NextChapter Abroad

NextChapter Abroad Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de NextChapter Abroad, Site internet éducatif, Democratic Republic of the.

⚜️𝐄𝐮𝐫𝐨𝐩𝐞 𝐄𝐝𝐮𝐜𝐚𝐭ion 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠
⚜️𝐕𝐈𝐒𝐀 𝐬𝐞𝐫𝐯𝐢𝐜𝐞
⚜️𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧
⚜️𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐬𝐞𝐫𝐯𝐢𝐜𝐞

ပညာရေးအတွက်ဆို NextChapter Abroadနဲ့သာယုံကြည်စွာချိတ်ဆက်ပါ🇪🇺

SRH University ဆိုတာ ဘယ်လိုကျောင်းမျိုးလဲ 🏛️❓English တစ်မျိုးတည်း သုံးပြီးတော့ ကမ္ဘာ့အဆင့်မီတဲ့ ဂျာမနီမြေပေါ်မှာ ကိုယ်ကြ...
19/05/2026

SRH University ဆိုတာ ဘယ်လိုကျောင်းမျိုးလဲ 🏛️❓

English တစ်မျိုးတည်း သုံးပြီးတော့ ကမ္ဘာ့အဆင့်မီတဲ့ ဂျာမနီမြေပေါ်မှာ ကိုယ်ကြိုက်တဲ့ ခေတ်ပေါ်မေဂျာတွေကို တက်ရောက်ခွင့်ရမဲ့အပြင်၊ ဘွဲ့လည်းရ၊ ဂျာမန်စာလည်း အလကား (Free) တက်ခွင့်ရမည့် လမ်းကြောင်းတစ်ခု ရှိနေတာကိုရော သတိထားမိကြရဲ့လားဗျာ 😮

ဒီနေ့မှာတော့ ဥရောပအိပ်မက်ရှင် မြန်မာကျောင်းသားတွေအတွက် Next Chapter Abroad ကနေ ဂျာမနီရဲ့ Private University Group တစ်ခုဖြစ်တဲ့ SRH University ကိုစဉ်းစားလို့ရပါမယ်။

သူက သာမန် ကျောင်းတစ်ကျောင်းတည်း မဟုတ်ဘဲ ဂျာမနီနိုင်ငံတစ်ဝှမ်းမှာ State-recognised Private Universities (၈) ခုနဲ့ Campus ပေါင်း ၂၀ နီးပါး ပိုင်းဖြတ်ထားတဲ့ တက္ကသိုလ်ကွန်ရက် (Uni Group) ကြီး ဖြစ်ပါတယ်။

Berlin, Heidelberg, Hamburg, Dresden, Cologne လို မြို့ကြီးတွေမှာ Campus အသီးသီး ရှိတာမို့ ကိုယ်နေချင်တဲ့ မြို့ကို စိတ်ကြိုက်ရွေးလို့ရတယ်ပေါ့ဗျာ။

ကျောင်းသား body အနေနဲ့လည်း နိုင်ငံပေါင်း ၁၄၀ ကျော်က ကျောင်းသား ၉,၅၀၀ ကျော် တက်ရောက်နေတာမို့၊ နာမည်ကြီး Public Uni ကြီးတွေနဲ့ တန်းတူအပြိုင်ဖြစ်ပြီး လုံးဝကို Multicultural ဆန်တဲ့ ပတ်ဝန်းကျင်မျိုးကို ရရှိမှာ ဖြစ်ပါတယ်။

ဘာကြောင့် SRH ကို ရွေးချယ်သင့်တာလဲ ✨

1. English-taught Major ၂၀၀ ကျော်: (DE) လို့ အမှတ်အသားမပါတဲ့ မေဂျာအကုန်လုံးကို အင်္ဂလိပ်လိုပဲ သီးသန့် ပို့ချပေးတာပါ။ Applied AI, Cyber Security, Business Engineering ကနေ Creative ပိုင်းဖြစ်တဲ့ Content Creation, Music Production အထိ မေဂျာအစုံ ရှိပါတယ်။

2. CORE Teaching Model: စာတွေကို ကြက်တူရွေးနှုတ်တိုက်ကျက်ရတဲ့ "rote learning" မဟုတ်ဘဲ၊ Module တစ်ခုချင်းစီကို ၅ ပတ်/၆ ပတ် Block အလိုက် Focus ထားသင်ပြီး Project-based သွားတာမို့ Exam Overload တွေမဖြစ်စေပါဘူး။

3. ဘွဲ့ရတော့ Bilingual: အင်္ဂလိပ်လို Degree ယူနေရင်းနဲ့ ကျောင်းကနေ ဂျာမန်စာ (A1 မှ C2 အထိ) ကို Curriculum ထဲမှာရော အပြင်မှာပါ Free / Integrated အဖြစ် ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်လို့၊ ကျောင်းပြီးရင် "English + German" နှစ်ဘာသာစလုံး ကျွမ်းကျင်တဲ့ Job-ready သမားကြီး ဖြစ်နေမှာပါ။

Intake Timeline (2026) 🗓️
SRH မှာ April (Summer) နဲ့ October (Winter) ဆိုပြီး Intakes နှစ်ခု ရှိပါတယ်။

လာမဲ့ Winter 2026 Intake အတွက် Official Recommended Deadline ကတော့ 31 May 2026 ဖြစ်လို့ ပြင်ဆင်ဖို့ အချိန်ကောင်းပါပဲ။

(A Level, IB မရှိတဲ့ IGCSE/GED သမားတွေအတွက်လည်း SRH International College ကတစ်ဆင့် Foundation ကနေ တက်လို့ရမည့် Backup လမ်းကြောင်း ရှိပါသေးတယ်ဗျာ)။

ဂျာမနီ ဗီဇာလမ်းကြောင်းက စာရွက်စာတမ်း တိကျဖို့ လိုအပ်တာမို့၊ ကိုယ့်ဘဝရဲ့ အခန်းကဏ္ဍသစ်ကို ဂျာမနီမြေပေါ်မှာ စနစ်တကျ ရေးသားဖို့ Next Chapter Abroad ရဲ့ Page Inbox မှာ အချိန်မရွေး အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ 📭

