
❤️❤️❤️
Learning Center
Operating as usual
❤️❤️❤️
မတော်တဆနဲ့အလိုလိုတက်မြောက်လာတယ်
ဖွံ့ဖြိုးလာတယ်ဆိုတာမရှိဘူးနော်
ရှိခဲ့ရင်လည်း တရုတ်သိုင်းကားထဲမှာပဲရမယ်
မူကြိုဆိုတာနဲ့စာကြိုသင်တာထင်တဲ့လူတွေ၊
ကစားခိုင်းရုံလေးပဲနဲ့
ကလေးထိန်းရုံပဲလို့ထင်နေကြတဲ့လူတွေ
ECCD ဆိုတဲ့ ကျယ်ပြန့်တဲ့သဘောတရားနဲ
အထင်မကြီးတဲ့မူကြိုဆိုတာလေ
လူတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေခံအုတ်မြစ်ပါ
မတူညီတဲ့ပတ်ဝန်းကျင် မိသားစုအသီးသီးက
ကလေးတစ်ယောက်ချင်းဆီရဲ့ ဖွံ့ဖြိုးမှုကိုအသက်အရွယ်
အလိုက် milestones တွေကိုလေ့ကျင့်ပေးတဲ့နေရာ
ABC နဲ့ ကကြီးခကွေး ရေးခိုင်းတဲ့ ရပ်ကွက်ထဲက
အပျော်သင်တဲ့နေရာမှာတော့မရဘူးပေါ့: 3(😝)
ကလေးသာမွေးထားပြီး
ကလေးရဲ့ဖွံ့ဖြိုးမှုနယ်ပယ်ဆိုတာ
ဘာလဲမသိ ကလေးစာအုပ်ထဲကလက်ရေးနဲ့ စာပါမပါပဲ
ကြည့်တတ်တဲ့ မိဘဆိုလည်းဒါတွေမသိဘူး
မူကြိုဆိုတာ ကလေးတွေမူလတန်းပညာစာမသင်ခင်မှာ
ကြိုတင်ပြင်ဆင်ပေးတဲ့နေရာလို့ရိုးရိုးလေးပဲမှတ်ပါ
ဒီနေရာမှာထပ်ပြီးသိထားဖို့ကမူလတန်းစာကို
ကြိုသင်တာမဟုတ်ဘူးနော်
ကိုယ်ကာယကြံ့ခိုင်စေဖို့အပြင်
ခြေသလုံးနဲ့လက်ကြွက်သားတွေသန်မာစေဖို့
ခြေအစုံလိုက်၊ခြေတစ်ချောင်းခြင်း
ကောင်းမွန်စွာရပ်နိုင်ဖို့၊
ပစ္စည်းတွေ၊ခဲတံတွေကိုင်တွယ်ရာမှာ
မြဲမြံတဲ့လက်ချောင်းလေးတွေဖြစ်ဖို့ စတဲ့
Gross moter skill / fine moter skill တွေရရှိအောင်
ယဥ်ကျေးစွာပြောဆိုတာ၊နေရာဒေသနဲ့ကာလအလိုက်
စကားကိုပြောတတ်တာ၊ မိမိခံစားချက်ကိုပြောတတ်တာ၊
လက်ခံတတ်တာ၊ငြင်းဆိုတတ်တာ၊ စကားလုံးကို
တိကျသေချာပြီးရှင်းလင်းအောင်ချက်ကျလက်ကျ
ပြောတတ်တာ၊ဘာသာစကားအသစ်ကိုသင်ယူတာ
စတဲ့သင်ကြားသင်ယူမှု ကောင်းမွန်တဲ့ကလေး
တစ်ယောက်အဖြစ်ပျိုးထောင်မှုတွေနဲ့ ကျင်လည်စေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုပါ
ရေးလို့လည်းမကုန်နိုင်ဘူးလေ
လူတစ်ယောက်ကိုပျိုးထောင်ရတာလွယ်တာမှတ်လို့ :3
O' clock🕐🕧🕛🧡
shapes🟣🟨♦️❤️
လက်သည်း ခြေသည်း🎶
မှန်မှန်ညှပ်လို့🎶🎶
ချေးညော်ကင်းအောင် နေပါ့မယ်🎶
(၇၆)ကြိမ်မြောက်လွတ်လပ်ရေးနေ့အကြို⭐
crafts🧡🧡🧡
🌼🌼🌼🌼🌼
🧡🧡🧡
🥴🥴🥴
ဝေမျှစားကြမယ်👏👏👏
Hello Hello
How are you?
