H&H fashions

H&H fashions

Partager

Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de H&H fashions, Democratic Republic of the.

08/03/2025

အဓိကကတော့ ကိုယ့်အတွက်ဆိုတဲ့ စိတ်ကလေးရှိနေဖို့ပါပဲ..။

လူတစ်ယောက်က သူ့ဘာသာ ဘာကြီးဖြစ်နေပါစေ
သူ့မှာဘာတွေရှိနေလဲဆိုတာထက် သူက ကိုယ့်ကို
ဘာတွေပေးချင်တဲ့ လူလဲဆိုတာက ပိုပြီး အရေးပါလိမ့်မယ်။

သူ့မှာအများကြီးရှိနေလည်း ကိုယ့်အတွက် တစ်ခုမှမပေးချင်တဲ့လူကပေးမှာမဟုတ်ဘူး။ ကိုယ့်အတွက်ပေးချင်တဲ့လူကတော့ သူ့မှာဘာမှမရှိရင်တောင် ကိုယ့်အတွက်ဆိုပြီး ကြိုးစားပေးလိမ့်မယ်။

ချစ်ခြင်းမေတ္တာကအစ ဘဝရဲ့တစ်သက်တာ အရာအားလုံး အဆုံးပဲ။

ချစ်မပြတတ်ပါဘူး၊ ဂရုမစိုက်ပြတတ်ဘူး၊ အလိုက်မသိတတ်ဘူးဆိုတဲ့လူကလည်း တကယ်တမ်းကိုယ်နဲ့နီးစပ်ချင်ရင်တောင် ကိုယ်သူ့အချစ်ကိုယုံကြည်လာအောင် သူလုပ်ပြလိမ့်မယ်။

ကိုယ့်ဆီကိုရောက်လာတဲ့လူတွေဆီမှာ ပြည့်စုံမှုတွေပါလာဖို့မလိုဘူး ကိုယ့်အတွက်ဆိုတဲ့စိတ်တွေရှိနေဖို့ပဲ လိုတယ်..။

သိပ်ပြီးစကားပြောကောင်းတဲ့လူဖြစ်စေဦးတော့
ကိုယ့်အတွက်သာ ကောင်းမွန်တဲ့မေတ္တာတွေရှိမနေရင်
သူ့ဆီက ချိုသာတဲ့စကားကိုကြားရမှာမဟုတ်ဘူး။

ဟင်းချက်ကောင်းတဲ့လူကလည်း ချက်ကျွေးချင်စိတ်ရှိမှချက်ကျွေးမှာပါ..။ ကိုယ့်ကိုချက်ကျွေးချင်တဲ့လူကတော့ သူဟင်းတစ်ခွက်ချက်တတ်ဖို့ ကြိုးစားလိမ့်မယ်..။

လူတိုင်းကတော့ ဒဏ်ရာတွေရှိတာပါပဲ။
ကိုယ့်နဲ့နီးဖို့က သူ့ဒဏ်ရာတွေထက်ပိုအရေးကြီးနေရင်တော့ သူကအချစ်တတ်ဆုံးလူတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။

ဘဝလိုအပ်ချက်တွေလည်းဒီအတိုင်းပဲ
သူ့မှာ ဘာတွေရှိလဲဆိုတာထက်သူက ကိုယ့်အတွက်
ဘာတွေဖြည့်ဆည်းပေးချင်လဲဆိုတာက အရေးကြီးတယ်။

အဲ့လိုပဲ သူ့အတွက်ဆိုတဲ့ စိတ်ကလေးလည်းရှိဖို့
မမေ့နဲ့။

Crd

08/11/2024

ဝင်ငွေမရှိတဲ့ မိန်းမတစ်ယောက်ဟာ
မပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်နဲ့တူတယ်
ကောင်းကင်ကို ကြည့်ပြီးမျှော်လင့်နေရုံပဲ
အမြင့်ဆိုတာ (သူမအတွက်)အိပ်မက်တစ်ခုမျှသာ.....။

အိမ်ထောင်ရှင်မဆိုတဲ့ ဂုဏ်ကိုဖက်တွယ်မက်မောနေတဲ့ မိန်းမတစ်ယောက်ဟာ အခန်းကျဉ်းလေးထဲက မီးလုံးလေးတစ်ခုနဲ့တူတယ်
ဖွင့်ခြင်းပိတ်ခြင်းခံနေရတဲ့ သူ့အလင်းဟာ
ကန့်သတ်နယ်မြေတစ်ခုနဲ့ .....။