#ဂျာမနီကျောင်းတက် #နိုင်ငံခြားကျောင်းတက်

၂၀၂၆ အတွက်ဂျာမနီမှာ English-taught နဲ့ တက်လို့ရမဲ့ AI, Tech နဲ့ Hybrid မေဂျာများ (Undergraduate & Postgraduate) 🇩🇪🤖"ဂျာမ...
18/05/2026

၂၀၂၆ အတွက်ဂျာမနီမှာ English-taught နဲ့ တက်လို့ရမဲ့ AI, Tech နဲ့ Hybrid မေဂျာများ (Undergraduate & Postgraduate) 🇩🇪🤖

"ဂျာမနီမှာ ကျောင်းတက်ချင်တယ်၊ ဒါပေမဲ့ ဂျာမန်စာကြီးပဲ သင်ရမှာလား" ဆိုပြီး စိုးရိမ်နေတဲ့ ကျောင်းသား/သူတွေ ရှိလားဗျာ❓

ဒီနေ့မှာ English-taught ပရိုဂရမ်တွေနဲ့ ကျောင်းသားတွေ အကြိုက်တွေ့စေမယ့် ဂျာမနီရဲ့ နာမည်ကြီး Private SRH University က မေဂျာအသေးစိတ်တွေကို

Undergraduate ရော Postgraduate ပါ စုစည်းတင်ပြပေးလိုက်ပါတယ်ဗျာ။ အထူးသဖြင့် Tech လိုင်းနဲ့ စီးပွားရေးလိုင်း တွဲထားတဲ့ Hybrid Track အသစ်တွေပါ

ပါဝင်လာလို့ လုံးဝကို စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Undergraduate (Bachelor 3-Year Programs) 📚

B.Sc. Applied Artificial Intelligence (6 Semesters - 180 ECTS):
AI ရဲ့ သီအိုရီတင်မကဘဲ Python, Machine Learning နဲ့ လက်တွေ့ Real-world applications တွေမှာ AI ကို ဘယ်လိုအသုံးချမလဲဆိုတာ စနစ်တကျ သင်ရမည့်လိုင်းကြီးပါ။

B.Sc. Virtual Reality & Game Development:
ဂိမ်းဖန်တီးချင်သူတွေနဲ့ Creative Tech ဝါသနာအိုးတွေအတွက် Game Engines, 3D Modelling နဲ့ VR/AR Technology တွေကို အဓိကထား ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

B.A./B.Sc. UX & Data-Driven Design / User Experience Design: လက်ရှိ Digital Market မှာ အလိုအပ်ဆုံးဖြစ်တဲ့ User Research, Prototyping နဲ့ Data ကို အခြေခံပြီး Design ဆွဲရမည့် ခေတ်စားနေတဲ့ Field ပါ။

Selected New Tracks (Hybrid Degrees):
Law နဲ့ Tech ပေါင်းထားတဲ့ Law & Technology လိုင်းအပြင်၊ Business Management ထဲမှာ SAP Software စနစ်ကိုပါ အထူးပြုသင်ရမည့် Information Technology & Business Transformation with SAP ဆိုတဲ့ ပရိုဂရမ်အသစ်တွေပါ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Postgraduate (Master 2-Year Programs) 🎓

M.Sc. Applied Data Science and Artificial Intelligence:
Big Data Analytics, Deep Learning နဲ့ Advanced AI Models တွေကို (Heidelberg & Hamburg Campus) တွေမှာ အသေးစိတ် လေ့လာရမှာပါ။

M.Eng. Information Technology – Artificial Intelligence: Engineering ဘက်ကနေ AI System Architecture နဲ့ Automation ပိုင်းကို အထူးပြုချင်သူတွေအတွက် အကိုက်ပါပဲ။

M.Sc. AI-Driven Bioinformatics & Life Sciences: ကျန်းမာရေး (Health) နဲ့ AI နည်းပညာကို ပေါင်းစပ်ထားပြီး မျိုးရိုးဗီဇဆိုင်ရာ သုတေသနတွေအထိ ပါဝင်မည့် အနာဂတ် Field အသစ်ကြီး ဖြစ်ပါတယ်။

Digital Transformation Management: စီးပွားရေးလုပ်ငန်းတွေကို နည်းပညာနဲ့ ဘယ်လိုခေတ်မီအောင် ပြောင်းလဲမလဲဆိုတဲ့ Leadership ဒီဂရီမျိုးပါ။

အခုပြောပြခဲ့တဲ့ English-taught မေဂျာတွေအတွက် ပထမနှစ်ကျောင်းလခကို (10%) တန်းပြီး လျှော့ပေးမည့် Partner Exclusive Incentive ကြီး ရှိနေပါပြီဗျာ။

ကျောင်းရဲ့ Official Site ပေါ်မှာ သွားရှာရင် ဘယ်လိုမှ ရှာတွေ့မှာမဟုတ်တဲ့ သီးသန့် Condition ဖြစ်လို့ အမိအရ ဖမ်းဆွဲရမည့် အခွင့်အရေးပါပဲ။

Bachelor ပထမနှစ်မှာတင် ~€920 ဝန်းကျင် (မြန်မာငွေ သိန်း ၄၀ ကျော်) တန်းပြီး သက်သာသွားမှာဖြစ်သလို၊ Early Bird Benefit (€500 - €1,000) နဲ့ပါ ထပ်ဆင့်တွဲပြီး ခံစားခွင့် ရှိဦးမှာပါ။

ဂျာမနီ ကျောင်းသားဗီဇာအတွက် အချိန်ယူ ပြင်ဆင်ရမှာဖြစ်လို့ ကျောင်းရဲ့ Recommended Deadline ဖြစ်တဲ့ 31 May 2026 မတိုင်ခင် စာရွက်စာတမ်းတွေ အမြန်ဆုံး စတင်ပြင်ဆင်ဖို့ တိုက်တွန်းပါရစေဗျာ။

ကျောင်းဝင်ခွင့် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ချလက်ချနဲ့ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ဖို့ Next Chapter Abroad ရဲ့ Page Inbox ကို အခုပဲ သာလှမ်းခဲ့လိုက်ပါတော့နော် 📭

