဖို့ရှိပါတယ်ရှင်။ ER ကလွဲရင် RLA နဲ့ပတ်သက်ပြီး question types အစုံချဉ်းကပ်နည်း၊ skill development အစရှိတာတွေကို ပိုင်ပိုင်နိုင်နိုင်နားလည်၊ လေ့ကျင့်သွားနိုင်အောင် guided practice တွေနဲ့ရှင်းပြထားပါတယ်။ အားလုံးဘဲ လိုချင်တဲ့အမှတ်တွေရကြပါစေရှင့် ✨

Channel လေး joinထားကြအုံးနော် 💛

22/02/2026

Academic Writing Foundation vs. IELTS Writing: ဘယ်တစ်ခုက သင့်အတွက်လဲ?
🧐 မနေ့က trial က ညီမလေးတယောက် Academic+IELTS writing group ကို join ပြီးမှ Academic writing foundation နဲ့ ပိုကိုက်တယ်ဆိုပြီး ပြောင်းယူသွားလို့ ဒီနေ့ ဘယ်အတန်းက ဘယ်သူတွေယူသင့်လဲ တချက်ဝေမျှသွားပါမယ်။

အခုလက်ရှိမှာ ကျနော်ဖွင့်ထားတာ
🔺 Academic Writing Foundation (6-week)
🔺 Academic+IELTS Writing (8-week)
ဆိုပြီး တတန်းကို လူဆယ်ယောက်ဝန်းကျင်သာ လက်ခံသွားမယ့် group class လေး (၂) ခုရှိပါတယ်။

✅ အကယ်၍သင်ဟာ -

- IELTS ဖြေဆိုဖို့ မလိုသေးဘူး
- Academic writing ကို အခြေခံကစလို့ guided practice၊ personalized feedback တွေနဲ့ academic essay ကို ကိုယ်တိုင် ယုံကြည်မှုရှိရှိရေးနိုင်ချင်တယ်။
- Solid Pre-intermediate level ရှိထားတယ်။
- Essay structure, sentence control, idea brainstorming အစရှိတာတွေကို သေသေချာချာ လေ့ကျင့်သင်ယူသွားချင်တယ်ဆိုရင်တော့ Academic Writing Foundation (6-week) က သင့်အတွက်ပါ။

✅ ဒါမှမဟုတ်သင်ဟာ -

- Academic writing ကို ထိတွေ့ထားချင်းမရှိဘူး၊ standardized test တခုဖြစ်တဲ့ IELTS ကို ဒီနှစ်အတွင်းမှာမဖြစ်မနေဖြေရတော့မယ် writing မှာ ယုံကြည်ချက်မရှိဖြစ်နေတယ်။
- Sample essay တွေကို ဖတ်ပေမဲ့ structure ကို မမြင်သလို၊ ကိုယ်တိုင်ပြန်ရေးဖို့လည်း အခက်တွေ့နေတယ်။
- Idea ကို ဘယ်လို present/ organize လုပ်ရမလဲမသိဘဲ၊ ကိုယ့်ရဲ့ essay က ဖောင်းပွနေတယ်။
- ရေးနိုင်တယ်ခံစားရပေမဲ့ band 5 ကနေ တက်မလာဘူး။

ဒါဆိုရင်တော့ academic writing ကနေ၊ IELTS writing ready ဖြစ်အောင်သင်ကြားပေးသွားမယ့် Academic+IELTS Writing 8-week အတန်းလေးက သင့်အတွက်ပါ။

🔺 ကျောင်းသားအများစု writing မှာ ရုန်းကန်နေရတယ်ဆိုတာ academic writing နဲ့ ထိတွေ့မှု မရှိဖူးတဲ့အပြင် တချိန်တည်းမှာဘဲ exam format နဲ့ ကိုက်ညီအောင်လေ့ကျင့်ပြင်ဆင်နေရလို့ဖြစ်ပါတယ်။ ၈ ပတ် (၂ လ) တာအတွင်းမှာ writing ကို ယုံကြည်မှုရှိရှိ လေ့ကျင့်ပြင်ဆင်နိုင်ဖို့ အခုဘဲအတန်းအပ်လိုက်တော့နော်။📢

🧑🏻‍🏫 Instructor Profile
IELTS writing band 7.5 ရရှိထားပြီး၊ စာသင်အတွေ့ကြုံ ၄နှစ်ကျော်ရှိထားတဲ့ TESOL certified teacher တယောက်ဖြစ်ပါတယ်။

✨ အတန်းမှာ ဘာတွေသင်ယူရမလဲလေ့လာနိုင်အောင် course outline တင်မဟုတ်ဘဲ syllabus ကိုပါ share ပေးထားပါတယ်။

