KHIA AI - Your AI Agent Partner

KHIA AI - Your AI Agent Partner

Share

KHIA AI empowers entrepreneurs, educators, and professionals to harness the full potential of AI.

30/05/2026

လက်ရှိ KHIA AI အနေနဲ့ လုပ်ငန်းရှင်များအတွက် တကယ်အသုံးဝင်မယ့် AI Project တွေ၊ AI သင်တန်းတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ 😎💡

KHIA AI က လက်ရှိလုပ်နေတဲ့ project တွေက... 👇

- Fashion ဆိုင်တွေ ဖွင့်ထားတဲ့ Client အတွက် ကိုယ်ပိုင် AI App တည်ဆောက်နေပါတယ်၊📱👗

- Water Treatment company အတွက်လည်း Digital နဲ့ AI သုံးပြီး အလုပ်ပိုတွင်စေဖို့နဲ့ စီမံခန့်ခွဲရလွယ်စေဖို့ AI Solutions တွေ Build လုပ်နေပါတယ်၊ 🛠️🤖

- နည်းပညာပိုင်းတွေ တည်ဆောက်ရုံတင်မကဘဲ AI ကို ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့အတွက် အထူးပြု AI သင်တန်းတွေကိုလည်း ဆွေးနွေး ပြင်ဆင်နေပါတယ်။

- လက်ရှိမှာ လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းပေါင်း ၁၀၀ ကျော်အတွက် လုပ်ငန်းခွင်မှာ AI အသုံးချပြီး အလုပ် ပိုတွင်ကျယ်လာစေမယ့် အထူး Customized AI Training တွေကို ပြင်ဆင်နေပါတယ်။

- ဒါတင်မကသေးပါဘူး... လာမယ့် ဇူလိုင်လ ထဲမှာ အဖွဲ့အစည်းတခုရဲ့အကျိုးပြုလုပ်ငန်းတွေ ပိုမိုတွင်ကျယ်စေဖို့ ကနေဒါ လုပ်ငန်းရှင်မှ sponsor ပေးတဲ့ AI Productivity သင်တန်းကိုလည်း သင်ကြားဖို့ ရှိပါတယ်၊

> AI ဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ သင့်လုပ်ငန်းခွင်နဲ့ နေ့စဉ်အလုပ်တွေကို ပိုမိုလွယ်ကူ မြန်ဆန်စေမယ့် အကောင်းဆုံး အကူအညီတစ်ခုပါ။
> လုပ်ငန်းခွင်မှာ AI ကို ထိထိရောက်ရောက် အသုံးချပြီး တိုးတက်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် AI စွမ်းရည်တွေကို မြှင့်တင်ချင်တာပဲဖြစ်ဖြစ်... KHIA AI က အမြဲကူညီဖို့ အသင့်ရှိနေပါတယ်။

KHIA AI Team အနေနဲ့ လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတာမလို့ လုပ်ငန်းရှင်များ မိမိလုပ်ငန်းကို ပိုမိုလွယ်ကူမြန်ဆန်အောင် လည်ပတ်နိုင်ဖို့၊ အဝေးကနေ စီမံခန့်ခွဲနိုင်ဖို့ AI နဲ့ပက်သက်ပြီး consultation တွေလိုအပ်ရင်လည်း ဆက်သွယ်လို့ ရပါကြောင်း အသိပေးလိုပါတယ်။

19/05/2026

The KHIA AI team is currently on an Asia trip, meeting in-person with some of our clients to collaborate on impactful, practical AI solutions tailored to their businesses. 🤝

Beyond strategic discussions, we’re also excited to deliver hands-on “Professional AI Training” sessions for their teams. Our mission is to help businesses confidently adopt AI by providing practical tools and actionable frameworks that is useful for their daily operations to improve productivity and efficiency. 💡🤖

AI is no longer just about technology — it’s about empowering people and transforming how businesses work.

