Arakan Pride Life Development School - LDS

Arakan Pride Life Development School - LDS အာရကန်ဂုဏ်ရည်ဘဝဖွံ့ဖြိုးတိုးတက်ရေးကျောင်း — အယ်လ်ဒီအဲစ်

A1-A2  Level မသိမဖြစ် အခြေခံအင်္ဂလိပ်စကားပြော စာကြောင်း ၇၀၀ ကျော်A2 Level Video Class သင်တန်းမှာ ဒီသင်ခန်းစာတွေကို အသံထွ...
22/07/2026

A1-A2 Level မသိမဖြစ် အခြေခံအင်္ဂလိပ်စကားပြော စာကြောင်း ၇၀၀ ကျော်

A2 Level Video Class သင်တန်းမှာ ဒီသင်ခန်းစာတွေကို အသံထွက်ရော၊ အဓိပ္ပါယ်နဲ့ အသုံးပြုပုံတွေပါ အသေးစိတ်ပါရှင်းပြပြီး သင်ပေးပါထားတယ်။

A2 Level Video Class (Facebook Group) -
English Proficiency Class
အားတဲ့ အချိန် Video ကြည့်ပြီး သင်လို့ရမယ့်အပြင် သင်ရိုးအပြည့် သင်လို့ရတဲ့ A1 Level အခြေခံတွေနဲ့ A2 Level Reading, Listening, Vocabulary သင်ခန်းစာတွေ ပါတဲ့ A2 Video Class သင်တန်း

👉ဒီ Video Class သင်တန်းက A1 Level အခြေခံ၊ အသံထွက်နည်းစနစ်တွေနဲ့ Grammar (သဒ္ဒါ) သင်ခန်းစာတွေအပြင် A2 Level က Reading, Listening, Grammar , Vocabulary, Speaking patterns တွေလဲပါပါတယ်။
A2 Level သင်ခန်းစာတွေက ၉၀% ပါပါတယ်။ အအခြေခံတွေ ပိုင်မယ့်အပြင် A2 Level ထိကိုပါ ‌ဆွဲခေါ်သွားပေးမယ့် English Proficiency Class သင်တန်းလေးပဲ ဖြစ်ပါတယ်။

🚩 A2 Level English Proficieny Class အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု သင်တန်းကို ဘယ်သူတွေတက်သင့်လဲ။

⚠️ Video Class (Facebook Group) သင်တန်းဖြစ်ပါတယ်။ Zoom Class မဟုတ်ပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

🔹အင်္ဂလိပ်စကားပြောကို အခြေခံကနေ စတင်သင်ယူလိုသူများ

🔹သင်တန်းတက်ဖူးသော်လဲ အခြေခံမခိုင်သေးသူများ၊ မပိုင်နိုင်သေးသူများ

🔹အင်္ဂလိပ်လိုပြောတတ်သော်လဲ Broken English ဖြစ်နေသေးသူများ နှင့် အင်္ဂလိပ်လိုပြောတဲ့အခါ Grammar Mistakes သဒ္ဒါအမှားတွေများနေသူများ

🔹အင်္ဂလိပ်စကားပြောကို သင်ယူလိုသော်လဲ သင်တန်းချိန် အတိအကျမပေးနိုင် ၊ အလုပ်မအားလပ်သူများ

🔹ဆယ်တန်းအောင်၊ ဘွဲ့ရဖြစ်သော်လဲ အင်္ဂလိပ်ဘာသာစကားကို အလှမ်းဝေးနေတဲ့အတွက် ပြန်လည်သင်ယူလိုသူများ

🔹အမေရိကန်အင်္ဂလိပ် အသံထွက် အခြေခံကောင်းများကို ရချင်သူများ

🔹ဆရာမလိုပဲ မည်သည့် အင်္ဂလိပ်စကားလုံးမဆို ကိုယ်တိုင်အသံထွက်နည်း Phonetics ကိုတတ်မြောက်ချင်သူများ

(Phonetics ဆိုတာကတော့ အသံထွက် သင်္ကေတလေးတွေဖြစ်ပါတယ်။ မိမိသိလိုတဲ့ အင်္ဂလိပ်စကားလုံးလေး တွေကို Dictionaryမှာ ရှာဖွေကြည့်တဲ့အခါ အသံထွက်သင်္ကေတလေးတွေတွေ့ပါမယ်။ အဲဒိ သင်္ကေတ လေးတွေကို ဖတ်ဆိုနည်းကို Phonetics နဲ့ အသံထွက်လို့ခေါ်တာပါ။)

🔹အခြေခံ သဒ္ဒါကို ကျွမ်းကျင်လိုသူများ
တက်သင့်ပါသည်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
English Proficiency Class ဖြစ်တဲ့အတွက် စကားပြောလေ့ကျင့်ပေးတဲ့အပိုင်း မပါဝင်ပါဘူးခင်ဗျ။
စကားပြောလေ့ကျင့်ပေးတဲ့ English Fluency Class - Zoom Class တစ်ခုနှင့် တွဲဖက်ပြီး တက်သင့်ပါသည်။

သင်တန်းတက်လိုပါက Messenger ကနေဆက်သွယ်ပေးပါခင်ဗျ။

Geometry လေ့လာသူများအတွက် Area ပုံသေနည်းများ - လိုအပ်သူတွေအတွက်ပါနော်
18/07/2026

Geometry လေ့လာသူများအတွက် Area ပုံသေနည်းများ - လိုအပ်သူတွေအတွက်ပါနော်

English Grammar Conjunctions Guys.
10/07/2026

English Grammar Conjunctions Guys.