#ဂျာမနီကျောင်းတက် #နိုင်ငံခြားကျောင်းတက် #ကျောင်းရွေးချယ်မှု ာရေး

SRH University ကနေ GED လက်ခံပြီလား❓ "A Level လည်းမရှိဘူး၊ ၁၂ တန်းအောင်စာရင်းလည်းမရှိဘူး၊ GED ပဲရှိတာမို့ ဥရောပဘက်ကို စဉ်...
17/05/2026

SRH University ကနေ GED လက်ခံပြီလား❓

"A Level လည်းမရှိဘူး၊ ၁၂ တန်းအောင်စာရင်းလည်းမရှိဘူး၊ GED ပဲရှိတာမို့ ဥရောပဘက်ကို စဉ်းစားရခက်နေတယ်" လို့ ခဏခဏ လာမေးလေ့ရှိတဲ့ ကျောင်းသားတွေအတွက် Next Chapter Abroad ကနေ Update တစ်ခု မျှဝေပေးလိုက်ပါတယ် 🔊

ဂျာမနီက နာမည်ကြီး SRH University ကနေ သူတို့ရဲ့ Foundation pathway အတွက် GED Qualification ကို တရားဝင်လက်ခံ ဖို့ ဆုံးဖြတ်လိုက်ပါပြီခင်ဗျာ 🥳

နှစ်ခါပြန်ဖတ်မနေနဲ့နော် 😉 တကယ်ကို လက်ခံလိုက်တာပါ။ ကဲ... GED ကျောင်းသားတို့အတွက် requirements လေးတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင် ⬇️

✅ Requirements:
• Total GED score အနည်းဆုံး ၅၈၀ မှတ် ရှိရမယ်။

• ဘာသာရပ်တစ်ခုချင်းစီမှာ ၁၄၅ မှတ် ထက်မနည်းဖို့ လိုပါမယ်။

• English အတွက်ကတော့ IELTS 5.0 မဖြစ်မနေ လိုအပ်ပါတယ် (Exemption တော့ မရပါ
)
🎓 GED ကျောင်းသားတွေအနေနဲ့ Health-related (ကျန်းမာရေးဆိုင်ရာ) ပရိုဂရမ်တွေကလွဲရင် ကျန်တဲ့ Foundation majors တွေအကုန်လုံးကို စိတ်ကြိုက်ရွေးချယ် လျှောက်ထားနိုင်ပါတယ်ဗျာ။

📝 "အစ်ကိုရေ... IELTS က မဖြေရသေးဘူး၊ အချိန်ကလည်း သိပ်မကျန်တော့ဘူး" ဆိုရင်ကော ❓
ဘာမှ စိတ်ပူစရာမလိုပါဘူး။ SRH မှာ သူ့ရဲ့ Internal English Test ရှိပြီးသားမို့ အိမ်ကနေတင် အေးဆေး ဖြေလို့ရတယ်ဗျာ 👇

• စရိတ်စက: 86 EUR
• ဘာတွေစစ်မှာလဲ: Reading, Writing, Listening, Speaking ၄ ခုလုံး။
• ကြာချိန်: 3h 5min (Security check လေးတော့ ပါမယ်နော်)
• စနစ်: Online ကနေ အိမ်မှာတင် အေးဆေးဖြေရုံပဲ 💻

ဒီအချိန်မှာ ဥရောပရဲ့ ပညာရေး အချက်အချာဖြစ်တဲ့ ဂျာမနီနိုင်ငံဆီ အချိန်ရှိခိုက်မှာ တန်ဖိုးရှိစွာ အသုံးချပြီး လျှောက်ထားဖို့ တိုက်တွန်းပါရစေဗျာ ⏰

အခုဆိုရင် 2026 June Intake အတွက် Post Graduate Program တွေစလက်ခံနေပါပြီ။ မကြာခင် တင်သွားပေးပါမယ်ဗျာ။

ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင် ဒါမှမဟုတ် ကိုယ့်ရဲ့ ပညာရေးခရီးအတွက် လမ်းပြမီးအိမ်တစ်လက် လိုအပ်နေပြီဆိုရင် Next Chapter Abroad ရဲ့ Page Inbox မှာ အခမဲ့ ပညာရေးအကြံပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ 🙏🏻
——————————————————
Free Education counselling session ရယူလိုသူများအတွက်
📥 : Page inbox
📞 : 09450034534
📧 : [email protected]

📯နေရာလွတ် မကုန်ခင် အမြန်ဆုံး လျှောက်ထားရမဲ့ Tor Vergata Foundation Program( 2026/2027) Foundation Course ဆိုတာ Internati...
04/05/2026

📯နေရာလွတ် မကုန်ခင် အမြန်ဆုံး လျှောက်ထားရမဲ့ Tor Vergata Foundation Program
( 2026/2027)

Foundation Course ဆိုတာ International Students တွေအတွက် အီတလီတက္ကသိုလ်တွေမှာ ဘွဲ့ကြို (Bachelor’s) တက်ရောက်ဖို့ ထုတ်ထားတဲ့ One-year program တစ်ခုပါ။

အထက်တန်းပညာရေးမှာ ၁၂ နှစ် မပြည့်မီသေးတဲ့ ကျောင်းသားတွေနဲ့ အီတလီတက္ကသိုလ်ပညာရေးစနစ်ကို ကြိုတင်လေ့လာချင်သူတွေအတွက် တက်သင့်ဖို့လိုပါတယ်။

🇬🇧Foundation Program ကိုအင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပေးပါတယ်။

တစ်နှစ်ကြာမြင့်မယ့် ဒီ Program မှာ ကျောင်းသားတွေကို အီတလီတက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်တဲ့ ပညာရေးဆိုင်ရာ အခြေခံတွေနဲ့ ဘာသာစကား ကျွမ်းကျင်မှုတွေကို အပြည့်အဝ ပြင်ဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ မိမိရွေးချယ်မယ့် Major ပေါ်မူတည်ပြီး Path နှစ်ခုထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်
▶Social Sciences Path:စီးပွားရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံနဲ့ ဆက်စပ်ဘာသာရပ်များအတွက် ရည်ရွယ်ပါတယ်။
▶Natural Sciences Path: အင်ဂျင်နီယာ၊ ဆေးပညာ၊ နည်းပညာနဲ့ သိပ္ပံဘာသာရပ်များအတွက် အခြေခံအုတ်မြစ် ချပေးပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ Path အလိုက် Subject Modules တွေကိုလည်း အသေးစိတ် သင်ယူရပါမယ်။

