08/23/2025
Yoiii Everyone,
Let’s talk about pH today!!
ဒီနေ့ကတော့ pH အကြောင်းရယ် ဘယ်လိုအရေးပါတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်
What is pH?
pH ဆိုတာက solution တစ်ခုထဲမှာပါဝင်တဲ့ H+ ions ပမာဏကိုတိုင်းတာတဲ့ Unit တစ်ခုဖြစ်ပြီး scale က 0 ကနေ 14 ထိရှိပါတယ် ဒီ scale ပေါ်မူတည်ပြီး
- pH 7 ထက်နည်းရင် Acidic
- pH 7 ဆိုရင် pure Water
- pH 7 ထက်များရင် Basic or Alkaline
ဆိုပြီးသုံးမျိုးခွဲထားပါတယ်
Acids and Bases
ဒီအပိုင်းမှာ short explanation လေးပဲလုပ်ပေးသွားပါမယ်
Acid ဆိုတာကတော့ H+ ions တွေကိုထုတ်လွှတ်ပေးတဲ့ substancesတွေကိုခေါ်တာဖြစ်ပြီး
Bases တွေကတော့ H+ ions တွေကိုလက်ခံတာ ဒါမှမဟုတ် OH- ions တွေကိုထုတ်လွှတ်ပေးတဲ့ substances တွေကိုခေါ်တာဖြစ်ပါတယ်
Buffers တွေကဘာလဲ?
Buffers တွေက pH ကို change ပေးနိုင်တဲ့ sunstances တွေဖြစ်ပြီး သူတို့ရဲ့ function က
Solution ထဲမှာ H+ ion တွေအရမ်းများနေရင် တစ်နည်အားဖြင့် ( Acidic ဖြစ်နေရင်) H+ ions တွေကိုစုပ်ယူပေးပြီး OH- တွေများနေရင် (Basic ဖြစ်နေရင်) တော့ H+ ions တွေကိုထုတ်လွှတ်ပေးတာဖြစ်ပါတယ်
For example: ကျွန်တော်တို့သိတဲ့ ထုံးကျောက် (limestone) တွေက acid rain တွေရွာတဲ့ချိန်မှာ ရေနေသတ္တဝါတွေသေဆုံးမသွားအောင် pH level ကိုထိန်းညှိပေးပါတယ်
Feel free to discuss!!
Much respect to every learner out there,
Rio