📙 Trial တချိန်ကျန်သေးတာမလို့ စိတ်ဝင်စားရင် telegram group လေးကို join ပြီး trial class link ကို ရယူနိုင်ပါတယ်။ ✨

𝗢𝗻𝗹𝘆 3 𝘀𝗲𝗮𝘁𝘀 𝗹𝗲𝗳𝘁!
𝙁𝙞𝙧𝙨𝙩 𝙘𝙤𝙢𝙚, 𝙛𝙞𝙧𝙨𝙩 𝙘𝙤𝙣𝙛𝙞𝙧𝙢𝙚𝙙

21/02/2026

Idea တွေရှိပေမဲ့ Band 6 ကျော်ဖို့ ဘာလို့ ခက်နေတာလဲ? 🧐

IELTS Writing မှာ အမှတ်အများကြီး လျော့စေတဲ့ အချက်က Grammar နဲ့ Vocab တင်မဟုတ်ဘဲ "Logical Flow" မရှိတာပါ။ Examiner က သင့်ရဲ့ Idea တစ်ခုနဲ့တစ်ခုကြားမှာ ဘယ်လိုဆက်စပ်သွားလဲဆိုတာကို လိုက်တွေးနေရပြီဆိုရင်တင် အမှတ်က စလျော့ပါပြီ။

ဒီနေ့ည 8:00 PM Trial Class မှာ Structuring & Logical flow ကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ ဝေမျှပေးသွားမှာဘဲဖြစ်ပါတယ်။

✨ ဘာတွေ သင်ပေးမှာလဲ?

IELTS writing band 7.5 ရထားပြီး၊ စာသင်အတွေ့အကြုံ ၄နှစ်ကျော်ရှိထားတဲ့ instructor ကနေဝေမျှပေးသွားမယ့်

✅ Structuring ဆိုတာဘာလဲ၊ effective ဖြစ်ဖြစ် ဘယ်လိုချရမလဲ?
✅ Idea တွေကို ဘယ်လို logically connected ဖြစ်အောင် ချပြရမလဲ
✅ ရှင်းလင်းပြတ်သားတဲ့ Paragraph တစ်ခုရဲ့ တည်ဆောက်ပုံ

အစရှိတာတွေကို လေ့လာရမှာဘဲဖြစ်ပါတယ်။

✨ Only 3 seats left! သင်တန်းအပ်ဖို့ စဉ်းစားနေတဲ့သူလေးတွေ ဆုံးဖြတ်ရခက်နေရင် trial လေးကို လက်လွတ်မခံနဲ့နော်

ဒါဆိုရင် ဒီည (၈) နာရီမှာ တွေ့ကြပါမယ်။
Academic+IELTS writing (8-week) class လေးရဲ့ အသေးစိတ်နဲ့ student benefits တွေ၊ syllabus လေးတွေ သိချင်ရင် cmt က telegram group လေး join ထားလိုက်တော့နော် 🗣️
🔺 Trial link လေးလည်း group ထဲမှာဘဲ share ပေးသွားမှာပါ။

Enrollment closes after this weekend‼️
Annika's Voice

19/02/2026

😩 စာတွေအရှည်ကြီး ရေးနေပေမဲ့ ဘာလို့ အမှတ်က 5-5.5 မှာပဲ တစ်နေတာလဲ? 🧐

✨ Academic Tone ဆိုတာက fancy words တွေ တပြုံကြီးသုံးထားတဲ့ စာကြောင်း၊ စာပိုဒ်တွေကိုပြောတာမဟုတ်ပါဘူး။

📚 ဒီနေ့မှာတော့ learners အများစုမှားတတ်ကြတဲ့၊ အခက်ကြုံနေတဲ့ writing ပြဿနာတခုဖြစ်တဲ့ ”idea ရှိပြီး ရေးနိုင်ခဲ့ပေမဲ့ အမှတ်တက်မလာတာ” နဲ့ပတ်သက်ပြီး တချက်လေ့လာကြည့်ကြရအောင်ပါ။

🧐 Paragraph ကောင်းတပိုဒ်ဆိုတာ ဘာလဲ?
(ဘယ်လို စာပိုဒ်မျိုးကို စာပိုဒ်ကောင်း တပိုဒ်လို့ သတ်မှတ်နိုင်သလဲ?)

