30/03/2026
Grade 10,11,and 12
ဝင်ခွင့်စစ်ပါတယ်
ရည်ရွယ်ချက်က
(၁)လူဦးရေ ကန့်သတ်ချင်လို့
(၂)Aye Myittar Pyinnyar Dagon မှာတက်ရဖို့ ဘယ်လောက် ကြိုးစားအားထုတ်ထားလဲ အလေးထားလဲ သိချင်လို့
(၃)အလယ်တန်းအဆင့်အခြေခံဘယ်လောက်ရှိလဲသိချင်လို့(ဒီတိုင်း ဦးရာလူ လက်ခံရင် ၂အလီကလွဲပြီးမရတဲ့သူ၊go ရဲ့ past form ကို goed တို့ want တို့ ဖြေသူတွေနဲ့ ကြုံခဲ့ရတာမို့)
💥 ကိုယ် လက်ခံလိုက်တဲ့
ကလေးက ကိုယ့် ကလေး(ကိုယ့် သား/သမီး)ဖြစ်လာပြီဆိုရင်တော့ စည်းကမ်း တွေလိုက်နာနေသရွေ့ ကိုယ့်ကျောင်းမှာအတန်းကုန်တဲ့အထိ မြဲကြတာပါပဲ။
P.S ဝင်ခွင့်စစ်တာ တော်တဲ့လူတွေချည်းပဲခေါ်ချင်လို့မဟုတ်၊ကျောက်ခဲကိုဆီထွက်အောင် ဘယ်လိုကြိတ်ရတာကိုယ်တိုင်အသိဆုံးပါလို့)
26/03/2026
💥2026
Saung Trip
the memo
01/01/2026
၂၀၂၆ နှစ်သစ်ဆုတောင်း
၂၀၂၆ နှစ်သစ်မှစ၍ အနန္တစက်ြဝဠာ ရှိ သတ္တဝါ အနန္တ အားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်း၍ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ🙏
ဖြစ်ချင်တဲ့ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ🙏
အတ္တဟိတ၊ ပရဟိတ မျှတစိတ်ထား
ဗြဟ္မစိုရ်တရား လေးပါး
လက်ကိုင်ထားကျင့်ပွားနိုင်သူများဖြစ်ကြပါစေ🙏လို့ အေးမေတ္တာပညာတံခွန် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်💕
19/12/2025
ကဲ
Grade 12 ကလေးတို့ရေ
ဒုတိယမြောက် alarm သံတော့ မြည်လာပါပြီ
စာကလွဲပြီးအားလုံးကိုစိတ်ဝင်စားအားထုတ်နေတာတွေကိုလုံးဝရပ်ပြီးပြောင်းလဲပစ်မှ ရလဒ်ကောင်းထွက်မှာပါ
အားလုံးကိုဖြတ်ချပြီးအားကုန်ထုတ်ကြိုးစားကြပါစို့💪
14/09/2025
7.9.2025
(Sunday)
အေးမေတ္တာပညာတံခွန်ရဲ့ နှစ်စဥ်မပျက် ပြုမြဲဖြစ်သောတက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားပုံရိပ်များ
06/09/2025
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ဂုဏ်ပြုပွဲကျင်းပရန်ပြင်ဆင်ထားမှုများ
(မနက်ဖြန်တွင် အခန်းဆက်များလာပါမည်)
30/07/2025
👉တက္ကသိုလ်ဝင်တန်းအောင်ကလေးတို့ရေ
📍 ရန်ကုန်တိုင်း စာစစ်ဌာန လိပ်စာ 📍
🏢 အမှတ် (၄/၅)၊ ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
🚌 သွားရောက်နည်း 🗺️
➡️ ပြည်လမ်းမှ YBS များဖြင့်လာပါက
📍 "AD မီးပွိုင့်" မှတ်တိုင်တွင် ဆင်းပါ။
