20/02/2023
ကြိုက်လို့ ပြန်လည်မျှဝေသည်
အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ
သူ့ရင်သွေးကို ပုခက်ထဲထည့်သိပ်ခဲ့ပြီး
ခြံထဲက ရေဘုံပိုင်မှာ အဝတ်တွေလျှော်ပါသတဲ့
ဒါကို သူ့ရဲ့အမေဖြစ်သူ အဖွားအိုက
အိမ် ကပြင်ကနေထိုင်ရင်းလှမ်းမြင်တော့
သူ့သမီးနေပူနေတာမို့နေပူထဲ မလျှော်ဖို့
အော်ပြောရှာပါတယ်
သမီးဖြစ်သူက
"ရပါတယ်အမေရဲ့ ဘာမှမဖြစ်ပါဘူး"
ဆိုပြီးနေပူထဲ ဆက်လုပ်မြဲလုပ်နေတယ်...
အဖွားအိုကလည်း.
"ဟဲ့နေပူထဲမလုပ်ပါနဲ့
နေထိုင်မကောင်းဖြစ်မယ်" ပေါ့...
တတွတ်တွတ်ပြောလို့မပြီးတော့ဘူး...
သမီးကလည်းသူ့မအေစကား
မကြားသလိုနေလိုက်ရောဆိုပါတော့
သိပ်မကြာဘူး
သမီးဖြစ်သူက သူ့ရင်သွေးလေးရဲ့
အဲ့ခနဲ ငိုသံကို ကြားမိလို့ကြည့် လိုက်တော့...
အားလားလား
သူ့ရင်သွေးကိုအဖွားအိုက
နေပူထဲလာချထားတာကိုး
ဒါနဲ့သမီးဖြစ်သူက
စိုးရိမ်တကြီးနဲ့
ဗြုန်းဆိုငေါက်ခနဲထရပ် ကလေးဆီပြေး
ကလေးကိုပွေ့ချီ ချော့မြူလိုက်ပြီး...
"အမေအမေဘယ်လိုလုပ်လိုက်တာလဲ ?
အမေ ဘာလို့ရက်စက်ရတာလဲ " လို့
အဖွားအိုကို အပြစ်တင်တာပေါ့
အဖွားအိုက
တခွန်းပဲပြောရှာတယ်
"အေး အခု ညည်းရင်ထဲကအတိုင်းပဲ
နေပူထဲက နင့်ကို ငါမြင်နေရတုန်းက
ငါဘယ်လိုခံစားနေမိမလဲဆိုတာ
သဘောပေါက်ပလားဟဲ့" တဲ့
ဪ, အမေ.. အမေရယ်!
ဖြူအောင်စိတ်ကိုထား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
"အမေ့ကို မမေ့ပါနဲ့"
အမေဟာ ဆံပင်တွေဖြူပြီး
မေ့တတ်ရင် မေ့တတ်ပါလိမ့်မယ်။
ဒါပေမယ့်....
သင့်ကိုတော့
လုံးဝ အမှတ်ရနေပါလိမ့်မယ်။
အမေ့မျက်စိဟာ မှုန်ရင်
မှုန်နေပါလိမ့်မယ်။
ဒါပေမယ့်.......
သင့်ပုံရိပ်တွေကိုတော့
ကောင်းကောင်း မြင်နိူင်ပါလိမ့်မယ်။
အမဟော စကားပီပီသသ
ပြောချင်မှ ပြောနိူင်ပါလိမ့်မယ်။
ဒါပေမယ့်......
သင့်ကိုတော့ သား,သမီးလို့
ပီပီသသ ခေါ်နိူင်ပါလိမ့်မယ်။
အမေ့လက်တွေဟာ
တုန်ရီ ချည့်နဲ့ပြီး
အလုပ်ကောင်းကောင်းလုပ်ဖို့
ရချင်မှ ရပါလိမ့်မယ်။
ဒါပေမယ့်.......
သင့်ကို နွေးထွေးစွာ
ဖက်ထားဖို့တော့
အားအင်တွေ ကျန်နေပါလိမ့်မယ်။
အမေ့ခြေထောက်တွေဟာ
လမ်းကောင်းကောင်းလျှောက်ဖို့
သန်မာချင်မှ သန်မာပါလိမ့်မယ်။
ဒါပေမယ့်.....
သင်ရှိရာကို လာလည်ဖို့
တောင်ဝှေးတစ်ချောင်းသာ
လိုပါလိမ့်မယ်။
အမေဟာ အိပ်ယာပေါ်မှာ
လဲရင် လဲနေပါလိမ့်မယ်။
ဒါပေမယ့်.....
သူ့ရဲ့စိတ်ကတော့
သင့်နှလုံးသားမှာ
မှီတွယ်နေပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ
မိန်းမတွေ အများကြီးထဲမှ
သင့်ကို
အချစ်ဆုံးသော "မိန်းမ" ဟာ
သင့်ရဲ့အမေပင်ဖြစ်ပါတယ်။
ဒါ့ကြောင့်
အမေ့ကို ဘယ်တော့မှ မမေ့ပါနဲ့။
ငယ်ငယ်တုန်းက
အိမ်ဆိုတာ အမေ
အမေဆိုတာ အိမ်ပဲလို့ထင်တယ်။
အမေ မရှိရင်
အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
အိမ်ပြန်မယ်လို့သာ ပြောတယ်၊
တကယ်တော့ အမေ့ကိုရှာတာပဲ။
အမေ ဘယ်မှာလဲ....