🔺Essay တစ်ပုဒ်ကို Paragraphs တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ စာပိုဒ်တစ်ပိုဒ်ချင်းစီမှာ ခိုင်မာတဲ့ Structure ရှိဖို့ လိုအပ်ပါတယ်။ လူအများစုက မရေးခင် structuring (Outline မချဘဲ) လက်တန်းရေးတတ်ကြပါတယ်။

😮‍💨 academic essay တွေဖတ်တယ် ကိုယ်တိုင်လည်း ရေးကြည့်တယ်။ ရေးနိုင်တယ်ခံစားရပေမဲ့ AI ကို စစ်ခိုင်းလိုက်တဲ့အခါမှာဘဲဖြစ်ဖြစ် 5 - 5.5 ဝန်းကျင်မှာဘဲလည်နေတယ်။ well supported ဖြစ်မနေဘူးဆိုတဲ့ feedback တွေဘဲရနေတယ်ဆိုတဲ့ အခိုက်တန့်မျိုး တော်တော်များများကြုံကြမှာပါ။

✅ ဒါကဘာကြောင့်လဲဆို structuring မလုပ်ဘဲ လက်တန်းရေးကြလို့ပါ။ ဒီလိုကြိုတင်မစီစဉ်ထားတဲ့အတွက် "မိမိအနေနဲ့ idea ရှိတယ်။ မရေးခင်လည်း ကြိုတင်လေ့လာထားပြီးသား အကြောင်းရာတခုဖြစ်တယ်။ ကိုယ်တိုင်လည်း writing မှာ အတိုင်းတာတခုထိတော့ ရေးနိုင်တယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိတယ် ဒါပေမဲ့ အမှတ်ကထင်သလောက်မရဘူး" ဆိုတာတွေဖြစ်လာပါတော့တယ်။

✅ Structuring ချတယ်ဆိုတဲ့နေရာမှာ essay တပုဒ်လုံးအတွက်ချဖို့လည်း လိုအပ်သလို၊ တပိုဒ်ချင်းအတွက်လည်းချထားဖို့လိုအပ်ပါတယ်။ ဒါမှဘဲ ကိုယ့် essay က တပိုဒ်နဲ့တပိုဒ် အချိတ်ဆက်မိမိရှိနေမှာဖြစ်သလို၊ တပိုဒ်ချင်းစီကလည်း imbalanced (တပိုဒ်တည်းကွက်ပြီး အားသာတာ အားနည်းတာ) ဖြစ်နေတာမျိုးတွေ မဖြစ်မှာပါ။

🔺Structuring မချမိရင် ဘာဖြစ်မလဲ?

𝗜𝗺𝗯𝗮𝗹𝗮𝗻𝗰𝗲: စာပိုဒ်တစ်ခုက အရမ်းရှည်ပြီး နောက်တစ်ခုက အရမ်းတိုနေတာမျိုး။ (ဒါကအတိုအရှည်ဆိုတာထက်ပိုပါတယ်၊ တခုခုက under developed ဖြစ်နေတာပါ)

𝗢𝗳𝗳-𝘁𝗼𝗽𝗶𝗰: ရေးရင်းနဲ့ လိုရင်းမရောက်ဘဲ မဆိုင်တဲ့အကြောင်းတွေပါထည့်ရေးဖြစ်တာ

𝗟𝗮𝗰𝗸 𝗼𝗳 𝗖𝗼𝗵𝗲𝘀𝗶𝗼𝗻: တစ်ကြောင်းနဲ့တစ်ကြောင်း၊ တပိုဒ်နဲ့ တပိုဒ် အချိတ်အဆက် မမိတော့ဘဲ ဖတ်ရတာ ထောက်နေတာမျိုး။

🔺 ဒါဆိုရင် 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗶𝗻𝗴 ဘယ်လိုချမလဲ?

Academic writing မှာ idea မထွက်ဘူးဆိုတဲ့အချက်ကို ကျောင်းသားအများစုက စိတ်ဖိစီးကြပေမဲ့၊ တကယ်တမ်း idea အများကြီးမလိုပါဘူး။ 𝙔𝙚𝙨, 𝙮𝙤𝙪 𝙝𝙚𝙖𝙧𝙙 𝙢𝙚!

အကောင်းဆုံး Structuring ချတာက 𝗢𝗻𝗲 𝗣𝗮𝗿𝗮, 𝗢𝗻𝗲 𝗠𝗮𝗶𝗻 𝗜𝗱𝗲𝗮 ပါဘဲ။ တပိုဒ်ချင်းမှာ ပြောချင်တဲ့အကြောင်းရာက တခုထက်မပိုသင့်ပါဘူး။ topic sentence ကလွဲရင် ကျန်တာတွေသည် main idea ကို support လုပ်နေတဲ့ စာကြောင်းတွေဘဲဖြစ်ရပါမယ်။

တွေ့ဖူးတဲ့ကျောင်းသားတော်တော်များများလည်း ဒီတချက်ကိုဘဲ သတိထားပြီးပြင်လိုက်တာ‌နဲ့ သိသိသာသာတိုးတက်ပြောင်းလဲမှုတွေမြင်ရပါတယ်။

✨ ဒီလို Structuring ပိုင်းကို စနစ်တကျ ဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာပြင်ဆင်နိုင်ဖို့ 8-week 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 + 𝗜𝗘𝗟𝗧𝗦 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀 ကို အခုဘဲ 𝗿𝗲𝗴𝗶𝘀𝘁𝗲𝗿 လုပ်လိုက်ပါ။ Only 3 seats left!

