07/09/2025
#ရေသန့်ကအပူပေးမသုံးသင့်ပါဘူး
ရေသန့်ကို ထမင်းဟင်းချက်တဲ့နေရာသုံးမိတယ်
ရေသန့်ကို ရေနွေးကျိုသောက်တာ မဟုတ်ပဲနေပူထဲချထားရင်တောင် ကင်ဆာဖြစ်ပါတယ်
ရေသန့်ဖြစ်ဖို့ကလိုရင်းဆေးခပ်ရပါတယ်
ရေသန့်ထဲမှာထည့်ထားတဲ့
ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲသွားပြီး
ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ
မအီမသာဖြစ်ခြင်း
ခေါင်းကိုက်ခြင်း
ပျို့အန်ခြင်း
အမည်မဖော်နိုင်တဲ့ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကို နွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ်
မယုံရင်ဆက်ပြီး အပူပေးကျိုသောက်ကြပါ ဖြစ်ရင်ခံကြပါ
ရိုးရိုးရေသန့်သည် ph 7 ပါ
ph 7 ကိုထပ်သန့်စင်ရင်
အယ်လ်ကာလီ ရေသန့်ဖြစ်လာပါတယ်
အယ်လ်ကာလီ သောက်ရေသန့်ဖြစ်သွားပါတယ်
အယ်လ်ကာလီသောက်ရေသန့်သည် ကျန်းမာရေးအတွက်
အရမ်းအဆင်ပြေပါတယ်
အယ်လ်ကာလီ ကနေ
အယ်လ်ကာလိုင်းထိ
ထပ်ပြောင်းလဲလို့ရပါတယ်
ရေသန့်ဆိုတာ ရေစစ်နဲ့ စစ်ထားတဲ့ မြစ်ရေချောင်းရေကျိုသောက်တာ ပြသာနာမရှိပေမယ့်
အခုနံမည်တပ်ရောင်းနေတဲ့
ရေသန့်အားလုံးသည်
အပူပေးကျိုချက်သောက်လို့မရပါ
(ကျန်းမာရေးအတွက်ဆင်ခြင်နိုင်ရန်ဖြစ်ပါတယ်)
လေးစားလျှက်🙏
မေတ္တာဖြင့်....
#ကျန်းမာရေးဗဟုသုတများ
#ရေသန့်
14/05/2025
ကလေးတွေကို မှန်ကန်စွာ စည်းကမ်းချမှတ်ခြင်းဟာ သူတို့ရဲ့အနာဂတ်အတွက် အရေးကြီးတဲ့အခြေခံဖြစ်ပါတယ်။ ဒါပေမယ့် စည်းကမ်းဆိုတာ **ကြောက်ရွံ့အောင် ထိန်းချုပ်တာမဟုတ်ဘဲ၊ သူတို့ကို လုံခြုံစိတ်ချရတဲ့ နယ်နိမိတ်သတ်မှတ်ပေးပြီး ကောင်းမွန်တဲ့အလေ့အကျင့်တွေ မွေးမြူပေးဖို့ဖြစ်ပါတယ်။
ကလေးတွေကို ထိရောက်စွာ စည်းကမ်းသွင်းနိုင်မယ့် နည်းလမ်းကောင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။
ရှင်းလင်းတဲ့ စည်းမျဉ်းတွေ သတ်မှတ်ပါ**
-ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာကို ရိုးရှင်းစွာ ရှင်းပြပါ။ (ဥပမာ - "အချိန်မှန် အိပ်ရာဝင်ပါ"၊ "အခြားသူတွေကို ရိုကျိုးစွာဆက်ဆံပါ")
- အကြောင်းပြချက် ပေးပါ။ (ဥပမာ - "အိပ်ရာစောဝင်ရင် မနက်ဖြန်အားအင်ပြည့်မယ်") စသည်ဖြင့်🥰
အပြုသဘောဆောင်တဲ့ အားပေးမှု
- ကောင်းတဲ့အပြုအမူတွေကို ချီးကျူးပါ(ဥပမာ - "ညီမလေးကို ကူညီပေးတာ အရမ်းကောင်းတယ်")