အမေရှိတဲ့အရပ်က အိမ်ပေါ့။
အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။
ကြီးလာတော့လည်း
အမေဆိုတာ အိမ်
အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
အမေ မရှိရင် အိမ်မရှိဘူး။
အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
တကယ်တော့ အမေ့ကို လွမ်းတာပါ။
အိမ်ထဲဝင်တာနဲ့
"အမေ" လို့ အရင်ခေါ်တာပါပဲ။
အမေကို မတွေ့ရင်
အမေကိုရှာတယ်။
အမေကိုတွေ့မှ
အော်.. အိမ် ပြန်ရောက်တယ်။
အင်း.... ဘာဖြစ်လို့
လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
အိမ်ပြန်ချင်ကြပါလိမ့်၊
အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
အမေ့ကို အရင်သတိရကြပါလိမ့်၊
ဘာမှမတတ်နိုင်တဲ့အခါ
"အမေ"လို့ တကြပါလိမ့်...
တစ်သက်ရှိခဲ့ပါပြီ...
တမ်းတရင်း လွမ်းဆွတ်ရင်း
ဘယ်နေရာမှာ
လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။
ကျွန်တော် အကျယ်ကြီး ပြောပါရစေ...
အ မေ ...
အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
ကျွန်တော်တစ်သက်တာအတွက်
အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...
မူရင်းရေးသားသူအား လေးစားစွာ ဂါရဝပြ ု ပါသည်
#အမေဆိုတာ
တသက်မှာ တစ်ခါသာ အရမ်းချစ်ခဲ့ဖူးရင်
သင့်ကိုပဲ အမေချစ်ခဲ့မှာပါ ၊၊
ဘဝမှာ တစ်ကြိမ်ပဲ တန်ဖိူးထားခဲ့ဘူးရင်
သင့်ကိုပဲ အမေတန်ဖိုးထားမှာပါ ၊၊
ဘယ်သူမှ နားလည်မပေးနိုင်တဲ့ အချစ်မျိုး
သင့်ရဲ့ အမေမှာ ရှိနေတယ် .....
အရမ်းကြီးပဲ ချစ်ပြနေဖို့ဆိုရင်
ခွတ်လွတ်နားလည်ပြီး ဂရုစိုက်နေပေးတက်တဲ့
သင့်ရဲ့ အမေ့ရင်ခွင်ဆီကိုသာ ပြေပါ
တစ်စှူံတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့အခါ
အထီးကျန်ခြင်းတွေနဲ့ အဖော်ပြုပြီး မနေပါနဲ့
ငယ်ငယ်က သင့်အနားမှာ အရိပ့်လိုမျိုး
စောင့်ကြည့်ပေးနေတက်တဲ့
သင့်ရဲ့ အမေ့ရင်ခွင်ဆီကိုသာ ကပ်ပါ...
ကိုယ်ကျရူံးချိန် အနားတစ်ယောက်မှ
မရှိတော့ရင်တောင်
ဝမ်းနည်းခြင်းဖြင့် မျက်ရည်မကျပါနဲ့
ငယ်ငယ်က သင်လှဲကျတိုင်း
ထထ သားရယ် ... ထထ သမီးရယ်ဆိုပြီး
အမြဲအားပေးဆွဲထူးခဲ့တဲ့
သင့်ရဲ့ အမေ့ရင်ခွင်ဆီကိုသာ ပြေးပါ ၊၊
ဆင်းရဲမွဲတေချိန် အဖတ်မလုပ်တဲ့
ပတ်ဝန်းကျင်တစ်ချို့ကြောင့်
စိတ်ဓာက်တွေမကျလိုက်ပါနဲ့
သင်ငယ်ငယ်က ဘာမှမရှိချိန်မှာတောင်
သူ့အတွက် အမြဲလိုအပ်နေခဲ့ပေးတဲ့
သင့်ရဲ့ အမေ့ဆီကိုသာပြေးပါ ....
ကျရုံးလိူ့ပဲ ဖြစ်ဖြစ်
အထီးကျန်လို့ပဲ ဖြစ်ဖြစ်
ဝမ်းနည်းခဲ့မိလို့ပဲဖြစ်ဖြစ်
အသည်းကွဲလို့ပဲ ဖြစ်ဖြစ်
လောကကြီးထဲ အမေမွေးပေးခဲ့တာ
အရူံးပေးဖို့မှ မဟုတ်ပဲ
အမေ ရှိနေသေးတယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ
သင်ဟာ လောကကြီးထဲမှာ
ဘာမှ မရှိခဲ့ရင်တောင်
ဘယ်သူမှ ရှိမနေပေးခဲ့ဖူးရင်တောင်
ပြီးပြည့်စူံနေပါပြီ
ကျွန်တော် .....
အမေ့ကို ချစ်တယ် ၊၊
အမေ့ကျမ်းမာပျော်ရွှင်ပါစေ 🙏🙏🙏