TC ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရာတွင် အတန်း အောင်မြင်သည့်ခုနှစ်များ၂၀၁၃-၂၀၁၄ ----- ၁၈-၄-၂၀၁၄၂၀၁၄-၂၀၁၅----- ၁၈-၄-၂၀၁၅၂၀၁၅...
08/07/2026

TC ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရာတွင် အတန်း အောင်မြင်သည့်ခုနှစ်များ

၂၀၁၃-၂၀၁၄ ----- ၁၈-၄-၂၀၁၄
၂၀၁၄-၂၀၁၅----- ၁၈-၄-၂၀၁၅
၂၀၁၅-၂၀၁၆----- ၁၈-၄-၂၀၁၆
၂၀၁၆-၂၀၁၇-----၂၃-၄-၂၀၁၇
၂၀၁၇-၂၀၁၈----- ၂၂-၄-၂၀၁၈
၂၀၁၈-၂၀၁၉----- ၂၁-၄-၂၀၁၉
၂၀၁၉-၂၀၂၀----- ၁၃-၆-၂၀၂၀
၂၀၂၀-၂၀၂၁----- (ကိုဗစ်ကာလ)
၂၀၂၁-၂၀၂၂----- ၂၄-၄-၂၀၂၂
၂၀၂၂-၂၀၂၃----- ၂၇-၄-၂၀၂၃
၂၀၂၃-၂၀၂၄----- ၂၇-၄-၂၀၂၄
၂၀၂၄-၂၀၂၅----- ၁၅-၅-၂၀၂၅
၂၀၂၅-၂၀၂၆----- ၁၄-၅-၂၀၂၆ များဖြစ်ပါသည်။


#တောင်းဆိုသူအတွက်သာ #လိုအပ်သူများအတွက်

English Grammar Conjunctions
04/07/2026

English Grammar Conjunctions

Very Useful English Grammar (Preposition)
02/07/2026

Very Useful English Grammar (Preposition)

Learn easily the usages of tag_questions.Hope these will be helpful for those who are currently studying English.       ...
25/06/2026

Learn easily the usages of tag_questions.
Hope these will be helpful for those who are currently studying English.







Webinar for Teachers စာသင်တဲ့ Teachers တိုင်း online ပဲဖြစ်ဖြစ် အပြင်မှာသင်တာပဲဖြစ်ဖြစ် ဒီအခက်အခဲလေးတွေကြုံရတတ်ပါတယ်။-ကိ...
21/06/2026

Webinar for Teachers

စာသင်တဲ့ Teachers တိုင်း online ပဲဖြစ်ဖြစ် အပြင်မှာသင်တာပဲဖြစ်ဖြစ် ဒီအခက်အခဲလေးတွေကြုံရတတ်ပါတယ်။

-ကိုယ်စာသင်တဲ့အခါ တချို့ကလေးတွေအရမ်းဆူနေတာ ဆော့နေပြီးစာလိုက်မလုပ်တာ
-ကိုယ်ကအတန်းရှေ့မှာစာရှင်းတော့မယ် ကျောင်းသူ/သားတွေ စကားများသူကများ၊ စာအုပ်ပျောက်လို့ရှာသူကရှာ ကိုယ့်ကို attention မပေးတာ
-Exercise တစ်ခု task တစ်ခု ဘယ်လိုလုပ်ရမယ်ဆိုတာရှင်းပြပြီးပေမယ့် နားမလည်ဘဲ မလုပ်တတ်လို့ ထပ်ခါထပ်ခါပြန်ရှင်းနေရတာ

ဒါမျိုးအခက်အခဲလေးတွေကြုံရတတ်ပါတယ်။
ဒီအခက်အခဲတွေကို Classroom management skills တွေနဲ့ ဖြေရှင်းပြီး ကိုယ့်သင်ကြားမှု quality ကိုမြှင့်တင်လို့ရသလို စာသင်ရတာလည်း ပင်ပန်းတာသက်သာလာပါလိမ့်မယ်။

ထိရောက်တဲ့ classroom management skills လေ့လာချင်တယ်ဆို teachers တွေအတွက်အထူးစီစဉ်ထားရတဲ့ Micro-Classroom Management Skills for Language Teachers ဆိုတဲ့ workshop လေးတက်ရောက်ဖို့နွေးထွေးစွာဖိတ်ခေါ်ပါတယ်။

