Garden of Love-GOL

Garden of Love-GOL

Share

Online teaching

Photos from Garden of Love-GOL's post 06/19/2024

Garden Of Love (GOL)School မှ ကျင်းပသော ဇွန်လ ၁၉ရက်နေ့ ၇၉ နှစ်​ပြည့် အမေစုမွေးနေ့ အထိမ်းအမှတ် အခမ်းအနား

04/28/2024

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာန(MOE)တို့ ၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် NUG MOE အသိအမှတ်ပြု Garden of Love School ၏ Batch-3 အတွက် ကျောင်းသားလက်ခံခြင်းကို ယနေ့( ၂၉.၃.၂၀၂၄) မှစတင်၍ လက်ခံပေးသွားမည် ဖြစ်ပါသည်။
ဖေဖေ မေမေ တို့ခင်ဗျာ... .. အနာဂတ်မှာ ထွန်းတောက်လာမည့် ကြယ်ပွင့်လေးများဖြစ်သည့် သားသား မီးမီး တို့ကို Garden Of Love (GOL)School Batch-3မှာ ကျောင်းသားသစ်များ KG to G11ထိကို ယုံကြည်စိတ်ချစွာနဲ့ အပ်နှံနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ..

# ကျောင်းအပ်နှံလိုပါက Page Messenger မှာဆက်သွယ်ပေးကြပါ ခင်ဗျာ

06/05/2023

ဖေဖေ မေမေ တို့ခင်ဗျာ... .. အနာဂတ်မှာ ထွန်းတောက်လာမည့် ကြယ်ပွင့်လေးများဖြစ်သည့် သားသား မီးမီး တို့ကို Garden Of Love (GOL)School Batch-2 မှာ ကျောင်းသားသစ်များ KG to G10(new)ထိကို ယုံကြည်စိတ်ချစွာနဲ့ အပ်နှံနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ..

# ကျောင်းအပ်နှံလိုပါက Page Messenger မှာဆက်သွယ်ပေးကြပါ ခင်ဗျာ

05/13/2023

"ချစ်ရတဲ့မေမေ"

အမေလို့ပြောရင်သားသမီးတိုင်းရဲ့နက်ရှိုင်းတဲ့အသဲနှလုံးထဲမှာချစ်ခြင်းမေတ္တာတွေနွေးထွေးစွာတဖွားဖွားခံစားပြန်ရတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့အမေ၊

မတရားသဖြင့်အချုပ်ထောင်ကျနေတဲ့အမေ၊

တောထဲမှာအမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့အမေ၊

CDM လုပ်ခဲ့လို့အကျင့်သိက္ခာဂုဏ်အသရေတွေကိုခဝါချပြီးဟင်းရွက်ကန်ဇွန်းရောင်းချကာသားသမီးတွေကိုကျွေးမွေးနေတဲ့အမေ၊

လူချမ်းသာတွေရဲ့ထမင်းလေးတလုပ်အဝတ်လေးတထည်အလုပ်လေးတခုကြောင့်ခြေတော်တင်ခံရပြီးကိုယ်ဝန်ရှိလာလို့ရင်သွေးငယ်လေးကိုမရှက်မကြောက်မွေးဖွားယူဖို့ဆုံးဖြတ်ခဲ့တဲ့မိခင်လောင်းအမေ၊

မတတ်သာလို့ တိုင်းပြည်သစ္စာဖေါက်စခကိုစိတ်ထောင်းကိုယ်ကြေကာမယားအဖြစ်ဆက်လက်ပေါင်းသင်းနေရတဲ့အမေ၊.... ။

ဘယ်လိုဘဲဖြစ်ဖြစ်အမေဟာအမေဘဲမို့ အမေဆိုတဲ့မွှေးရနံ့ဟာအစဉ်မွှေးပျံ့နေဆဲပါ။

ယခုလိုအမေများနေ့မှာသားသမီးဖြစ်သူများကအမေ့ရဲ့ကျေးဇူးအဖြာဖြာကိုလေးစားဂုဏ်ပြုဦးညွှတ်အပ်ပါတယ်။

အဖဘုရားသခင်အမေများအားလုံးကိုကောင်းကြီးပေးပါစေ။

05/09/2023

.

05/02/2023

မေ လ မွေးနေ့ရှင်ဆရာဆရာမများကျောင်းသားကျောင်းသူနှင့် မိဘများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ဝိညာဉ် ၏ငြိမ် သက်ခြင်းကျေးဇူးများခံစားရရှိပါစေ။God bless you all.