- **ဆုပေးစနစ်** (Reward System) သုံးနိုင်ပါတယ်။ (ဥပမာ - စည်းကမ်းလိုက်နာရင် ကလေးကြိုက်တဲ့ အရာပေးချင်း
နားလည်မှုနဲ့ သည်းခံပါ
- ကလေးတွေဟာ အမှားလုပ်တတ်ကြတယ် ဒါက သူတို့ကြီးပြင်းမှုရဲ့အစိတ်အပိုင်းပါ။
- အမှားလုပ်ရင် ဆူပူအပြစ်တင်မယ့်အစား ဘာကြောင့်မှားတာလဲဆိုတာ မေးမြန်းပြီး ပြန်လည်သင်ကြားပေးပါ။
ကိုယ်တိုင်စံနမူနာပြပါ
- ကလေးတွေဟာ မိဘတွေရဲ့လုပ်ရပ်ကို အတုယူတတ်ပါတယ်**။ သင်ကိုယ်တိုင် စည်းကမ်းရှိမှ သူတို့လည်း လိုက်နာမယ်။
အပြစ်ပေးတဲ့အခါ ရည်ရွယ်ချက်ရှိပါစေ** (ဥပမာ - ကလေးက ညီမကိုရိုက်ရင် သူ့အနေနဲ့ ဘာမှားသွားလဲဆိုတာ နားလည်အောင် ရှင်းပြပါ)
စည်းကမ်းတွေကို တစ်သမတ်တည်းထားပါ
- ယနေ့ခွင့်ပြု၊ မနက်ဖြန်တားမြစ် ဆိုရင် ကလေးမှာရှုပ်ထွေးသွားတတ်ပါတယ်။
- မိဘနှစ်ပါးလုံး က တူညီတဲ့စည်းမျဉ်းတွေ သတ်မှတ်ဖို့လိုပါတယ်။
- **အသက် 3 နှစ်အောက်** → ရိုးရှင်းတဲ့စည်းမျဉ်းတွေ (ဥပမာ - မီးဖိုမကိုင်ရ)
- အသက် 6-12 နှစ်→ တာဝန်ယူမှုနဲ့ဆိုင်တဲ့စည်းကမ်း (ဥပမာ - အိမ်စာပြီးမှ ဂိမ်းဆော့နိုင်မယ်)
- ဆယ်ကျော်သက်→ ဆွေးနွေးညှိနှိုင်းမှုနဲ့ စည်းကမ်းသတ်မှတ်ခြင်း
- ကလေးကို စည်းကမ်းသွင်းတိုင်း **သူ့ရဲ့တန်ဖိုးကို မပျက်စေဘဲ**၊ အပြုအမူကိုသာ ပြင်ဆင်ပေးဖို့** သတိထားပါ။
စည်းကမ်းဆိုတာ ကလေးကို "ထိန်းချုပ်ဖို့" မဟုတ်၊ "လမ်းညွှန်ဖို့" ဖြစ်ပါတယ်။
ကလေးတစ်ယောက်ဟာ **ချစ်ခြင်းမေတ္တာ၊ နားလည်မှုနဲ့ ရှင်းလင်းတဲ့ နယ်နိမိတ်တွေကြားမှာ အကောင်းဆုံးကြီးပြင်းလာမှာဖြစ်ပါတယ်။ ❤️
18/02/2025
ကလေးတွေကို ပညာသင်တဲ့အရွယ်မှာ ဘာတွေ ဘယ်လိုပြုစုပျိုးထောင်သင့်သလဲ
၁) Ethics - Doing What’s Right
ကျင့်ဝတ် ဆိုတဲ့စကားက လူတိုင်းသိသလိုလိုနဲ့ တကယ်တော့ အရမ်းကျယ်ပြောလှတယ်။ ကျောင်း၊ အလုပ်ခွင်၊ လူ့အဖွဲ့အစည်း၊ မိတ်ဆွေသူငယ်ချင်းတွေကြား နဲ့ မိသားစုအတွင်း အထိ ထိန်းသိမ်း စောင့်စည်းရမယ့် ကျင့်ဝတ်တွေက မနည်း။
ကျင့်ဝတ်ဆိုတာ နေရာ, ယဉ်ကျေးမှုပေါ်မူတည်ပြီး ဘယ်လို ပြုမူ ပြောဆို, နေထိုင်ရမယ် ဆိုတဲ့ အကျင့်ကောင်း အကျင့်မြတ် အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းပါပဲ။
- ရိုးသားရမယ် Honesty