🚶♂️ထိုမှ ပါရမီလမ်း အတိုင်း လမ်းလျှောက်ဝင်ရမည်။
📌 ရွှေမောက်ဆိုင် 🥘 နှင့် မင်းလမ်းမုန့်တီဆိုင် 🍜 အနီးတွင် တည်ရှိပါတယ်။
➡️ အင်းစိန်လမ်းမှလာပါက
📍 "ဘုရားလမ်း" မှတ်တိုင်တွင် ဆင်းပါ။
အနီးဆုံးလမ်းများကို 🧭 ဖန်တီးထားသော နည်းလမ်းအတိုင်း လမ်းလျှောက်ဝင်လို့ရပါတယ်။
📎 သတိပြုရန် –
သွားမည့်အချိန်အလိုက် မီးပွိုင့်များတွင် ယာဉ်များကြောနေခြင်းရှိနိုင်သည်။
🕒 မနက်ပိုင်းသွားရင် ပိုပြီးအဆင်ပြေပါတယ်။
28/07/2025
I've just reached 100 followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉
26/07/2025
❤️၄၈.၀၆%ထဲက ကိုယ့်ကလေးတွေရဲ့အောင်မြင်မှု❤️
👉ဆမဒ ၂၄၄ မဆုမြတ်ဝတီ(မြန်မာ အင်္ဂလိပ် ရူပ ဇီဝ)
👉ဆမဒ ၃၆၃ မမေမိုးအောင်(မြန်မာ ဓါတု ရူပ ဇီဝ)
👉ဆမဒ ၂၆၁ မောင် ဇွဲမာန်ထက်(ရူပ ဇီဝ)
👉ဆမဥ ၆၈၆ မောင်သားထက်ဦး(ရူပ ဇီဝ)
👉ဆမဥ ၆၈၇ မောင်ပြည့်ဖြိုးဦး(ရူပ ဇီဝ)
👉ဆမဥ ၁၈ မောင် ထက်ဦးကျော်(ရူပ)
👉ဆမဥ ၆၈၀ မောင် ထူးအောင်ဝင်း (ရူပ)
👉ဆမဥ ၁၆၆၉ မသိမ့်သူသူနိုင်(ဘောဂ)
👉ဆမဥ ၁၆၈၉ မောင်ဥာဏ်လင်း(ဘောဂ)
👉ဆမဒ ၁၈၉ မောင်ရဲဘုန်းခန့် (ရိုးရိုးအောင်)
👉ဆမဥ ၂၀၁ မဝတ်မှုန်ဦး(ရိုးရိုးအောင်)
👉ဆမဥ ၆၄၄ မအိဇင်ဖြိုး (ရိုးရိုးအောင်)
👉ဆမဥ ၆၆၄ မောင်ဖြိုးခန့်ကျော်(ရိုးရိုးအောင်)
👉ဆမဥ ၆၇၇ မောင်ထူးအောင်လင်း(ရိုးရိုးအောင်)
👉မြန်မာစာဂုဏ်ထူးရှင် (၂)ဦး
👉အင်္ဂလိပ်စာဂုဏံထူးရှင် (၁)ဦး
👉ဓါတုဗေဒဂုဏ်ထူးရှင်(၁)ဦး
👉ရူပဗေဒဂုဏ်ထူးရှင်(၆)ဦး
👉ဇီဝဗေဒဂုဏ်ထူးရှင်(၅)ဦး
👉ဘောဂဗေဒဂုဏ်ထူးရှင်(၂)ဦး
👉ဂုဏ်ထူးဖြင့်အောင်မြင်သူ (၉)ဦး
👉ရိုးရိုးအောင်မြင်သူ(၅)ဦး
👉အောင်ချက် ၁၀၀%😁
12/11/2024
😊အေးမေတ္တာပညာတံခွန်မှ
၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်ကလေးများ၏တက္ကသိုလ်ဝင်ခွင့်ရရှိမှုမှတ်တမ်း
💕ဆေးတက္ကသိုလ် ၁👉တစ်ဦး
💕သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်👉တစ်ဦး
💕ဆေးဝါးကျွမ်းကျင်👉တစ်ဦး
💕နည်းပညာတက္ကသိုလ်👉 သုံးဦး
💕စီးပွားရေးတက္ကသိုလ်👉တစ်ဦး
💕သင်္ချာအထူးပြု(ဒဂုံတက္ကသိုလ်)တစ်ဦး
💕ကျန် အဝေးသင်တက္ကသိုလ်👉သုံးဦး
Congratulations ပါကလေးတို့
27/09/2024
သမီးနှစ်ယောက်လုံးနှုတ်ဖြေကိုကောင်းစွာဖြတ်ကျော်အောင်မြင်ပြီးဆေးတက္ကသိုလ် တက်ခွင့်ရပါစေ။
ပညာပြည့်ဝနှလုံးလှတဲ့ နိုင်ငံ့ရတနာ ဆရာဝန်မကြီးတွေဖြစ်ကြပါစေ❤️