Workshop မှာဘာတွေတင်ပြဆွေးနွေးသွားမလဲ❓

-Classroom ထဲမှာ ရှည်လျားပြီး ရှုပ်ထွေးတဲ့ Instructions တွေကို ဘယ်လိုလျှော့ချမလဲ?
-Students တွေ တကယ်နားလည်လား၊ နားမလည်လားဆိုတာကို စစ်ဆေးနိုင်တဲ့ Instruction Checking Questionတွေကို ဘယ်လိုရေးဆွဲအသုံးပြုမလဲ?
-Teacher Talking Time ကို မလိုအပ်ဘဲ မများသွားစေဘဲ Students တွေ ပိုမိုပြောဆိုနိုင်အောင် ပံ့ပိုးမယ့်နည်းလမ်းတွေကို ဘယ်လိုအသုံးချမလဲ?
-Classroom ထဲမှာ ဖြစ်တတ်တဲ့ အနှောင့်အယှက်လေးတွေကို Lesson Flow မပျက်ဘဲ ဘယ်လိုကိုင်တွယ်မလဲ?
-Phone အသုံးပြုနေတဲ့ ကျောင်းသူကျောင်းသားတွေ၊ စကားပြောတာ များလွန်းတဲ့ ကျောင်းသူကျောင်းသားတွေကို အော်ဟစ်ခြင်းမရှိဘဲ၊ Lesson ကို ရပ်တန့်ခြင်းမရှိဘဲ ဘယ်လိုကိုင်တွယ်မလဲ?

စတဲ့ Classroom Management Techniques တွေကို အသုံးပြုပြီး သင်ခန်းစွာကို ပိုမိုထိရောက်စွာ ပို့ချနိုင်မယ့် နည်းလမ်းတွေကို

👩‍🏫Tr. Brittney Khaing
• MA TESOL Candidate, University of Washington, Seattle (USA)
• Pre-doctoral Composition Instructor & Research Assistant, University of Washington
• Founder, Aura Horizon English Language Training Centre, Mandalay
• International Speaker & Researcher (AAAL 2026, TESOL Graduate Forum 2025, Burma Studies Conference 2025)
• YSEALI Regional Workshop Alumna & TKT Certified

နဲ့

👩‍🏫Tr. Nway Nway Zaw Min

• DELTA, International House, London (UK)
• MA Educational Management, Ateneo de Cagayan (Philippines)
• Fulbright TEA Alumna, University of North Carolina Wilmington (USA)
• CELTA, International House, Bangkok (Thailand)
• TEYLT (Teaching English to Young Learners), London Teacher Training College

တို့က ပို့ချမှာဖြစ်ပါတယ်။

Event Details
📅 Date: June 28, 2026 (Sunday)
⏰ Time: 6:30 PM - 8:30 PM
Fees: 0 MMK
Mode: Zoom Live
Link: Topic: Micro Classroom Management Skills

Time: Jun 28, 2026 06:30 PM Asia/Yangon
Join Zoom Meeting
https://us06web.zoom.us/j/84606328354?pwd=oafoqPQZreswgMZ6qbUIu7oG79FXgv.1
Meeting ID: 846 0632 8354
Passcode: 035067

Workshop မှာဆုံကြပါမယ်တီချယ်တို့ရေ..💪💪

12/06/2026

“Education is the strongest shield against injustice and fear. When girls and women are empowered with knowledge and values, they become the foundation of a safer, stronger, and more equitable society. Let us champion women's education everyday for progress, dignity and lasting change.”

Penned: 21st Century Rohingya Poet

မြန်မာစာ သတ်ပုံ စာလုံးပေါင်း နှင့် စာဖတ်စွမ်းရည်လေ့ကျင့်နိုင်ဖို ဗျည်းနှင့်သရ ၍ အသံထွက်နည်းလေးတွေကို ပြုစုပေးထားပါတယ်။ ဒ...
12/06/2026

မြန်မာစာ သတ်ပုံ စာလုံးပေါင်း နှင့် စာဖတ်စွမ်းရည်လေ့ကျင့်နိုင်ဖို ဗျည်းနှင့်သရ ၍ အသံထွက်နည်းလေးတွေကို ပြုစုပေးထားပါတယ်။

ဒီလို စာလုံးပေါင်းလေ့ကျင့်ပေးခြင်းအားဖြင့် ဗျည်းသံ နှင့် သရသံ တွေကို ကလေးများကွဲကွဲပြားပြားသိလာမှာဖြစ်ပြီး စာကို လွယ်လွယ်ကူကူဖတ်လာနိုင်မှာပါ။

ဒီအပိုင်းမှာတော့ အခြေခံ သရတွဲ တွေဖြစ်တဲ့

အ - အာ - အား
အိ - အီ - အီး

(၂) မျိုးကို မျှဝေပေးလိုက်ပါတယ်။

မေတ္တာဖြင့်သာ အခမဲ့ ပညာဒါနမျှဝေတာဖြစ်ပါတယ်။ မိဘ၊ ဆရာ၊ဆရာမများ အိမ်မှာပဲ ဖြစ်ဖြစ် စာသင်ခန်းထဲမှာပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။
:
:
:
#လိုအပ်သူများအတွက်
#တောင်းဆိုသူများအတွက် #စနစ်သစ်ပညာရေး

Address

Cox's Bazar

Website

Alerts

Be the first to know and let us send you an email when Arakan Pride Life Development School - LDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share