03/03/2023

G7(R2) group-2 Myanmar Project

03/03/2023

G7(R2) group-2 Myanmar project

03/02/2023

''တောင်သူလယ်သမားနေ့'' ဖြစ်ပေါ်လာပုံ
(မတ်လ ၂ ရက်)

ဒီနေ့ဟာ အိမ်အိမ်တို့ရဲ့ တောင်သူလယ်သမားဦးကြီးတွေကို ဂုဏ်ပြုကြတဲ့ ''တောင်သူလယ်သမားနေ့'' အဖြစ် သိရှိကြပါတယ်။ ယနေ့ မတ်လ(၂)ရက် (တပေါင်းလဆန်း ( ၁၂) ရက်) နေ့ မှာ သတ်မှတ်ထားတဲ့ တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံအကြောင်းနဲ့ နိုင်ငံတော်သမိုင်းကြောင်းအမှန်‌တွေကို အိမ်အိမ်က သူငယ်ချင်းတို့ကို ပြောပြပါမယ် ။

📌 ကိုလိုနီနယ်ချဲ့လက်အောက်မှာ အင်္ဂလိပ်မြေရှင်တွေရဲ့ မတရား ဂုတ်သွေးစုပ် ခြယ်လှယ်မှုတွေကြောင့်တောင်သူလယ်သမားတွေရဲ့ဘဝဟာ တဖြည်းဖြည်းအကြွေးနွံနစ်ပြီး လယ်ယာတွေဟာ ချစ်တီးနဲ့ အရင်းရှင်ကြီးတွေ လက်ထဲကိုရောက်ခဲ့ရပြီး လုံးပါးပါးခဲ့ရပါတယ်။ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်တဲ့ ကာလမှာ လယ်သမားအများစုဟာ လယ်လုပ်ရန်အတွက် လယ်ယာ​​မြေမရှိကြတော့သည်အထိ ဂုတ်သွေးစုပ်ခြင်းကို ခံခဲ့ရပါတယ်။

📌 ဒါကြောင့်ဆူပူအုံကြွမှုတွေ
ဖြစ်ပေါ်ခဲ့ပြီး အင်္ဂလိပ်အစိုးရဟာ တောင်သူလယ်သမားတွေကို တပ်မဟာတွေ ဖြန့်ကျက်ကာ ရက်ရက်စက်စက် နှိမ်နှင်းခဲ့ကြပါတယ်။ သာယာဝတီခရိုင်မှာ ဆရာစံဦးဆောင်တဲ့တောင်သူလယ်သမား အခြေပြုဂဠုန်တပ်မကြီးဟာ ရရာလက်နက်စွဲကိုင်ပြီး အင်္ဂလိပ်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ တောင်သူလယ်သမားများနဲ့ ကျေးလက်နေပြည်သူများကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး၊ အရေးတော်ပုံကြီးပြုလုပ်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။

📌 အရှိန်အဟုန်ပြင်းလာတဲ့
တောင်သူလယ်သမားတို့ရန်ကို စိုးရိမ်လာတဲ့ အင်္ဂလိပ်အစိုးရဟာ
သာယာဝတီဘက်ကို တပ်အင်အားဖြန့်ကြက်ကိုင်တွယ်ဖို့ ဗျူဟာ​တွေချမှတ်ခဲ့ပါတယ်။ ၁၉၃၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့မှာ တစ်တိုင်းပြည်လုံးရှိတောင်သူလယ်သမားတစ်ရပ်လုံး ပါဝင်ခဲ့တဲ့ တော်သူလယ်သမားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။

📌 ဆရာစံဟာ
မိမိကိုယ်တိုင်က“သုပဏ္ဏက ဂဠုန်ရာဇာ“ဘွဲ့ကို ခံယူခဲ့​ပြီး ဂဠုန်တပ်မကို နှစ်နှစ်ကျော်ကြာတဲ့အထိ အရေးတော်ပုံဦးမကျိုး​စေဘဲ ဦးဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရဟာ တောင်သူလယ်သမားတို့ တောင်းဆိုချက်ကို မျက်ကွက်ပြုကာ အင်အားသုံးနှိမ်နင်းပြီး၊ ခေါင်းဆောင်တွေကို မိရာနေရာမှာ ရက်ရက်စက်စက်ဖမ်းဆီးသတ်ပစ်ခဲ့ပါတယ်။ ထိုအထဲမှာဆရာစံကိုယ်တိုင်လည်း ဖမ်းဆီးကွပ်မျက်ခံခဲ့ရပါတယ်။

📌 တောင်သူလယ်သမားအရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေး ရဲ့ပထမဦးဆုံး တော်လှန်မှုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်နဝါရီလ (၁) ရက်နေ့ကို`တောင်သူလယ်သမားနေ့´ အဖြစ် (၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထက်အထိ သတ်မှတ်ခဲ့ကြပါတယ်။

📌 ( ၃၀-၁၂-၆၂ မှ ၁- ၁-၆၃) ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ်အဖြစ် တောင်သူလယ်သမားများနှင့် ပတ်သက်ပြီး မြေရှင်စနစ်ဖျက်သိမ်းရေး လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပါတယ်။ (၃၀-၁-၁၉၆၃)နေ့မှ (၁-၂-၁၉၆၃)ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကိုကျင်းပခဲ့ကြပါတယ်။(၂-၃-၁၉၆၄) နေ့မှ (၆-၃-၁၉၆၄)ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။ထိုနှီးနှောဖလှယ်ပွဲတွင် မတ်လ (၂) ရက်နေ့ကို "တောင်သူလယ်သမားနေ့"အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