တစ်ကယ်တော့
မိန်းမတစ်ယောက်ဟာ
အများနည်းတူ တောင်ပံဖြန့်
ပျံသန်းနိုင်ရမယ်
ဘ၀ဆိုတာ မျှော်လင့်အိပ်မက်နေရုံနဲ့ တင်းတိမ်မနေသင့့်ဘူး
မိသားစုအတွက် လွယ်အိတ်လိုလူမဖြစ်သင့်ဘူးပေါ့

မိန်းမတစ်ယောက်ဟာ နေမင်းလို ကိုယ်ပိုင်အလင်းလဲရှိသင့်တယ် နေ့အခါလုံလောက်တဲ့ အလင်းရောင်ကိုကြဲဖြန့်ရင်းညခင်းမှာလမင်းအတွက်လည်း မျှဝေထွန်းလင်းခွင့်ပေးရမယ်.... crd
crd

03/11/2024

စကားတွေဟာ မတော်တဆ ပြောမိလိုက်တာမျိုး
မရှိဘူး
သူ့စိတ်ထဲမှာ အမြဲရှိနေတဲ့ အစိုင်ခဲတစ်ခုကို
ပြဿနာနဲ့ရောပြီး ဖွင့်ချမိလိုက်တာပဲ ရှိတယ် ။

ဒါကို မတော်တဆ ပြောမိတာပါလို့ တောင်းပန်လည်း
ကြားလိုက်ရတဲ့သူဘက်ကတော့ စိတ်ထိခိုက်သွားရမှာ
အမှန်ပဲ ။

သူက ငါ့ကို အမြဲ အဲ့ဒီလို ထင်နေခဲ့တာလား
အမြဲတမ်း အဲ့ဒီ့စိတ်နဲ့ ငါ့ကို ပတ်သက်နေခဲ့တာပေါ့
ဆိုတဲ့ အသိက ဖျောက်မရတော့ဘူး ။

စကားတွေဟာ မတော်တဆ မဟုတ်ဘူး ဆိုတဲ့
အဓိပ္ပာယ်ကို ပိုသိလာလေ ပိုနာကျင်ရလေပဲ ။

ဘယ်လောက်ချစ်ချစ် / ခင်ခင်
စကားတစ်ခွန်းကြောင့် ကမ္ဘာတွေခြားအောင်
ဝေးသွားကြရတယ်ဆိုတာ တကယ်ရှိတယ် . ။
Crd

