Thea: Art of Titan

Thea: Art of Titan A unique collectors' page for A to Z
art
bouquet
comedy
drama
educational
fiction
glory
historical

No Dictatorship!
02/20/2021

No Dictatorship!

02/02/2021
Freedom from Fear!
02/01/2021

Freedom from Fear!

2021မှာ နှစ်သစ်ဆုံးဖြတ်ချက်တွေ အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်း ခြွေလိုက်ပါရစေ
12/31/2020

2021မှာ နှစ်သစ်ဆုံးဖြတ်ချက်တွေ အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်း ခြွေလိုက်ပါရစေ

Wishing for the healthier future...
12/25/2020

Wishing for the healthier future...

ကိုဗစ် မကြုံခင်ကတော့ "သာယာချိုမြိန် ကိုယ့်နေအိမ်"ပေါ့...စတေးဟုမ်း နေရတော့ "သာယာပျော်ရွှင် အလုပ်ခွင်"ဖြစ်သွားရော...လူ့အကြ...
12/18/2020

ကိုဗစ် မကြုံခင်ကတော့ "သာယာချိုမြိန် ကိုယ့်နေအိမ်"ပေါ့...
စတေးဟုမ်း နေရတော့ "သာယာပျော်ရွှင် အလုပ်ခွင်"ဖြစ်သွားရော...
လူ့အကြိုက် နတ်မလိုက်နိုင်ဘူးလေ...

12/10/2020
Life is not like the movies of Tom and Jerry.Nobody has got an extra soul.Take care!
12/07/2020

Life is not like the movies of Tom and Jerry.
Nobody has got an extra soul.
Take care!

Wondering How Great Thou Art...
12/01/2020

Wondering How Great Thou Art...

အမေစု တောင်းဆုယူချင်တဲ့၊ ဆုတောင်းပေးချင်တဲ့ 'နှလုံးစိတ်ဝမ်း ‌အေးချမ်းပါစေ' လို့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆုမွန်ခြွေလျက်...
11/29/2020

အမေစု တောင်းဆုယူချင်တဲ့၊ ဆုတောင်းပေးချင်တဲ့
'နှလုံးစိတ်ဝမ်း ‌အေးချမ်းပါစေ' လို့
တန်ဆောင်မုန်းလပြည့်နေ့မှာ ဆုမွန်ခြွေလျက်.........

"မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်သကား၊
ဟထိုးဖောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်းသာ ခုထင်ရှား"

တန်ဆောင်= မီးရှူး၊ မီးတိုင်၊ ဆီးမီး (မီးရှူးတန်ဆောင်)
မှုန်း= ဖျောက်လွင့် ချေမှုန်းခြင်း
တန်ဆောင်မုန်း= အမိုက်အမှောင်ကို မီးရှူး တန်ဆောင်ဖြင့် ဖျောက်လွင့် ချေမှုန်းသောလ
(မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသည့်လ)

'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး
'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး
ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင်
'မျက်စိတဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်'
ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။

တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ တန်ဆောင်မုန်းလတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလဖြစ်သည်။

တောင်သူအများ ကောက်လျင် ခေါ် ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။

တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြပါသည်။

"ပံသုကူပစ်ပွဲ"

ပံသုကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်သည်။

ပံသုကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။

"ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။

ကထိန်သင်္ကန်း

တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တခုမှာ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းပင် ဖြစ်သည်။ ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။

မသိုးသင်္ကန်း

တန်ဆောင်မုန်းလတွင် ကထိန်ပွဲသာမက မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းသည့် ပွဲတော်များကိုပါ ကျင်းပကြသည်။ မသိုးသင်္ကန်း ဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုရခြင်း ဖြစ်သည်။