🚨🚨🚨🚨🚨
မတ်လ (၂) ရက်နေ့မှာ စိတ်ဝင်စားသတိပြုဖွယ် နိုင်ငံတော်သမိုင်းကြောင်း တစ်ခုလည်း ရှိနေပါတယ် ။
🚨🚨🚨🚨🚨

၁၉၆၂ ခုနှစ် ၊ မတ်လ (၂) ရက်နေ့သည် စစ်အာဏာရှစ်စနစ်ဆိုးကို စတင်ဖန်တီးခဲ့သူ ဗိုလ်ချုပ်နေဝင်း က ဒီမိုကရေစီအစိုးရ ဝန်ကြီးချုပ်ဦးနုထံမှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သောနေ့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အာဏာသိမ်းသောနေ့ဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းသည် ထိုသမိုင်းနေ့ကို ​ဖျောက်ဖျက်လိုသည့်အတွက် ၁၉၆၅ ခုနှစ်မှ စ၍ မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့ ဟူ၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သမိုင်းကို လူလည်ကျခဲ့သည့်ဖြစ်ရပ်လို့လည်း မှတ်သားသိရှိရပါတယ် ။ ထိုသမိုင်းဖြစ်ရပ်ဆိုးကြီးဟာ မြန်မာ့သမိုင်းတွင် မေ့သင့်သည့်အရာမဟုတ်တဲ့အတွက် မတ်လ (၂) ရက်နေ့ သမိုင်းမှန်ကို အိမ်အိမ်တို့မျိုးဆက်သစ်လူငယ်တွေ သိရှိထားကြရန် လိုအပ်ပါသည်။

ယခုနွေဦးတော်လှန်ရေးကြီးမှာ ကျရာနေရာကနေ အကြမ်းဖက်စစ်တပ်ကို အစွမ်းကုန်တွန်းလှန်နေကြတဲ့ တောင်သူလယ်သမားများအားလုံးကို ဂုဏ်ပြုရင်း သမိုင်းမှန်ကိုလိမ်လည်ဖုံးကွယ်ခဲ့တဲ့ အာဏာရှင်အဆက်ဆက်ကို အိမ်အိမ်တို့ လုံးဝမမေ့ဘဲ အိမ်အိမ်တို့အားလုံးအတူတူပူးပေါင်းပြီး အာဏာရှင်စနစ်ဆိုးရဲ့ လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ ဆက်လက် တော်လှန်ကြပါစို့နော်……….

#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်


02/28/2023

"ကျောင်းစိမ်းဖယောင်းတိုင်များ"

သူများလိုဘဲ မိသားစုရှိတယ် ရောဂါလဲရှိတယ် အသက်လဲကြီးပီမို့ ပတ်ဝန်းကျင်ကမတရားမှု့ မိမိသားတပည့်တွေနဲ့လုပ်ဖေါ်ကိုင်ဖက်တွေ ရဲ့ အမှန်တရားဖက်ရပ်တည်မှု့ကို မျက်ကွယ်မပြု၊ ရလာမဲ့ပင်စင်လေးယူစားပီး ဘဝကိုအေးဆေး မနေနိင်သူကြီး၊
ယခုတော့ပညာရေးမိသားစုနဲ့တနိင်ငံလုးံကို ဖယောင်းတိုင်လေးလိုအလင်းပြပေးခဲ့ပြီး(---)ကျွန်တော်တို့အားလုးံထဲမှာဆရာမကြီးရှိနေတယ် ။

ဆရာမအပါဝင် အမှန်တရားအတွက်အသက်ပေးခဲ့တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းဆရာ/မအားလုးံကို ဂုဏ်ယူဝင့်ကြွားစွာ အလေးပြုလိုက်ပါတယ် ။

02/24/2023

"တို့ကျောင်းမှကလေးများ"

ကျောင်းသားတွေကိုစာတတ်အောင် ဒီထက်စာတော်အောင်သင်ပေးဖို့ဆရာ/မ တိုင်းမှာတာဝန်ရှိပါတယ်။

ဒိထက်ပိုသင်ကြားလမ်းပြရမှာက လောကကြီးထဲမှာမှန်တာကိုအမှန်မှားတာကို အမှားလို့ ရှင်းရှင်းသိ၊ရဲရဲပြော ၊ပြတ်သားစွာလိုက်လျောက်တတ်တဲ့ပညာတတ်တို့ကလေးတွေဖြစ်ဖို့ပါ။

ဒါမှတို့နိင်ငံကြီးဟာသူတို့လေးတွေအားဖြင့်ကမ္ဘာ့အလယ်မှာဂုဏ်သိက္ခာရှိစွာတိုးတက်ကြီးပွားမှာပါ။

Want your school to be the top-listed School/college in Toronto?

Click here to claim your Sponsored Listing.

Location

Category

Address


Toronto, ON