31/10/2024

" နားလည်မှု "
____________
တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေဖို့...
သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာထက်...
ငါ့ဘက်ကသူ့ကို" ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာပဲ သိပ်အရေးကြီးတယ် ။
" ကိုယ်ကလည်း အဲဒီအတွေးရှိမယ်...
သူကလည်း အဲ့ဒီအတွေးရှိမယ် " ဆိုရင်...
အဲ့ဒီဆက်ဆံရေးဟာ သိပ်ကိုအဆင်ပြေပါတယ် ။
တခါတေလ...
တဖက်က အရမ်းတင်းလာခဲ့ရင်တောင်
တဖက်က အရမ်းလျော့ပေးတတ်ရတယ် ။
အဲ့လိုမှ မဟုတ်ပဲ...
သူတင်း ကိုယ်တင်းနဲ့ဆိုရင်တော့
သေချာတယ်...
အဲ့ဒီဆက်ဆံရေးဟာ သိပ်အဆင်မပြေတော့ဘူး..။
နောက်ပြီး...
တစ်ယောက်နဲ့တစ်ယောက် အနိုင်လိုချင်စိတ်တွေနဲ့
အသေးအမွှားလေးတွေကအစ...
အကြီးကြီးတွေလို ချချပြနေပြန်ရင်လည်း သိပ်မဟုတ်သေးဘူး ။
တစ်ခုတော့ရှိတာပေါ့...။
ကိုယ်တစ်ယောက်ထဲအဆင်ပြေဖို့ဆိုရင်
ကိုယ့်ဘက်ကပဲအနာခံပြီး နားလည်ပေးနေရင်တော့ရတာပေါ့ ။
ဒါပေမဲ့...
နှစ်ယောက်အဆင်ပြေဖို့အတွက်ကတော့
တဖက်ထဲချည်းပဲ နားလည်ပေးနေလို့မဖြစ်ဘူး ။
တဖက်နဲ့တဖက်မျှမျှတတ
သူတလှည့် ကိုယ်တလှည့်...
သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီးနားလည်ပေးတတ်ရတယ် ။
ဒီနားလည်မှုတွေက ကွဲလွဲကြပြီဆိုရင်...
အစပြန်ကောက်ဖို့ကလည်း အင်မတန်ခက်ခဲတယ် ။
တစ်ယောက်ကနားလည်းပေးပြီး နောက်တစ်ယောက်ကနားလည်မပေးပြန်ရင်လည်း ဆက်ဆံရေးတွေက အလိုလိုကြဲလာတယ် ။
ကိုယ့်ရဲ့ဆက်ဆံရေးတွေ မပြိုလဲချင်ဘူးဆိုရင်...
ကိုယ်တွဲထားတဲ့လက်တွေ မကွဲချင်ဘူးဆိုရင်...
သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတဲ့စိတ်ထက်...
ငါ့ဘက်ကသူ့ကို" ဘယ်လောက်နားလည်ပေးနိုင်ရမယ် " ဆိုတဲ့စိတ်ပဲ ရှိဖို့လိုတာပါ ။
တကယ်တော့
" နားလည်မှု " ဆိုတာ
စကားလုံးလှလှလေးနဲ့ခြုံထားတဲ့ အကောင်းမြင်စိတ်ကလေးပါပဲ ။
Crd

Crd

25/10/2024

အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲအောင်
*************************************

၁။ အပြန်အလှန် လေးစားပါ

ခင်ပွန်းကလည်း ဇနီးဖြစ်သူကို လေးစားပါ။ ဇနီးကလည်း ခင်ပွန်းကို လေးစားပါ။ ထိုသို့ အပြန်အလှန် လေးစားခြင်းဟာ အိမ်ထောင်းရေး အတွက် အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း မှားမယ် မထင်ပါ။

၂။ ယုံကြည်မူ

ဘာမှ မဟုတ်တဲ့ ကိစ္စလောက်ကိုပင် မယုံမကြည် မတွေးသင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မူ ထားရှိခြင်းအားဖြင့် အတော်အတန် ပြဿနာများကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

၃။ အနစ်နာခံခြင်း

ခင်ပွန်း အတွက် ဇနီးသည်က အနစ်နာခံသလို ဇနီးအတွက်လည်း ခင်ပွန်းက အနစ်နာ ခံပေးပါ။ ထိုသို့ မဟုတ် ဘယ်သူ သာတယ်
ဘယ်သူ နာတယ်လို့ တွေးတောနေရင်တော့ မကောင်းပါ။

၄။ မိမိတာဝန် မိမိကျေပွန်ပါစေ

ခင်ပွန်းမှာလည်း ခင်ပွန်း တာဝန်ယူထားတဲ့ တာဝန် ရှိသလို ဇနီးမှာလည်း ဇနီးသည် တာဝန်ယူတဲ့ ကိစ္စ တာဝန်တွေ ရှိကြပါတယ်။ ထိုတာဝန်တွေကို နှစ်ယောက်လုံး ကျေပွန်ကြပါစေ။

၅။ မေတ္တာစစ်နဲ့ ချစ်ပါ

ချစ်ခြင်း မေတ္တာကတော့ ကျယ်ပြန့်ပါတယ်။ မိမိ၏ အိမ်ထောင်ဖက် အပေါ် ချစ်မှသာ အိမ်ထောင်ရေးက ရေရှည်ခိုင်မြဲမှာ ဖြစ်ပါတယ်။ ထိသို့ မဟုတ်ဘဲ ချစ်ခြင်း မေတ္တာ မရှိတဲ့ အိမ်ထောင်ရေး ဆိုတာ ရေရှည်ခိုင်မြဲဖို့ဆိုတာ ခက်ခဲပါတယ်။

Credit...