အမှန်တရားဟာ လုပ်ဖို့ ပြောဖို့ ရမ်းခက်ခဲနေရင်တောင် ဘယ်လောက်အရေးပါလဲဆိုတာကို ကလေးတွေ နားလည်အောင် သင်ပေးရမယ်။
- သမာဓိတည်ရမယ် integrity
အခြေအနေအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေရှိနေရင်တောင် ကိုယ့်တန်ဘိုးနဲ့ ကိုယ့်စိတ်ဓါတ်စည်းကမ်း မပျက်အောင် စောင့်ထိန်းနိုင်ဖို့ အားပေးရမယ်။
- တရားမျှတရမယ် Fairness
လူတိုင်းကို တန်းတူရည်တူဆက်ဆံခြင်းနဲ့ ဘက်မလိုက်ခြင်းဆိုတဲ့ ဝါဒကို နားလည်အောင် သင်ပေးရမယ်။
- တာဝန်ယူတတ်တဲ့စိတ်ထားရမယ် Accountability
ကိုယ်လုပ်တဲ့ အပြုအမှုအတွက် ဖြစ်လာမယ့် နောက်ဆက်တွဲတွေရဲ့ အကျိုးဆက်ကို လက်ခံနိုင်အောင်၊ တာဝန်ယူနိုင်တဲ့ စိတ်ထားတတ်အောင် သင်ပေးရမယ်
၂) Morale - Building Confidence and Positivity
ယုံကြည်မှုတည်ဆောက်ခြင်း နဲ့ အကောင်းမြင်စိတ် ဆိုတာကလည်း ကိုယ်ကျင့်တရားအတွက် အရေးကြီးပြန်တယ်။
- ကိုယ့်ကိုယ်ကို ဂုဏ်ယူ ကျေနပ်စေရမယ် Encourage Self-Esteem
သေးသေးကြီးကြီး ကိုယ့်ရလာဒ်ကို ဂုဏ်ယူကျေနပ်တတ်တဲ့စိတ်ကို သင်ပေးရမယ်။
- အကောင်းမြင်စိတ်ကို မြှင့်တင်ရမယ် Promote Positivity
တနည်း optimsm လို့ခေါ်တဲ့ အကောင်းမြင်စိတ်နဲ့ လောကဓံကို ခံနိုင်ရည်ရှိအောင် စိန်ခေါ်မှုမျိုးစုံကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ သင်ပေးရမယ်။
- အသင်းအဖွဲ့နဲ့ လုပ်ကိုင်တတ်စေရမယ် Teamwork
အများနဲ့နေတတ်၊ ပူးပေါင်းလုပ်ကိုင်တတ်ခြင်းဟာလည်း လူအဖွဲ့အစည်း နဲ့ လူမှု့ဝန်းကျင်မှာ သိပ်အရေးပါလှတယ်။ မိတ်ဆွေဖွဲ့တာ friendship, community အဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်တာမျိုးတွေက ကလေးတွေ အတွက် အပြန်လှန်လေးစားတတ်စေခြင်း၊ အပြန်လှန် ရိုင်းပင်းကူညီတတ်စေခြင်းနဲ့ အများနဲ့ လုပ်ကိုင်တတ်စေတဲ့အတွက် ဘယ်လိုဝန်းကျင်မျိုးမဆို ကလေးအတွက် ဘဝအောင်မြင်မှုတွေရနိုင်တာမျိုးပါ။
၃) Morality - Personal Values and Virtues
အကျင့်စာရိတ္တ ဆိုတာဟာလည်း လူတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ တန်ဘိုးပါပဲ။
- စာနာမှု Empathy
တခြားသူတွေရဲ့ ခံစားမှု နဲ့ အမြင်တွေကို စာနာနားလည်းပေးတတ်အောင် သင်ပေးရမယ်။
- ကြင်နာမှု Kindness