08/05/2026

အလုပ်ခွင်မှာ ChatGPT လို AI Tools ကို အသုံးပြုတဲ့အခါ ကုမ္ပဏီရဲ့ အချက်အလက်တွေ လုံခြုံမှုရှိစေဖို့နဲ့ "Data Leak" မဖြစ်စေဖို့ အောက်ပါ အချက် (၄) ချက်ကို လိုက်နာသင့်ပါတယ်။

1). The Ghost Input Rule: AI ကို မေးခွန်းမေးတဲ့အခါ လူအမည်၊ ကုမ္ပဏီအမည် ဒါမှမဟုတ် တိကျတဲ့နေရာတွေကို ထည့်မရေးပါနဲ့ ။ ဥပမာ - အီးမေးလ် ရေးခိုင်းတဲ့အခါ တကယ့်နာမည်တွေအစား "Senior Stakeholder" ဒါမှမဟုတ် "Financial Institution" စသဖြင့် ယေဘုယျနာမည်များကိုသာ သုံးပါ ။

2). Sandbox Your Environment: အလုပ်အတွက် သီးသန့် Account ဖွင့်သုံးပါ ။ အရေးကြီးဆုံးအနေနဲ့ Data Controls ထဲမှာ "Improve the model for everyone" ကို ပိတ်ထားဖို့ မမေ့ပါနဲ့ ။

3). Smart Document Handling: ဖိုင်တစ်ခုလုံး တင်မယ့်အစား လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ Copy-Paste လုပ်ပါ။
အရေးကြီး Document တွေအတွက် "Temporary Chat" ကို အသုံးပြုပါ၊ ဒါဆိုရင် အချက်အလက်တွေက ရက် ၃၀ အတွင်း အလိုအလျောက် ပျောက်သွားမှာ ဖြစ်ပါတယ်။

4). Audit Your Memories: ChatGPT ရဲ့ Memory feature က လျှို့ဝှက်ချက်တွေကို မှတ်ထားနိုင်လို့ အပတ်စဉ် စစ်ဆေးပြီး လိုအပ်ရင် ဖျက်ပစ်ပါ ။ လိုအပ်ရင် Memory feature ကို လုံးဝ ပိတ်ထားတာက ပိုစိတ်ချရပါတယ် ။

Peer Tip: ကုမ္ပဏီရဲ့ AI အသုံးပြုမှုဆိုင်ရာ IT Policy ကို အမြဲစစ်ဆေးပါ ။ အချက်အလက် လုံခြုံမှု အမြင့်ဆုံးဖြစ်တဲ့ ChatGPT Enterprise ဒါမှမဟုတ် Team version တွေကို အသုံးပြုဖို့ တိုက်တွန်းလိုပါတယ် ။

Photos from KHIA AI - Your AI Agent Partner's post 08/05/2026

Founders တွေ ခရီးထွက်ဖို့ စီစဉ်နေတာနဲ့ နောက်ကျသွားပေမယ့် share ပေးချင်တဲ့ interesting AI robot လေးပါ၊ AI ပွဲမှာ တွေ့ပြီး တော်တော်လေးလန်းလို့ သဘောတွေကျခဲ့တာ၊ နာမည်ပေးထားတာ Reachy Mini🤖

သူက မြင်နိုင်၊ ပြောနိုင်၊ မှတ်မိနိုင်ရုံတင်မကဘူး၊ "Graph-based" နည်းပညာနဲ့ ကိုယ့်တိုင်ဆင်ခြင်တွေးတောပြီး အလုပ်တွေလည်း လုပ်ပေးနိုင်တယ်။

အမိုက်ဆုံးကတော့ Databricks လို Data Platform တွေကို သုံးနိုင်ပြီး Computer နဲ့ တခြား Tool တွေကို Real-time ထိန်းချုပ်ပေးနိုင်တာပဲ။