25/10/2024

ပူညံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူတို့ကမိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့။

နှမျော တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူကသင့်ရဲ့ နောင်ရေးအတွက်တွေးပြီး ထိန်းသိမ်း ပေးနေရလို့

ဟင်းချက်ညံ့တဲ့ ဇနီးကို တန်ဖိုး ထားပါ အရသာရော့ပေမဲ့ အပြင်စာတွေထက်တော့ သင့်ကျန်းမာရေး စိတ်ချရလို့။

ရုပ်မလှတဲ့ ဇနီးကို တန်ဖိုးထားပါ လမ်းပေါ်က မိန်းမတွေလို မလန်းပေမဲ့ သင့်ဘဝရဲ့ နေဝင်ချိန်အတွက်‌တော့ စိတ်အေးရမှာပါ။

တကယ်တော့ မိန်းမတွေ ပူညံပူညံ လုပ်တယ်ဆိုတာ
ကိုယ့်လင်သားကို အကောင်းဆုံးတွေပဲဖြစ်စေချင်လို့ နေရာတကာလိုက်ပြောရင် အချစ်တွေရော့မယ် ဆိုတာ သိရက်နဲ့အမုန်းခံပြောနေရတာ မေတ္တာစိတ်ကြောင့်ပါ။

လင်သားထက် ကိုယ့်ကိုကိုယ်ပဲ ပိုချစ်တဲ့မိန်းမမျိုးက
တော့ အမုန်းမခံဘူး။ အရက်သောက်ရုံမကလို့ အစိပ်ပဲ သောက်သောက် ကိုယ့်အရေးလား မှောင်ခိုပဲ လုပ်လုပ် ထောင်ပဲကျကျ သူ့တို့အတွက် အဓိကကျတာ ကိုယ်လှဖို့နဲ့ ကိုယ်လန်းဖို့ ကိုယ်သုံးရဖို့ ကိုယ်ပိုပြီး အချစ်ခံ ရဖို့ပဲ။

ပြောကြသေးတယ် မိန်းမဆီရောက်သွားတဲ့ ပိုက်ဆံ ပြန်ရဖို့ ခက်လို့ လျှိုထားမှ ဖွက်ထားမှအကုန်မအပ်မှတဲ့။

နောင်ရေးနဲ့ကျန်းမာရေးအကြောင်းတခုခုပေါ်လာတဲ့အခါ နှမျောတတ်ပြီး စည်းစနစ်ရှိတဲ့မိန်းမတယောက်ရဲ့ တန်ဖိုးကိုသိရပါလိမ့်မယ်။

အိမ်ကမိန်းမချက်တဲ့ဟင်းကို ငြီးငွေ့လို့အပြင်မှာပဲ
စားချင်တဲ့သူတွေရှိတယ်။

ဟင်းချက်တယ်ဆိုတာအိမ်ရှင်မတယောက်အတွက် အပျော်ရွှင်ဆုံး အလုပ်လို့တောင်ပြောလို့ ရပါတယ်။
ကိုယ်ကြိုက်တဲ့လက်ရာကိုပြောပြပြီး ပြင်ခိုင်းလို့ရတာပဲ။

ဇနီးမယားကတော့ အပြင်ဆိုင်က သူတွေလို ဆီများများ အချိုမူန့် ပေါပေါမထည့်ဘူး မှိုတက်နေလားမသိတဲ့ ငရုပ်မှုန့်တွေမဖြစ်အောင်ရယ် သန့်ရှင်းစွာနဲ့ လိုတိုး ပိုလျှော့သတိနဲ့ထားပြီး ချက်ပြုတ်ရလို့ဆိုင်ကဟင်းတွေ လောက်ခံတွင်းမတွေ့ရင်တောင် ကျန်းမာဖို့တော့ စိတ်အေးရတယ်။

အပြင်က စော်လေးတွေ ချောလိုက်တာကွာ
အိမ်ကဟာမကြီးတော့ ပြန်တောင်အမ်းလိုက်ချင် သေးတယ်လို့ မိန်းမကွယ်ရာမှာ အပုတ်ချစကား လုပ်ပြောနေတဲ့ယောကျာ်းတွေရှိတယ်။

