18/07/2026
မူကြိုဖွင့်လိုသောဆရာ ၊ ဆရာမများရှင်
မိမိကိုယ်ကိုယ်မိမိလိုအပ်သည်များအရင်ဖြည့်ကြပါ။ ကိုယ်ကဖောင်ဒါပဲလုပ်မယ်ဆိုရင်တော့ Business plan ပိုင်နိုင်ရပါမယ်။ သင်ကြားရေးပါ ပါလာရင်တော့ လူမူ့ဝန်ထမ်းကဖွင့်တဲ့သင်တန်းတက်ဖို့အရင်စာရင်းပေးထားပါ။ တစ်နှစ်ကျော်စောင့်ချိန်ကြာနိုင်ပါတယ်။ အဲအချိန်မှာကျောင်းဖွင့်ရင်လိုအပ်မယ့်ပစ္စည်းတွေ တန်ကောင်းသက်သာဖြစ်တာလေးတွေဝယ်စုပါ။ ကျောင်းဖွင့်မယ်နေရာသေချာစဉ်းစားဆုံးဖြတ်ပါ။ မြို့နယ်ကြက်ခြေနီရုံးမှာ First aid သင်တန်းဖွင့်ချိန်စုံစမ်းပြီး သင်တန်းတက်ပါ။ Computer word ,Excel အခြေခံထက်နည်းနည်းပိုတတ်အောင်သင်ယူလေ့လာပါ။ worksheet တွေကိုယ့်ဖာသာလုပ်နိုင်အောင်လေ့ကျင့်ပါ။ ပရင်တာ တစ်လုံးကြိုဝယ်ထားပြီးကျောင်း Decoration အတွက်လုပ်ရမှာလေးတွေကြိုပြင်ပါ။ မူကြိုကျောင်းတစ်ကျောင်းကျောင်းမှာရတဲ့လစာနဲ့အလုပ်ဝင်လုပ်ကြည့်နိုင်ရင်တော့ပိုကောင်းပါတယ် အနည်းဆုံး ၆လလောက်လုပ်ကြည့်ပါ။ မူကြိုကိုလူအတော်များများကလွယ်တယ်ထင်တတ်ကြပါတယ်၊ ကိုယ်တိုင် လုပ်ကြည့်မှသိလာမယ့်အတွေ့ကြုံတွေအများကြီးပါ။ Servic seater မို့ Social skill နဲ့ public speaking skill ကောင်းဖို့လည်းလိုပါတယ်။ English စာအုပ်တွေဖတ်ပါ၊ English poems,songs တွေနားထောင်ပါ။ Phonic ကိုလေ့လာပါ။
အပေါ်ကကျမပြောတဲ့အခြေခံလေးတွေပြင်ဆင်ရင်းတစ်နှစ်ကျော်ကာလဟာမြန်မြန်ဆန်ဆန်ပြီးဆုံးသွားပြီး ECCD လူမူ့ဝန်ထမ်းသင်တန်းတက်ချိန်ရောက်လာမှာပါရှင်။ ဘာလို့လူမူ့ဝန်ထမ်းကသင်တန်းကိုမဖြစ်မနေတက်ခိုင်းလဲဆိုတော့ ကိုယ့်မူကြိုလိုင်စင်တင်ရင် ECCD လက်မှတ်ရ၂ယောက်မှာတစ်ဦးက လူမူ့ဝန်ထမ်းလက်မှတ်ရဖြစ်ရမှာမို့ပါ။ စမ်းချောင်းရန် အောင်လမ်းမှာဖွင့်တဲ့ ပညာတန်ဆောင်မှာတက်ရင်လည်းလိုင်စင်တင်ရင်သုံးလို့ရပါတယ် ဒါပေမယ့် လူမူ့ဝန်ထမ်းလက်မှတ်ကကိုယ်တိုင်ရထားရင်ပိုအဆင်ပြေတာမို့ပါ။ ကျမကိုယ်တိုင် Founder သင်တန်း၊ECCD သင်တန်းတွေလည်းဖွင့်ပါတယ် ၊ဗဟုသုတပိုလိုချင်သူ ပိုသိချင်သူတွေအတွက်ပါ။ သိုပေမယ့်အစိုးရအသိမှတ်ပြုလက်မှတ်ရသင်တန်းကတော့ဦးစားပေးတက်ကြရပါမယ်ရှင်။
ECCD နဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီးမို့ရှာဖတ်ပါ။ ကျရဲ့ Learning Odyssey Education page မှာတင်ပေးထားတဲ့မူကြိုဆရာမများလက်ကမ်းစာဆောင်များနဲ့ 0-5 parenting စာအုပ်လေးများရှိပါတယ်။ ဆရာ ဆရာမများအတွက်အတော်အကျိုးရှိတာမို့ ဝင်ရှာဖတ်ကြည့်ပါရှင်။
ကျမဆီသင်တန်းတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ။ ကျမရောင်းနေတဲ့ Monthly package လေးဝယ်သည်ဖြစ်စေ၊မဝယ်သည်ဖြစ်စေ မူကြိုကျောင်းနှင့်ပတ်သက်၍သိလိုသည်များရှိပါကမေးမြန်းနိုင်ပါတယ်။ မူကြိုဖွင့်ထားပြီး ပြဿနာအခက်အခဲရှိပါကတိုင်ပင်နိုင်ပါတယ်။ ကျမသိသလောက်ပြောပြပေးပါမယ်၊ အကြာကြီးမေးစရာပြောစရာရှိရင်တော့ Sundayမှာခေါ်တာပိုအဆင်ပြေပါတယ်။Viber ကနေစာပို့ပြီးပြောလည်ူရပါတယ်။ ကျမဆီကို ဘယ်သူကတော့သင်တန်းလာတက်တာပေါ့၊ ကျမဆီကpackage ကိုဘယ်သူကတော့ဝယ်ပါတယ်ဆိုပြီးကြေငြာပြီးတော့ Marketing မလုပ်ပါဘူး။ရေစက်ရှိ ကံစပ်ကြရင်ဆုံကြ တွေ့ကြမှာပါ။ ဘယ်သူကတော့သူ့ကျောင်းကဘယ်လိုပါဆိုပြီးပြောပါတယ်လို့ Third party ကိုပါးစပ်ဖွမပြောဖူးပါဘူး။ ကိုယ်ရေးတဲ့သမိုင်းကိုယ်ဖာသာဆေးခြယ်ကြရတာမို့ အလှဆုံးပန်ချီကားလေးဖြစ်ဖို့ မိမိဖာသာဆေးခြယ်ကြရမှာပါရှင်။
Photo credit to original uploader.