သင်တန်းနဲ့ပတ်သက်ပြီးအသေးစိတ် သိရှိလိုပါက
📩 Page messenger or (DM) မှာ "Writing Class" လို့ ပို့ပြီး စုံစမ်းနိုင်သလို၊

🔗 Telegram Group ကို Join ပြီး Syllabus နဲ့ Trial slot တွေကို ကြည့်ရှုနိုင်ပါတယ်ရှင်။

’sVoice

19/02/2026

🧐 Writing မှာ အရေးကြီးဆုံးကဘာဖြစ်မလဲ? Task response ဆိုတာတွေကရော ဘာတွေလဲ? Writing ရေးတိုင်း idea မထွက်ဘူး။ ဒါမှမဟုတ် idea တွေဘဲများနေပြီး ဘယ်လို structure ချရမလဲမသိဘူး။

😔 ဒီလိုခံစားနေရတာ သင်တယောက်တည်းမဟုတ်ပါဘူး။ productive skill ဖြစ်တဲ့ writing မှာ အားနည်းတယ်ဆိုတာ academic writing ကို စနစ်တကျမလေ့လာဖူးသေးတာကြောင့်လည်းဖြစ်နိုင်သလို၊ ထိတွေ့လေ့ကျင့်မှု မရှိလို့အားနည်းတာလည်းဖြစ်နိုင်ပါတယ်။

🤨 Essay ကောင်းတပုဒ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ကိုယ်ဖတ်နေတဲ့ academic essay တွေလို ကိုယ်ရေးနိုင်ဖို့ဆို ဘာတွေလိုအပ်မလဲ?

✅ Writing အမှတ်တက်ဖို့၊ essay ကောင်းတပုဒ်ရေးနိုင်ဖို့ဆိုတာက Structuring, logical flow နဲ့ sentence control တွေက စကားပြောသွားတာပါ။
ကျောင်းသားအများစုက academic writing အတွက်သီးသန့်အချိန်ပေးပြင်ဆင်ဖူးတာထက် standardized test တွေဖြေတော့မှ စတင်လေ့လာဖူးတာများပါတယ်။

✨ Task response ကအရေးကြီးသလို၊ academic writing ကိုလည်း တီးမိခေါက်မိရှိမှဘဲ ခရီးတွင်မှာဖြစ်လို့ IELTS အတွက် writing သီးသန့် class ရှာနေတယ်ဆိုတဲ့သူလေးတွေအတွက် Academic+IELTS writing 8-week class လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🥳

✅ ဒီသင်တန်းလေးမှာဆိုရင်
- အခြေခံ academic writing ချဉ်းကပ်ပုံကစလို့၊ IELTS writing မှာ အရေးပါတဲ့ paraphrasing, idea development အစရှိတာတွေကိုပါ ပြင်ဆင်ထည့်သွင်း သင်ကြားပေမှာဖြစ်လို့ exam strategies တွေကို တက်မြောက်သွားရုံသာမကဘဲ academic writing အတွက်သိသင့်သိထိုက်တာတွေကိုပါ လေ့လာသင်ယူနိုင်မှာဘဲဖြစ်ပါတယ်။

✨ Student benefits တွေနဲ့ သင်တန်းကြောင်းအသေးစိတ်ကို ဒီမှာကြည့်ရှုနိုင်ပါတယ်။
https://t.me/+6SFCB3p4a_85ODdl

အောက်ကတော့ ကျနော်နဲ့ ၄ ပတ်တာယူပြီး လေ့ကျင့်ဖြေဆိုခဲ့တဲ့ ညီမလေးရဲ့ result ဘဲဖြစ်ပါတယ်။

Limited seats ဖြစ်ပြီးတော့ ၅ယောက်ဘဲထပ်မံလက်ခံတော့မှာဖြစ်လို့ အခုဘဲလာအပ်လိုက်တော့နော်🥳

Class info
Date: Sat, Sun, Mon
Time: 7:00 - 8:30 PM
Duration: 8 weeks
Format: online (zoom)+ recording
Fee: 150,000 MMK

သင်တန်းအချက်လက်ကို messenger မှဖြစ်စေ၊ telegram မှတဆင့်ဖြစ်စေ စုံစမ်းမေးမြန်း စာရင်းသွင်းနိုင်ပါတယ်။

Wollen Sie Ihr Schule/Universität zum Top-Schule/Universität in Zßrich machen?

Klicken Sie hier, um Ihren Gesponserten Eintrag zu erhalten.

Lage

Kategorie

Webseite

Adresse


ZĂźrich