ဇရာတွေဖက် လင်ပူသားပူနဲ့အိမ်အလုပ်တွေ လုံးချာလိုက်ပြီး အလှပြင်ချိန်တောင်မရှိ တော့တဲ့ ကိုယ့်ရဲ့ ဇနီးမယားကို စကားအဖြစ်နဲ့တောင် လှောင်ပြောင်မပြောသင့်ပါဘူး။ မိန်းမကောင်းတွေမို့ လင်ယူသားမွေး ဘဝတခုလုံးကို ပုံအပ်ပြီး ရုပ်ပျက်တဲ့ အထိပေးဆပ်နေတာပေါ့။

အပျိုကြီးတွေကလွဲရင် တချို့သော မိန်းမတွေကတော့ လင်တွေသားတွေအတွက် သူတို့ဘဝကိုယ် ဘယ်တော့မှ မပေးဆပ်ဘူး။ လန်းနေအောင် အလှတွေပြင် ပျော်ပျော်နေ ပျော်ပျော်စား ယောကျာ်းတွေကိုအသုံးချပြီး လှလှလေးပဲနေသွား ကြမှာ။

ဒါကြောင့်မို့ ...

အစစ်ကိုမြင် အချစ်ကိုပြင်နိုင်ကြပါစေ ...။Crd

credit

24/10/2024

🧠သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု🧠

၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို
သင်ဂရုစိုက်စရာ မလိုပါဘူး။
တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။
ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။ တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။ “ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။ အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ်ကျင့်တရားကောင်းတဲ့့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။
စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။
CRD

18/10/2024

ဝဋ့်ကြွေးကုန်ချိန်ဆိုတာရှိတယ်။
ချစ်တဲ့စိတ်ကြောင့်
ဘယ်လောက်ပဲအလူးအလဲငုံ့ခံနေပါစေ။
ဝဋ့်ကြွေးတွေကုန်ရင်...
အလိုလို..ချစ်တဲ့စိတ်တွေနည်းပါးသွားတယ်။
ဥပေက္ခာပြုတဲ့စိတ်တွေထားတတ်လာတယ်။

ပေးဆပ်ခြင်းတို့
ကုန်ဆုံးချိန်ဆိုတာလည်းရှိသေးတယ်။
ပေးဆပ်ဖို့အကြောင်းပါလာရင်
ရယူလိုတဲ့အတ္တလောဘမရှိပဲနဲ့ကိုပေးဆပ်တယ်။
ပေးဆပ်ရခြင်းမှာလည်းကျေနပ်နေတယ်..။

ပေးဆပ်ခြင်းတို့ကုန်ဆုံးသွားတဲ့အခါ
စိတ်ခံစားမှုဟာလည်း..တမျိုးတမည်ပြောင်းလဲသွားတယ်။

ဝဋ့်ကြွေးဆပ်ချိန်
ပေးဆပ်ချိန်တွေမှာ
ဘယ်သူကပဲတားတား
ဘယ်သူ့စကားကိုမှအမှုမထားဘူး။
ဘယ်သူကပဲမှားတယ်မဖြစ်သင့်ဘူးလို့ပဲဆိုဆို
သူ့အတွက်တော့အမှန်တရားပဲ..။

သူကိုယ်တိုင်တောင်
မခံစားနိုင်တော့တဲ့အတိုင်းအတာကျော်အောင်ထိ
ဝဋ့်ကြွေးဆပ်ရင်းရုန်းမထွက်နိုင်ဘူး...ပေးဆပ်နေရတာတွေရှိတယ်...။

ဝဋ့်ကြွေးတွေကျေသွားတဲ့အခါ
ပေးဆပ်ခြင်းတို့ကုန်ဆုံးသွားတဲ့အခါ
လွတ်လပ်ပေါ့ပါးပြီးပျော်ရွှင်စရာဆိုတာ
ဘယ်အရာနဲ့မှ..ယှဉ်မရနိုင်ဘူး...။

ချစ်ခင်ရင်းနှီးကြသူတိုင်း
အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ခြင်းတွေကိုပိုင်ဆိုင်နိုင်ပါစေ။
ဝဋ့်ကြွေးတွေရှိရင်လည်းကျေပါစေ..။
အတုံ့အလှည့်ရန်ကလည်းကင်းလွတ်ဝေးကြပါစေ..။