အတန်းဖေါ်ပဲဖြစ်ဖြစ်၊ ဆရာ,ဆရာမ က အစ၊ ကိုယ့်ဝန်းကျင်မှာရှိတဲ့သူတိုင်းကို မေတ္တာထား ကြင်နာတတ်အောင် သင်ပေးရမယ်။
- သနားကြင်နာမှု Compassion
လိုအပ်နေတဲ့သူတွေကို ကူညီချင်တဲ့စိတ်ဖြစ်အောင်၊ သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားနေရမှုကို နားလည်းမှုပြတတ်အောင် သင်ပေးရမယ်။
- ခွင့်လွတ်တတ်စေခြင်း Forgiveness
အာဃာတ တွေကို စွန့်လွတ်ပြီး၊ နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ အရေးကြီးကြောင်းကိုလည်း နားလည်စေရမယ်
- စည်းကမ်းလိုက်နာတတ်စေခြင်း Respect for Rules
ကျောင်းနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စည်းကမ်းစည်းမျဉ်းများဟာ အများအကျိုးအတွက် ဆိုတာကို နားလည်းစေရမယ်။
ဒါတွေဟာ ကလေး ငယ် တိုင်း အတွက် ကျောင်းတက်ရင်း ပညာသင်ရင်း မိဘ နဲ့ ဆရာတွေက အလျဉ်းသင့်သလို နားလည်အောင် သင်ကြားပေးရမှာပါ။
ပညာတွေ ဘယ်လောက်တော်တော်၊ ဒီကျင့်ဝတ်တွေ၊ ကိုယ်ကျင့်တရားတွေ မကောင်းရင် ကျနော်တို့ လူ့အဖွဲ့အစည်း၊ ကျနော်တို့ နိုင်ငံ နောက်ထပ် နှစ်ပေါင်းများစွာ နွံနစ်နေအုံးမှာပါ။
ကျနော်တို့အားကိုးရမယ့် သူတွေက ကျနော်တို့မျိုးဆက်ပဲ ရှိပါတော့တယ်။ ရှေ့ကသူတွေက ဘယ်လောက်ပဲ သွေးနဲ့ တည်ဆောက်ခဲ့ တည်ဆောက်ခဲ့ ကျနော်တို့ ကလေးတွေကို ရည်မှန်းချက်ကြီးကြီးနဲ့ ပြုစုပျိုးထောင်မှ သာ နောင် အနာဂတ်နိုင်ငံကြီး၊ တိုးတက် ကောင်းမွန်တဲ့ လူအဖွဲ့စည်းကြီး အဖြစ် မြင်ကြရမှာပါ။
ကလေးတိုင်း တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းအရေးပါ, ပါတယ်။
ကိုယ်နိုင်သမျှ ကိုယ့်ကလေးကအစ, အနီးနားဝန်းကျင် လက်လှမ်းမီသမျှ ဆွဲခေါ် သင်ပေးကြပါ။ ကူညီချီးမြှောက်ကြပါ။
နိုင်သူက ကူပါ။ ကိုယ့်အနားက ကလေး ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး အမှတ်တမဲ့ နဲ့ လျစ်လျူခြင်းဟာ တခါတခါ ကျနော်တို့ လူ့အသိုင်းအဝိုင်း အတွက် ကြီးမားတဲ့ ရန်သူဖြစ်လာတတ်တယ်ဆိုတာလည်း ယခု ဖြစ်နေတဲ့ ခေတ်ဆိုးကြီးက သက်သေပါပဲ။
ကိုယ့်နဲ့ကိုယ့်ဝန်းကျင်က ကလေးမှန်သမျှ နိုင်သမျှ ကူညီရင်း ကျနော်တို့ တွဲလက်ညီညီနဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးနိုင်ကြမယ်ဆိုရင်...
ဆက်ပါအုံးမယ်...
ကျေးဇူးတင်ပါတယ်
Crd...