အသေးစိတ်ကိုတော့ အောက်က Link မှာ ဖတ်ကြည့်လိုက်နော်။ Member တော့ ဝင်ရမယ် ထင်တယ်၊

🔗 https://treasure-orbit-96f.notion.site/AI-Tinkerers-Montreal-329e70fa1433806a9adaf0eb90bf797d

27/04/2026

🛡️ AI ကို စိတ်ချလက်ချ သုံးကြမယ်- Professional Sandbox တည်ဆောက်နည်း

Chat GPT လို AI တွေကို အလုပ်မှာ သုံးနေပြီဆိုရင် မိမိရဲ့ လုပ်ငန်းအချက်အလက်တွေ (Professional Data) တခြားနေရာကို မပေါက်ကြားသွားဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် အလွှာ ၃ ခုပါတဲ့ "Three Rings" စနစ်ကို သုံးဖို့ အကြံပြုပါရစေ။

🔹 Ring 1: Dedicated Work Account (အလုပ်အတွက် သီးသန့် Account)
မိမိရဲ့ Personal email နဲ့ အလုပ်ကိစ္စတွေကို ရောမသုံးပါနဲ့။ လုပ်ငန်းသုံး Email နဲ့ သီးသန့် Account တစ်ခုဖွင့်ထားခြင်းက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အလုပ်ကိစ္စတွေကို သီးသန့်စီ ခွဲထုတ်ထားနိုင်မှာ ဖြစ်ပါတယ်။

🔹 Ring 2: Browser Profile Isolation (Browser ခွဲသုံးခြင်း)
Chrome ဒါမှမဟုတ် Browser မှာ 'Work' Profile တစ်ခု သီးသန့်ဆောက်ထားပါ။ AI ကို အဲ့ဒီ Profile မှာပဲ သုံးပါ။ ဒါမှသာ Browser ထဲက Cookies တွေနဲ့ Session data တွေ တစ်ခုနဲ့တစ်ခု ရောနှောမသွားဘဲ လုံခြုံမှုရှိမှာပါ။

🔹 Ring 3: The Hard Opt-Out (Data ထိန်းချုပ်ခြင်း)
ဒါက အရေးကြီးဆုံးအချက်ပါ! Settings > Data Controls ထဲကိုသွားပြီး 'Improve the model for everyone' ဆိုတာကို OFF ထားလိုက်ပါ။ ဒါဆိုရင် ကိုယ်မေးသမျှ မေးခွန်းတွေကို AI က နောက်ထပ် Training ပေးဖို့အတွက် အသုံးပြုတော့မှာ မဟုတ်ပါဘူး။

✅ Sandbox စစ်ဆေးရန် Checklist:
ဒါလေးတွေကို အမြဲစစ်ဆေးပါ -
အလုပ်သုံး Account နဲ့ပဲ Logged in ဖြစ်နေရဲ့လား?
'Work' Browser Profile ကို သုံးနေတာ ဟုတ်ရဲ့လား?
Data Controls ထဲက Opt-Out Toggle ကို ပိတ်ထားရဲ့လား?

ဒီအချက် ၃ ချက်နဲ့ AI ကို လုံလုံခြုံခြုံနဲ့ ထိထိရောက်ရောက် ပိုပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 💡

GitHub - khiaautomation-ops/acdrl-network-deployment: Adaptive and Energy-Efficient Deployment of Robotic Airborne Base Stations: A Deep Reinforcement Learning Approach 23/04/2026

KHIA AI ရဲ့ Co-Founder ကိုယ်တိုင် ရေးသားခဲ့တဲ့ IEEE Paper ထဲက Python Codes တွေကို GitHub မှာ အားလုံးလေ့လာနိုင်ဖို့ Public တင်ပေးလိုက်ပါတယ်။

တကယ်တော့ Research Code တွေဖြစ်လို့ Product တစ်ခုလို သေသပ်မနေဘဲ Experiment တွေ၊ Logic တွေ အများကြီး ပါနေတတ်ပါတယ်။ ဒါပေမဲ့ AI/ML လေ့လာနေသူတွေအတွက်တော့ Textbook ထဲကထက် တကယ့် Research တစ်စောင်ရဲ့ နောက်ကွယ်က "အစစ်အမှန် လုပ်ငန်းစဉ်" ကို မြင်ရတာက ပိုပြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