📚သင်ရိုးတစ်ခုလုံးကို Credits ပေါင်း ၆၀ နဲ့ ဖွဲ့စည်းထားပြီး တက်ရောက်မှု (Attendance) ၈၀% မဖြစ်မနေ ရှိရပါမယ်။ စာမေးပွဲပုံစံကတော့ အပိုင်းလိုက် စစ်ဆေးမှုတွေနဲ့ တက်ရောက်မှု ပုံမှန်ရှိမှသာ နောက်ဆုံးအဆင့်ကို ဖြေဆိုခွင့်ရမှာပါ။

🔴High School Diploma (အနည်းဆုံး ၁၁ နှစ်နှင့်အထက် ပညာရေး) ရရှိထားသူ ဖြစ်ရပါမယ်။ အင်္ဂလိပ်စာ အရည်အချင်းအနေနဲ့ B2 Level (သို့မဟုတ်) IELTS 5.5/6.0 ခန့် လိုအပ်ပါတယ်။

အသက် ၁၇ နှစ်မှ ၂၅ နှစ်ကြား ကျောင်းသားတွေအတွက် ပိုမိုသင့်တော်ပြီး အီတလီတက္ကသိုလ်ပညာရေးကို စိတ်ပါဝင်စားသူတိုင်း လျှောက်ထားနိုင်ပါတယ်။

💵တစ်နှစ်စာ Tuition Fee ကို အရစ်ကျ (Installments) ပေးသွင်းလို့ရပါတယ်။

ပထမအရစ်ကို လျှောက်ထားပြီး Admission အတည်ပြုချက်ရပြီးချိန်မှာ ပေးသွင်းရမှာဖြစ်ပြီး၊ ကျန်တဲ့အရစ်ကိုတော့ သတ်မှတ်ရက်အတွင်း ပေးသွင်းရပါမယ်။ ဗီဇာလျှောက်ထားမှုအတွက် လိုအပ်တဲ့ Enrollment Certificate ကိုတော့ ပထမအရစ် ပေးသွင်းပြီးမှသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

Application ကို ပုံမှန်အားဖြင့် ဇူလိုင်လ၊ သြဂုတ်လ ဝန်းကျင်မှာ ပိတ်လေ့ရှိပါတယ်။

❗Admission စနစ်ကတော့ First-come, first-served (အရင်လျှောက်သူ အရင် ဦးစားပေး) စနစ်ဖြစ်တာကြောင့်
နေရာလွတ် မကုန်ခင် စောစောစီးစီး လျှောက်ထားဖို့ အကြံပြုလိုပါတယ်။

ဒီ Program ပြီးဆုံးသွားတဲ့အခါ အီတလီတက္ကသိုလ်တွေရဲ့ Bachelor’s program တွေအတွက် တရားဝင်ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ တချို့သော ဘာသာရပ်တွေမှာ Placement Test (ဝင်ခွင့်စာမေးပွဲ) ဖြေဆိုစရာမလိုဘဲ တိုက်ရိုက် တက်ရောက်ခွင့်ရနိုင်ပြီး၊ သင်တန်းအောင်မြင်ကြောင်း တရားဝင် Certificate ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

သူများထက် အရင်ဦးဖို့လိုတဲ့ဒီ Program မှာAdmission အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အမှားအယွင်းမရှိ ပြင်ဆင်နိုင်ဖို့ Next Chapter Abroad ကို အခုပဲ ဆက်သွယ်ပြီး free consultation session ရယူနိုင်ပါပြီ။
---
Next Chapter Abroad (Next Step to your Success)
📥 : Page inbox
📧 : [email protected]
#အီတလီ

UK/US မှာ သိန်း ၁,၀၀၀ အကုန်ခံမလား? Germany ရဲ့ ကမ္ဘာ့ထိပ်တန်းကျောင်းတွေမှာ 0 MMK နဲ့ တက်မလား! 🇩🇪🎓Germany မှာ QS Top 100 ...
02/05/2026

UK/US မှာ သိန်း ၁,၀၀၀ အကုန်ခံမလား? Germany ရဲ့ ကမ္ဘာ့ထိပ်တန်းကျောင်းတွေမှာ 0 MMK နဲ့ တက်မလား! 🇩🇪🎓

Germany မှာ QS Top 100 University တစ်ခုခုမှာ အင်္ဂလိပ်လိုပဲ တက်ရောက်ပြီး Tuition Fee တစ်ပြားမှ မပေးရဘူးဆိုတာ Scam မဟုတ်ပါဘူး။

ဒါဟာ Germany ရဲ့ Public University တွေမှာရှိတဲ့ Education System အစစ်အမှန်ပဲ ဖြစ်ပါတယ်။

Germany ရဲ့ English-taught Programs တွေထဲမှာ နာမည်ကြီးတဲ့ RWTH Aachen ( #105) လို
ကျောင်းမျိုးမှာ MSc Computer Science, Data Science နဲ့ Mechanical Engineering တို့ကို
ကျောင်းလခ အခမဲ့နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး

တစ်နှစ်စာ Semester Fee အနေနဲ့ ၅ သိန်းခွဲ ဝန်းကျင်ပဲ ကျသင့်မှာပါ။
ဒါ့အပြင် Berlin မြို့ရဲ့ Tech Ecosystem ထဲမှာ ရှိတဲ့ FU Berlin ( #88) နဲ့ သမိုင်းဝင် HU Berlin ( #130) တို့မှာလည်း Data Science နဲ့ Statistics Major တွေကို အခမဲ့ တက်ရောက်နိုင်ပါတယ်။

Bachelor Level အတွက်ဆိုရင်လည်း Rhine-Waal University မှာ International Relations ကို အင်္ဂလိပ်လို အခမဲ့တက်ခွင့်ရမယ့် ရှားပါးအခွင့်အရေး ရှိနေပါတယ်။