Crd

09/10/2024

ကျွန်မကတော့ အမှီခိုကင်းတဲ့
အမျိုးသမီးပဲ ဖြစ်ချင်တယ်"
ဇိမ်ဘယ်လောက်ရှိရှိ သူတစ်ပါးကို
အမှီပြုပြီး ဘဝကို မရှင်သန်ချင်ဘူး။
မပြည်စုံတဲ့ ဘဝဆိုရင်တောင်
ကျွန်မ မပျော့ညံ့ ချင်ဘူး"
သူများကို အားကိုးပြီးတော့
ဘယ်မျော်လင့်ချက် ကိုမှလည်း
ကျွန်မ အသက်မသွင်းချင် ဘူး"
ဘဝမှာ ထမ်းပိုးထားရတဲ့
တာဝန်တွေ အများကြီးရှိတယ်"
ဒါကြောင့် ~
ကိုယ့်ကိုယ်ကိုယ် သန်မာနေဖို့ ကြိုးစားတယ်။
ပြိုလဲလို့မဖြစ်တဲ့ ဘဝမို့ ဘယ်လောက်ပဲ
ကျွန်မ ပင်ပန်းနေပါစေ ရပ်တည်နေ ပါတယ်"
ကျွန်မကို သိမ်ငယ်စေတဲ့ လူတွေ
ပတ်သက်မှုတွေ ဆိုရင် ရဲရဲဝဲ့ဝဲ့ ဘဲ
စွန့်လွတ်လိုက်မယ်ဆိုတဲ့ သတ္တိ မွေးတယ်"
တကယ်တော့ ဘဝမှာ မပျော်မရွှင်
ကြီးပြင်းလာခဲ့ရတဲ့ လူတွေ အများစုဟာ"
ဘဝနေနည်းတွေ မျိုးစုံတတ်ကြပါတယ်။
ဒါကြောင့်
ကျွန်မကိုယ် ကျွန်မ ဂရုစိုက်ပြီး
ရှေ့ဆက်ရဦးမယ် ဒီသံသရာဘဝခရီး ဟာ
ကြမ်းတမ်းနေလည်း ကျွန်မ လျှောက်ရဲတယ်"
အရောင်စုံတဲ့ ဒီလောကကြီးထဲမှာ
နာကျင်ခြင်း ကျရှုံးခြင်းတွေ ရှိနေရင်တောင်
ကျွန်မ တစ်ယောက်တည်းပဲ ရှင်သန်မယ်"
ဒီလိုပါပဲ
နည်းနည်းလောက် ပျော်ဖို့အတွက်
အများကြီး ကြိုးစား ရုန်းကန်
နေရတာကိုပဲ ဘဝလို့ ခေါ်ရမယ်ထင်တယ်။
လိုအပ်ရင် ဘယ်သူ့ကိုမှ မျော်ကိုးမနေပဲ
ကျွန်မကိုယ် ကျွန်မ အားပေး နှစ်သိမ့်တယ်"
ရှင်သန်ခြင်းဟာ ဘယ်လောက်ပဲ
ခက်ခဲနေပါစေ ရအောင်ကျော်ဖြတ်မယ်"
ဘဝမှာ တောက်ပတဲ့ အပြုံးတစ်ပွင့်
လင်းလပ်တဲ့ အရောင်ထွက်ဖို့ဆိုရင်
ကျွန်မကိုယ်ကျွန်မပဲ အရောင်တင်မယ်"
အမှီအခို ကင်းတဲ့ ရှင်သန်ခြင်းနဲ့ပဲ
ကျွန်မက ရှင်သန် နေထိုင်ချင်ပါတယ်။
ဒါကြောင့်
အခုနောက်ပိုင်းမှာ ဒဏ်ရာတစ်ခုရတိုင်း
ပြိုလဲဖို့ထက် သန်သန်မာမာ ရှင်သန်ပြဖို့ပဲ
ကျွန်မ ပိုအာရုံစိုက်ပြီး တွေးဖြစ် ပါ တယ်။
ဒီရှင်သန်ခြင်းမှာ ဒဏ်ရာတွေ များတယ်
ဒါပေမယ့် ပြိုလဲလို့မဖြစ်ဘူး။
Crd

20/09/2024

''မိခင်တစ်ယောက် ဒီလိုစကားတွေ ပြောတဲ့အခါ...''