ရဟန်းတော်တို့ရအပ်သော ကထိန်အာနိသင် ငါးပါး

(၁) ရဟန်းတို့အား မပန်ကြားဘဲ ခရီးလှည့်လည်သွားလာနိုင်ခြင်း၊
(၂) အဓိဋ္ဌာန်တင်ထားသောသင်္ကန်းကို မဆောင်ဘဲသွားနိုင်ခြင်း၊
(၃) မအပ်သောပင့်ဖိတ်ခြင်းဖြင့် ရသောဆွမ်းကို သုံးဆောင်နိုင်ခြင်း၊
(၄) ရသမျှသောသင်္ကန်းတို့ကို အဓိဋ္ဌာန်တင်သုံးဆောင်နိုင်ခြင်း၊
(၅) ကထိန်ခင်းရာကျောင်းတိုက်၌ ပေါ်ပေါက်သောသင်္ကန်းများကို သုံးဆောင်နိုင်ခြင်း

ကထိန်သင်္ကန်းလှူဒါန်းသော ဒကာ၊ ဒကာမများ ရအပ်သော အကျိုးအာနိသင် ငါးပါး

(၁) မိမိလိုရာအရပ်ဘက်သို့ လွတ်လပ်စွာသွားလာနိုင်ခြင်း၊
(၂) နိဗ္ဗာန်မရမီဘဝများတွင် ကိစ္စအဝဝကို အနှောင့်အယှက်ကင်းစွာ ဆောင်ရွက်နိုင်ခြင်း၊
(၃) အစားအစာ ပစ္စည်းဥစ္စာ စည်းစိမ်တို့ကို ပေါများစွာ ပိုင်ဆိုင်သုံးဆောင်နိုင်ခြင်း၊
(၄) အစာရေစာပေါများ၍ ဘေးအန္တရာယ် (အဆိပ်အတောက်)ကင်းစွာ သုံးဆောင်နိုင်ခြင်း၊
(၅) ရန်သူမျိုးငါးပါးမှ ကင်းဝေးရခြင်း

*တန်ဆောင်မုန်းလဘွဲ့ လွမ်းချင်း (မဟာအတုလမင်းကြီး)

မြောက်လေငယ်သွင်းပါလို့
မြူနှင်းငယ်စိုစို
မြင်တိုင်းငယ်ပျိုသည်
ရွှေကျီးညိုတာရာနှင့်
ကြတ္တိကာထွန်းတဲ့ လကိုလေး။

တန်ဆောင်ငယ်မာသ
ဆယ့်နှစ်လတွင်
ချမ်းမြဧရင်၊ ဗြိစ္ဆာခွင်သို့
ရင်ငယ်ပြောင်းခွာ၊ ခဝဲညှာလဲ
ခိုင်လွှာဝတ်မှုံ
ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ
လှူကထိန် သဘင်ခင်းလို့
ကျင်းကြတယ်လေး။

*တန်ဆောင်မုန်းလဘွဲ့ လေးချိုး (ဦးပြုံးချို)

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ
ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်
ချမ်းစ ရာသီ။

လှူကထိန် ခါတော်ပွဲငယ်နှင့်
ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူရှင်း။

လတန်ဆောင်မှာ
ကြွပြောင်ပြောင် အသရေတင့်ပါဘိ
ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်
ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။

*တန်ဆောင်မုန်းလဘွဲ့ (တေးထပ်) (အမတ်ကြီးဦးပေါ်ဦး)

မိုဃ်းဝသန် ချိန်ဆုံးလို့
တန်ဆောင်မုန်း ဗြိစ္ဆာ
ဘဝါးနှစ် စွန်းကာဝယ်
ကြတ္တိကာ ကြယ်မင်း။

ခဝဲပွင့် မာလာငယ်
သည်ချိန်ခါ မွှေးထုံပျံသင်း။

ဗာတ္တိံသ ညဉ့်နာရီ
အဋ္ဌ်စမ္မီ နေ့သွင်း။

မြောက်လေပြေ ဆော်ညှင်းလို့
အမင်းမင်း ရာဇာ။

ဉာတ်ကထိန် ခါသမယပေမို့
မဟာဒါန ပြုကြပေရှာ။

ဆယ်ရှစ်လုံး ပါဒ်သုညမှာ
သံသရာ နောင်အရေးကိုလ
ထောက်ထွေးကြံဆင်ခြင်
ကင်းလွတ်ကြောင်းအင်။