ကျောင်းပိတ်ရက်ကြေငြာခြင်း
📢📢📢📢📢📢📢📢📢
25/26/27(တန်တောင်မုန်းလပြည့်)
ကျောင်းသုံးရက် ပိတ်ပါမည်။
ကလေးတွေ မိမိကိုယ်ကိုယ်အားကိုးတတ်စေဖို့
ဘယ်လိုလုပ်ရမလဲ..
မိဘတွေ မိမိတို့ရဲ့ ကလေးကို တကယ်ချစ်ရင်
သူ့အရွယ်နဲ့သူ တတ်သင့်တတ်ထိုက်၊
သိသင့်သိထိုက်တာ တွေသင်ကြားပေးဖို့လိုပါတယ်။ ကလေးကိုချစ်လွန်းလို့ ဘာမဆိုအကုန်လိုတရအောင် ဖြည့်ဆည်းပေးတာမျိုး၊ မခိုင်းရက်လို့ အိမ်မှာ မင်းသား/မင်းသမီးတစ်ပါးလို ထားတာမျိုး မလုပ်ရပါဘူးနော်။
ကလေးကို ၃နှစ် ၄နှစ်အရွယ်လောက်အရွယ်ကစပြီး
သူတတ်နိုင်တာ သူလုပ်နိုင်တာတွေကို စပြီး သင်ကြားပေးလို့ရပါပြီ။ အဲတာက ကလေးတွေကို နှိပ်စက်တာ အဓမ္မခိုင်းစေတာမျိုုးမဟုတ်ဘဲ သူ့မှာတာဝန်ဆိုတာ ရှိကြောင်းနားလည်အောင် သင်ကြားပေးနည်းတစ်မျိုးဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူဖို့ သင်ကြားထားပေးတဲ့ ကလေးက အရွယ်ရောက်လာတဲ့အခါ တာဝန်ယူစိတ်၊ တာဝန်ခံစိတ် ရှင်သန်ပြီးသားဖြစ်သွား မယ်။ ပုံမှန်အားဖြင့် အမြဲလိုလို ထမင်းစား၊ ရေသောက်ကအစ အသေးစိတ်အကုန်လိုက်ပြီးလုပ်ပေးထားတဲ့ ကလေးက တာဝန်ဆိုတာကို မသိသလို မဖြစ်မနေ တာဝန်ယူရမယ်ဆိုရင်တောင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်စေတဲ့အပြင် အဆင်ပြေအောင်လုပ်ဆောင်နိုင်မှာလည်းမဟုတ်ပါဘူး။ ဉပမာ- ငယ်ကတည်းက ထမင်းစားပြီးပန်းကန်ကို မိဘတွေကအမြဲဆေးပေးနေတဲ့အခါ အရွယ်ရောက်လာတဲ့အခါ ကလေးတွေက ကိုယ်စားတဲ့ထမင်းပန်းကန် ကိုယ်ဆေးဖို့တောင် ဝန်လေးနေတတ်ပါတယ်။
ငယ်ငယ်လေးကတည်းက ကိုယ့်တာဝန်ကိုယ် မယူနိုင်ခဲ့ရင် အရွယ်ရောက်လာတဲ့အခါ ကိုယ့်တာဝန်တောင် မနိုင်တဲ့ လူကြီးတွေဖြစ်လာတတ်ပါတယ်။ အရွယ်ရောက်လို့အိမ်ထောင်ကျတဲ့အခါ အိမ်ထောင်မှုတာဝန်တွေကို မနိုင်နင်းတဲ့ အမျိုးသားတွေ အမျိုးသမီးတွေဖြစ်လာပါလိမ့်မယ်။
လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း အဆင်မပြေမှုတွေ ကြုံတွေ့လာတတ်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ဘဝအစကနေ လူကြီးဖြစ်တာတဲ့အထိ ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပြီး မိမိကိုယ်ကိုအားကိုးတတ်ဖို့ ကလေး ဘဝကတည်းက သင်ကြားပေးဖို့လိုပါတယ်။