ကျောင်းလခ ပေးရတဲ့ TU Munich ( #22) နဲ့ Heidelberg ( #80) တို့လို ထိပ်တန်းကျောင်းတွေမှာတောင်
တစ်နှစ်ကို သိန်း ၃၀ ကနေ ၄၀၀ ဝန်းကျင်ပဲ ကျသင့်တာကြောင့်
UK/US ထက် ၁၀ ဆလောက် ပိုမိုသက်သာပြီး Global Career တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာပါ။

ကျောင်းတက်ရင်း Part-time လုပ်ကိုင်ခွင့်ရှိသလို ကျောင်းပြီးသွားရင်လည်း
အလုပ်အကိုင်ရှာဖွေဖို့ ၁၈ လ Job-seeking Visa ထပ်မံရရှိဦးမှာပါ။

Requirements အနေနဲ့ Master အတွက် သက်ဆိုင်ရာ Bachelor Degree နဲ့ IELTS 6.0–6.5 ရှိရုံနဲ့

လျှောက်ထားနိုင်ပြီး Bachelor အတွက်ကတော့ ၁၂ တန်းအောင်မြင်ပြီး၊ A level ၊ IB၊ IELTS ရှိဖို့ လိုအပ်ပါတယ်။
( တချို့ uni တွေမှာ GED စလက်ခံနေပြီဖြစ် )

မြန်မာကျောင်းသားတွေအတွက် MUST ဖြစ်တဲ့ APS Certificate ကိုတော့ ၄ ပတ်ကနေ ၈ ပတ် ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီး ဗီဇာအတွက် Blocked Account (၁၁,၉၀၄ ယူရို) ကိုတော့ ဘဏ်ထဲမှာ တစ်လုံးတစ်ခဲတည်း ပြသနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဂျာမနီရဲ့ ၂၀၂၆ Winter Semester အတွက် Application တွေကလည်း စတင်နေပြီဖြစ်လို့ Germany Program list အပြည့်အစုံနဲ့ Application Process အသေးစိတ်ကို သိရှိလိုတယ်ဆိုရင်

Next Chapter Abroad ရဲ့ Inbox ကနေ အသေးစိတ်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 🏃‍♂️💨

Next Chapter Abroad (Next Step to your Success)
📥 : Page inbox
#အခမဲ့ပညာရေး #ဥရောပ #ဂျာမနီ

အီတလီမှာ Engineering အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးတက္ကသိုလ် (၆) ခုနဲ့ Deadline များ! 🇮🇹⚙️အင်ဂျင်နီယာတစ်ယောက်...
29/04/2026

အီတလီမှာ Engineering အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးတက္ကသိုလ် (၆) ခုနဲ့ Deadline များ! 🇮🇹⚙️

အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေအတွက် အီတလီနိုင်ငံဟာ 🇮🇹
ကမ္ဘာ့အဆင့်မီပညာရေးကို အသက်သာဆုံး ကျောင်းစားရိတ်နဲ့ ရရှိနိုင်တဲ့ နေရာတစ်ခုပါ။

အထူးသဖြင့် QS World Ranking ထိပ်တန်းဝင် ကျောင်းကြီးတွေမှာ တက်ရောက်ခွင့်ရမယ့် အခွင့်အရေးတွေဟာ
အခုဆိုရင် international students တွေအတွက် နောက်ဆုံးခေါင်းလောင်းထိုးနေပါပြီ။

လက်ရှိမှာ မြန်မာကျောင်းသားတွေအတွက် Engineering Major တွေနဲ့ လျှောက်ထားနိုင်တဲ့ ထိပ်တန်းကျောင်း (၆) ကျောင်းရဲ့ အချက်အလက်တွေကတော့ -

1️⃣Sapienza University of Rome (QS #128):အီတလီရဲ့ နံပါတ် (၁) ကျောင်းကြီးဖြစ်ပြီး Mechanical, Aerospace နဲ့ Electrical အစရှိတဲ့ Major ပေါင်းစုံ ရှိပါတယ်။ May 15 ဟာ နောက်ဆုံး Deadline ဖြစ်လို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

- 2️⃣University of Bologna (QS #133) ဥရောပရဲ့ သမိုင်းအရှည်ကြာဆုံးနဲ့ ဂုဏ်အသရေအရှိဆုံး ကျောင်းကြီးပါ။ Engineering Program အစုံရှိပြီး Deadline တွေကတော့ ဘာသာရပ်အလိုက် ကွဲပြားနိုင်ပါတယ်။

-3️⃣ University of Rome Tor Vergata (QS #355): Research ပိုင်းမှာ အရမ်းအားကောင်းပြီး Engineering Sciences ကို စိတ်ဝင်စားသူတွေအတွက် အကောင်းဆုံးပါ။ Non-EU Visa သမားတွေအတွက် April 17 ဟာ နောက်ဆုံး Deadline မို့ အခုပဲ အမြန်ပြင်ဆင်ရမှာပါ။

4️⃣University of Naples Federico II (QS #379): Transport နဲ့ Software Engineering ပိုင်းမှာ နာမည်ကြီးပြီး လာမယ့် May 31 အထိ လျှောက်ထားနိုင်ပါတယ်။

5️⃣ University of Genoa (QS #530): Marine နဲ့ Industrial Engineering ပိုင်းမှာ ထိပ်တန်းကရှိပြီး Spring Session Deadline ကတော့ **July 2026** အထိ ရှိပါတယ်။

6️⃣University of Cassino: အလုပ်အကိုင် အခွင့်အလမ်းနဲ့ လက်တွေ့ပိုင်းကို ဦးစားပေးတဲ့ ကျောင်းဖြစ်ပြီး June 30 အထိ Deadline ရှိတာကြောင့် အချိန်ပိုရလိုသူတွေအတွက် သင့်တော်ပါတယ်။

အီတလီ Public University တွေရဲ့ ထုံးစံအတိုင်း ကျောင်းလခဟာ တစ်နှစ်ကို သိန်း ၂၀ ဝန်းကျင်ကနေ