မြတ်ပုည အပေါင်းဆင်သည်
ကောင်းစွာပင် ပျော်ပွဲပလေး။

*တန်ဆောင်မုန်းလဘွဲ့ သဖြန်လေးဆစ် (ဖိုးသူတော် ဦးမင်း)

လှူကထိန် သင်္ကန်းနှင့်
မဂ်လမ်းတဲ့ ဆုပန်းရွယ်
သည်ချိန်ကို ဝတ်မှုန်ကြဲလို့
ခဝဲရွှေညှာရင်းမှာ
သင်းရနံ့ကြွယ်။

ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ငွေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ပြောင်ရွှန်းတယ်
ထွန်းထိန်လို့မြူး။

*တန်ဆောင်မုန်းလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် (စာရေးကြီး ဦးမောင်ကလေး)

ပြန်ညှင်းသုန်သုန် နှင်းမှုံရွနှင့်
ခြုံတသသ ထုန်စခါ
စုံသမျှမှ လုံကြရာသည်
သရဒဗြိစ္ဆာ ဟေမာန်ဦး။

ယုန်ရဟတ်နှင့် ဘုံကြတ္တီငယ်
ရွှေကျီးအာနီ တည့်မွန်စံချက်ထူး။

ခဝဲတသန့် ပြည်ပန်းရွှေမူ
တည်တန့် သရေ ပွင့်ဝေမြူး။

တဆဲ့ငါးထွေ ဆွေနတ်မှူးကို
အမြတ်အထူး ပူဇော်ခွင်၊
သွန်းတော့မလို ညိုလှာဆင့်သည်
စိုပါပထင့် ဆိုမိလောက်အောင်ပင်။

ပြိုကာအိသို့ ဖိမဲ့သွင်လို
ဝိတဲ့သခင် တိမ်သနင်းငဲ့
ကထိန်တော်ခင်း ရှိန်လင်းတန်ဆောင်
ချိန်ယွင်းလွန်လောက်အောင်။

သိုင်းမဝင့်နှင့် မှိုင်းရင့်မှောင်ကို
ဂိုဏ်းတပွင့်ရှောင် ခုသိမ်းပါအုံ့လေး။

မေတ္တာလွှမ်းသော ငြိမ်းချမ်းရေးလမ်းပေါ် လှမ်းတက်နိုင်ကြပါစေကြောင်း.........စည်ကြီးတီးသံသည် ငါးမိုင်မျှသာမိုးကြိုးသံသည် နှ...
11/24/2020

မေတ္တာလွှမ်းသော ငြိမ်းချမ်းရေးလမ်းပေါ် လှမ်းတက်နိုင်ကြပါစေကြောင်း.........

စည်ကြီးတီးသံသည် ငါးမိုင်မျှသာ
မိုးကြိုးသံသည် နှစ်ဆယ့်လေးမိုင်မျှသာ
ဒါနသည် နတ်ပြည်ခြောက်ထပ်မျှသာ
သီလသည် ဗြဟ္မာ့ဘုံတိုင်အောင်-------ရောက်ရှိကြားသိနိုင်ကြပြီး
မေတ္တာသည် စကြာဝဠာတခွင် မရောက်သောနေရာမရှိပါ။

(ဘေရီသဒ္ဒေါ တိဂါဝုကာ
မေဃ သဒ္ဒေါ တိယောဇနာ
ဒါနဒါ ဆကာမာ အန္တော
သီလအန္ထော အကနိဌာ
မေတ္တာစ အနန္တံ လောကံ.....)

Address

Winnipeg, MB

Website

Alerts

Be the first to know and let us send you an email when Thea: Art of Titan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share