Deep Reinforcement Learning (DRL) နဲ့ Autonomous Base Stations တွေကို စိတ်ဝင်စားရင် ဒီမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

🔗 GitHub Link:

GitHub - khiaautomation-ops/acdrl-network-deployment: Adaptive and Energy-Efficient Deployment of Robotic Airborne Base Stations: A Deep Reinforcement Learning Approach Adaptive and Energy-Efficient Deployment of Robotic Airborne Base Stations: A Deep Reinforcement Learning Approach - khiaautomation-ops/acdrl-network-deployment

17/04/2026

ပျော်ရွှင်စရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့လေးမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း
KHIA AI မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

13/04/2026

မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ KHIA AI မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာလည်း မိသားစု၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေ။ ✨

KHIA AI ကို အမြဲတမ်းယုံကြည်အားပေးကြတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ 🥰

02/04/2026

ChatGPT သုံးရင် Data မပေါက်ကြားအောင် ဘယ်လိုလုပ်မလဲ?

AI ကို အသုံးပြုတဲ့အခါ မိမိရဲ့ လျှို့ဝှက်ချက်တွေ မပါသွားဖို့ အရေးကြီးပါတယ်။ အချက် (၃) ချက်နဲ့ လုံခြုံအောင် လုပ်လို့ရပါတယ် -

၁။ Settings ကို ပြင်ပါ
Training ပိတ်ထားပါ: Settings > Data Controls ထဲမှာ "Improve the model for everyone" ကို ပိတ်ထားရင် OpenAI က သင့် Chat တွေကို Training အတွက် အသုံးမပြုတော့ပါဘူး။
Temporary Chat သုံးပါ: အရေးကြီးတာတွေ မေးရင် ဒီ Mode နဲ့မေးပါ။ History ထဲမကျန်သလို ၃၀ ရက်အတွင်း အပြီးဖျက်ပေးပါတယ်။
Memory ရှင်းပါ: ChatGPT က သင့်အကြောင်းတွေ မှတ်ထားတတ်လို့ Personalization > Memory မှာ မကြာခဏ စစ်ပြီးဖျက်ပါ။

၂။ မှန်ကန်တဲ့ Plan ရွေးပါ
Individual (Free/Plus): အချက်အလက်တွေကို Training အတွက် ပုံမှန်အားဖြင့် သုံးတတ်လို့ ကိုယ်တိုင် Manual ပိတ်ရပါမယ်။
Team/Enterprise/API: OpenAI က သင့် Data ကို Training အတွက် လုံးဝ အသုံးမပြုပါဘူး။

၃။ အချက်အလက်တွေလွှဲ သုံးပါ
နာမည်လွှဲသုံးပါ: ကုမ္ပဏီနာမည် ဒါမှမဟုတ် ငွေကြေးပမာဏ အတိအကျအစား "ကုမ္ပဏီ A" စသဖြင့် လွှဲသုံးပါ။
Metadata ဖျက်ပါ: ဖိုင်တွေ Upload မတင်ခင် ဖိုင်ထဲက အရေးကြီး အချက်အလက်တွေကို အရင်ဖျက်ပါ။

💡 Pro Tip: အကယ်၍ သင့်လုပ်ငန်းက HIPAA သို့မဟုတ် GDPR လိုမျိုး တင်းကျပ်တဲ့ စည်းမျဉ်းတွေအောက်မှာ ရှိနေတယ်ဆိုရင် သင့် Plan မှာ Data Processing Addendum (DPA) ရှိမရှိ အရင်ဆုံး စစ်ဆေးဖို့ မမေ့ပါနဲ့ဦးနော် ။

နည်းပညာကို စမတ်ကျကျနဲ့ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ကြပါစေ!