၃နှစ်၊ ၄နှစ်၊ ၅နှစ်အရွယ်ကလေးတွေမှာဆိုရင် သူတို့အိပ်ယာသူတို့သိမ်းတာမျိုး၊ သူ့အရုပ်လေးတွေကိုကစားပြီး ပြန်သိမ်းတာမျိုး၊ ထမင်းကို ကိုယ်တိုင်စားစေတာမျိုး စသဖြင့်သူတို့လုပ်နိုင်တာလေး တွေကို စတင်လုပ်ခိုင်းပါ။ လိုအပ်တာကို ဘေးကနေဖြည့်ဆည်းပေးပါ။ ဆယ်ကျော်သက်အရွယ်မှာဆိုရင် ထမင်း/ ဟင်းချက်ပြုတ်ခိုင်းတာမျိုး၊ သူ့အဝတ်အစားကို ကိုယ်တိုင်လျှော်ခိုင်းတာမျိုး လုပ်ခိုင်းနိုင်ပါတယ်။ မိဘက ဘေးကနေ လိုအပ်တာ စီစဉ်ညွှန်ပြပေးနိုင်ပါတယ်။
မိဘကိုယ်တိုင်ကလည်း “သားလေးရေ/ သမီးလေးရေ ဒါလေးကူပါဦး။ ဟိုဟာလေးလုပ်တတ်လား?။ လုပ်ပေးပါဦး”လို့ ခိုင်းပေးဖို့လိုပါတယ်။ ဒါမှသာ သူတို့ကိုယ်သူတို့ လူရာဝင်တယ်။ အလေးထားတယ်လို့ ခံစားရသလို သူတို့ကိုယ်သူတို့ ယုံကြည်မှုပိုရှိလာစေပါတယ်။ အသေးအဖွဲဝေယျာဝစ္စလေးတွေကစလို့ ကိုယ်တိုင် လုပ်နေကျဖြစ်လာတဲ့အခါ အခြားသူတွေ အကူအညီမလိုပဲ ပေါ့ပေါ့ပါးပါးလုပ်ဆောင်နိုင်လာစေပါတယ်။
ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် ကိုယ့်အားကိုယ်အားကိုး တတ်အောင်သင်ပေးပါ။ မိဘအနေဖြင့် ကိုယ့်ကလေးကို ငွေတွေအများကြီးနဲ့ အမွေမပေးနိုင်ရင်တောင် ကိုယ့်ကိုကိုယ်အားကိုးတတ်အောင်တော့ သင်ပေးပါ။ ဒါမှ ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် သူ့ဘာသာသူရပ်တည် နိုင်ပြီး သူ့တာဝန်သူနိုင်နင်းနိုင်တဲ့ လူကောင်းလေးတွေဖြစ်လာမှာ အသေချာပါပဲ။
သားသား ဘုန်းမော်ဟန်မွေးနေ့ ကုသိုလ်
မွေးနေ့မှစ၍ ဉာဏ်ပညာကြီးမား၍
လူတော်လူကောင်း တစ်ယောက်ဖြစ်ပါစေကလေးရေ🧡
Finger painting ✋🖐️✋🎨
👉Finger painting is a brilliant way to feel and explore paint. The colours. The textures. It is also a great sensory activity.
ETLS Child Care &Learning Center🧡
Monday | 09:00 - 15:30 |
Tuesday | 09:00 - 15:30 |
Wednesday | 09:00 - 15:30 |
Thursday | 09:00 - 15:30 |
Friday | 09:00 - 15:30 |