စတင်ရှိသလို၊ ကျောင်းဝင်ခွင့်ရတာနဲ့ နေထိုင်စရိတ်နဲ့ စားစရိတ်အတွက် တစ်နှစ်ကို ယူရို ၈,၀၀၀ ဝန်းကျင် (သိန်း ၄၀၀ နီးပါး) ရရှိမယ့် Scholarship တွေကိုပါ တစ်ပါတည်း လျှောက်ထားနိုင်လို့ပါ။

Requirements အနေနဲ့ ၁၂တန်းပညာရေး၊ A level ၊ IB ၊ English B2 Level (IELTS 6.0/6.5) ( ကျောင်းတစ်ကျောင်းချင်းစီမတူ)
ရှိထားရပါမယ်။

အချိန်က တရွေ့ရွေ့နဲ့နီးကပ်လာနေပြီမို့ ကိုယ်နဲ့ကိုက်ညီမယ့် Engineering Major နဲ့ တက္ကသိုလ်ကို အမြန်ဆုံး ရွေးချယ်ဖို့

Next Chapter Abroad ရဲ့ Admission လျှောက်ထားမှုကအစ Scholarship နဲ့ Visa ဝန်ဆောင်မှုအထိ အသေးစိတ် ကူညီပေးနေပါပြီ။

---

Next Chapter Abroad (Next Step to your Success)
📥 : Page inbox
📞 : 09450034534
📧 : [email protected]

ပညာရေးစံနှုန်းမြင့်ပြီး ကျောင်းလခ ၀ ကျပ်ကနေ စတင်နိုင်တဲ့ Czech Republic ရဲ့ ပညာရေးစနစ် 🇨🇿🎓🇪🇺ဥရောပရဲ့ အလယ်ဗဟိုမှာရှိတဲ့ C...
28/04/2026

ပညာရေးစံနှုန်းမြင့်ပြီး ကျောင်းလခ ၀ ကျပ်ကနေ စတင်နိုင်တဲ့ Czech Republic ရဲ့ ပညာရေးစနစ် 🇨🇿🎓

🇪🇺ဥရောပရဲ့ အလယ်ဗဟိုမှာရှိတဲ့ Czech Republic ဟာ အခုနောက်ပိုင်းမှာ မြန်မာကျောင်းသားတွေအတွက်
စိတ်ဝင်စားစရာ အကောင်းဆုံး ပညာရေးလမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။

📈Literacy Rate ၉၉% ကျော်ရှိပြီး ၁၇၇၄ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ခိုင်မာတဲ့ ပညာရေးစနစ်ကြောင့်
Czech Degrees တွေဆိုရင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြပါတယ်။

Czech Republic ရဲ့ အတန်းပညာရေးစနစ်ကို ကြည့်မယ်ဆိုရင် မူလတန်း (Elementary) ကို ၉ နှစ် တက်ရောက်ရပြီး၊
အဲ့ဒီနောက်မှာတော့ ကိုယ်သွားချင်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး အထက်တန်း (Secondary) အဆင့်မှာ ၄ နှစ်ကြာ Gymnázium (Academic Track) ဒါမှမဟုတ် Vocational School တွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ဒါကသူတို့ရဲ့ ပြည်တွင်းပညာရေးစနစ်ပါ။

တက္ကသိုလ်ဝင်ခွင့်အတွက် Maturita လို့ခေါ်တဲ့ ကျောင်းဆင်းစာမေးပွဲကို အောင်မြင်ဖို့ လိုအပ်ပါတယ်။ အဆင့်မြင့်ပညာရေး (Higher Education) မှာတော့ Bachelor’s ကို ၃ နှစ်၊ Master’s ကို ၂ နှစ်နဲ့ PhD ကို ၃ နှစ်နဲ့အထက် တက်ရောက်ရမှာဖြစ်ပြီး၊

Medicine နဲ့ Law လို Major တွေအတွက်တော့ ၅ နှစ်ကနေ ၆ နှစ်အထိ Long-cycle Master’s တိုက်ရိုက်တက်ရောက်ရမယ့် စနစ်ဖြစ်ပါတယ်။

ဘာကြောင့် Czech ကို ရွေးချယ်သင့်တာလဲဆိုတဲ့ အချက်မှာ ကျောင်းလခ က အဓိက ဆွဲဆောင်မှုတစ်ခုပါ။ အစိုးရတက္ကသိုလ်တွေမှာ Czech ဘာသာစကားနဲ့ တက်ရောက်မယ်ဆိုရင် ကျောင်းလခ ၀ ကျပ် (FREE) နဲ့ ပညာသင်ယူနိုင်မှာဖြစ်ပြီး၊

အင်္ဂလိပ်လို တက်ရောက်ချင်သူတွေအတွက်လည်း တစ်နှစ်ကို ၃၆ သိန်း (MMK) ဝန်းကျင်ကနေပဲ စရှိလို့ အခမဲ့နီးပါး ပညာရေးစနစ်ကောင်းကို ရယူမဲ့ ကျောင်းသားတွေအတွက် အထူးတလည်ပြောပြစရာမလိုတော့ဘူး။

၂၀၂၆ QS World Ranking အရ Charles University ( #265) နဲ့ CTU Prague ( #416) တို့လို

ကမ္ဘာ့ထိပ်တန်းကျောင်းကြီးတွေ ရှိနေတာကလည်း Czech ပညာရေးရဲ့ အရည်အသွေးကို သက်သေပြနေပါတယ်။

🏠 နေထိုင်စရိတ်အနေနဲ့လည်း Prague မြို့ကြီးမှာဆိုရင် တစ်လကို ၂၉ သိန်းကနေ ၃၆ သိန်း ဝန်းကျင်၊

တခြားမြို့တွေ (ဥပမာ- Brno) မှာဆိုရင် ၂၄ သိန်း ဝန်းကျင် ကုန်ကျနိုင်တာကြောင့် ဥရောပရဲ့ တခြားနိုင်ငံတွေထက် အများကြီး ပိုမိုသက်သာပါတယ်။

🇨🇿Czech နိုင်ငံမှာ ပညာသင်ယူဖို့အတွက် လက်ရှိမှာ အင်္ဂလိပ်လိုတက်လို့ရတဲ့ Program ပေါင်း ၁,၀၀၀ ကျော်ရှိနေပြီး IELTS 6.5 ရှိရုံနဲ့ လျှောက်ထားနိုင်ပါတယ်။