18/03/2026

AI က အရမ်းခေတ်စားနေတာ သိပေမယ့် ဘယ်ကနေ စလေ့လာရမလဲ မသိဘူး?

တကယ်တော့ ဒါက Business Leader တော်တော်များများ ကြုံနေရတဲ့ အခက်အခဲပါ။ AI ကို သုံးဖို့အတွက် Code တွေ ရေးတတ်စရာ မလိုပါဘူး။ လုပ်ငန်းထဲမှာ AI ကို Strategy တစ်ခုအနေနဲ့ ဘယ်လို ထိထိရောက်ရောက် ထည့်သုံးမလဲဆိုတာ သိရင်ကို အောင်မြင်နေပါပြီ။ 💡

တနေ့က Consultation Call တစ်ခုမှာ အကြံပေးဖြစ်ခဲ့တဲ့၊ Leader တိုင်းအတွက် တကယ့်ကို အသုံးတည့်မယ့် Resource (၄) ခုကို ပြန်မျှဝေပေးလိုက်မယ်နော်။

🔥 Leader တွေအတွက် AI "Must-Know" Resources
၁။ McKinsey Insights on AI 📊
AI က စီးပွားရေးလောကကို ဘယ်လိုရိုက်ခတ်နေလဲဆိုတာ သိချင်ရင် McKinsey ရဲ့ Research တွေကိုသာ ဖတ်ပါ။ အထူးသဖြင့် Generative AI နဲ့ Agentic AI အကြောင်းတွေက လုပ်ငန်းရှင်တွေအတွက် အရမ်းမျက်စိပွင့်စေမှာပါ။

၂။ Andrew Ng – "AI For Everyone" (Coursera) 🎓
ဒီသင်တန်းကတော့ နာမည်ကြီးပါ။ နည်းပညာသမား မဟုတ်လည်း တက်လို့ရတယ်။ AI ရဲ့ အခြေခံကို နားလည်သွားစေပြီး ကိုယ့်လုပ်ငန်းအတွက် ဘယ်လို ဆုံးဖြတ်ချက်တွေ ချရမလဲဆိုတာ လမ်းပြပေးလိမ့်မယ်။

၃။ Google AI Professional Certificate (Coursera) 🛠️
အချိန်မပေးနိုင်တဲ့သူတွေအတွက် ၁ နာရီစာ သင်ခန်းစာတိုလေးတွေပါ။ AI ကို သုံးပြီး အလုပ်တွေ ဘယ်လို မြန်မြန်ဆန်ဆန် ပြီးအောင် လုပ်မလဲဆိုတာကို လက်တွေ့ဆန်ဆန် သင်ပေးထားတာကို တွေ့ရပါတယ်။

၄။ KHIA AI – Blogs & Tools 🚀
ဒါကတော့ KHIA AI ရဲ့ နေရာလေးပေါ့! AI အကြောင်းကို ဖတ်ရလွယ်အောင် Blog တွေ ရေးပေးထားသလို၊ လက်တွေ့စမ်းသုံးလို့ရတဲ့ AI Tools တွေလည်း အများကြီး ရှိပါတယ်။ Agentic AI ကို ကိုယ့်လုပ်ငန်းမှာ ဘယ်လိုသုံးမလဲဆိုတာ စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါနော်။

Leader တစ်ဦီးအနေနဲ့ AI ကို ဘယ်လိုလုပ်ထားသလဲဆိုတာ သိဖို့ထက် AI က ကိုယ့်အတွက် ဘာတွေ လုပ်ပေးနိုင်သလဲဆိုတာ သိထားဖို့က ပိုအရေးကြီးပါတယ်! 😉

ကိုယ်တိုင်လည်း လေ့လာကြည့်ပြီး ဘယ် Resource က ကိုယ့်အတွက် အဆင်ပြေဆုံးလဲဆိုတာ ပြောသွားပေးဦးနော်! 👇

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon