13/04/2023
Kyaw Zeya Myint
❤❤ If you respect me,I will respect you.❤❤
13/04/2023
17/03/2023
ဒီစာကိုအသိတရားဘဲတင်တာ နေ့တိုင်းဖတ်ဖို့မလို
သိရင်ရတယ် ဘဝမှာတစ်ခါတလေသိရမှာပေါ့။
13/03/2023
၂၀၂၃ ခုနှစ်
Chemistry မေးခွန်းလွှာ
12/03/2023
သင့်အတွက် အမှန်တကယ်
စိတ်ခွန်အားဖြစ်စေမယ့် ရှားရှားပါးပါး
သူတို့ပြောစကားများ✅✅
#လေးစားစွာဖြင့်ပြန်လည်မျှဝေသည်
12/03/2023
🎑" အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ" 🎑
*ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
*စီးဆင်းရတယ်။
*လိုအပ်သူတွေက ပြုံးတဲ့အခါ
*မလိုအပ်သူတွေက မုန်းကြမယ်။
*ထိုအခါ ကိုယ်ဟာ မပြုံးမပျက်စေနဲ့။
*မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ
*ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
*သူတို့ရဲ့အကြောင်းတွေထက်
*ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။
*အကြောင်းကောင်းမှ
*အကျိုးဆက်ဟာ အဖိုးထက်မှာမို့
*အတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
*ဘဝကို ဘေးမထိုးမိပါစေနဲ့။
*အပြောတွေ ချိုသာပါ။ ယဉ်ကျေးပါ။
*စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
*စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။
*စကားကိုလည်း အလွယ်မယုံမိပါစေနဲ့။
*အလွယ်လည်း မပြောမိပါစေနဲ့။
*သူတစ်ပါးရဲ့စကားကြောင့်
*ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
-ကိုယ့်ရဲ့ဖြစ်စလွယ် စကားကြောင့်လည်း
*တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။
-မှန်ကန်သော အပြောဖြင့်
*သတိထား ဆုံးဖြတ်နိုင်ပါစေ။
*မှားသောသူ တွေ့တိုင်းလည်း
*မပုတ်ခတ်မိပါစေနဲ့။
*မှန်သောသူ တွေ့တိုင်းလည်း
*ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။
-ကိုယ်မှားရင် တောင်းပန်ပါ။
*ကိုယ်မှန်ရင်လည်း အနေမှန်ပါ။
*ဘဝတွေကို
*ဘဝင်မြင့်သော စိတ်တွေနဲ့
*မပေါင်းထည့်လိုက်ပါနဲ့။
*မုန်းနေပါစေ....ကိုယ့်မှာရှိသော
*စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ
*လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။
*ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
*ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။
*သစ္စာတရားဖြင့် စကားပြော၍
*မေတ္တာတရားဖြင့် လူတိုင်းကို ပြုံးပေးပါ။
*ဘဝဟာ မေတ္တာတရားတွေနဲ့
*အထာကျသွားရင်.......
*နေလို့လည်းကောင်းမယ်။
*အေးလည်း အေးချမ်း မယ်။
*လူတိုင်းကိုလည် အကောင်းမြင်လာမယ်။
*ကိုယ့်ဘက်ကသာ
*အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
*လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ
*ဖြစ်လာမှာပါ။
📖 #စာအုပ်စာပေလူ့မိတ်ဆွေ 📖
မူရင်းရေးသားသူကိုလေးစားစွာဖြင့် 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်။
----------------------------
ဗဟုသုတ စာပေများကို
ဖတ်ချင်လိုပါကအကောက်ကို
add & Followed
See First လုပ်ထားလိုက်ပါ
ဦးဖြိုးမင်းသိန်းတို့ကို ပြည်သူ့တော်လှန်ရေးစံနှုန်းအရ ထုတ်ပယ်လိုက်တာလို့ ဦးအောင်ကြည်ညွန့်ပြော
~~~
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားထားရတဲ့ လူတစ်ယောက်လို့ ယူဆခဲ့ကြတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ NLD ပါတီ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို ပါတီကထုတ်ပယ်လိုက်တယ်လို့ NLD ပါတီကို တာဝန်ခံဆောင်ရွက်နေတဲ့ ဗဟိုအလုပ်ကော်မတီ (CWC) က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာကြေညာပါတယ်။
ဒီလိုကြေညာလိုက်တဲ့အတွက် “ပြည်ပရောက်နေကြတဲ့သူတွေက NLD CWC ဖွဲ့တာဟာ တရားမဝင်ဘူး” လို့ ထုတ်ပယ်ခံရတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဗဟိုကော်မတီဝင် ဦးတိုးလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ နောက်တစ်ရက်မှာပဲ ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က “လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့တစ်သားတည်းကျသလား၊ မကျဘူးလား။ လူထုရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်ဆောင်ရွက်သလား၊ မဆောင်ရွက်ဘူးလား အပေါ်မှာမူတည်ပြီး ကျနော်တို့ ဆုံးဖြတ်တာပါ။ အခုကျနော်တို့ CWC ဟာ မူဝါဒရေးကိစ္စမဟုတ်ဘူးဗျ၊ ဒါပါတီရဲ့ စည်းကမ်းထိန်းသိမ်းကိစ္စနဲ့ တော်လှန်ရေးနဲ့ အံဝင်ဂွင်ကျဖြစ်သလား မဖြစ်သလားဆိုတဲ့ ပြည်သူ့ရဲ့ တော်လှန်ရေးစံနှုန်းပေါ်မှာ မူတည်ပြီး ကျနော်တို့ဆုံးဖြတ်တာဖြစ်တဲ့အတွက် မူဝါဒရေးရာနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး”
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ အမည်ကိုအလွှဲသုံးစားလုပ် ပူးပေါင်းဆောင်ရွက်တာတွေရှိတာကြောင့် ထုတ်လိုက်တာလို့လည်း ဆိုပါတယ်။
ပါတီကအထုတ်ခံလိုက်ရတဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်းကတော့ NLD ပါတီ ခေါင်းဆောင်တွေကို ထောင်ဝင်စာပို့ဖို့နဲ့ အမှုရင်ဆိုင်ရမယ့်အခြေအနေတွေမှာပဲ စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက်တယ်လို့ ဘီဘီစီသတင်းဌာနနဲ့ မေးမြန်းခန်းမှာဖြေထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို အမှုရင်ဆိုင်ပေးဖို့ ရှေ့နေတွေငှားရမ်းရတဲ့ ကိစ္စတွေ အမှုရင်ဆိုင်ဖို့ ထောင်တွင်းကိစ္စတွေ ဆောင်ရွက်ပေးဖို့ ထောင်ထဲမှာရှိနေတဲ့ ကျမတို့ပါတီ ခေါင်းဆောင်တွေအားလုံးအတွက်ကို အဆင်ပြေပြေနဲ့ အမှုရင်ဆိုင်ဖို့တွေ စားနပ်ရိက္ခာပို့ဖို့ဆိုတဲ့ ကိစ္စတွေအားလုံးကိုတော့ ကျမတို့ သက်ဆိုင်ရာတွေနဲ့တော့ ဆောင်ရွက်ရတာပဲ ဒါကအားလုံးက မဖြစ်မနေလုပ်ဆောင်ရတဲ့ကိစ္စ”
မြန်မာပြည်ထဲမှာရှိနေတဲ့ NLD ပါတီဝင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာမရှိသလို၊ ရှိတယ်ဆိုတဲ့ သံသယရှိရင် သက်သေပြဖို့ သူကပြောဆိုလိုက်ပါတယ်။
ဒေါ်စန္ဒာမင်းကို RFA ကမေးမြန်းဖို့ ဆက်သွယ်တဲ့အခါမှာ သူ့အနေနဲ့ မဖြေနိုင်ဘူးလို့ပဲ တုံ့ပြန်ပါတယ်။ အလားတူ အထုတ်ခံရတဲ့ တခြားသူတွေကိုလည်း ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ မရပါဘူး။
ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီစွပ်စွဲထားတဲ့ အဂတိအမှုအတွက် ရွှေနဲ့ဒေါ်လာငွေတွေ ပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ဘက်ကနေ သက်သေထွက်ဆိုခဲ့တာကြောင့် NLD ပါတီဝင်တွေရော လူထုကြားမှာပါ အံ့အားသင့်ခဲ့ကြပါတယ်။
အမှုအားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံရပေမဲ့ ဦးဖြိုးမင်းသိန်းကိုတော့ စစ်ကောင်စီက ထောင်မချဘဲ ငွေဒဏ်ပဲ ချခဲ့ပါတယ်။
ဒီလိုအခြေအနေကြောင့်လည်း သူ့အပေါ် NLD ပါတီဝင်တွေနဲ့ လူထုကြားမှာ သို့လောသို့လော ဖြစ်ခဲ့ပါတယ်။ ပါတီကနေ ထုတ်ခံလိုက်ရတဲ့ ဗဟိုကော်မတီဝင် ဦးတိုးလွင်က အခုလိုပါတီကနေ ထုတ်လိုက်တာဟာ တရားဝင်မှုမရှိဘူးလို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
NLD ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ ပါတီထဲမှာ သဘောကွဲလွဲခွင့်ရှိသလို၊ NLD ဗဟိုအလုပ်ကော်မတီ CWC ရဲ့ ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ ပြောပါတယ်။
“တစ်ယောက်တစ်ဦးကနေပြီးတော့ ဒါကိုအသိအမှတ်မပြုဘူး လက်မခံဘူးဆိုလည်း ဒါလည်းသူ့သဘောပေါ့။ ဒါပေမဲ့ ကျနော်တို့ပါတီတစ်ခုလုံးကနေပြီးတော့ ပုံမှန်အစည်းအဝေးတွေ ကျင်းပတယ်။ ပုံမှန်ပဲညွှန်ကြားမှုတွေကို ခံယူတယ်၊ ပုံမှန်အကြံပြုလို့ရတယ်၊ ပုံမှန်လှုပ်ရှားမှုတွေကို ကျနော်တို့ လုပ်နေကြတာပါ။ ဒါကြောင့် ဒီကိစ္စဟာ CWC အနေနဲ့ လုပ်ပိုင်ခွင့် အပြည့်ရှိသလို ဆုံးဖြတ်ပိုင်ခွင့်လည်းရှိတယ်လို့ ယူဆပါတယ်”
ဒီမိုကရေစီလိုလားသူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း NLD ပါတီအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့အတွက် ကြိုဆိုတယ်လို့ ပြောပါတယ်။
“ပြောချင်တာကတော့ ဒါဟာလုပ်သင့်လုပ်ထိုက်လို့ NLD ပါတီက လုပ်လိုက်တယ်။ ပါတီအတွင်းရေးလည်းဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က တိုင်းပြည်ကရော ကျွန်တော်တို့ကရော ဘာမှအထူးဝေဖန်စရာမရှိဘူး။ ပါတီတစ်ရပ်အနေနဲ့ လုပ်ရပ်မှန်ကန်တယ်လို့ ယူဆတယ်ပေါ့နော်၊ ကျန်တဲ့လူတွေလည်းပဲ သတိထားကြပေါ့ဗျာ၊ ခင်ဗျားတို့လည်း ဖောက်ပြန်ရေး လမ်းစဉ်ဘက်ကို ပါချင်ရင်လည်း ဖောက်ပြန်ကြပေါ့ဗျာ။ နွေဦးတော်လှန်ရေးကြီးကတော့ ဆက်ပြီးချီတက်သွားမှာပဲ ဆိုတာကိုတော့ ကျွန်တော်က မြင်တယ်ပေါ့ဗျာ”
NLD ပါတီရုံးချုပ် ပြန်ဖွင့်ခွင့်ပြုဖို့အတွက် ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့ဟာ နေပြည်တော်အချုပ်ထောင်ထဲမှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ၂၀၂၂ နိုဝင်ဘာလက သွားရောက်တွေ့ဆုံ ခွင့်တောင်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ခွင့်မပြုခဲ့ဘူးဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ NLD ပါတီအနေနဲ့ ဘယ်လိုကြေညာချက်တွေပဲထုတ်ထုတ် နောက်ဆုံးအဆုံးအဖြတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာပဲ မူတည်နေတယ်လို့ ပြောပါတယ်။
“NLD ပါတီရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ၈၈ အရေးအခင်းနောက်ပိုင်းပေါ့နော်၊ ဘယ်လိုပဲ ဆုံးဖြတ်ချက်တွေချချ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်လိုက်တာပဲလုပ်လုပ် ပါတီကိုဆက်ပြီးတော့မှတ်ပုံတင် ရွေးကောက်ပွဲဝင်တာ ဘာတွေပဲလုပ်လုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကသာလျှင် နောက်ဆုံးတော့ လမ်းကြောင်းပေါ်ကို ပြန်ရောက်တာပဲ၊ ပြောချင်တဲ့အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လောက်ပဲထုတ်ထုတ် သူသဘောမတူဘူးဆိုရင် အဲဒါက ပျက်ပြယ်လိမ့်မယ်”
NLD ပါတီဟာ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်က ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်တို့ခွဲထွက်ပြီး ပါတီသစ်ထောင်သွားသလို၊ အခုတစ်ခေါက် စစ်တပ်အာဏာသိမ်းပြီး ပေါ်လာတဲ့စစ်ကောင်စီမှာ အဖွဲ့ဝင်တွေဖြစ်နေတဲ့ သမိုင်းလည်းရှိပါတယ်။
မတ်လ ၁၂ ရက် တနဂ်နွေနေ့ နံနက်ခင်းသတင်းထုတ်လွင့်မှုအစီအစဉ်ဖြစ်ပါတယ်။
ဓာတုဗေဒ အများကြီးကြည့်ပါနော် ကြည့်ရင် ဘယ်လောက်ခက်ခက် ရနိုင်တယ်။
11/03/2023
၂၀၂၄ ခုနှစ်
Grade -12 စနစ်သစ် ကျောင်းသား ကျောင်းသူ စတင်ဖြေဆိုမည့်အတွက် မြန်မာစာ မေးခွန်းပုံစံတင်လိုက်တာနော်.
လိုအပ်သူများအတွက်ပါ
10/03/2023
၂၀၂၃ ခုနှစ်
Section(C)Mathematic အဖြေရပြီတင်လိုက်တာလေ ပြန်လည်စီစစ်ပါနော်
10/03/2023
၂၀၂၃ ခုနှစ်
Mathematic Section(B)အဖြေရပြီ တင်လိုက်တာနော် ပြန်လည်စီစစ်ပါ
10/03/2023
Mathematic ၃မှတ်တန် အဖြေများကို တင်လိုက်တာလေ မှားရင် မှန်ရင် ပြန်လည်စီစစ်ပါ.
Cliquez ici pour réclamer votre Listage Commercial.
Emplacement
Site Web
Adresse
Democratic Republic Of The