🤰 မိခင်တစ်ယောက် ပင်ပန်းတယ်လို့ ပြောတဲ့အခါ သူ့ကလေးကို ချန်ထားခဲ့ချင်တယ် သို့မဟုတ် ပြုစုပျိုးထောင်ပေးရတာ ပင်ပန်းနေပြီလို့ သူမ မဆိုလိုပါဘူး။

🤰 မိခင်တစ်ယောက် သူမယောက်တည်းနေဖို့
အချိန်လိုအပ်တယ်လို့ ပြောတဲ့အခါ သူမသည် မိခင်ဖြစ်ခြင်းကို နောင်တရကြောင်း သို့မဟုတ် အမှားတစ်ခုဖြစ်ကြောင်း သူမ မဆိုလိုပါဘူး။

🤰 မိခင်တစ်ယောက် အကူအညီတောင်းတဲ့အခါ သူမ မစွမ်းဆောင်နိုင်ဘူးလို့ သူမပြောပေမယ့် အသန်မာဆုံးနှလုံးသားတွေတောင် တစ်ခါတလေမှာ ကူညီလက်တစ်ကမ်း လိုအပ်တယ်ဆိုတာပါ။

🤰 မိခင်တစ်ယောက်ရဲ့ အိမ်ထဲဝင်ပြီး ဝရုန်းသုန်းကားတွေ့တဲ့အခါ၊ သူ့အိမ်က အမြဲတမ်း ဖရိုဖရဲဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက ဒီနေ့ဟာ သပ်ရပ်မှုထက် ဘဝအတွက် ပိုအရေးကြီးတဲ့ အလုပ်ရှိနေလို့ပါ။

🤰 မိခင်တစ်ယောက်က သူငယ်ချင်းတွေနဲ့ အပြင်ထွက်ချင်တယ်လို့ပြောတဲ့အခါ သူမဟာ မိခင်တစ်ယောက်ရဲ့အခန်းကဏ္ဍကို မလုပ်ချင်လို့မဆိုလိုပါဘူး၊ တခါတလေ သူမြတ်နိုးရတဲ့သူ၊ ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ ခဏတာ အသက်ရှူဖို့ လိုအပ်တာကြောင့်ပါ။

🤰 မိခင်တစ်ယောက် သူမ၏ကြောက်ရွံ့မှုကို မျှဝေတဲ့အခါ သူမသည် ပျော့ညံ့တဲ့သူ သို့မဟုတ် အားနည်းတဲ့ သူဖြစ်လို့မဟုတ်ပါဘူး။ ဆိုလိုတာက သူမသည် ဂရုစိုက်မူ၊ အားပေးထောက်ခံမူ၊ နှစ်သိမ့်ပေးမူကို လိုချင်နေတာပါ။

🤰 မိခင်တစ်ယောက် အော်နေတဲ့အခါ သူ အမြဲအော်တတ်တယ်လို့ မဆိုလိုပါဘူး။ အကြိမ်တစ်ရာတိုင်တိုင် သူမ၏နူးညံ့ သိမ်မွေ့သောစကားများကို ဘယ်သူမှ မကြားနိုင်သောကြောင့်ပါ။

🤰 စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မိခင်ကို သင်မြင်ရတဲ့အခါ သူမဟာ ကံမကောင်းတဲ့သူလို့ မဆိုလိုပါဘူး။ သက်ပြင်းတိုင်းရဲ့နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုရှိတယ်၊ အစွန်းအထင်းတိုင်းရဲ့နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုရှိတယ်။

🤰 မိခင်တစ်ယောက်ကို တရားစီရင်ရန် မှားယွင်းသော ဇာတ်ကြောင်းများ မဖန်တီးပါနဲ့။
သူမသည် အခြားတစ်ယောက်၏ဘဝကို တည်ဆောက်ရန် နေ့တိုင်း သူ့ကိုယ်သူ စွန့်လွှတ်ပြီး သားသမီးဘဝရှေ့ရေးကို ကမ္ဘာပေါ်ရှိ အခြားအရာများထက် ပိုတန်ဖိုးထားလို့ပါ။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာထက် ပိုကြီးကျယ်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ မရှိဘူး၊ မိခင်တစ်ယောက်သည် ပိုနားလည်မှုနဲ့ ပိုနည်းတဲ့ စီရင်ချက်တွေနဲ့ ထိုက်တန်ပါတယ်။ မိခင်များကို လေးစားပါ.....🤰