31/12/2024
ပေါက်ဆိန်ကြီးဟာ ဆံပင်ရိတ်တဲ့နေရာမှာ
အသုံးမတည့်ဘူးဆိုပေမယ့် သစ်ပင်ကြီး
ခုတ်လှဲတဲ့နေရာမှာတော့ တကယ်အသုံးတည့်
ပါတယ်။
ထိုနည်းတူ ဘလက်ဒါးဟာလည်း သစ်ပင်ကြီး
ခုတ်လှဲတဲ့နေရာမှာ အသုံးမတည့်ဘူးဆိုပေမယ့်
လည်း ဆံပင်ရိတ်တဲ့နေရာမှာတော့ တကယ်
အသုံးတည့်ပါတယ်။
ဒါကြောင့်...သူတစ်ပါးကိုအားကျပြီး
ငါက သူ့လိုမအောင်မြင်ဘူး၊ သူ့လိုမလုပ်နိုင်ဘူး၊
သူလောက်အစွမ်းအစမရှိဘူး၊ သူ့နေရာမှာ
မသုံးကြဘူး ဆိုပြီး စိတ်အားမငယ်ပါနဲ့။
#ဘယ်အရာမဆို၊ ဘယ်သူမဆို သူ့နေရာနဲ့သူ
အသုံးဝင်ပါတယ် ဆိုတာ အမြဲမှတ်ထားပါ။
02/11/2024
ငါညံ့ရင် ငါခံရမယ်
သူများကို အပြစ်မတင်ဘူး ။
ငါလဲရင် ငါထရမယ်
တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။
ငါပျင်းလို့ ငါဖျင်းတာ
ကြိုးစားတဲ့သူကို
မနာလိုမဖြစ်ဘူး ။
ငါမလေ့လာလို့ ငါမတတ်တာ
သူများနှိမ်လဲ မနာဘူး ။
ငါ့လိုအပ်ချက်
ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း
ငါမမြင်ဘူး ။
ငါကောင်းအောင် ငါနေရမယ်
ငါမကောင်းတဲ့အခါ
အပေါင်းအသင်းကြောင့်လို့
ခေါင်းစဉ်မတတ်ဘူး ။
ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။
14/06/2024
📖မြစ်ကျဉ်းတော့ ရေစီးသန်တယ်:::
အမြင်ကျဉ်းတော့ အငြင်းသန်တယ်:::
📖အမြင်ခြင်းမတူဘူးဆိုရင် မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။ ပြိုင်လေရန်များလေးပဲ၊ ရှင်းလေရှုတ်လေပဲ၊ ငြင်းလေ ဆိုးလေပါပဲ::
📖အရူးတစ်ယောက်နဲ့ငြင်းခုံနေတာဟာ အရူးနှစ်ယောက်ရှိတယ်လို့သက်သေပြလိုက်တာပါပဲ:::
📖လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ:::
📖လင်းနို့ အတည့်မြင်အောင် ကိုယ်က ကင်းမြီးကောက် ထောင်ပြစရာမလိုပါဘူး:::
📖ကိုယ်သမိုင်းကိုယ်ရေးတဲ့နေရာမှာ သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို လိုက်ခံစားမနေစရာမလိုဘူး
တိတ်ဆိတ်ခြင်းဟာ ပညာပါ
21/05/2024
အိန္ဒိယလူမျိုး တွေရဲ့ စကားတစ်ခု ကြိုက်လို့
မင်း သူတောင်းစား ကို ငွေ (လုံးဝ)မလှူပါနဲ့ တဲ့။
(စကောလားရှစ်)ရတဲ့ ကျောင်းသားကို
ပညာသင်စရိတ် ထောက်ပံ့ပါ။
စာသင်ကျောင်းတွေ ဆောက်ပေးပါ။
အဘိုးအဖွားတွေကိုလှူပါ
ဆာနေသူကို အစားအသောက် ကျွေး ပါတဲ့
ကြိုးစားတဲ့ ကျောင်းသားကို ထောက်ပံ့ပါ။
ပညာတတ်တွေ များလာတာက ၁၀နှစ်ကြာရင် ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရတာနဲ့ အတူတူပါပဲ ။
သူတောင်းစားတစ်ဦးထောက်ပံ့ရင်
၁၀နှစ်ကြာရင် သူတောင်းစားဦးရေပဲများလာလိမ့်မယ်။
ညဏ်နဲ့ယှဉ်ပြီးမှ လှူပါ။
& Daw Monn Monn.