❗သတိထားရမှာက Charles University လို ထိပ်တန်းကျောင်းတွေရဲ့ ၂၀၂၆ Intake အတွက် ပုံမှန် Deadline ဟာ April 30မှာ ပိတ်တော့မှာဖြစ်လို့ အချိန်က ရက်ပိုင်းပဲ လိုပါတော့တယ်။

⭐ဒီလို အခွင့်အလမ်းကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ Czech Republic ရဲ့ ပညာရေးလမ်းကြောင်းအကြောင်း ပိုမိုသိရှိလိုတယ်ဆိုရင် Next Chapter Abroad ရဲ့ Free education consulting session နဲ့ အမြန်ဆုံးလှုပ်ရှားသင့်ပါပြီခင်ဗျာ။ 🏃‍♂️💨

Next Chapter Abroad (Next Step to your Success)
📥 : Page inbox
📧 : [email protected]
#ကျောင်းလခ

Czech Republic မှာကျောင်းတက်ဖို့ စိတ်ကူးရှိဖူးလား❓💭ဥရောပရဲ့ အကောင်းဆုံးမြို့မှာ ကျောင်းတက်ရမယ်၊💰 နေထိုင်စရိတ်ကလည်း အသက်သ...
23/04/2026

Czech Republic မှာကျောင်းတက်ဖို့ စိတ်ကူးရှိဖူးလား❓

💭ဥရောပရဲ့ အကောင်းဆုံးမြို့မှာ ကျောင်းတက်ရမယ်၊💰 နေထိုင်စရိတ်ကလည်း အသက်သာဆုံးဖြစ်ရမယ်ဆိုရင် Czech Republic (Prague) ထက် ကောင်းတာ မရှိတော့ပါဘူး။

🇨🇿၂၀၂၆ Ranking မှာ Score 99.35 နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ နိုင်ငံဟာ ချက်ပဲဖြစ်ပါတယ်။

ဘာကြောင့် Czech ကို ရွေးချယ်သင့်တာလဲဆိုရင်🤔

Affordability နဲ့ Safety အပိုင်းမှာ ကျောင်းသားတွေအတွက် နံပါတ် ၁ ပါ။ နောက်ပြီး Czech Republic ဟာ တစ်ဥရောပလုံးမှာ Crime Rate ၂ ခုမြောက် အနိမ့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

✅Czech ဘာသာစကားနဲ့တက်ရင် ကျောင်းလခ (Tuition Fee) လုံးဝ မလိုပါဘူး။

✅ Monthly Budget (၁၁ သိန်း - ၂၄ သိန်း) ဝန်းကျင်ပဲ ရှိတာကြောင့် အီတလီထက်တောင် ပိုပြီး သက်သာပါတယ်။
ရှိ
✅အင်္ဂလိပ်လို တက်လို့ရတဲ့ Program ပေါင်း ၁,၀၀၀ ကျော်ရှိပြီး Master တက်မယ့်သူတွေအတွက် ကျောင်းလခ တစ်နှစ် ၆ သိန်း (MMK) ဝန်းကျင်ကနေပဲ စရှိပါတယ်။

ပညာရေးတင်မက၊ Future Career အတွက်ပါ အခွင့်အလမ်းတွေက အများကြီးရှိသေးပါတယ်။

၂၇ နိုင်ငံကို Visa-free လည်ပတ်နိုင်တဲ့ Advantage ရှိတယ်။

💼Part-time အလုပ်လုပ်ဖို့ Work Permit သီးသန့် မလိုသလို၊ ကျောင်းပြီးရင်လည်း ဥရောပ အလုပ်အကိုင် ဈေးကွက်ကို တိုက်ရိုက် ဝင်ရောက်နိုင်မှာပါ။

⭐အကောင်းဆုံးအချက်ဆို အီတလီလို ဗီဇာအတွက် လုပ်ငန်းလိုင်စင်တွေပြစရာမလိုပဲ အင်တာဗျူးတန်းဝင်ရုံပဲ

ဥရောပထဲမှာ ဝင်ရလွယ်သေးတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်🇨🇿

ဒါကြောင့်

စိတ်လုံခြုံမှုအာမခံချက်ရှိတဲ့ Czech နိုင်ငံမှာ အရည်သွေးမြင့်ပညာရေးကိုရယူနိုင်ဖို့ Page Inbox မှာ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

“𝐘𝐨𝐮𝐫 𝐆𝐚𝐭𝐞𝐰𝐚𝐲 𝐭𝐨 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧”
📥 : Page inbox
📧 : [[email protected]]

#ကျောင်းလခ

Italy Sapienza May — Last Call Sapienza (Rome) ရဲ့ Bachelor Deadline ပိတ်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်! 🇮🇹🚨QS World Univ...
22/04/2026

Italy Sapienza May — Last Call Sapienza (Rome) ရဲ့ Bachelor Deadline ပိတ်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်! 🇮🇹🚨

QS World University Rankings 2026 အရ World Rank #၁၂၈ နဲ့ အီတလီမှာ နံပါတ် (၁) generalist university အဖြစ် ရပ်တည်နေတဲ့ Sapienza University of Rome မှာ Bachelor တက်ဖို့ စောင့်နေတဲ့ Non-EU ကျောင်းသားတွေအတွက် May 15 ဟာ နောက်ဆုံး Deadline ပါပဲ။

အချိန်က ၁ လ၀◌န်းကျင်ပဲ လိုတော့တာမို့ ခုထိ Pre-selection မတင်ရသေးရင် ဒါကတော့ အရေးကြီးဆုံး Last Call ဖြစ်ပါတယ်။

Sapienza ဟာ ကမ္ဘာ့အဆင့်မီ ပညာရေးစံနှုန်းတွေကြောင့် နာမည်ကြီးတာတင်မကဘဲ Rome မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့ သမိုင်းဝင် တက္ကသိုလ်ကြီးတစ်ခုပါ။

မြန်မာကျောင်းသားတွေအတွက် အဓိကလိုအပ်တဲ့ Academic Requirements တွေကတော့ အနည်းဆုံး ၁၂ တန်း (Grade 12) အောင်မြင်ပြီးသူ ဖြစ်ရပါမယ် (A-Level, IB, AP ဒါမှမဟုတ် မြန်မာစနစ်သစ် ၁၂ တန်း အောင်မြင်ပြီးသူများ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်)။