🤰သန်မာတဲ့ မိခင်များအားလုံး ကျန်းမာကြပါစေ

Crd လေးစားစွာဖြင့်

28/08/2024

ချစ်နေဖို့ထက်
ကိုယ်အပေါ် စေတနာရှိနေဖို့လိုတယ်..
ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ
ယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊

ကိုယ်အပေါ်
စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။
ချစ်တော့ချစ်တယ် ကိုယ့်အတွက်
အတ္တကြီးနေတဲ့လူမျိုးဖြစ်နေရင်
စိတ်ဆင်းရဲရတယ်။

လူတစ်ယောက်ချစ်ဖို့ မချစ်ဖို့ထက်
စေတနာ ရှိ၊ မရှိ စကားပြောကြည့်ပြီး
လေ့လာကြည့်ယုံနဲ့ အနည်းငယ်ခန့်မှန်းလို့ရတယ်။

ဒါပေမယ့်
မသိစိတ်ကြောင့်လူတစ်ယောက်ကိုချစ်မိပြီဆိုရင်
သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။

ယောကျာ်းလေးတွေမှာ
မိန်းကလေးတွေကိုကြည့်ရင် ပထမဆုံး
လှတာလေးကိုအရင်မက်ကြတယ်။
မဟုတ်လည်း အရည်အချင်းရှိတဲ့သူကိုမက်ကြတယ်။

တစ်ချို့လူတွေကြတော့
ကိုယ်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့အမျိုးသမီး
မျိုးကိုပဲရွေးကြတယ်။
မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။
ဒါပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။

တစ်ခါတစ်လေကြတော့လည်း
သူဆီကဘာရမလဲဆိုတဲ့စိတ်နဲ့ချစ်နေကြတဲ့
သူတွေလည်းရှိတယ်။
နောက်ဆုံးကြတော့ အချစ်ဆိုတာထက်

စိတ်နှလုံးကောင်းပြီး
ကိုယ်အပေါ် တကယ်မေတ္တာထားပေးနိုင်တဲ့
အမျိုးသမီးမျိုး‌ရွေးချယ်ကြတာမှန်မယ်လို့ထင်တယ်။

ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊
ပြည့်စုံချမ်းသာမှုတစ်ခုနဲ့အချစ်ကိုဖော်ပြလို့မရဘူး။

ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့
လိုချင်တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင်
ချစ်တာခြင်းမတူညီကြဘူး။

စေတနာဆိုတာမရှိတဲ့ကြားကနေ
မရရအောင်ဖန်တီးပေးချင်နေတာမျိုး။

ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့
သူမျိုးထက်
သူမှာရှိတဲ့ဝင်ငွေလေးနဲ့ကိုယ့်ကိုယ်
ဖြည့်ဆည်းပေးတာမှ
စေတနာရှိတယ် လို့ခေါ်တယ်။

ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။

တကယ်တော့လူတွေကချစ်ရင်
ဘာမဆိုကျော်ဖြတ်နိုင်တယ်လို့ထင်ကြတယ်။
အချစ်ဆိုတာထက် စေတနာ မေတ္တာကပိုလိုအပ်ပါတယ်။

သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး
နွေးထွေးမှုပေးနိုင်ရတယ်။
သူကချစ်ပြတာကိုလိုရင် ချစ်ပြတာကိုပေးတတ်ရမယ်။
ချစ်ကြပုံခြင်းမတူကြရင်တောင်
နားလည်ကြရပါလိမ့်မယ်။ ✍️

ဒါမှ အချစ်ရဲ့အဓိပ္ပာယ်နဲ့အချစ်ရဲ့သက်ရောက်မှု
တွေဟာ အသက်ထက်ဆုံး ရှိသွားကြပီး၊
အိုမင်းခြင်းအရွယ်အထိရှင်သန်သွားကြသည်ပေါ့။

Credit

Vous voulez que votre école soit école la plus cotée à Democratic Republic of the ?

Cliquez ici pour réclamer votre Listage Commercial.

Site Web

Adresse


Democratic Republic Of The