အင်္ဂလိပ်လို တက်ရောက်မယ့် Bachelor တွေအတွက် IELTS (သို့မဟုတ်) TOEFL ရှိထားဖို့ လိုအပ်သလို၊ အီတလီလိုသင်တဲ့ Program တွေအတွက်ဆိုရင်တော့ CEFR B2 Level အောင်မြင်ထားဖို့ လိုအပ်ပါတယ်။

သတိထားရမှာက Sapienza ရဲ့ Bachelor Level အနေနဲ့ English-taught program list မှာ Engineering နဲ့ IT မပါဝင်ဘဲ Bioinformatics, Hospitality, Sustainable Building Engineering, Classics နဲ့ Global Humanities တွေသာ အင်္ဂလိပ်လို တက်ရောက်နိုင်မှာဖြစ်ပြီး၊ IT နဲ့ Architecture ကိုတော့ အီတလီဘာသာစကားနဲ့သာ သင်ကြားနိုင်မှာပါ။

နောက်ထပ်အရေးကြီးတာက University အများစုဟာ GED ကို လက်မခံတာကြောင့်၊ တကယ်လို့ GED နဲ့ဆိုရင် AP ထပ်ဖြည့်ထားဖို့ လိုအပ်ပါတယ်။

ဒီလိုအပ်ချက်တွေနဲ့အညီ ကျောင်းဝင်ခွင့်ရတာနဲ့ နေထိုင်စရိတ်၊ စားစရိတ်နဲ့
ကျောင်းလခ Free ရမယ့် ယူရို ၈,၀၀၀ နီးပါးတန် LazioDiSCo Scholarship ကိုပါ လျှောက်ထားခွင့် ရမှာဖြစ်လို့
ဒီ Deadline ကို လွတ်မသွားဖို့ အထူးအရေးကြီးပါတယ်။

နောက်ကျသွားရင် နောက်ထပ်တစ်နှစ် ထပ်စောင့်ရမှာမို့ အခုပဲ Next Chapter Abroad ရဲ့ Free Consultation service နဲ့အတူ
အီတလီအိမ်မက်ကို Sapienza မှာ အမိအရ ဖမ်းဆုပ်ဖို့ အခုပဲ စတင်လိုက်ပါ။
Next Chapter Abroad (Next Step to your Success)
📥 : Page inbox

ဘယ်နေရာရောက်ရောက် cash ဆောင်တဲ့အကျင့်ရှိကြလား💵ကိုယ်တွေမြန်မာကျောင်းသားတွေကတော့ ဒီမှာကတည်းက cash နဲ့ပဲကျွမ်း၀င်နေကြပေမဲ့ ...
21/03/2026

ဘယ်နေရာရောက်ရောက် cash ဆောင်တဲ့အကျင့်ရှိကြလား💵

ကိုယ်တွေမြန်မာကျောင်းသားတွေကတော့ ဒီမှာကတည်းက cash နဲ့ပဲကျွမ်း၀င်နေကြပေမဲ့ ဥရောပမှာပဲလေ..
တော်ရုံ ငွေသားကိုင်စရာမလိုတော့ဘူးဆိုပြီးလည်း ထင်လို့မရဘူး။

အီတလီရဲ့ Payment စနစ်ဟာ ခေတ်မီသလိုရှိပေမဲ့
တချို့နေရာတွေမှာ ရှေးရိုးစွဲဆန်နေဆဲမို့ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

အီတလီမြို့ကြီးတွေက Supermarket၊ ရထားလက်မှတ်နဲ့ Brand ဆိုင်တွေအတွက်
Card (Apple Pay/Google Pay) ရှိရင် ၉၀% အဆင်ပြေပေမဲ့၊ မြို့လေးတွေက

မိသားစုပိုင်ဆိုင်လေးတွေ၊ လမ်းဘေးဈေးသည်တွေနဲ့ Public Toilet လိုမျိုး
"Coins Only" နေရာတွေအတွက် Cash (အကြွေစေ့) ကလိုအပ်ဆဲပါ။

အဆင်ပြေပြေ သုံးစွဲနိုင်ဖို့ဆို

နေ့စဉ်သုံးငွေ ၇၀% ကို Wise သို့မဟုတ် Revolut လိုမျိုး Fee သက်သာတဲ့ Card ထဲမှာ ထားပြီး၊ ကျန်တဲ့ ၃၀% (ယူရို ၂၀ ကနေ ၅၀ ဝန်းကျင်) ကိုတော့ အကြွေစေ့လေးတွေနဲ့အတူ Cash အဖြစ် အမြဲဆောင်ထားပါ။

လမ်းဘေးက ATM တွေထက် ဘဏ်တိုက်မှာ တွဲရက်ရှိတဲ့ ATM တွေကိုပဲ သုံးပါ။
ငွေထုတ်တဲ့အခါ "Dynamic Currency Conversion" လို့ မေးလာရင် အမြဲတမ်း
"Reject/Decline" လုပ်ပါ။

ဒါမှသာ ကိုယ့်ဘဏ်ရဲ့ သက်သာတဲ့ ငွေလဲနှုန်းကို ရရှိမှာဖြစ်ပါတယ်။

🔴Card နဲ့ Cash အားလုံးကို ပိုက်ဆံအိတ်တစ်ခုတည်းမှာ စုမထည့်ပါနဲ့။

အီတလီရဲ့ ခိတ်အိတ်နှိုက် (Pickpocket) နာမည်ကြီးတဲ့ မြို့ကြီးတွေမှာ
ပိုက်ဆံအိတ် တစ်ခုတည်း ပါသွားတာနဲ့ အကုန်လုံး ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

အီတလီကျောင်းသားဘဝရဲ့ Real-life Tips တွေကို လက်မလွှတ်ရအောင်
Next Chapter Abroad Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်

Adresse

Democratic Republic Of The

Téléphone

+393277186158

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque NextChapter Abroad publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'école

Envoyer un message à NextChapter Abroad:

Raccourcis

Partager